မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, October 27, 2010

မချစ်ဘဲ မနေနိုင်လို့ပါ

သီချင်းခေါင်းစဉ်ပါ..
စိတ်တွေမွှန်းကြပ်လို့ နားထောင်နေမိတာလေးတွေပါ..
ဘေးက သီချင်းက အော်တိုပလေး မလုပ်တတ်လို့ နားငြီးခဲ့မယ်ဆိုရင် ပိတ်လိုက်ကြပါလို့...





ဒီဗီဒီယိုထဲက အဆိုရှင်ဟာ ရုပ်ဆိုးတဲ့အထဲမှာ ပါပါတယ်။ အကျီင်္ကလည်းဖြစ်သလို၊ ဆံပင်ကလည်း ကတုံးဆံပင်ပေါက်၊ ပါးစပ်ကပြဲ၊ အသက်ကကြီးဘိုးကြီး၊ လှုပ်နေတဲ့ ပုံကလည်း ကြည့်ဦး၊ သူငယ်တန်းတုန်းက အတန်းထဲက ကောင်လေးတွေကို ဆရာမက စာရွတ်ခိုင်းရင် လှုပ်တတ်ကြတဲ့ ပုံအတိုင်း။ ဘယ်လိုမှန်းမသိ။ ဒါပေမယ့်ကြည့်ရင်းကြည့်ရင်း အရမ်းဟော့ လာနေတယ်။ သူ့ကြည့်ရတာ အရမ်းပေါ့ပါးလွတ်လပ်ပြီး ပျော်နေလိုက်တာ.....

2 comments:

~ဏီလင်းညို~ said...

အပေါ်က သီချင်းကို ပလက်စလေလားမသိဘူး....ဆိုထားတာ ပိုကြိုက်ပါသည်....။ အခု အင်းဂလိပ်အစ်မကြီးဆိုထားတာ အိပ်ချင်လှ၏.....ဟိဟိ။
အောက်က သီချင်းကို အလုပ်ထဲမှာ စိတ်တိုရင် နားကျပ်နဲ့ နားထောင်ပြီး အလုပ်လုပ်လေ့ရှိပါသည်........း)))
(သူငယ်ငယ်က ချောပါတယ် မလေးရဲ့...။ ပြီးတော့ အနော်ဖုန်းထဲကသီချင်းက အခုသီချင်းမှာလို လျှက်ဆားလိုက်ရောင်းတဲ့ ကုလားအစ်ကိုကြီးဆိုထားတာ မပါဘူး......။ နောက်ပြီး အဲ့ဒီယူဘီဖိုးတိ ရဲ့ ဒီသီချင်းလေးရောပဲ စိတ်ပျော်အောင်နားထောင်ပါသည်.....။ အိုင် ဂေါ့ ယူ ဘေဘီတဲ့....။ ဒီလင့်ခ်မှာ.......
http://www.youtube.com/watch?v=2aP4GaAruws&ob=av2e)
စိတ်ပျော်ပါစေမလေး.......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

အိမ့်ချမ်းမြေ့ said...

မလေးက အဲဒီမချစ်ဘဲမနေနိုင်တာ ကို.. ယူဘီ၄၀ ဆိုတာ ပိုကြိုက်တာ.. မိန်းကလေးဆိုတာရှာတာ စလင်းဒီယွန်းကလွဲပြီး ဒီယင်းဂလိပ်မကြီးဆိုတာပဲတွေ့လို့။ စလင်းဒီယွန်းအသံကို မခံနိုင်ဘူး။ အတွန့်တက်လွန်း..မြင့်လွန်း အော်လွန်းလို့.. တကမ္ဘာလုံးကကြိုက်ပြီး ကိုယ်မကြိုက်တော့.. ငါမှားနေသလား လို့တောင် တွေးမိသေးတယ်... အခုယူဘီ၄၀ဆိုထားတာလေး ညက ရှာမတွေ့ဘူး။ ခုမှတွေ့တယ်.. http://www.youtube.com/watch?v=Ajp0Uaw4rqo&feature=related



အဲဒီ အိုင်ဂေါ့ယူဘေဘီကိုတော့ သိပ်ကြိုက်ဘူး ..
ကြိုးစားခံစားကြည့်တယ် သံစဉ်ကို မခံစားတတ်တာ..

LinkWithin

Related Posts Plugin for WordPress, Blogger...