မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, March 30, 2010

ကနေဒါရဲ့ရောင်စုံမျက်နှာများ

mosaic.jpgကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ visible minority population အခုလောလောဆယ်မှာ ၄၀% နှုန်းရှိပေမယ့် သက္ကရာဇ် ၂၀၃၁မှာတော့ ၅၉% ရှိလာလိမ့်မယ်လို့ Statistics Canada က ခန့်မှန်းထားပါတယ်။ visible minority population ဆိုတာကိုတော့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ လူနီအင်းဒီးယန်း မဟုတ်သူများနှင့် race အနေနဲ့ Caucasian အနွယ်ဝင် မဟုတ်သူများနဲ့ အသားအဖြူရောင် မဟုတ်သူများလို့ ဆိုထားပါတယ်။ ဒီစာမှာ လူဖြူ Caucasian အနွယ်ဝင် မဟုတ်သူများနဲ လူနီမဟုတ်သူများကို visible minority လို့ပဲ ဆက်ပြီး သုံးသွားမှာဖြစ်ပါတယ်။ နောက်ပြီး လူမျိုးစုတွေရဲ့ ရာခိုင်နှုန်းအချိုးတွေ၊ သူတို့ယုံကြည်ကိုးကွယ်မှုတွေရဲ့ အချိုးတွေနဲ့ ပညာရေးပိုင်းဆိုင်ရာ ရာခိုင်နှုန်းအချိုးအဆတွေကို ဖော်ပြပေးပါမယ်။
လူမျိုးစုများရဲ့ အချိုးများ

ဒီနေရာမှာ diversity ဆိုတဲ့ စကားကိုလည်း တွင်တွင်ကျယ်ကျယ်သုံးထားပါတယ်။ တိုရန်တိုမြို့ကြီးဟာ ဆိုရင်တော့ ဗင်ကူးဗားမြို့ထက် ပိုပြီးတော့ diverse ဖြစ်တယ်လို့ ဆိုပါတယ်။ သက္ကရာဇ် ၂၀၃၁မှာ တိုရန်တိုမြို့ရဲ့ visible minority ဦးရေဟာ ၆၃% ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Calgary (ကယ်လ်ဂါရီ) မြို့ကတော့ ၃၈% ဖြစ်ပြီး၊ အော့တ၀ါမြို့က ၃၆%၊ Montreal (မွန်ထရီရယ်လ်) ကတော့ ၃၁% အသီးသီးရှိလာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
ကနေဒါတစ်နိုင်လုံးအနေနဲ့ကတော့ လောလောဆယ် visible minority ဦးရေဟာ အနှစ်၂၀အတွင်းမှာ ၂၉%ကနေ ၃၂% အထိရှိလာလိမ့်မယ်လို့ ဆိုကြပါတယ်။
တောင်အာရှလူမျိုးစုတွေကတော့ visible minority အုပ်စုထဲမှာ အများဆုံးလို့ဆိုပါတယ်။ ၂၀၃၁မှာတော့ ၄.၁ မီလျှံအထိကို တိုးပွားလာမယ်၊ ဒုတိယအများဆုံး တရုတ်လူမျိုးများကတော့ ၁.၃မီလျှံမှ ၃မီလျှံအထိ တက်လာလိမ့်မယ်၊ တတိယနဲ့ စတုတ္ထ လူဦးရေအမြင့်ဆုံးလူမျိုးများဖြစ်တဲ့ လူမည်းများနဲ့ ဖိလိပီနိုများကတော့ ၂၀၃၁မှာ ၂ဆတိုးပြီး၊ အာရပ်များနဲ့ အနောက်အာရှ အနွယ်တွေကတော့ သုံးဆ တိုးလာမယ်လို့ ဆိုကြပါတယ်။
ဗင်ကူးဗားမြို့မှာတော့ visible minority တွေထဲမှာ တရုတ်လူဦးရေဟာ အမြင့်ဆုံးဖြစ်ပါတယ်။ ဆယ်စုနှစ်၂ခုအတွင်းမှာ လူဦးရေ လေးသိန်းမှ ဂသိန်း၉သောင်းထိ တက်လာမယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး visible minority ဦးရေတိုးပွားလာတာဟာ အချို့လူတွေအတွက် ကြောက်စရာလန့်စရာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ကနေဒါနိုင်ငံမှာ လူဖြူဦးရေနည်းပါးလားမှုကို စိုးရိမ်ထိန့်လန့်နေကြတဲ့ တစ်ချိန်ထဲမှာပဲ လုပ်ငန်းခွင်ကနေ ပင်စင်ယူကြတော့မယ့် လက်ရှိအသက်ကြီးသူတွေနေရာမှာ အစားထိုးဖို့၊ ပညာတတ်ပြီး အသက်ငယ်ရွယ်တဲ့ ပြောင်းရွှေ့လာသူတွေကို မျှော်လင့်နေကြပါတယ်။ ဒီလိုလူငယ်တွေဟာ အလုပ်လုပ်ပြီးအခွန်ငွေပေးဆောင်ခြင်းဖြင့် ကနေဒါနိုင်ငံရဲ့ပင်စင်စနစ် (Canadian Pension Plan) ကို ငွေကြေးအရ ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။
ကိုးကွယ်ယုံကြည်မှုအချိုးများ

ကြိုးစားပါတယ် အချစ်ရယ်..

ကစားပွဲတွေ၊ ပြောင်းလဲခြင်းတွေနဲ့ ကြောက်ရွံထိတ်လန့်ခြင်းတွေ….
ဒါတွေဘာဆက်ဖြစ်ကြဦးမှာလဲကွယ်..
ဘယ်တော့ ရပ်ဆိုင်းကြမှာလဲ…

ကိုယ်ယုံကြည်မိတာတစ်ခုကတော့
ကံကြမ္မာက တို့နှစ်ယောက်ကို ဒီနေရာကို ယူဆောင်လာခဲ့တယ် ဆိုတာပါပဲကွယ်..

ကိုယ်တို့ ဆုံဆည်းသင့်တယ်..
ဒါပေမယ့်
မဆုံဆည်းခဲ့ပါဘူး။

ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့်
ကိုယ်လေ... မင်းကို အိပ်မက်နေတုန်းပဲ…
လူတွေအမြင်မှာ ကိုယ်ဟာ အေး...ဆေး...လေး ပေါ့..
ဒါပေမယ့်..
ကိုယ်.. မင်းကို… မိန်းမူးနေဆဲပဲ..

နှုတ်ဆက်စကား ပြောဖို့ အခါခါကြိုးစားတိုင်း စကားလုံးတွေဟာ လည်ပင်းမှာ တစ်ဆို့နေတယ်..
မင်းနဲ့ဝေးရာပြေးဖို့ ကြိုးစားတိုင်းလည်း အခါခါ ပြိုလဲတယ်…
ကိုယ်ကြိုးစားဖုံးကွယ်ပေမယ့် .. အရမ်းသိသာနေတာ တစ်ခုကတော့… မင်းနဲ့ဝေးရာနေရာမှာ ရှိနေတဲ့ ကိုယ့်ရဲ့ကမ္ဘာဟာ တစ်စစီကြွေကျနေတယ်ဆိုတာပါပဲကွယ်…


ကိုယ်ဟာလွတ်လပ်ပေါ့ပါးနေသူတစ်ယောက်လိုဖြစ်နေပေမယ့် တစ်ကယ်တော့ အကျဉ်းသားတစ်ဦးပါ..
မင်းအချစ်ရဲ့အကျဉ်းသား.. မင်းအချစ်တွေရဲ့ ကျေးကျွန်။
မင်းကိုယ့်ကိုထားသွားတုန်းက အရာအားလုံးဘာမှမဖြစ်သလို ပြုံးနေခဲ့ပေမယ့်
ကိုယ့်အပြုံးတွေဟာ ဟန်ဆောင်မျက်နှာဖုံးသက်သက်ပါ။

နှုတ်ဆက်စကား ပြောဖို့ အခါခါကြိုးစားတိုင်း စကားလုံးတွေဟာ လည်ပင်းမှာ တစ်ဆို့နေတယ်..
မင်းနဲ့ဝေးရာပြေးဖို့ ကြိုးစားတိုင်းလည်း အခါခါ ပြိုလဲတယ်…
ကိုယ်ကြိုးစားဖုံးကွယ်ပေမယ့် .. အရမ်းသိသာနေတာ တစ်ခုကတော့… မင်းနဲ့ဝေးရာနေရာမှာ ရှိနေတဲ့ ကိုယ့်ရဲ့ကမ္ဘာဟာ တစ်စစီကြွေကျနေတယ်ဆိုတာပါပဲကွယ်…





intro plunkingကော.. စာသားလေးကိုကော မြတ်နိုးမိလို့...
တစ်ယောက်တည်း plunking နဲ့ တီးပြီး ဆိုလို့ကောင်းတဲ့ သီချင်းလေးပါ။
Macy Gray လည်းဆိုပေမယ့်လည်း Ben Taylor ရဲ့ ဂစ်တာသံက ပိုလှလို့...



Thursday, March 25, 2010

4 Fatigue Fighters

1. Loose a Snooze (Which do you think is better, to hit the snooze button and get up 30 minutes later? Or to get up when your alarm actually goes off? Dr. Oz says to lose the snooze. He says that the deeper sleep is when you have REM sleep (when you have dreams) and restorative sleep, but this can’t happen when your alarm is going off and you are hitting the snooze button. So the extra 30 minutes of sleep you get after the snooze button does not actually help your fatigue.)

2. Get a Lemon Lift (lemon keeps you awake and alert. So if you are feeling tired or sluggish, try putting some Lemon Oil on the inside of your wrists for an instant lemon lift)

3. Get Multi-Vitamines (counteract a big heavy lunch - take Multi-vitamins after or before big meals to dilate your arteries back to being bigger)

4. D-Ribose ( Put this sugar-like power into juice especially less sweet juice like orange juice or grapefruit juice).

http://www.drozfans.com

Wednesday, March 24, 2010

facial

Yogurt Facial
Make a mixture of natural yogurt, sunflower oil, and lemon juice – blend it well – apply it to your face -wash off gently and pat dry… you will have a beautiful complexion! Yogurt has lactic acid for exfoliating, sunflower oil seals in moisture and lemon juice is a natural whitener that prevents age spots.

Banana facial
1. Smash the banana with a fork.
2. Incorporate the honey into the banana.
3. Add several drops of juice from a lemon or an orange.
4. Spread evenly on your face.
5. Relax for 15 minutes and rinse the mask off.

Acne dermabrasion
1. Crack open an egg and remove the egg white and yolk.
2. Carefully peel back the inner shell's "skin"
3. Put the skin right over the pimple.
4. Continue removing the shell's "skin" and placing on your face until all of your acne is covered.
5. Let the egg's "skin" work on your skin for 15 minutes.
6. Peel the egg's "skin" off of your face and see the impurities go with it!
7. Make sure to moisturize well after this (since it is a dermabrasion treatment).

Blotchiness Tx - Mask
1. Beat the egg white until frothy.
2. Beat in the juice from half a lemon.
3. Cover your face with the mask.
4. Leave it on for 15-30 minutes.
5. Rinse off your face with warm water.

Blackheads Tx
blackheads are caused by hair follicles that are trapped beneath your skin's surface. If you pop you pimples or blackheads, you can cause damage to your skin, and even worse, you can potentially poison yourself because the puss can get into your bloodstream and go straight to your brain.

1. Mix together the epsom salt and water.
2. Wash the area with blackheads or pimples with the solution.
Pantry Spa Tip: You can also make a scrub by taking epsom salt and adding a few drops of water and a little honey... this scrub works well to kill and clear up your blackheads and pimples!

Tuesday, March 23, 2010

ကနေဒီယန်ဘဲ

ဘလောဂ်နားတယ်ဆိုပြီး... သူခိုးက ကားကိုခိုးတာ ကလေးပါ ပါသွားတဲ့ပိုစ်အောက်မှာ ကိုဖြိုးရေးသွားတဲ့ ကော့မန့်ကိုဖတ်မိပြီး ခရီးတစ်ခုမှာ ဖြစ်တာလေး သတိရသွားမိလို့ပါ။
မလေးတို့ Calgary ဘက်ကို ခရီးထွက်တုန်းကပါ။ ဗင်ကူးဗားကနေ ကယ်လ်ဂါရီကို ကိုယ်မောင်းတဲ့အပေါ်မူတည်ပြီး ၁၂နာရီကနေ ၁၄နာရီခရီး။
ကနေဒီယန်ရော့ကီးတောင်တန်းကြီးတွေကြားက ဟိုင်းဝေးကြီးဘေးမှာဆို နံနက်ခင်းစောစောတွေဆိုရင် ယုန်ပေါက်လေးတွေ၊ သမင်၊ ဒရယ်၊ ၀က်ဝံ၊ တောင်ဆိတ် စသည်တို့ ကားလမ်းမအစပ်နားမှာ တော်တော်များများ တွေ့ရတတ်တယ်။ နေ့လည်ခင်းတွေ၊ ညနေစောင်းတွေမှာလည်း ရှိတတ်တယ်။ တစ်ခါတစ်ခါကားလမ်းပေါ်မှာ သူတို့ဖြတ်နေရင် ကားရပ်ပေးရတယ်။ နည်းနည်းတော့ အန္တာရယ်ရှိတာပေါ့နော်။

နေ့လည်ခင်းနေကတက်လာရင်… နံနက်စောစောလည်းအိပ်ရာထလာရတော့ လူတွေက ငိုက်လာကြတယ်။ အဲဒီချိန်တုန်းက သူက မောင်းအလှည့်ဆိုတော့ မလေးလည်း ကားဟိုးနောက်ဆုံးအတန်းမှာ စောင်ပါးလေးတစ်ထည်နဲ့ မှေးနေတာပေါ့။ ကားထဲမှာ ကျန်သူတွေလည်း အကုန်အိပ်နေကြတယ်။ အဒေါ်တစ်ယောက်ဆို ဟောက်တောင်နေလိုက်သေးတယ်။ အကုန်လုံး ငိုက်နေကြချိန်မှာ ကားက သိသိသာသာနှေးသွားတယ်။ အကောင်တစ်ကောင်ကောင်ဖြတ်နေလို့ သူအရှိန်လျော့ပေးတာဖြစ်မယ်လို့ မလေးတောင်တွေးလိုက်တယ်။ အဲဒီချိန်မှာသူက…
"ဘဲတစ်ကောင်ဖြတ်နေတယ်.. ထကြည့်ကြ" လို့ပြောတယ်။
"အွမ်.. ဘဲတစ်ကောင်ဖြတ်တာများ" ဆိုပြီး စိတ်ထဲကပြောပြီး စောင်ကိုပခုံးထိခြုံလိုက်ပြီး မလေးလည်း ဆက်မှေးနေတယ်။

Wednesday, March 17, 2010

ရတနာပုံဒေါ့နက်


မြန်မာတို့အချင်းချင်း မြန်မာလိုလွယ်လွယ်ကူကူ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ခင်မင်ရင်းနှီး၊ ဆွေးနွေး နှီးနှောဖလှယ်နိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများ ဘယ်နေရာရောက်နေ ရောက်နေ မိမိ အသိုင်းအ၀န်း သူငယ်ချင်းအပေါင်းအသင်းများနဲ့ လွတ်လပ် ပျော်ရွှင်စွာ ဆွေးနွေး နှီးနှောဖလှယ်နိုင်ကြတဲ့ နေရာလေးတစ်ခုပါ။ ဒီကွန်ရက်ဟာ Face Book နဲ့ အနည်းငယ်ဆင်တယ်လို့လည်း ကျမထင်မိပါတယ်။ စိတ်ဝင်စားကြတယ်ဆိုရင်...

မြန်မာ့လူမှုဆက်ဆံရေး ကွန်ရက်

သို့မဟုတ်

www.yadanarbon.net
ဖြစ်ပါတယ်...လို့

Sunday, March 14, 2010

ငြိမ်နေရခြင်းအကြောင်း

စာက ရေးလက်စ မရှိတော့ရင် တစ်ကယ်ဘယ်က စရမှန်း မသိတော့လောက်အောင်ဖြစ်ရပါတယ်။ အခုလည်း "ငြိမ်နေရခြင်းအကြောင်း" လို့ ခေါင်းစဉ်တပ်ပြီး ထိုင်နေတာ ၁၀မိနစ်ခန့်ရှိသွားပါပြီ။ "လာလည်ကြတဲ့လူတွေ အားနာဖို့ကောင်းတယ်၊ နားတယ်ဆိုလည်း နားတယ်ပြောလေ" လို့ ဘလောဂါသူငယ်ချင်းတစ်ယောက်ယောက်ကပြောတာနဲ့ "ဘလောဂ်နားခြင်း" ဆိုပြီး ရေးမယ် စိတ်ကူးသော်လည်း အဲသလို ဘလောဂ်နားဦးမယ်ဆိုပြီး ရေးလိုက်ပြီးကာမှ ပိုစ်တွေက တံစက်မြိတ်ကမိုးသွန်ချသလို ထွက်လာချင်တာက ပိုခက်လို့ ဘာမှကို မရေးဘဲ ဒီအတိုင်းငြိမ်နေတာပါ။

လာလည်သူများကိုတော့ အားနာပါတယ်။ မလေးတော့ အလုပ်တွေအရမ်းများပြီး အချို့ရက်တွေ ကွန်ပြူတာတောင်မဖွင့်နိုင်ပါလို့...။ အချို့ဘလောဂ်များကိုတော့ အလျှင်းသင့်သလို ဖတ်ပါတယ်လို့။

အခုလည်း သုံးလေးငါးလ စာရေးခြင်းကို ရပ်ပါမယ်လို့ ပြောချင်သော်လည်း မပြောပါဘူး။ အဲသလိုပြောပြီးတာနဲ့ စာတွေကထွက်ထွက်လာတတ်လွန်းလို့ပါ။ ဒီကြားထဲမှာ ကိုယ့်ဟာကိုယ်တင်ထားတဲ့ အိုလံပစ်မီးတိုင်ကြီးကို ကြည့်ကြည့်ပြီးလည်း စိတ်က မချမ်းသာလှပါဘူး။

အခုလောလောဆယ်တော့ ဘာမှ ပြောစရာမရှိပါဘူး။
ပြောစရာ မရှိပါဘူးဆိုမှ ပြောစရာတစ်ခုက ထွက်လာပြန်ပါပြီ။
ကလေး မိဘတွေအတွက်ပါ။
ဒီမြို့မှာ ဟိုတလောက၊ ကလေးလေး ရက်သားလေး၊ နေ့လည်ခင်းတစ်ခုမှာ ကားထဲမှာ အိပ်မောကျနေတာကို မိဘတွေက မနှိုးရက်လို့ ဒီအတိုင်း ကားစက်ကိုနှိုးထားပြီး drive way မှာ ထားထားတယ်။ စက်နှိုးထားတာ ကလေးချမ်းမှာစိုးလို့ ကားကိုအပူပေးထားတာပါ။ အဲဒါ ကားသူခိုးအတွက် အတော်ဖြစ်သွားပါတယ်။ ကားကလည်း သော့တန်းလန်း စက်ကလည်း အဆင်သင့်နှိုးထားပြီးသားမို့ ကားကို ခိုးသွားပါတယ်။ သူခိုးက တော်တော်လေး မောင်းပြီးမှ ကားနောက်ခန်းမှာ ၆ပတ်သားလေး ပါလာတာ သတိထားမိပြီး ကားကိုရပ်ပြီး ထွက်ပြေးသွားတယ်။ ကားကိုတော့ လူမြင်ကွင်းမှာ ထားထားပေးခဲ့တယ်။ သူခိုးက စိတ်ကောင်းရှိတဲ့ သူခိုးမို့ တော်ပါတော့တယ်။ ရဲတွေရှာတွေ့နိုင်မည့် လူတွေမြင်နိုင်မယ့် နေရာမှာ ထားပေးခဲ့လို့။ ကလေးမိဘတွေလည်း တငိုငို တရယ်ရယ်နဲ့ ကလေးကော ကားကောပြန်ရလို့ အဆင်ပြေသွားပါတယ်။

အဲဒီတော့ ကလေး မိဘများ သတိထားကြပါ။ ကလေးအိပ်နေလည်း နှိုးပြီးသာ ခေါ်သွားပါ၊ မဟုတ်ရင်လည်း ကိုယ်ပါ ကားထဲမှာ ကလေးနှင့်အတူအိပ်ပါ။ သူခိုးက ကိုယ့်ကို မမြင်ဘဲ ကားကို "မ" သွားလည်း အနည်းဆုံး ကိုယ်က ကလေးနှင့် အတူရှိနေနိုင်တယ်။ အဲဒါလေး သတိပေးချင်တာပါပဲ။

အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။

LinkWithin

Related Posts Plugin for WordPress, Blogger...