မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, June 15, 2013

♫ ♥●••·˙လှိုင်း˙·••●♥♫


မောလိုက်တာကွယ်...
တစ်စစီ တစ်လွှာစီ ပြိုကျလာနေတဲ့
အုတ်ခဲ့စတွေလို…
ကျွန်မ…
ပြိုကျ…။

အသက်မရှုဘဲ
အောင့်ထားရတာကြာလို့
မွှန်းကြပ်နေတဲ့ လေပူပေါင်းတစ်လုံးလို
ဖောင်း……. ကနဲ
ပေါက်ကွဲလို့သွားတော့မလား…။

ဟင့်အင်း…
တစ်ခွန်းမှ မပြောပါနဲ့လား…
တိတ်ဆိတ်တဲ့ ကန်ရေပြင်ပေါ်က
ရေလှိုင်းကြက်ခွပ်လေးတွေ..
ထွက်ပြေးသွားမှာ စိုးတယ်ကွယ်…။

မောတယ်…
လက်ဖမိုးလေးကို
ယုယုယယ ဆုပ်ကိုင်ကြည့်ဖူးတဲ့နေ့ကလို
ကော်လာစနား
ခေါင်းမှီလို့…

ကျွန်မ…
အမောဖြေပါရစေတော့….။

{ နွေဦးပန်း }

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...