မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ ၂၀၀၇ မှာ ပြည်တွင်းကနေ ဘလောဂ်တွေကို ၀င်လို့မရတော့လို့ ၀င်ရလွယ်အောင် အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးခဲ့ပါတယ်။ ဒီဘလောဂ်လေးမှာလည်း တစ်ခါတစ်လေ ဆက်ရေးနေဆဲပါ... (များသောအားဖြင့် ဒီကစာတွေဟာ တစ်ကယ့်ကို သံစဉ်မဲ့သော အလင်္ကာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်.. ကိုယ်တွေ့ဖြစ်ရပ်တွေပါသလို၊ အခြားသူတွေရဲ့ ဘ၀တွေကို ဝေမျှခံစားထားတာတွေလည်း ပါပါတယ်၊ စိတ်လွတ်လက်လွတ်.. ကာရံမဲ့.. သံစဉ်မဲ့.. များဖြစ်နေနိုင်ပါတယ်... ဒါကြောင့် ဒီဘလောဂ်ကို လင့်ခ် မလုပ်ကြစေလိုပါဘူးရှင်၊ ဘလောဂ်ကို သုံးပေမယ့် ဘလောဂ်ရေးတဲ့ အခါလည်းရှိသလို.. စာတွေကဗျာတွေလည်း ရေးတဲ့အခါရှိပါတယ်။ ဒီစာတွေကဗျာတွေဟာ web-log မဟုတ်တဲ့အတွက်... လူနှင့်စာကို မရောယှက်ဘဲ.. လူကိုမဖတ်.. စာကိုသာပဲ ဖတ်စေချင်ပါတယ်။ ဖြစ်တည်မှု မရှိသော ဖြစ်တည်ခြင်းဖြင့်၊ အရောင်မှိန်တိုးတိုးလေးဖြစ်သော ရပ်တည်မှုဖြင့်၊ လွပ်လပ်ခြင်းမဲ့သော ကမ္ဘာမှာ လွတ်လပ်လိုလွတ်လပ်ငြား နေရာသစ်ကလေးတစ်ခုဖြစ်တဲ့ ဒီနေရာမှာ.. အခုလိုဆက်ပြီး စာတွေရေးသွားချင်ပါတယ်) လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, October 11, 2011

တိတ်တခိုး

မမြင်ဖူးခင် ကတည်းက
ကြင်ဖူးသူရင်.....နဲ့
ခင်တွယ်စူးနစ်
ကြည်နူးစိတ်နဲ့
တိတ်တိတ်လေး ချစ်ခဲ့ရသူပါ.... မောင်.......



5 ရင်ခတ်သံများ:

Angelhlaing(May everybody be happy and healthy! said...

စာသားနည်းနည်းလေးက ပုံလေးနဲ့ ပနာရလို့ လှလိုက်တာနော် မမ...:):)

Anonymous said...

မမြင်ဘူးပေမယ့်လည်း
တွယ်ငြိတဲ့ရင်မှာ
ရှည်ကြာစွာခိုင်မယ့်သစ္စာမင်
ဒီရင်မှာတယောက်သာ ခင်...
WC22

အိမ့်ချမ်းမြေ့ said...

အိန်ဂျယ်လှိုင်း....
ကလေးလို လျှောက်လုပ်ထားတာ :P

WC22.....
လုံးဝ မထင်ရဘူး..
ကဗျာစပ်တတ်တယ်း)))

ပြည်ကောင်းအောင် said...

း)) like it!

မြသွေးနီ said...

မောင်စိန်ဝင်း (ပုတီးကုန်း) လိုအဖွဲ့လေး..။
နှစ်သက်စရာ...။

LinkWithin

Related Posts Plugin for WordPress, Blogger...