မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ ၂၀၀၇ မှာ ပြည်တွင်းကနေ ဘလောဂ်တွေကို ၀င်လို့မရတော့လို့ ၀င်ရလွယ်အောင် အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးခဲ့ပါတယ်။ ဒီဘလောဂ်လေးမှာလည်း တစ်ခါတစ်လေ ဆက်ရေးနေဆဲပါ... (များသောအားဖြင့် ဒီကစာတွေဟာ တစ်ကယ့်ကို သံစဉ်မဲ့သော အလင်္ကာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်.. ကိုယ်တွေ့ဖြစ်ရပ်တွေပါသလို၊ အခြားသူတွေရဲ့ ဘ၀တွေကို ဝေမျှခံစားထားတာတွေလည်း ပါပါတယ်၊ စိတ်လွတ်လက်လွတ်.. ကာရံမဲ့.. သံစဉ်မဲ့.. များဖြစ်နေနိုင်ပါတယ်... ဒါကြောင့် ဒီဘလောဂ်ကို လင့်ခ် မလုပ်ကြစေလိုပါဘူးရှင်၊ ဘလောဂ်ကို သုံးပေမယ့် ဘလောဂ်ရေးတဲ့ အခါလည်းရှိသလို.. စာတွေကဗျာတွေလည်း ရေးတဲ့အခါရှိပါတယ်။ ဒီစာတွေကဗျာတွေဟာ web-log မဟုတ်တဲ့အတွက်... လူနှင့်စာကို မရောယှက်ဘဲ.. လူကိုမဖတ်.. စာကိုသာပဲ ဖတ်စေချင်ပါတယ်။ ဖြစ်တည်မှု မရှိသော ဖြစ်တည်ခြင်းဖြင့်၊ အရောင်မှိန်တိုးတိုးလေးဖြစ်သော ရပ်တည်မှုဖြင့်၊ လွပ်လပ်ခြင်းမဲ့သော ကမ္ဘာမှာ လွတ်လပ်လိုလွတ်လပ်ငြား နေရာသစ်ကလေးတစ်ခုဖြစ်တဲ့ ဒီနေရာမှာ.. အခုလိုဆက်ပြီး စာတွေရေးသွားချင်ပါတယ်) လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။
Tuesday, April 19, 2011
black magic woman
ဖေဖေ သိပ်ကြိုက်တဲ့ သီချင်းပါ.. ဖေဖေက လိဒ် တီးတော့ သံစဉ်ကိုကြိုက်တယ်ထင်တယ်။ စာသားကတော့ ဘာမှ အနုပညာသိပ်မမြောက်ပါဘူးလို့ ထင်မိတယ်။ "ငါ့ကိုပြုစားနေတယ်.. အောက်လမ်းမရယ်" အဲသလိုမျိုးကြီးပါပဲ..။ ခံစားချက်တွေကို တေးသံထဲမှာ ပေါက်ကွဲထားတာ..
ကလေးဘ၀ထဲက ဖေဖေနားထောင်တော့ (ဖေဖေက အဲတုန်းက ကိုယ့်မျက်စိထဲ သိပ်အိုတယ် ထင်ပေမယ့် ၃၂ လောက်ပဲ ရှိပါသေးတယ် :P) ကိုယ်တိုင်လည်း အဲသလို လိဒ်တီးကြည့်ချင်လို့ ငယ်ငယ်က ကျင့်ခဲ့ဖူးပေမယ့်....
အောက်က မိန်းကလေးလောက်တော့ မကျွမ်းကျင်ခဲ့ပါဘူး...။
ဒီလောက်တီးနိုင်ဖို့ကို တစ်နေ့တစ်နေ့ ဒါကိုပဲ စိတ်ဝင်တစားကျင့်ထားတယ်ဆိုတာ ကိုယ်တိုင်တီးဖူးတော့ သိပါတယ်.. ~~ unless she's totally gifted!! :)
အောက်ကတော့ အော်ရီဂျင်နယ်လ်..
4 ရင်ခတ်သံများ:
မလေး တီးတာ ကြားချင်တယ်း) တီးပြီး တင်ပေးပါး))) request
ဆိုင်းထီးဆိုင်ရဲ့ ငယ်စဉ်က ကလေးတို့ဘ၀ သီချင်းအစအင်ထရိုလောက်ပဲ ရတော့တယ် ဗညားရယ်..း((
အဲဒီ သီချင်း နားထောင်တဲ့ အချိန် ပြန်စဉ်းစားကြည့်မိတော့
ဆယ်တန်းလောက် ထင်တာပဲ။
မြူးလို့ ကြိုက်တယ်။
အမအမျိုးသားလဲ ဂီတာသမားမို့  သီချင်းထက် music ကို ပိုခံစားတတ်တယ်... အိမ့်က အဲလောက်တီးတတ်ဆို တော်တာပေါ့...အမဆို ဂီတာကို အချိုးကျကျကို မကိုင်တတ်တာ
Post a Comment