မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, March 24, 2011

အိမ့်ချမ်းမြေ့ရဲ့ ဆိုရင်...

Sandra Bullock ရယ်..

Gwen Stefani ရယ်...

ဂျပန်ကို ဒေါ်လာတစ်သန်းစီ လှူသလို....

တာချီလိတ် ကိုလည်းလှူမယ်ဆိုရင်…



ကမ္ဘာကြီးထဲက လူတွေကလည်း အုန်းအုန်းကြွက်ကြွက်

ဂျပန်ကိုသနားသလို…

မျက်နှာမွဲ ကိုယ်တို့ကို စကားထဲ ထည့်ပြောကြမယ်ဆိုရင်...



လှူရင်လည်း ယူမယ်ဆိုရင်…..

ယူပြန်ရင်လည်း မနူ ဘူးဆိုရင်…

မယူပြန်ရင်လည်း မစူကြဘူးဆိုရင်….…



ပေးချင်တဲ့လက်တွေ တွန့်ဆုတ်သွားအောင်…

မရောက်နိုင်ဘူးဆိုတဲ့ သတင်းတွေ မလွှင့်ကြဘူးဆိုရင်..



ဒီသတင်းတွေဟာလည်း ဟုတ်သင့်သလောက် ဟုတ် မနေဘူးဆိုရင်….

ငုတ်တုပ်ထိုင်ရင်း … လေထဲမှာ (အခုလို) သေနတ်ပစ်

ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်မိ မနေကြဘူးဆိုရင်….



ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်မိ မနေကြဘူးဆိုရင်….



ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်မိ မနေကြဘူးဆိုရင်….



ဆိုရင်….။

6 comments:

လင်းခေတ်ဒီနို said...

တစ် တစ် တစ်း))) အနော် နံပါတ်တစ်ဗျး)))

ကိုယ့်ကိုယ်ကို ကြိုးကွင်းစွပ်မိကြတာ ခုမှကို မဟုတ်ပါဘူးဗျာ အခါခါ အလီလီရှိပါပြီး ရောက်လဲ မရောက်ပါဘူး တ၀က်လောက်ပေါ့နော်း))))))

မောင်မောင် said...

မလေး ရေ
အိမ့်ချမ်းမြေ့ ရဲ့  ဆိုရင်....... တွေကိုဖတ်သွားခဲ့ ပါတယ်။
မျက်နှာကြီးရာ ဟင်းဖတ်ပါ..ဆိုရင်
မြေနိမ့် ရာ လှံစိုက်.. ဆိုရင်
နူရာဝဲစွဲ..လဲရာသူခိုးထောင်း.. ဆိုရင်
မရှိခိုးနိုး... မလှ “စုန်း” ယိုး... ဆိုရင်

ကိုယ့်လည်ပင်းကိုယ်.. ကြိုးကွင်းစွပ်ခဲ့တာကြာပေါ့... ဆိုရင်..

ဘာမှဟုတ်တော့ဘူးနော်. ဆိုရင်တွေထပ်ဖြည့်ကြည့်လိုက်တာ.. ဆိုရင် နဲ့ ပဲ ဆုံးလိုက် မယ်.. ဆိုရင်

ခင်မင်တဲ့
မောင်မောင်

မောင်မျိုး said...

တကယ်ဆိုရင်..... ဖွာတတ်တဲ့ ပါစပ်တွေ သိပ်များလွန်းနေလို့း) အယ်လေ ဘာမှန်းမသိတော့ဘူးး


မောင်မျိုး ဆိုရင် ပထမတော့ ငလျင်သေးသေးလေး ထင်နေတာ ထိုင်းသတင်းကြည့်ပြီးကြောက်နေတယ် အခု အိပ်ဖို့လည်းလေ အိမ်က အကြီးကြီး တစ်ခုခု ဖြစ်လိုက်လို့ကတော့ဆိုပြီး ဘာမှလည်းမဟုတ်ပဲ ကြောက်နေတယ် သတ်တိကတော့လား ပြောမနေချင်တော့ဘူးး ဟူးး

အိမ့်ချမ်းမြေ့ said...

ဒီမှာတောင် နေ့လည်အိပ်လို့ ဘေးအိမ်က တူထုရင်တောင် စိတ်က ကတုန်ကယင်ဖြစ်ချင်နေတယ်....

ဗင်ကူးဗားကိုလည်း ၈ နဲ့ ၉ ကြားလာမယ် နှစ်၃၀တွင်းမှာ.. ပြောတာက ကြာကြာလှပေါ့..
ဘယ်နေ့လည်းတော့ သိဘူးရယ်..
ဆန်ဖရန်ပလိတ်နဲ့ ပစိဖိတ်ပလိတ် တိုက်မိတဲ့ တစ်နေ့ကျရင်............... တဲ့။

ဟေမာနေရင်းရဲ့ အချစ်များနဲ့ နှုတ်ဆက်သီချင်းလေးများ ရှိရင် လင့်ခ်ပေးကြပါ။။

ဧပရယ်လ်ပူး@ပူးတေ said...

http://www.youtube.com/watch?v=IVk4H6zRwUI

အိမ့်ချမ်းမြေ့ said...

အဲဒီ နှုတ်ဆက်သီချင်းကို မလေး ရှာနေတာ လနဲ့ချီနေပါပြီ။ အရမ်းကိုကျေးဇူးတင်မိပါတယ်..

LinkWithin

Related Posts Plugin for WordPress, Blogger...