မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, July 09, 2013

တည်ဆဲ

♫ ♥●••·˙ကျားကွက်ရွေ့တတ်သူ....
ရွှေ့လိုသူတွေထဲမှာ...
ကျူပ်က
အဟုတ် ကို မပါရပါဘူး ချစ်သူ....

ကဲ....
ခင်ဗျားတို့သာ
လွတ်လွတ်လပ်လပ်ကြီး
အကွက်တွေ ရွှေ့လိုက်ကြရင်း....
ရွေ့ကြဦးစို့ရဲ့....

ကျူပ်ကတော့....
ဒီနေရာမှာပဲ
မလှုပ်မယှက်...
ရှိနေဦးမှာ..˙·••●♥♫

Wednesday, July 03, 2013

အခင်းအကျင်း

♫ ♥●••·˙မောင့်အတွက်ကတော့....
အချစ်ရေးဆိုတာလည်း....
နိုင်ငံရေးပဲ...
မဟုတ်လား.... မောင်....

တစ်ကယ်တော့....
မောင်ဟာ...
နိုင်ငံရေးလှည့်ကွက်လိုပဲ....
ကျွန်မ နှလုံးသားလို
ပြဇာတ်လို ချနင်း...
အကွက်ခင်းသွားခဲ့တာ....

သိပ်ဟုတ်တာပေါ့....

မောင့်အတွက်....
ကျွန်မ နှလုံးသားဟာ...
နိုင်ငံရေးစစ်...
ခင်းကျင်း တဲ့ နေရာ....˙·••●♥♫

LinkWithin

Related Posts Plugin for WordPress, Blogger...