မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, November 04, 2012

ငြိမ်းချမ်းတဲ့ သူ့ရင်ခွင်



ဆူညံလိုက်တာနော်….
ကမ္ဘာကြီးက ဘာဖြစ်လို့ အဲသလောက် ဆူညံအုန်းထ နေတာလဲကွယ်….

နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ အချစ်ရေး၊ နှလုံးသားရေး၊ အိမ်ထောင်သားမွေး၊
မိဘအရေး၊ သားသမီးအရေး၊ မိန်းမအရေး၊ ယောင်္ကျားအရေး၊ လှုမှုရေး၊ ဘဝရှေ့ရေး……..။
အသံတွေ….
အသံတွေ….
အုန်းအုန်းကြွက်ကြွက်နဲ့လေ…

ဆူညံလွန်းလို့….
ဘလောဂ်လေးတစ်ခုဖွင့်လို့…
စာလေးရေးမယ် စိတ်ကူးပါတယ်….

စာပေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲ ပစ်မယ်လို့လည်း စိတ်မကူးခဲ့ဘူး၊
လူထုအကျိုးပြု စာရေးဆရာမကြီး လုပ်မယ်လို့လည်း စိတ်မကူးခဲ့ဘူး၊
ဆုတွေတပွေ့တပိုက်ကြီးနဲ့ ဘဝကိုကျေနပ်မယ်လို့လည်း အိပ်မက် မမက်ခဲ့ဖူးဘူး၊
သိထားတာတွေကို အားရပါးရကြီး ဟောပြောမယ်လို့လည်း စိတ်မကူးခဲ့ဘူး၊
ဆူညံနေမှုတွေထဲက ထွက်ပြေးချင်လို့
ရင်ထဲမှာ ရှိတာလေးတွေကို ဘာသာကြားရုံ
တိုးတိုးလေးပေါ့… ပြောကြည့်ရုံ….
လူမသိ သူမသိ ဘလောဂ်လေးမှာ စာတစ်ပုဒ်ရေးလိုက်ပြီး                                       
ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်လို့
အကျေနပ်ကြီးကျေနပ်နေတဲ့..
narcissist တစ်ယောက်လို
သဘောတွေခွေ့နေခဲ့တယ်ပေါ့….

ဟော…. နောက်တစ်နေ့ မိုးလင်းလို့
ကိုယ့်စာလေးကို ပြန်လာအကြည့်…
တန်ပြန်အတွေးအခေါ်တွေ….
စာလုံးပေါင်းသတ်ပုံ ပြင်ချင်သူတွေ….
လက်ရှိအတွေးအခေါ်ကို ပြင်ပေးချင်သူတွေ….
ဘာသာပြောင်းစေချင်သူတွေ…
စစ်မှန်တဲ့ ငြိမ်းချမ်းခြင်း တစ်ကယ်ရှာတွေ့ပြီလား မေးချင်သူတွေ….
မင်းကဘာလဲ၊ ငါကဘာလဲ မေးခွန်းထုတ်ချင်သူတွေ…
မင်းက ဘာမို့လို့ ဒီလိုစာမျိုးရေးတာလည်းလို့ မေးခွန်းထုတ်ချင်သူတွေ..
အို……..
ဘယ်လိုဖြစ်တာလဲကွယ်….

အတွေးအခေါ်ချင်း စစ်ခင်းနေတာလည်းမဟုတ်ရပါဘူး၊
စာလုံးပေါင်းသတ်ပုံ ဘယ်သူပိုတော်လည်း မြန်မာစာပြိုင်ပွဲဝင်နေတာလည်း မဟုတ်ရပါဘူး၊
 အမှန်အမှားချင်း စီးချင်းထိုးနေတာလည်း မဟုတ်ရပါဘူး၊

တိတ်တိတ်လေး.. ရေးချင်ရာ ရေးခွင့်လေးရှိချင်သူပါ…။
 ဆူညံလွန်းလို့ နေရာလေးတစ်နေရာမှာ..
ကိုယ့်ဟာကိုယ်လေး နေနေချင်သူပါ...

အင်ထရိုဗာ့တွေရဲ့ ပါဝါဖြစ်တဲ့ တိတ်ဆိတ်ခြင်းကို
မွတ်သိပ်စွာ ရှာဖွေနေရုံပါ..ကွယ်..


ဒီလိုနဲ့ အကြိုက်လိုက် ရေးတဲ့အခါလည်းရှိ၊
စိတ်ထဲမှန်တယ်ထင်ရာ ရေးတဲ့အခါလည်းရှိ…
ဟိုအတွေးခေါ် ဒီအတွေးခေါ် ဆွဲသွင်းရေးတဲ့အခါလည်းရှိ…
ရင်ထဲက ခံစားချက်တွေကို အရောင်ဆိုးရေးတဲ့အခါလည်းရှိ….
နှလုံးသားကို ဟင်းလင်းဖွင့်လို့ အမုန်းခံရေးတဲ့အခါလည်းရှိ....

ဒီလိုနဲ့…
လူမသိ သူမသိ ဘ၀ကနေ…
စာအုပ်လေး တစ်အုပ်နှစ်အုပ်ကို
မဖြစ်ညစ်ကျယ်ထုတ်…
ငါဟာ…
အချို့တွေက ချစ်ပြီး၊ အချို့တွေက မချစ်တဲ့...
အချို့တွေက ကြင်နာချင်ပြီး၊ အချို့တွေက ရင်နာချင်တဲ့...
အချို့တွေက ကြည်ဖြူချင်ပြီး၊ အချို့တွေက ငြူစူချင်တဲ့...
ဘာကြီးမှန်းမသိတဲ့ စီနီယာဘလောဂါဆိုတဲ့ ဘွဲ့ကြီးကိုပိုက်လို့..
မွန်းကြပ်မှုတွေ နားညည်းမှုတွေနဲ့
အသက်ရှု မဝ မှုတွေ….
အရင်လို ပြန်ဖြစ်ချင်မှုတွေနဲ့…
ငါ့နှလုံးသားတွေဟာ ပိတ်လှောင်နေတော့သတဲ့ကွယ်….

ဟုတ်တယ်….
အသက်ရှုရ အရမ်းကို မွန်းနေပြီ………

ဒီလိုနဲ့…
ဒီလိုနဲ့…
ငါ မေ့ထားခဲ့တဲ့ ဘလောဂ်လေးကို ပြန်ရောက်..
စည်းတွေဘောင်တွေနဲ့ဝေးရာ… သူ့ရင်ခွင်ထဲမှာ….

တိတ်တိတ်ကလေး..
ငြိမ်ငြိမ်ကလေး
အေးမြငြိမ်းချမ်းစွာ…
 မင်းကလေးလို…………. ချစ်မြတ်နိုးစွာပေါ့…
lyricswithoutmelody လေးရယ်….

Monday, June 18, 2012

~~~~ ထား ~~

ထား.. တစ်ယောက်ရယ် ရွှင်လန်းစေ...း))
လမ်းခွဲမှာ ကျန်ခဲ့တယ်...
ကိုယ်လေ ထားအတွက်ဆို နေခဲ့မယ်......... ~~~~

ဘယ်သူမှ မထားခဲ့ပါဘဲ...
တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့လည်း.....
တစ်ခါမှ ချက်မစားဖူးတဲ့ ကြက်သည်းကြက်မြစ်တွေ ချက်စားရင်း...
.............
I feel disgusted!~  sorry!!..
ကြည့်တောင် မကြည့်ချင်တော့ဘူး... ကြက်သည်းကြက်မြစ်ဆိုရင်...



Monday, June 11, 2012

အချစ်များစွာနဲ့ စွန့်လွှတ်လိုက်ပါတယ်....

Oftentimes we say goodbye to the person we love without wanting to. Though that doesnt mean that we've stopped loving them or we've stopped to care. Sometimes goodbye is a painful way to say I love you.



Saturday, March 17, 2012

LinkWithin

Related Posts Plugin for WordPress, Blogger...