မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, January 20, 2011

ကုမ်ရာသီဖွားတွေရဲ့ နှလုံးသား ဒဿန

နန္ဒာ (စိုးမြတ်နန္ဒာသက်လွင်) ပိုစ်ကို သဘောကျလို့ အင်တာနက်တစ်ခွင် လိုက်ရှာတွေ့ထားတာလေးပါရှင်။

မွေးနေ့ကလည်း နီးပြီဆိုတော့ ဖတ်လိုက်ပါဦးမယ်။

ကုမ်အချစ်ဒဿန ( AQUARIUS - January 21 - February 19 )

ကုမ် သမားတွေဖြစ်တဲ့ မောင်မျိုးတို့ ဏီလင်းညို တို့ ဇွဲလွင်တို့လည်း ပါသည်ပေါ့..

ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။

မဟုတ်ဘူးဆိုရင်တောင်.. ဟုတ်ပါသည်လို့ သတ်မှတ်ကြစေချင်ပါသည်.. ဟိ

ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအား ပေးသကဲ့သို့ နှလုံးသားမှ အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အချစ်ကို ဖော်ကျူးထားသည်။

ကိုယ်ကသာအေးချမ်းတဲ့ရေစင်တွေ လောင်းတာပါ.. တစ်ဖက်က  ရေနွေးလောင်းတယ် ထင်ချင်ထင်တာ မဟုတ်ပါလား

ပကတိရိုးသားတည်ကြည်သည်။ သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍ အမှန်တရားဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။

ဒီထက်ဖြောင့်မှတ်မှန်ကန်ချင်ပါတယ်။ မဆိုင်တာ အနည်းငယ်ရေးလိုက်ပါဦးမယ်။ စာရေးသူဘ၀-ဘလောဂါဘ၀သက်တမ်း လေးနှစ်ခန့်မှာ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ ဖွင့်ချဖို့ စဉ်းစားပါတယ်။ ဒါပေမယ့် ကနေဒါမှစာရေးသူ တစ်ယောက်လို့သာ သတ်မှတ်ပေးစေလိုပါတယ်။ တစ်ခါတစ်ရံ အင်ဖို မပေးဘဲ  ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာတွေ၊ စ-နောက်ပြီး အင်ဖိုအမှားတွေ ဥပမာ.. အသက် လေးဆယ်ကျော်တို့၊ ငါးဆယ်ကျော်တို့ ဆိုပြီး ပြောခဲ့တာတွေကို နားလည်ပေးပါလို့ တောင်းပန်လိုပါတယ်ရှင်။ စာတွေကို အေးအေးချမ်းချမ်း ရေးလိုတဲ့ ဆန္ဒတစ်ခုတည်းသာ ရှိပါတယ်ရှင်.. နောက်ဘာမေးမေးလည်း စလည်း မစတော့ပါ၊ ဖြေလည်းမဖြေတော့ပါ..လို့။ မလေးကို ထင်ချင်သလိုသာ ထင်လိုက်ကြပါ၊ ယောင်္ကျားကြီးက မိန်းမ ကလောင်ယူထားတယ်လို့ပဲထင်ထင်၊ ကြိုက်သလိုသာ စိတ်လွတ်လက်လွတ် ထင်ကြပါ..။ စိတ်တော့ မဆိုးလိုက်ကြပါနဲ့လို့..(ပြောရင်း စီးယီးရပ်စ်က ဖြစ်လာပြန်ဘီ) (ဟိုဘက်ပြန်သွားပါမယ်)

တစ်ပါးသူအပေါ် မာယာများရန်၊ စဉ်းလဲ လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။

မာယာများတတ်ချင်ပါတယ်.. တစ်ကယ်ပါ။ မများတတ်လို့  ခက်နေပါသည်။ မာယာမများဘဲ.. ဒဲ့ကြီးက တစ်ခါတစ်ခါ ပျင်းစရာကောင်းသလားလို့ :P (ဘိုင်သဝေး မာယာများတယ်ဆိုတာ ပဲများတယ်လို့ ဒီမှာ မလေး ယူဆပါသည်)

သန့်စင်သော နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။ အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်းအဆွေးသမားဖြစ်အောင် ဖန်တီးမည်။

 မှန်လွန်းလို့ ပါးစပ်ကလေး အဟောင်းသားနှင့် ဖတ်နေရပါသည်။ အလွမ်းအဆွေးသမား ဖြစ်လား-မဖြစ်လားကို အရင်က ရေးခဲ့သော အလွမ်းအဆွေး ၀တ္ထု များကို ဖတ်ကြည့်ကြပါကုန်...

အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင် မှန်းဆမထားသော အဆိုးများ ဝင်ရောက်မည်။ ကာလအတန်ကြာ လွမ်းမော၍ ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။

 ဟင့်အင်း.. ဒါတော့ မှားတယ်။ လွမ်းမောချင်တာ၊ ဒါမှ ကုန်ကြမ်းများများထွက် အောင်လို့... အဟွန်း..


ပြီးမှ တည်ငြိမ် အေးချမ်းသော မေတ္တာရှင်နှင့်တွေ့ပြီး ဘဝတွင်အေးချမ်းသွားမည်။ မေတ္တာရေးတွင် လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်။ ချစ်သူအပေါ် အခွင့်အရေးမယူ။ အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက် ရောက်သွားတတ်သည်။

 စိတ်ကူးတွေကိုတော့ လက်တွေ့အကောင်အထည် ဖော်တတ်ပါတယ်..  ;)

မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော သဘာဝရှိသည်။

း)

ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍ ဦးစားပေး ရွေးတတ်သည်။

ဝှိုင်းနော့တ်တ်တ်??? နိမ့်သူကို ဦးစားပေးရမှာပေါ့... မြင့်တဲ့သူတွေက အခွင့်အရေးတွေ ပိုများတတ်ပါတယ်။ material.. နဲ့ပတ်သက်တဲ့ အမြင့်ကယောင်္ကျားကို လိုချင်တဲ့ မိန်းမတွေထဲ.. အိမ့်ချမ်းမြေ့ မပါပါ။ စိတ်ဓာတ်မြင့်တဲ့ ယောင်္ကျားကို မှန်းတဲ့ အထဲတော့ ပါပါသည်။ စိတ်ဓာတ်မြင့်ပြီး လုပ်ကိုင်မှုစွမ်းရည် မြင့်တဲ့ ယောင်္ကျားကိုတော့ မှန်းတဲ့အထဲ ပါပါသည်။ ဥစ္စာပစ္စည်းက ရေရှည်မခံဘူး။ စိတ်ဓာတ်နဲ့စွမ်းရည်မြင့်မှ ရေရှည်ကုန်ထုတ်လုပ်မှုမြင့်ပြီး ကိုယ့်လည်း အလိုလိုက်မှာလေ.. အဟွန်း (သြော်..  အိမ့်ချမ်းမြေ့ရေ..)


ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။ အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို အသည်းခွဲသွားတတ်သော အနေအထားအား တွေ့ကြုံမည်။

ဖွဟဲ့.. ဟင်း... မကောင်းဘူး။

ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။ အမြင်ကျယ်မည်။ သဘောထားကြီးမည်။ နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်မည်။ မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို ပေးဆပ်ထားမည်။ မေတ္တာကို စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား လျှာဖျားမှ မပြောတတ်။ ရိုရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွန်းတတ်သော သဘာဝရှိသည်။ ချစ်သူအပေါ် အလေးထားမည်။

ရိုးရိုးကြီး လက်တွေ့ကျကျလုပ်ဆောင်ပြီး အချစ်ကိုဖော်ညွှန်းပါသော်လည်း... ယောင်္ကျားများသည်ကား ဆန်းဆန်းကလေးများ၊ ချွဲနွဲ့နွဲ့ကလေးများကို နှစ်သက်လေသား မပြောတတ်ပါ။
စာလည်းဖွဲ့တတ်ပါတယ်၊ သိပ်ကိုဖွဲ့တတ်ပါတယ်။ နှုတ်ခမ်းဖျားကလည်း ပြောတတ်ပါတယ်။ ဒါပေမယ့် မပြောတာလေ။ ကျန်သူတွေတော့ မသိဘူး၊ ကိုယ်တော့ မပြောဘူး။ ပျင်းလို့ရယ်၊ စိတ်မရှည်လို့ရယ်၊ လေအကုန်မခံချင်လို့ရယ်၊ ရှက်လို့ရယ်၊ မောလို့ရယ်။ အလုပ်တွေများရတဲ့အထဲ၊ ပိုစ်တွေရေးရတဲ့အထဲ.. ဒါတွေမပြောနိုင်ပါဘူးတော်.. တကထဲ။ လေကုန်ခံမယ့် အစား စာရွက်ပေါ်ကစာလုံးကလေးတွေနဲ့ပဲ ပြောချင်တာ.. အဲသလို။


ရံဖန်ရံခါတွင် ချစ်သူဘက်မှ သွေးသားဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏ သဘောထားကို ပြသနိုင်မည်။

ဒါကြီးက စိတ်ပျက်စရာကြီးပါလား................


ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာတရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ် အဆင်ပြေချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။ ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ တည်မြဲခြင်းတို့ ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။


အွမ်... ဒါပဲ၊ ဒါပဲတဲ့... တန်းလန်းကြီးပါလားနော်..
အိပ်တာပဲ ကောင်းတယ်။
း)
ပျော်စေပျက်စေ အနေနဲ့ပါရှင်..
အားလုံးပဲ.. မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ညချမ်းလေးဖြစ်ပါစေရှင်။

8 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

အို ဘယ်လိုပဲဖြစ်ဖြစ် အကွေးရီးယစ်နဲ့ အေးရီစ်က တည့်တယ်။ :))

အကွေးရီးယစ်က surprise တွေ ကြိုက်ပါ့မလား မသိဘူး။ Hint ပေးသွားတာ။ :P

ချစ်တဲ့

နန္ဒာ

nYi ThU E@in said...

သြော်.. အကုန်အကျတွေ သိပ်များလွန်းတဲ့ ကုမ်ရာသီဖွားတွေပါလား:)

Than Lae said...

မလေးရေ ကျွန်တော်လည်း ကုမ်ရာသီပဲဗျ,,, တော်တော်များများတော့ မှန်တယ်နော်,, ဟိ

မောင်မျိုး said...

ဟဲဟဲ...တော်သေးတယ် ကောင်းတဲ့ အချက်တွေများလို့ ကျနော်တော့ ဒါနဲ့မဆိုင်ပဲ ကိုယ့်ပါသာတွံက်ကြည့်လိုက်တာ ကုမ်ရာသီဖွားတွေက တစ်ခါခါ သူများနဲ့မတူ အသေးဖွဲလေးတွေကျ အရေးတကြီးလို ခံစားတတ်ပြီး တကယ့်ပြသနာကြီးကြီးတွေကျ ဘာမှမဟုတ်သလိုရင်ဆိုင်တတ်ပါတယ်း) ကုမ်ရာသီဖွား အမျိုးသားများအတွက်ရှာတင်ထားပေးတာပါ ကျေးဇူး ကိုယ့်ကိုယ်ကိုတောင် မြောက်တက်သွားတယ် ဟဟား ။

ကုမ်ရာသီမို့လားမသိဘူး ကုန်နေတာပါပဲ အစ်မရာ လက်ထဲ တစ်ပြားမှကို ရှိဘူး :P

Phyo Evergreen said...

အိုအန်တီကလည်း...ကလေးကလားတွေဗျာ...။

အိမ့်ချမ်းမြေ့ said...

နန္ဒာ..
အကွေးရီးယစ်တွေက စပရိုက်ကို ကြိုက်ဘူး ဟိ။

ညီသူအိမ်
ဟုတ်လားတောင် မသိး))

သန်းလဲ့ ....
ဟုတ်လားဟင်
ချမ်းသာပြီး ဆောင့်ကြွားကြွားတွေထက်ကို.. ချောင်ကလေးမှာ ငုတ်တုပ်လေးထိုင်ပြီး ပုဆိုးလေးနဲ့ ကုပ်ချောင်းချောင်းဖြစ်နေတတ်သူကိုမှ စိတ်ဝင်စားချင်တာလား သန်းလဲ့က :P

မောင်မျိုး..
ချေး မလို့ဟာကို စကားကို ပိတ်ပြောထားသည်။

ကိုဖြိုး
ဟုတ်တယ်.. အဲ့ဒါပြောရန်ကျန်သွားတာ.. အသက် ၄၀ကျော်ပါပြီ၊ ၅၀ကျော်ပါပြီဆိုပြီး လျှောက်နောက်နေတာ မဟုတ်ဘူးလို့။ တကယ်က ၆၀ကျော်ဘီ လို့.. အေးအေး.. ဒါပဲကွဲ့၊ မင်းပြောတာနဲ့ အန်တီတောင် ရှက်သွားပြီကွယ်။

Anonymous said...

အညွှန်းကောင်းလို့ အကွေးရီးယစ်မကိုပဲ ယူတော့မယ်။ ဟာ့ဟ
ဒဗလျှူစီ၂၂

Anonymous said...

အနော်တို့က သူ့ပို့စ်ထဲမှာအဆစ်ပါသွားသေးတယ်..ဟိဟိ

သစ်ဆာရှိတာတော့အဟုတ်ရယ်....:P
(စာလုံးပေါင်းတောင်မေ့နေပြီထင်တယ်.သစ္စာကို...း))

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

LinkWithin

Related Posts Plugin for WordPress, Blogger...