မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, June 13, 2013

ရှိပါစေ~~

ကျွန်တော်ဟာ…
ပန်းဖူးငုံလေးတွေကို
ပွင့်ပါစေတော့လို့
ကြိမ်တို့လို့ ပွင့်ခိုင်းချင်သူ မဟုတ်…။

ကျွန်တော်ဟာ..
ပွင့်လာတဲ့ ပန်းတွေကိုလည်း
ဘယ်လိုအရောင်ပွင့်ပါလို့…
မန်းမှုတ် အရောင်ဆိုးတတ်သူ မဟုတ်…။

ကျွန်တော်ဟာ…
ပန်းကလေးတွေကို
ငုံငုံ ဖူးဖူး
ပွင့်ပွင့် အာအာ
ဝေဝေ ကြွေကြွေ
ခပ်လှမ်းလှမ်းက...
ငေးကြည့်နေမည့်သူရယ်ပါ….

(နွေဦးပန်း)

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...