မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, October 05, 2011

ထွက်မသွားပါနဲ့ကွယ်..

Gregorian - Moment Of Peace


ထွက်မသွားပါနဲ့ကွယ်...

နတ်ဆိုးတွေရယ်..
အတ္တတွေရယ်..
သိတတ်ခါးသီးမှုတွေကို ခ၀ါချလို့...
နူးညံ့မှုတစ်ခုကို ဆက်လက်ထွေးပွေ့ထားပါရစေ...

အေးချမ်းငြိမ်သက်ခြင်းတွေဟာ..
လက်တွေ့မကျဘူးလို့ ခံယူထားတဲ့ ဒီကမ္ဘာကြီးထဲမှာ..
အဲဒီအရာတွေက..
တစ်နေ့တော့ လက်တွေ့ကျလာရမှာပါ...

 ပြန်လာပါ...
ကိုယ့် အကြည်ဓာတ်ကလေးရယ်...



5 comments:

ပြည်ကောင်းအောင် said...

ကျနော်က သီချင်းနားထောင်ရာမှာ နား ချာလှ သည်။ တသက်လုံး အင်္ဂလိပ်သီချင်း နားထောင်ဖူး ကျင့် မရှိခဲ့တာကြောင့်လည်း ပါမည်။ ထို့ကြောင့် Youtube မှာ တခါတရံ အင်္ဂလိပ်သီချင်း နား ထောင်ချင်လျှင် lyrics တောင်းပြီးမှ နားထောင်ဖြစ်သည်။ မလေးတင်ပေးသည့် ဒီသီချင်းကိုတော့ အင်္ဂလိပ်လို နားမလည်သော်လည်း ဂီတသံ (ရစ်သမ်) ချိုမြမြ ကို နားထောင်သွား ပါသည်။ Lyrics in English ပါသော် ကောင်းပေမည်ဟုတော့ တွေးမိ၏။း))

Anonymous said...

မလေး ..

နှစ်သက်စွာ ခံစားသွားပါသည်။

ချစ်တဲ့
ရတနာ

လင်းခေတ်ဒီနို said...

နတ်ဆိုးကို ခ၀ါချတဲ့အထဲ ထည့်လိုက်တယ် . . ရက်စက်လိုက်တာ . . နတ်ဆိုးက သူ့ဟာသူအေးအေးဆေးဆေး ကဗျာလေးပဲ ရေးနေတာလေ . . မလေး ရက်စက်တယ်း)))))))သီချင်းလေးကို ဖြည်းညှင်းစွာအစကနေ ခံစားသွားတယ် အဆုံးရောက်သွားတယ် . . . လုံးစေ့ပတ်စေ့ နားမလည်လိုက်ဘူးရယ် .း))))))) ဟားဟား


ကိုယ့်အမ ပျော်ရွင်ပါစေဗျား))

ခင်မင်တဲ့
နတ်ဆိုး
မလေးရဲ့မောင်ငယ် ဗညားရှိန်

အိမ့်ချမ်းမြေ့ said...

အကိုပြည်ကောင်းအောင်....
စကားပြေ မသုံးဘဲ စကားပြောနဲ့ ကော့မန့်တွေ ရေးလို့ မရဘူးလားဟင် :P

ရတနာ...
မလေးကဗျာလေးကို အချိန်ပေးဖတ်သွားလို့ ကြည်နူးမိပါတယ်..

နတ်ဆိုး..
ရေမချိုးတာ ကြာပြီလားလို့ အ၀တ်လျှော်စက်ထဲ ထည့်ဖွပ်လိုက်မိတာရယ်.. :D

ပြည်ကောင်းအောင် said...

Malay's suggestion cordially noted. ( ဟဲဟဲ.. အဖိုးကြီးယောင် ဆောင်ြဲကည့်တာပါ မလေး။ နောက်တချက်က ကိုယ့်ကိုယ်ကို တစုံတရာ သရော်ချင်စိတ် ဝင်နေရင် စကားပြေနဲ့ ရေးချင်တဲ့ mood ဝင်နေတတ်တယ်လို့ ထင်တယ်။ ရင်းရင်းနှီးနှီး ပြောပြချင်နေရင်တော့ စကားပြော mood ပေါ့။ နောက်တချက်က အကို့မှာ "ရင်ကို သစ္စာ မဖောက်ရေးမူ" (ရင်ထဲမှာ ဖြစ်နေတဲ့ mood အတိုင်း ရေးချလိုက်ရေးမူ) တခု အလိုလို ရှိတယ်။ ဥပမာ၊ အကို မော်ဒန်ကဗျာ ဖြစ်အောင် လုပ်တဲ့ နည်း သိပါတယ်။ ဒါပေမဲ့ မော်ဒန်ကဗျာ ဖြစ်အောင် (လုပ်) ရေးရင် အဲဒါ ကိုယ့်ရင်ကို သစ္စာဖောက်တာ လို့ ထင်နေမိတာ မျိုး။ )

LinkWithin

Related Posts Plugin for WordPress, Blogger...