မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, December 13, 2010

ညလေးတစ်ည၀ယ်..

ထုံးစံအတိုင်းပေါ့...
ဒီလိုပွဲမျိုးကို ငယ်ငယ်ကလေးထဲက သိပ်ပြီးရင်မခုန်တတ်ခဲ့...
ကိုယ့်ကိုကိုယ်လည်း မေးမိပါတယ်...
မင်းဟာ အန်တီဆိုရှယ် လား........လို့
(အင်္ဂလိပ်လို မရေးရဲတာ ကာယကံရှင် မမတွေ လာဖတ်မယ် ဆိုလို့ပါ...)
မင်းတို့ နားမလည်တဲ့ မြန်မာစာနဲ့ ရေးမှာလို့ ဆိုတော့လည်း
ဘယ်လိုရေးရေး လာဖတ်မယ်ဆိုလို့…။


ကုမဏီကလည်း ဒီပွဲကို နှစ်စဉ်ကျင်းပတယ်..။ ကိုယ်….နှစ်စဉ်တော့ မရောက်ပေမယ့် အဲဒီနေ့ကတော့ သွားဖို့ဆုံးဖြတ်လိုက်တယ်။ ပွဲမစခင် သုံးပတ်လောက်ကတည်းက... မမတွေက အခန်းဝမှာ ပြူတစ်ပြူတစ်..

"အဲ့ဒီည ဘာဝတ်မှာလည်း"
"လက်သည်းအလှက မြို့ထဲက ဟိုဆိုင်မှာ ၁၅၀ကနေ ၈၀ဒေါ်လာကို ဈေးချထားတယ်တဲ့၊ တူတူသွားမလား"
"ဆံပင်ပြင်တာလိုက်ဦးမလား"
"လီမိုဇင်းဌားပြီး တူတူသွားကြမလား"
"ဘယ်အိမ်မှာ စုမှာလည်း"

အဲလိုမေးခွန်းတွေကို ………..
"မသိပါဘူးကွယ်.."
"မလိုက်တော့ပါဘူးကွယ်.."
"ကိုယ့်ဟာကိုယ်ပဲ မောင်းသွားပါ့မယ်ကွယ်.. ကြာကြာမနေဘူး"
"နေပါစေတော့..."

အဲသလိုလေးတွေ ပြုံးပြုံးကလေးဖြေတယ်။

အဲဒီနေ့မနက်မှာလည်း အိမ်ရှေ့မှာ ရောက်လာကြတယ်။ သူတို့ရဲ့ လှပတဲ့ ဂါဝန်လေးတွေ ယူလာပေးတယ်..။
“ကြိုက်ရင်ဝတ်နော်..”.တဲ့

သူတို့ရဲ့ အကျီင်္တွေနဲ့က ဘယ်လိုမှ မတန်ဘူးလေ... သူတို့က ဖွံ့ဖြိုးတယ်။
ဒါပေမယ့် အိမ်တိုင်ရာရောက် လာပို့ပေးတာကို ကျေးဇူးတင်တဲ့ အနေနဲ့ ကော်ဖီကို သေသေချာချာ ဘရူးလုပ်ပြီး သောက်ကြ.. လို့။

အဲ့ချိန်မှာကတည်းက သူတို့က ဆံပင်တွေပြင်ပြီးနေပြီ.. လက်သည်း.. ခြေသည်းလေးတွေကလည်း လှလို့...
ကိုယ်ကတော့ ဆံထုံးနဲ့ ငုတ်တုပ်ထိုင်တုန်း...

ညနေစောင်းတော့ ရေမိုးချိုး အကျီင်္ပန်းနုရောင်တစ်ပတ်နွမ်းကလေး ကောက်ဝတ်ပြီး အပေါ်က ပန်းနုရောင်ပုဝါခြုံလို့ ထွက်လာခဲ့တယ်။
ဝန်ခံရရင်တော့ လက်သည်းလေးတွေကိုတော့ အလှပြင်သွားလိုက်တယ်..
လက်သည်းကို အလှလုပ်ထားတော့ ဘာမှအခြားဟာ လုပ်မရဘူး။ လက်သည်းပျက်မှာစိုးနေတာနဲ့ ဘာမှကို လုပ်မရ၊ တံခါးဖွင့်မရ၊ ပုဝါဆွဲချ မရနဲ့။ အဲ့ဒီမှာ စိတ်က စရှုပ်လာပါပြီ။

ဟိုတယ်ကိုရောက်တော့ ကြိုဆိုရေးမိန်းကလေးတွေက အရမ်းကို လှနေတာ.. မှတ်တောင် မမှတ်မိဘူး။ နေ့စဉ်မြင်နေကျတွေကို မမှတ်မိလောက်အောင်ကို လှနေကြတာပေါ့....

အဲဒီချိန်ီမှာ မမတွေက အနားကပ်လာပြီး... ထုံးစံအတိုင်း

“အိုး........ လှလိုက်တာ..”

“အပေါ်က ပုဝါကို ဖယ်လိုက်လေ”

“ဟင့်အင်း”

“ဖယ်လိုက်ပါ”

“မဖယ်ချင်ပါဘူး”

“ဘာလို့လည်း”

“ကျောကုန်းကြီးဟိုက်နေတယ်”



“မင်း...သိပ်ဟော့နေတယ် .. ဖယ်လိုက်ပါဆို”

“အို.. မဖယ်ချင်ပါဘူးဆိုနေ.. ပုဝါမပါရင် ငါမနေတတ်ဘူး၊ ဖြစ်နိုင်ရင် စောင်ခြုံလာချင်တာ”

“ဟင်.. ဘာလို့လည်း”

“ဘာမှ မဟုတ်ပါဘူး.. မဖယ်ချင်ဘူး ပုဝါတော့”

“ပြစမ်း.. ကျောကုန်းဘယ်လောက်ဟိုက်လည်း ကြည့်မယ်”

“အင်း...ကြည့်..ရော့”

“မဟိုက်ပါဘူး.. အစ်တ်အစ်စ်နတ်သင်း... တိတ်ကစ်အောဖ့်..”

“နိုး.. အိုင်ဒုန့်ဝန့်တူ၊ ဒုန့်ပွရှ်မီ... ဂျပ်စ်လက်တ်အစ်တ်အလုံး… ဂိုင်းစ်”

“အေးလေ..နင်ကလည်း ဘာလို့ သူ့ကို သွားပြီး တွန်းနေလည်း နေပါစေ.”.

“အင်းအင်း”

အဲသလို တစ်ယောက်တစ်ပေါက်တွေဖြစ်နေပြီး ခမ်းမကြီးထဲကို ၀င်သွားပါလေရော..
မ၀င်ခင် ထိပ်ဝမှာ... အိမ့်ချမ်းမြေ့ကလွဲလို့… အရက်တွေဝယ်ကျသေးတယ်.. ၀ိုင်နီနီလေးတွေ.. ဗော့ဒဂါကို လိမ္မော်ရည်ရောတာတွေ.. စသဖြင့် ကိုယ်စီကိုယ်စီ..။

သူတို့အရက်ဝယ်တဲ့ လူတန်းက ရှည်လွန်းလို့ အနားက အ၀င်ဝက ကတ္တီပါခုံကြီးတစ်ခုံမှာ အငြိမ့်သားထိုင်ရင်း လူတွေကို ငေးနေလိုက်တယ်.. အမှန်က လေ့လာနေတာပေါ့.. စာတွေဘာတွေထဲ ဘယ်လိုထည့်ရေးရမလည်းလို့...။ မှန်တာပြောရရင်… ကုန်ကြမ်းရှာ မျက်လုံးကြီးတွေနဲ့ပေါ့.. ဟိုကြည့်သည်ကြည့် လုပ်နေတာလေ…။

လူတွေကလည်း ၇၀၀ နီးပါး.. တစ်ခါမှ မမြင်ဖူးတဲ့ အခြား ရီဂျင်(နယ်မြေတွေ)က လူတွေ... ဗင်ကူးဗားကျွန်းဌာနခွဲကလူတွေ…. ။ တိုရန်တိုအွန်တေရီယိုဌာနချုပ်က လူတွေပါ ပါတယ်။ ထိုင်နေတုန်း အသိတွေက လာနှုတ်ဆက်တော့ ထိုင်လိုက်ထလိုက်တော့ လုပ်ရတယ်.. ။ ကိုယ်က စ နှုတ်ဆက်သင့်သူတွေကိုလည်း သွားနှုတ်ဆက်ပါတယ်..။ ရင်ထဲမှာတော့ အရမ်းကြောင်နေတယ်. အမြဲတွေ့နေကျလူတွေကိုလေ..။

လူကကြည့်တော့သာ ငေးငေးလေး မျက်လုံးသိပ်စူးရှတာ လူတွေကတော့ သိမယ်မထင်ဘူး။ အဲ့ဒီမှာ ဟိုဘက်ဒီဘက် ခမ်းမကြီးကလူတွေကို ခုန်ပျံကျော်လွှားပြီး အချစ်မျက်လုံးတွေနဲ့ ကြာပစ်နေကြတာတွေကိုလည်း မြင်ဖြစ်အောင် မြင်နေသေးတော့ ကိုယ့်ဟာကိုယ်ပဲ သက်ပြင်းချမိပါတယ်။ ဒီလိုသာ မထိန်းသိမ်းကြရင်တော့ မကြာခင်တော့ အလုပ်တွေ ပြုတ်ကျဦးမယ်လို့...တွေးမိနေသေးတယ်..။

သူတို့ အရက်ခွက်လေးတွေ (အရက်လို့ သုံးရတာတော့ နည်းနည်းကြမ်းတယ်ထင်တယ်နော်.. လစ်ကာပေါ့) ကိုယ်စီနဲ့လာတော့ ခမ်းမကြီးထဲ ဟန်ပါပါဝင်လာကြပြီး… နေရာချပြီးသား ခုံတွေမှာ ၀င်ထိုင်လိုက်တယ်..။
ခမ်းမကြီးထဲကို လူတွေတဖွဲဖွဲ ၀င်လာနေကြတယ်…။ အဲဒီမှာ လူ့သဘော လူ့သဘာဝတွေကို အစုလိုက် အပြုံလိုက်တွေ့ရတော့တာပါပဲ…။
အချို့တွေကလည်း လိပ်ပြာလေးတွေလို ဟိုစားပွဲကနေ.. သည်စားပွဲ.. သည်စားပွဲကနေ ဟိုစားပွဲ လူးလာလှုပ်ရှားလို့…၊ အချို့ကျတော့လည်း ကင်မရာတဖျတ်ဖျတ် ရိုက်လို့။ အချို့ကျတော့လည်း နားနေခန်းနဲ့ စားပွဲကို အခါခါ ကူးလူးပြီး အလှပျက်ပြီလား သွားသွားကြည့်ရတာနဲ့။ အချို့ကျတော့လည်း.. နေ့စဉ်ရုံးမှာ တွေ့နေကျ.. အတူတူလုပ်နေကျတွေကို သွားပြီးနှုတ်ဆက် စကားပြော…။ အချို့ကျတော့လည်း ခုံနဲ့ကပ်နေသလို ဘယ်မှ မသွားဘဲ ရှေ့က ရေခွက်ထဲကရေကို အလကားရသလား သောက်နေသူတွေလည်း ရှိသေးရဲ့။ :P

အဲ့ဒီမှာ မိန်းမတွေဟာ မိန်းမတွေ အတွက်ပဲ အလှပြင်တယ်ဆိုတာကို ထပ်ပြီး မြင်တွေ့ရတယ်…
မိန်းမတွေဟာ သူတို့အချင်းချင်း..
ဆံပင်လေးတွေကို..
နှုတ်ခမ်းနီအရောင်ကို…
ဂါဝန်ကလေးတွေကို..
အရောင်လက်နေတဲ့ လက်ဝတ်ရတနာလေးတွေကို..
ဖိနပ်လေးတွေကို..
ပိုက်ဆံအိတ်လေးတွေကို…
လက်သည်းကလေးတွေကို…
မသိမသာဖြစ်ဖြစ်.. သိသိသာသာပဲဖြစ်ဖြစ်.. ချီးကျူးပြောဆိုလို့….။
သူတို့ တွေ.. ဒီလိုပွဲမျိုးကို အကုန်ကျခံ အလှပြင်တဲ့ ငွေတွေကို.... ဟိုမှာသာ ပြန်လှူလိုက်ရရင်... ဆိုတဲ့ အတွေးကလည်း ၀င်လာလိုက်သေးတယ်။

အဲသလို… အဲသလိုတွေ ပျားပန်းခတ်နေတဲ့ အချိန်တွေ.. မကြာခင်မှာပဲ….
စီအီးအိုတွေ.. စီအိုအိုတွေ တက်စကားပြောကြတယ်..။ တစ်ယောက်ကတော့ အသက် ၄၅ခန့်ပဲရှိသေးတဲ့ အမျိုးသမီး မြောက်ဘက်ရီဂျင်နယ်စီအီးအို..။ ကလေးက ရှစ်နှစ်နဲ့ခြောက်နှစ်။ ကလေး၂ယောက်မိခင်... စီအီးအိုမိန်းမတစ်ယောက်အနေနဲ့ ငယ်သေးတယ်လို့ ဆိုရမယ်။ အလုပ်လည်းတော်လိမ့်မယ်... သို့ပေမယ်.. စပိတ်ခ်ျက သိပ်မတော်ဘူးလို့ ပြောရမယ်..။ ဟန်မဆောင်နိုင်တဲ့ သူတွေကတော့ သူမိန့်ခွန်းပြောပြီး ရှစ်မိနစ်လောက်မှာပဲ စကားတွေ ကြိတ်ပြောတာ.. ခမ်းမတစ်ခုလုံး ခပ်တိုးတိုးကြွက်စီ...ထ...လို့။

ပြီးတော့... သူ မိန့်ခွန်း ပြောအပြီးမှာ လက်ခုပ်တွေ ၀ိုင်းတီးကြတယ်လေ.. နားဖြင့် မထောင်ကြဘဲနဲ့... ပြီးမှာ လက်ခုပ်တွေ ၀ိုင်းတီးလို့ပေါ့...။

နောက်တော့... စားပွဲသောက်ပွဲ....။

နောက်တော့ ဆုမဲတွေဖောက်ကြ...။
ဆုမဲတွေ ဖောက်တဲ့ အထိ မနေပါဘူး...။ စောစောစီးစီးပဲ ပြန်ခဲ့တယ်... ။ ဒါတောင် ညနက်မှာ အိမ်ပြန်ရောက်ပါတယ်...။

ထုံးစံအတိုင်းပေါ့...
ဒီလိုပွဲမျိုးကို ငယ်ငယ်ကလေးထဲက သိပ်ပြီးရင်မခုန်တတ်ခဲ့...
ဒါပေမယ့်...
လူ....ဆိုတော့....
လိုက်လျောညီထွေခြင်းတွေအောက်မှာ.. ပုံသေကျအောင်.. နေတတ်ရမည် မဟုတ်ပါလားရှင်…။


မမတွေက သူတို့ ပုံတွေနဲ့ အသက်တွေကို တင်ခွင့်ပေးပါတယ်….တဲ့။ သူတို့ကိုလည်း ဘယ်မြန်မာကမှ သိလိမ့်မယ် မထင်ဘူးလို့ မျှော်လင့်ပါတယ်... တဲ့။ ဒီပုံတွေကို တော်တော်များများက တင်ခွင့်ပေးပေမယ့် အပေါ်ဆုံးညာဘက်က ရွှေရောင်ဆံပင် သူငယ်ချင်းမမကတော့ ရစ်နေပြီး... စကားပြောနေရတာ.. စာအုပ်ထုတ်တဲ့ ကိစ္စကအစ.. မြန်မာဘလောဂါများအလယ်... မြန်မာပြည် နိုင်ငံရေး အဆုံးအထိကို ရောက်သွားပြီးမှ...

သဘောတူ လက်ခံပါတော့တယ်ရှင့်။



အပေါ်က ၂ယောက်ကတော့ ၅၃နှစ်တွေပါ...


၂၃နှစ်၊ ၃၄နှစ်နဲ့ ၅၃နှစ်


အပေါ်က ၂ယောက်ကတော့ ၃၄နဲ့၂၈နှစ်..
ဒီနှစ်ယောက်ကတော့ အသက် ၂၃နှစ်စီပဲ ရှိကြပါသေးတယ်..

13 comments:

မောင်မျိုး said...

ကျနော်လည်း အစ်မနဲ့ နည်းနည်းတူတယ်း) သူငယ်ချင်းတွေနဲ့ လိုက်သွားပြီးရင် ခွက်ချင်းတိုက်လို့ ခွက်ကုန်ဆိုပြီး မော့ကြတိုင်း ကျနော်ကတော့ အသာလေး ရေတွေကြီး မော့မော့နေရတာ ဗိုက်တွေတောင်တင်းတယ် ။ သူများကလို့ လိုက်ကလို့ကလည်းမဖြစ် ကိုယ့်မှာ ဟိုယိမ်းဒီယိမ်းနဲ့ ဘေးနားက ငါးရှဥ့်ကိုယ်လုံးနဲ့ကောင်မလေးတွေကို ငေးငေးနေလိုက်တာပဲ ကောင်းတော့တယ် ။

အစ်မ အဖြူစင်းပ၀ါလေးခြုံပီး ငွေရောင်နားကပ်အကြီးကြီး တပ်ထားတဲ့ အန်တီကြီးကို ကျနော့်က လှကြောင်းပြောတယ်လို့ သတင်းပေးလိုက်အုံးနော့် .။

အိမ့်ချမ်းမြေ့ said...

သူ.. အသက် ၅၀ကျော်ပြီ...
ဒါတောင် ချောတုန်းနော်...

Anonymous said...

I dare to ask to see Ms.Pink...Dare to show???
WC22

sonata-cantata said...

လှကြပါတယ်... လှအောင်လည်း လုပ်ထားကြတာကိုး
အပေါ်ယံတွေ ဆိုပေမဲ့ သူ့နေရာနဲ့ သူပေါ့လေ
လိုအပ်ပါတယ်။
ကိုယ့်နဲ့ ဓာတ်ခံချင်းမတူသူတွေကြား အလိုက်အထိုက် ပေါ့ပေါ့ပါးပါး နေနိုင်ပါစေလို့ မလေးအတွက် ဆုတောင်းပေးလိုက်ပါတယ်။
မသီတာကတော့ လူတော တိုးဖို့ကို လက်လျှော့ခဲ့တာ ကြာပါပြီ

အိမ့်ချမ်းမြေ့ said...

အမှန်က အသည်းကွဲရောင်...း))

သို့ပေမယ့်...

သူ့ပုံမရှိ :P

အိမ့်ချမ်းမြေ့ said...

ဟုတ်တယ်..မ..
သူ့နေရာနဲ့ သူပါပဲ.. မရယ်..

မေပယ်လ် said...

ဟိုလေ..ဂျနီဖာ အန်န်စတန်နဲ့ တူတဲ့ မမကြီး
ချောတယ်လို့ ပြောပေးနော်..
ပြီးတော့ မကြီးအိမ့်ပုံလဲ ပါဝူး ညစ်ပတ်တယ်..။

မောင်မောင် said...

မလေး စာလာဖတ်သွားတယ်။
မမလှလှ၀၀ တွေလဲကြည့်သွားတယ်။
အလှကိုယ်စီ နဲ့  သူ့ အလှ နဲ့ သူ လှကြပါတယ် နော်။
အဲဒီ အထဲမှာတော့ မလေး က အလှဆုံး ဖြစ်မယ်ထင်ပါရဲ့ ။

ခင်မင်ရပါသော

Anonymous said...

I got her resemblance news star name; Meredith Vieira. Whatever the dress color is all i dare to ask is showing Ur picture.
:D
WC22

~ဏီလင်းညို~ said...

အင်းးးးးးးးလှလို့....၀လို့ဆိုတာ..........ဒီ၂၃နှစ်ကလေးတွေအတွက် စကားပဲဖြစ်ရမည်.......း)


ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

အိမ့်ချမ်းမြေ့ said...

မေပယ်လ်... မလေးက ဓာတ်ပုံရိုက်သူမို့လို့ပါကွယ်.. :P

ကိုမောင်မောင်... မလေးက ရွက်ချိုရေကြမ်းပါ အကိုရေ့

ဒဗလျူစီ၂၂ရေ... ရှိဘူး၊ ပြဘူး။ :D

ကိုဏီ... သူတို့က အပြင်မှာ မျက်နှာလေးတွေ ဒီထက်လှသေးတယ်.. အရမ်းတွေစားလွန်းလို့ ပြောလို့လည်းမရ.. စားပွဲပေါ်က ချော့ကလက်ဗုံးနားမှာရပ်ပြီး These things are killing us ဆိုပြီး ခွာကြဘူးလေ.. ဟိ

ဇွန်မိုးစက် said...

မလေးက သွယ်သွယ်လျလျနဲ့ အလှဆုံးဖြစ်နေမယ်ဆိုတာ သေချာပါတယ်ကွယ်။း)

အိမ့်ချမ်းမြေ့ said...

ဟိဟိ... ဟုတ်ဖူးဇွန်

LinkWithin

Related Posts Plugin for WordPress, Blogger...