မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, July 13, 2011

လျှပ်ပန်း

မေ့မှာစိုးလို့...
မြတ်နိုးတွယ်ငယ်၊ သံယောဇဉ်ဖွဲ့
မြင်ကြည့်လှဲ့လေ.. သိစေချင်သည်။

ဝေးမှာစိုးလို့...
နှောင်ကြိုးပတ်ရစ်၊ ထပ်ထပ်သစ်ချည်
နားလည်ငဲ့ညှာ၊ မခွာရက်ရဲ
မခွဲနဲ့နော်.... ခေါ်လိုက်ချင်သည်။

လွမ်းမှာစိုးလို့...
မြတ်နိုးမိခြင်း၊ နှောင်ရစ်တင်းသည့်
ချစ်ခြင်းတစ်စ၊ သမုဒယအပူ
သူ့မှသူဆိုသည့်အစွဲ၊ ရင်ထဲမြစ်ကျွမ်း
ကိုယ်ပဲ လွမ်းမယ်.......
တမ်းတ မြိုက်ဆူ..
ကိုယ်ပဲ ယူမယ်...


သူမသိစေ.. ၊ ရှိပါစေတော့
ကြာလေလေဝေး.. ဝေးလေလေမေ့
မေ့လေလေပျောက်၊ အိပ်မက်လောက်သာ
ထင်ပါစေကွယ်.. တစ်ကယ်ဆိုက
တစ်ဘ၀တစ်လမ်း၊ ခဏလမ်းကြုံ
လျှပ်ပြက်ရုံမျှ...
ပုံပြင်ကလေးပဲ မှတ်လိုက်နော်...။












မောင်.. ဖတ်လိမ့်မယ် မဟုတ်သော..
မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာလေးပါ...
(ကျမကို မေ့၍....
ထာဝရ ပျော်ရွှင်နေပါစေ...မောင်)

2 comments:

ပြည်ကောင်းအောင် said...

ကိုယ့်ကို သတိမရသောသူကို သတိရသောသူက ရလို့ လောကကြီးဟာ fair ကို မဖြစ်ဘူး..။

Anonymous said...

ဒါလေးဖတ်ပြီး၊
မလေး မောင့်ကို တိုင်တည်ပြောထားတဲ့ စကားလေးကိုမြင်ပြီး၊
မျက်ရည်ကျမိတယ်ဆိုရင် ..
မလေး ယုံမှာလား။

အဲဒီမျက်ရည်ကို သစ္စာပြုဆုတောင်းချင်တယ်။
ဘဝအဆက်အဆက်မှာ ချစ်မိသူရဲ့ထာဝရအဆုံးထိပြန်လည်ချစ်ခင်မှုကို ရ ရပါစေ။

ချစ်ခင်စွာဖြင့်
ရတနာ

LinkWithin

Related Posts Plugin for WordPress, Blogger...