အလွမ်း ပိုပါတယ်...။
အလွမ်းဆိုရာဝယ်...
ပူလောင်မှုနဲ့ တွဲတဲ့ အလွမ်း...
နေမထိလို့ ထိုင်မရတဲ့ အလွမ်း....
လှေကားတက်ဆင်း၊ နင်းရတဲ့ အလွမ်း...
သစ်ရွက်ခြောက်ကိုကန်၊ ခပ်ထန်ထန်အလွမ်း...
အိပ်ရာထဲ လူးလှိမ့် ငိုကြွေး၊ ဆွေးရတဲ့ အလွမ်း...
သူငယ်ချင်း စကားသံတွေ ကြား၊ ခါးခါးသီးသီး လွမ်းရတဲ့ အလွမ်း..
အဲသလို မဆန်း၊ လွမ်းတဲ့ အလွမ်းတွေ ရှိတတ်သတဲ့..။
မိုးတွေ သွန်းသော်
လွမ်းရည် စွန်းတယ်...။
မှန်ပြူတင်း မိုးစက်.. တလက်လက် အနားထိုင်
ဆွေးဆွေး လေး မှိုင်တယ်..။
ပြူတင်းကိုဖွင့် မိုးပွင့်လေးတွေကို ထိတယ်..။
မိုးပြိုတွေအောက်.. ခေါက်ထီးမဲ့စွာနဲ့
တစ်ယောက်တစ်ထီးထဲ လျှောက်ပြီးသွားတယ်..။
မိုးပွင့်လေးကို ဆွတ်ခူး၊ ယဉ်ယဉ်လေး ရူးတယ်။
မိုးပန်းလေးကို နမ်း၊ ခပ်ကြမ်းကြမ်း ရယ်မောတယ်..။
တစ်ကိုယ်လုံး စိုတဲ့မိုး... ညိုတဲ့ မိုး....
ချစ်တယ်။
ညို့မှိုင်းတဲ့ မိုး၊ စိတ်ကူးလေး နဲ့ ခိုးလို့ နမ်းတော့..
အလွမ်းတွေက ပန်းတွေမျောတဲ့ စမ်းရေကြောနှယ်..။
အို....
လှလိုက်တာ.. မိုးရယ်..။
မောင်...
ကျမ သေသွားလိုက်ချင်တယ်...

4 ရင်ခတ်သံများ:
မိုးကိုချစ်တဲ့ အကြောင်းလေး သီကုံးထားတာများ လှလိုက်တာ မမ...
အားကျထှာနော်....:):)
So, yours is not an undesirable Alwam ( missing ), but a desirable, beautiful, and happy one. Have a peaceful rainy Alwam day! :))
နူးညံလှပတဲ့ ကဗျားလေးကို ခံစား ဖတ်ရှုသွားတယ် အစ်မ...
ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေး...
Post a Comment