မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, June 09, 2013

ကြွေခါမှ...

ကျွန်တော်ဟာ..
အထီးကျန် ပိုးကောင်လေးပါ...

ဟို.. ပင်စည်ကြီးအောက်က
အဲဒီပန်းဝါဝါတွေကိုပေါ့...
ထိုင်ကြည့်နေခဲ့တာ...
ကြာပါပြီရယ်..

မိုးရေကိုသောက်
နှင်းစက်တောက်ရင်း...
လေတိုးဒန်းစီး
နီးနီးကလေး
ဆိုပေမယ့်လည်း....
ဝေပါစေတော့...
မချွေဘူးကွယ်..

မိုးလေအသုတ်
ဖြုတ်ကနဲ့ကြွေမှ
နေရာကထ
ယုယုယယ
ပိုက်ကာထွေးလို့....


ကျွန်တော်...
...........
..........
သူ့ကို..

မွှေး... မယ်..။

(နွေဦးပန်း)

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...