မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, June 13, 2011

အတွေးပန်းချီ

ပျော်ရွှင်ပါစေ အမြင့်ဆုံးထက်မှာ
အသည်းထဲ လှိုက်လှဲ တောင်းဆုရည်
သာယာပါစေ ထာဝစဉ် မောင့်ဘ၀အတည်
ကြွေပါစေလေ ခြွေပြီးခဲ့ရင်
ပြုံးစနှုတ်ခွန်းမဆက်နဲ့ရှင်..
နေရာမှန်မှာ အနည်ထိုင်ပါစေတော့ အချစ်ရေ


ကြုံလာသူတို့နှစ်ယောက်ကံ
ဖြစ်သမျှအကြောင်းပြောင်းလဲ အသစ်တဖန်
သံသရာနယ် ကျင်လည်လို့မဆုံးပြီ
နှလုံးသားထဲ အရှုံးအမြတ်မတွက်သူ
ပြုံးရခက်အဆုံးရဲ့တဘက်မှာ
ငိုရည်မလွယ် အချစ်ရဲ့နန်းအပြန်ဆီ....

ချိုလွင်သာယာ အချစ်ဆုံးတေးသံ
လှိုက်ခတ် ဆိတ်သုဉ်း မတိုးတိတ်မီ
ကျန်နေပါစေ အဖော်ကွာ
တစ်ယောက်တည်း
အတွေးသီ

♫ ♥●••·˙ ˙·••●♥♫

ပျော်ရွှင်ပါစေ အမြင့်ဆုံးထက်မှာ
အသည်းထဲ လှိုက်လှဲ တောင်းဆုရည်
နေရာမှန်မှာ အဖော်ကွာ တစ်ယောက်တည်း
အတွေးပန်းချီ

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ခင်မောင်တိုးရဲ့ သီချင်းကို နဲနဲလေးဖျက်ထားမိတယ်ရှင်..
ပုံကိုလည်း အင်တာနက်ကပဲ ယူပါတယ်ရှင်...

5 comments:

သက်ဝေ said...

အရမ်းကြိုက်တဲ့သီချင်းလေးပဲ...
နားထောင်သွားတယ်... လိုက်ဆိုသွားတယ်...
ကျေနပ်သွားတယ် မလေးရေ...း))

အိမ့်ချမ်းမြေ့ said...

မလေးစိတ်ထဲကို ဒီသီချင်းလေးက အရမ်းရောက်နေလို့ ချရေးမှ ပျောက်သွားမယ်ထင်တယ်..း)))

ကောင်းသောနေ့လေးပါ သက်ဝေ ..

ခင်တဲ့ မလေး

ပြည်ကောင်းအောင် said...

နားထောင်သွားပါတယ် မလေး။ ခင်မောင်တိုးရဲ့ မူရင်းသီချင်း နားထောင် ရတုန်းက သူ့အသံက ကောင်း(ချိုမြ၊အေးချမ်း) လွန်းလို့ သူ လွမ်းလှီုက် ကျွမ်းလောင်စွာ ဒီသီချင်းကို ဆိုနေတာပါလားလို့ သတိမပြုမိခဲ့ဘူး။ အခု မလေး စာသားချ ရေးပြ တော့မှ ဒီသီချင်းထဲက စိတ်ထိခိုက်စရာကောင်း လောက် တဲ့ စာသားတွေကို သတိမူလာမိတယ်။ ဥပမာ၊ “ကြွေပါစေလေ ခြွေပြီးခဲ့ရင်၊ ပြုံးစနှုတ်ခွန်း မဆက်နဲ့ရှင်”
“ကျန်နေပါစေ အဖော်ကွာ တယောက်တည်း အတွေးသီ”
“နေရာမှန်မှာ အဖော်ကွာ တယောက်တည်း အတွေးပန်းချီ” ( ရင်ထဲမှာ ခံစားမိသည့်အတိုင်း လွမ်းလှိုက် ကျွမ်းလောင်စွာ ဟုခေါ်လိုက်သည်။ “လွမ်းလှိုက်” ဆိုတဲ့ အသုံးတကယ် ရှိမရှိ မသိပါ။ )

တန်ခူး said...

ခွင့်လွှတ်ချစ်ခြင်းတွေစီးဝင်နေတဲ့ အလွမ်းချိုချိုတွေနဲ့ သီချင်းလေး... အိမ့်ရေ... အဲဒီခေတ်ကသီချင်းတွေများ စာသားတကြောင်းချင်းစီက စေးပိုင်လေးနက်နေတော့တာနော်...

အိမ့်ချမ်းမြေ့ said...

ဟုတ်တယ်.. မ

အဲ့ခေတ်က စာသားတွေက... ပိုနူးညံ့သလားလို့..
မတွေ့တာ ကြာလိုက်တာ..
စာတွေလည်း သိပ်ကြဲသွားတယ်နော်..
အလုပ်တွေ အရမ်းများနေတယ်ထင်တယ်
မ အစစအဆင်ပြေပါစေ..

မလေး

LinkWithin

Related Posts Plugin for WordPress, Blogger...