မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, October 21, 2010

နိုင်ငံတော်အလံသစ်

ဒါက၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၃ နာရီ အချိန်မှ စတင်ပြောင်းလည်း လိုက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအလံပါ...



ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံ


ဒါကတော့ လူချစ်လူခင်များလှတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ အလံ



ဒီတော့.....

နိုင်ငံတော်အလံသစ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူချစ်လူခင်များတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ အလံနှစ်ခုရဲ့ ဒီဇိုင်းနှစ်ခုကို ရောပြီုး.. ချစ်ကြည်ရေးများ လုပ်ထားသလား မသိတော့ပါဘူး...

ကြိုက်လားမေးရင်..
မကြိုက်ပါဘူး။
(ဘယ်သူကမှလည်း အရေးတယူလုပ်လို့ အိမ့်ချမ်းမြေ့ကို မမေးပါပဲ ကိုယ့်ဟာကိုယ်မေးပြီး ကိုယ့်ဟာကိုယ်ဖြေတာပါ)၁၉၇၄၊ ဇန္န၀ါရီ ၃-ရက် တုန်းက အလံကို ပိုကြိုက်တယ်လို့ပဲ ပြောရပါမယ်... ဒါတောင် ရဲရဲကိုတောက်နေတာပါပဲ။

နိုင်ငံတော်အလံသစ်ကို ဘာလို့ မကြိုက်သလည်းမေးရင်...
တစ်ဘက်စွန်းဝါဒီတွေရဲ့ အလံဒီဇိုင်းနဲ့ တူနေလို့ပါပဲ..
အရောက်တွေကလည်း တောက်ပလွန်းနေတယ်။
ငြိမ်းချမ်းရေးကို ကိုယ်စားပြုတဲ့ အရောင်လေးတွေနဲ့ဆို ပိုလှမလားလို့...။

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်...

အ၀ါရောင်သည် ဘာသာ၊သာသနာနှင့်ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း
အစိမ်းရောင်သည် စပါးဆန်ရေ၊ကျွဲနွား အထွေထွေပေါများခြင်းကို လည်းကောင်း
အနီရောင်သည် မြင်သူအသဲတွင် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီးကိုယ်စားပြုကာ
အလံ၏အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်းရှိသော ပြည်ထောင်သုကြီးကို ကိုယ်စားပြုပါသည်...တဲ့။

သို့ပေမယ့်...
တိုင်းပြည်က ငြိမ်းချမ်းခြင်းမရှိ၊ ပူလောင်ရတဲ့အထဲ.. အလံရဲ့ အရောင်တွေကလည်း တောက်ပလွန်းနေတော့တာပါပဲ...


အနီကိုအခြေခံတဲ့ အပူကိုအခြေခံတဲ့ အရောင်တွေထဲမှာ အနီ၊ လိမ္မော်နဲ့ အ၀ါ ပါတယ်။ အဲ့ဒီ warm colors တွေဟာ လူတွေရဲ့ စိတ်ကို လှုံ့ဆော်တယ်။ ဒေါသနဲ့ ပြင်းထန်တဲ့အကြမ်းဘက်လိုစိတ်တွေကို လှုံဆော်စေတယ်လို့ အရောင်တွေနဲ့ စိတ်ပညာသဘောအရ ဆိုကြပါတယ်။ အပေါ်က အလံတွေ အကုန်လုံးကိုပဲ ကြည့်ကြပါတော့....
ငြိမ်းချမ်းရေးဆိုတာ ကိုယ်တွေရဲ့ လက်ထဲမှာပဲ ရှိတယ် မဟုတ်ဘူးလား။

အင်း.... မဟုတ်ဘူး (ကိုယ့်ဟာကိုယ်ပဲ ပြန်ဖြေပါတော့တယ်)

 ဒီအရောင်တွေကြည့်ပြီး သြော်.. သူများတိုင်းပြည်တွေများ သိပ္ပံအတတ်တွေ၊ ကျန်းမာရေးပညာရပ်တွေ၊ ကွန်ပြူတာ ပညာရပ်တွေ ဘယ်လိုတိုးတက်အောင်.. အသစ်အသစ်တွေ ဘယ်လိုဖန်တီးကြမလည်း တွေးတောလုပ်ဆောင်နေချိန်များမှာ.... ကိုယ့်တိုင်းပြည်မှာကတော့ ... တဖက်နဲ့တဖက် ပိုပြီးဆဲဆိုလို့ကောင်း၊ အပြစ်တွေတင်လို့ ကောင်း၊ သွားပုပ်လေလွင့်ပြောလို့ ကောင်း၊ ရန်ဖြစ်လို့ကောင်းများ ပိုဖြစ်ကြမလားလို့ စိုးရိမ်နေမိတော့တာပါပဲ.... ရှင့်။

ဒီနေ့တော့ တော်တော်လေး စိတ်ညစ်သွားတဲ့နေ့ပါပဲ။

4 comments:

to said...

http://en.wikipedia.org/wiki/Flag_of_Burma

to said...

http://en.wikipedia.org/wiki/Flag_of_Burma

to said...

http://en.wikipedia.org/wiki/Flag_of_Burma

~ဏီလင်းညို~ said...

အလံသစ်လေးကို လာငေးသွားတယ်မလေးရေ့...။
မလေးရေးထားတာလေးကိုဖတ်ရင်း အောက်ဆုံးရောက်တော့ ပြုံးမိသွားတယ်........းD

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

LinkWithin

Related Posts Plugin for WordPress, Blogger...