- အိမ့်ချမ်းမြေ့ ကလောင်ကလွဲပြီး အခြား ဘာကလောင်ခွဲမှ မရှိပါ။
- ဒီကလောင်တစ်ခုထဲနဲ့ပဲ ရသ စာများကို ဦးစားပေး ရေးပါသည်။
(နွေဦးပန်းဆိုပြီး ကဗျာလေးတွေ ရေးခဲ့ဖူးပေမယ့် ခု နွေဦးပန်း အိပ်မောကျသွားပါပြီ။)
- မလေးရဲ့ အိမ်လိပ်စာကိုလည်း ဂျာနယ်၊ မဂဇင်းတိုက် အချို့နှင့် **မလေးကြိုက်လို့ ရိုးသားစွာ** ခရေပန်းပေးဖူးသူတစ်ဦးကလွဲပြီး ဘယ်သူမှ မသိပါ။ ဖုန်းနံပါတ်ကိုလည်း ဘယ်သူကမှ မသိပါ (ဘယ်သူကမှလည်း မမေးဘူးလေ…. :p) -- မေးလည်း ပေးဘူးရယ်.. (ကနေဒါကိုဆက်ရင် သူတို့ ပိုက်ဆံကုန်မှာ စိုးလို့ပါ…)
- Tapyaythu2000@gmail.com တစ်ခုသာ public life အတွက် သုံးပါသည်။
- အွန်လိုင်းပေါ်မှာ ချစ်ခင်နှစ်သက်သူများကို ကပျာကသီ နှုတ်ဆက်ရုံမှလွဲပြီး မည်သူနှင့်မျှ လိုတာထက်ပိုပြီး ချက် လုပ်ခြင်း မရှိပါ (တစ်ကယ်ကို မအားလို့ပါ -- အခြားဘာကြောင့်မှ မဟုတ်ပါ)
- ၂လုံးကွဲအောင် ပြောမိသည်ဆိုရင်တောင်မှ... အလွန်သိုသိပ်တတ်သူဖြစ်သောကြောင့် ကိုယ့်အကြောင်းကို မပြောပါ။ အခြားသူအကြောင်းတွေလည်း သူတို့ပြောပြသလောက်ပဲ နားထောင်ပါသည်။
- အိမ့်ချမ်းမြေ့ identity အစစ်အမှန်ကို မည်သူမျှ မသိပါ (ဆွေမျိုးတွေတောင် အကုန် မသိပါ -- ဦးလေးတွေထဲကတောင် အိမ့်ချမ်းမြေ့က ဘယ်သူလည်းမေးရင် ညီအစ်မတွေ အကုန်လုံးက ခပ်တည်တည်နဲ့ မကြားဟန်ဆောင်နေသော လူထူးလူဆန်းများဖြစ်ပါတယ်)
- ဝေေ၀၀ါးဝါး ဓာတ်ပုံများမှလွဲလို့ အိမ့်ချမ်းမြေ့ကို မြင်ဖူးသူ မရှိပါ။
- ယဉ်ကျေးသော စကား/ (ရံဖန်ရံခါဆိုလျှင်) ရှေးကျလွန်းသော မြန်မာစကားကိုတောင် သုံးပါသည်။
- ဗဟုသုတ၊ အမြင်များနှင့် အနုပညာများကို ဖလှယ်ခြင်း၊ ဝေမျှခံစားရုံကလွဲပြီး အွန်လိုင်းပေါ်မှာ အခြားကိုယ်ရေးကိုယ်တာ ကိစ္စများကို လုံးဝ စိတ်ဝင်စားမှု မရှိပါ။
- စာဖတ်ဖော် စာရေးဘက် ဘလောဂါများအပေါ်တွင်.. အရိုးသားဆုံးဆက်ဆံပါသည်။
- မလေးကို ချစ်သော (အထူးသဖြင့်) ညီမများကို မလေးကလည်း တန်ပြန်မေတ္တာထားပါသည်။
- ညီအစ်မတွေကြားထဲက ချစ်ခြင်းကို မနာလိုတတ်သူတွေကိုလည်း လူသားတွေပဲမို့ စာနာစွာ နားလည်ပေးပါသည် ;))
မလေးကို လူကြုံနှင့် လက်ဆောင်ပေးပို့လာသူများကိုလည်း ဒီနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
မလေး ပေးပို့လာသူတွေရဲ့ စေတနာကို စော်ကားတာ မဟုတ်ပါရှင်...
အနောနမတ်စ် အနေနဲ့ပဲ တစ်သက်လုံး နေသွားချင်လို့ပဲဖြစ်ပါတယ်ရှင်။
ဖဘမှာ တင်ထားတာလေးပါ...။
အထူးသဖြင့် မလေးကို ချစ်သော အစ်မတွေ ညီမတွေ လူကြုံနဲ့ လက်ဆောင်တွေ ပို့ပေးတာကို မျက်ရည်လည်တဲ့ထိ ကြည်နူးသော်လည်း သွားမယူတာကို ခွင့်လွှတ်နားလည်ပေးကြမယ်လို့ ထင်ပါတယ်။ ဘယ်လိုပြောရမှန်းမသိပဲ စဉ်းစားနေတာနဲ့ ခုလို ဒီမှာရေးခြင်းပါ။ မလေး အစ်မတို့ကို ချစ်ပါတယ်။ အစ်မတို့ချစ်တာကိုလည်း သိပါတယ်။ ဒါပေမယ့် မလေး အနောနမတ်စ်အနေနဲ့ပဲ နေချင်သေးလို့ပါနော်...
နောက်တစ်ခုက မလေး ရသကို ပဲ ဦးစားပေးရေးပါတယ်။ ခဏခဏစာတွေလာပါတယ်။ သတင်းထောက်လား.. ဘာလား... ရယ်လို့....
မလေးဘာမှကို မဟုတ်ပါဘူး။ ကနေဒါဗင်ကူးဗားမှာနေသော လောင်းကြီးပေါက်ခေါင်းပုတီးကုန်းပေါင်းတလည် (အဲ့နားတွေ တ၀ိုက်ပဲ... မှတ်မိသမျှရေးလိုက်တာ) ဇာတိ မြန်မာမ တစ်ဦးဖြစ်ပါတယ်။
ပွင့်လင်းစွာပြောရရင် ၀ိနည်းလွတ်စာတွေကို ကြိုးစားရေးပါတယ်။ အခြားနာမယ်ချင်း ဆင်တာဟာလည်း နာမယ်ဆင်ခြင်းသာဖြစ်ပါတယ်။ မြန်မာပြည်မှာ လမင်းရှိုက်သံဆိုတဲ့ ပေါင်းချုပ်စာအုပ်တစ်အုပ်ထွက်ရှိထားခြင်းမှ တပါး အခြားဘာစာအုပ်မှ အခြားကလောင်ခွဲနဲ့ မထွက်ပါလို့ ... အခြားဆင်တူရိုးမှားကလောင်ခွဲနှင့်လည်း ဘာစာကိုမျှ ဘယ်ဆိုက်ဒ်မှာမှ မရေးပါလို့ ပြောလိုပါတယ်ရှင်။
ဘလောဂါတွေ ဒါမျိုးရှင်းရတာ ခဏခဏကြုံရတယ်..
ကိုယ့်အလှည့်ရောက်လာလိမ့်မယ် မထင်ခဲ့မိဘူးရယ်...
မလေး အေးအေးချမ်းချမ်း ရသ စာလေးတွေကိုပဲ ရေးချင်ပါတယ်....
ဘယ်သူလာဖတ်မလည်းတော့ မသိဘူး။
စိတ်ညစ်မိတာတော့ အမှန်ပါပဲရယ်...
12 ရင်ခတ်သံများ:
ဖြေရှင်းချက်တောင် ထုတ်နေရပြီလား ဂျီးတော်။
အနော်နီးမတ်စ်လုပ်ဖို့ဆိုတာ တော်တော်ဇွဲကြီးမှဖြစ်မယ်၊
စိတ်ချမ်းသာအောင်နေပါ။
WC22
ပေါ်လာတော်မူလို့ ကျေးဇူးတင်ပါတယ်း))
စာကိုဖတ်သွားပါသည်။ ငယ်ငယ်တုန်းက လူကြီးတွေ တခုခုကြောင့် မျက်နှာ မသာမယာဖြစ်နေ ကြလျှင် သိပ် အာမချောင်ဝံ့သကဲ့သို့ ယခုလည်း တခုခုတော့ တခုခု ပဲဟုမှတ်ယူကာ ဘာမှအာမချောင် တော့ဘဲ ခပ်ကုပ်ကုပ် ပြန်သွားပါသည်။ အဆင်ပြေပါစေး)
အပေါ်မှာ ပြည်ကောင်းအောင် ရေးသွားတာကို သဘောကျမိသလို မလေးအိမ့်ကိုလည်း နားလည်ပါသည်။
မလေးအိမ့် ရေးတဲ့စာတွေ ဖတ်နေပါဦးမည် =)
မလေး
ဘာပြောရမှန်းမသိလို့ 
ဘာမှ မရေးခဲ့ တော့ဘူး။
ခင်မင်သော
MM
အကိုမောင်မောင်နှင့် အကိုပြည်ကောင်းအောင်.. ညီမလေးမီ...
ကော့မန့်ချန်ပေးထားခဲ့တာတွက် ကျေးဇူးပါနော်..
ဂျီးတော်ပျောက်နေတာ မဟုတ်လား။
နေကောင်းပါစ
၂၂
ခင်ရတဲ့ မလေး အေးချမ်း ပျော်ရွှင်ပါစေ ... :)
အေးချမ်းသော အနော်နိမတ်စ်ရဲ့ စာတွေကို
နှစ်သက်ပါသည်။
တခြားမပိုပါ၊
သန်းလဲ့ ... ဒီထိရောက်လာတာ မလေးပျော်သည်း)
အပြုံးပန်းရဲ့ ကွန့်မင့်ဟာ မလေးကို လမ်းပေါ် ပြန်တွန်းတင်ပေးလိုက်တယ်။
မေတ္တာဖြင့်..
မလေး
ဘလော့ကိုရော ဒေါ့ကွန်းကိုရော အမြဲစာလာဖတ်တယ်..။ အကြောင်းမသင့်လို့သာ ကွန်မန့်မချန်ခဲ့တာကို ခွင့်လွှတ်ပါ..။
ကြာပန်းနဲ့ပုံရယ်.. နှင်းတောထဲက ပုံကိုတော့ မ၀ါးခင်တုန်းက ဆလိုက်ရှိုးမှာ မြင်ဖူးပါတယ်နော်...။
ဖြိုး........ ပျောက်လှချည်လားး)
Post a Comment