မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, May 02, 2013

လှိုင်း

မောလိုက်တာကွယ်.....
တစ်စစီ တစ်လွှာစီ ပြိုကျလာနေတဲ့ 
အုတ်ခဲစတွေလို....
ကျမ...
ပြိုကျ....။



အသက်မရှုဘဲ

အောင့်ထားရတာကြာလို့
မွှန်းကြပ်နေတဲ့ လေပူပေါင်းလို
ဖောင်း... ကနဲ

ပေါက်ကွဲလို့ သွားချင်တယ်...။

ဟင့်အင်း...
တစ်ခွန်းမှ မပြောပါနဲ့လား....
တိတ်ဆိတ်တဲ့ ကန်ရေပြင်ပေါ်က

ရေလှိုင်းကြက်ခွပ်လေးတွေ
ထွက်ပြေးသွားမှာစိုးတယ်.....။

မောတယ်....။

လက်ဖမိုးလေးကို
ယုယုယယ ဆုပ်ကိုင်ကြည့်ဖူးတဲ့နေ့ကလို...
ကော်လာစနား ခေါင်းမှီလို့

ကျမ...

အမောဖြေပါရစေတော့...။
 

3 comments:

ရင်ခုန်ရသူ(ကဗျာ၊အချစ်၊ဟာသ၊အလွမ်း) said...

တိတ်ဆိတ်တဲ့နေရာလေးမှာတိတ်ဆိတ်စွာလေးပေါ့

Anonymous said...

ဟုတ်တယ်နော်ဗျ...
တစ်ခါတစ်လေမှာ ဆိတ်ငြိမ်နေပေးခြင်းကလည်း ထိရောက်တဲ့ အားပေးမှုတစ်ခုပဲရယ်...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

တန်ခူး said...

ကော်လာစလေးနားခေါင်းမှီပြီး ဘဝအမောလေးတွေ ပြေခဲ့တာလွမ်းမိသေးတော့အိမ့်ရယ်. ကဗျာလေးကမောတယ်. ဒါပေမယ့်ကောင်းတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...