မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, January 30, 2011

ပန်းခိုင်နှင့် သူတို့


သည်အပင်အောက်..
ဘာကြောင့်ရယ်မဟုတ်
မလှုပ်တလှုပ်.. အခေါက်ခေါက်အခါခါ
ဖြတ်လျှောက်ပါလည်း
စိတ်ထဲ မစွဲမိ
ကိုယ် မသိခဲ့။

အခုတော့…
သည်အပင်အောက်
ဖြတ်လျှောက်အခါခါ
ရှိပါသော်လည်း …....
ပင်ယံမြင့်ထက် မွှေးပျံ့ပန်းခိုင်
ဆုပ်ယူနမ်းရှိုက်
ကြိုင်လှိုက်ချင်လည်း…....
မရဲမ၀ံ့
တွန့်တဆုတ်နှင့်
ရင်ပင့်သက်မော
စောတကစိတ်
တိတ်တခိုးလေ။

ကဲ…
ဒီကနေ့တော့...
ခူးလိုက်တော့မည်
သည်ပန်းခိုင်စင်
ပါးပြင်ပူနွေး
ရှက်စိတ်လေးနှင့်
ရင်နွေးနွေးတောင် တုန်မိသည်။

ခုန်သည့်ရင်ဖြင့်..
ဒီသစ်ပင်အောက်
ကိုယ်ရောက်ခဲ့သော်…
မွှေးပျံ့ပန်းခိုင်
ဆွတ်ကြိုင်မည့်သူ
ထွေးပွေ့ချင်သူ
ကိုယ်လိုလူတွေ
ရောက်နှင့်နေကွယ်....။

6 comments:

Republic said...

ကဗျာလေးမှာ ခံစားချက်တွေ တွေ့နေရတယ်..တွေ့နေရတယ် :)

မောင်မျိုး said...

ဟုတ်တယ် ဒီကဗျာရဲ့ ဆိုလိုရင်းကို သိနေသလိုလို တွေ့နေသလိုလို ဒါမယ့် သိဘူးးး ဟဲဟဲ ။

Anonymous said...

လာလည်သွားပါသည်။ Content ကောင်းသဟာကို စကားလုံးတွေက ထောင့်နေသဖြင့် အားရပါးရ ကြိုက်၍ မရ ဖြစ်ရလေသည်တမုံ့။း))

အိမ့်ချမ်းမြေ့ said...

ကို အနောနမတ်စ်ရေ...

ရှင် ဘယ်သူလည်း ကျမ သိသားပဲ။ ဒီလိုမျိုး ကဗျာတစ်ပုဒ်လောက် ရေးစမ်းကြည့်ပါလေ့ရှင့်... ဟွန်း။

ဒါတောင် ဒစ်ရှင်နရီကြီး ချရေးထားတာ.. ဘာသိတုန်း~

မောင်မောင် said...

မလေး
ကဗျာလာဖတ်သွားပါတယ်။
ပန်းခိုင်တော့ လူများလို့ ခူးမရခဲ့ ဘူးရယ်......
:D

ShwunMi-ရွှန်းမီ-ရွှန်းမီ said...

အကိုင်းလေးပဲ ချိုးသွားပြီး ခြံထဲပြန်စိုက်ထားပါ မလေးအိမ့်း)

LinkWithin

Related Posts Plugin for WordPress, Blogger...