မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, October 06, 2010

ဖျားနေလို့ပါ..

ခေါင်းတွေမူးတယ်...
ပရုတ်ဆီဗူးလေးတောင် ဘယ်ပျောက်နေသလည်းကွယ်..
စားပွဲပေါ်မှာလည်း မရှိ၊ ကုတင်အောက်မှာလည်း မရှိ။

နှာခေါင်းတွေပိတ်တယ်..
ရှုဆေးဗူးလေး.. ဘယ်ချောင်ရောက်သွားလည်းကွယ်..
မှန်တင်ခုံပေါ်မှာလည်း မရှိ၊ ခေါင်းဦးအောက်မှာလည်း မရှိ..။

စိမ့်စိမ့်ပြီး ချမ်းတက်လာနေတယ်..
ရေနွေးခွက်လေး.. ဘယ်ထားမိသလည်းကွယ်..
ကွန်ပြူတာခုံပေါ်မှာလည်း မရှိ၊ ခေါင်းရင်းစားပွဲ မှာလည်း မရှိ။

တစ်ကိုယ်လုံး ကိုက်ခဲနေတယ်...
အကိုက်ခဲပျောက်ဆေး ဘယ်နားရှာရမလည်းကွယ်..
ပုလင်းထဲမှာလည်း မရှိ၊ ဆေးဗူးပြာထဲလည်း မရှိ။

မောင်ရေ...
ကျမ ဖျားနေတယ်လေ...

"ကလေးလို လုပ် မနေနဲ့လေ..." တဲ့...
ဟုတ်သလား..မောင်..
ဖျားနာမှုတွေထဲက တမ်းတစွာနဲ့ မောင့်အနားမှာနေချင်လို့ပါ...
မောင့် အနားလေးမှာ နေချင်ရုံ သက်သက်ပါကွယ်..


မောင် ..... ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ..
မောင် ....... တွေးတောနေတဲ့ စိတ်ကူးတွေထဲမှာ..
မောင့်ရဲ့...... စိတ်ဝင်စားမှုတွေထဲမှာ..
မောင့်ရဲ့ .... တည်ဆောက်နေတဲ့ အရာတွေထဲမှာ..
မောင့်ရဲ့.........  အောင်မြင်ခြင်းတွေထဲမှာ...
မောင့်ရဲ့ ..... ရပ်တည်မှုတွေထဲမှာ..
မောင့်ရဲ့.... ဖြောင့်မတ်ခြင်းတွေထဲမှာ..
မောင့်ရဲ့ ..... အီးဂိုး တွေ အထဲမှာ.... 


ကျမလည်း မရှိ....
အိမ့်ချမ်းမြေ့လည်း မရှိ။

15 comments:

စန္ဒကူး said...

မမ ဖျားနေလား..
ကူးလဲဖျားနေတယ်..
တစ်ပတ်ရှိပီ...
ရေများများသောက်.. သံပုရာရည်သောက်..
bioflu သောက်.. အသီးများများစားနော်...

မောင်မျိုး said...

မောင် လည်း အလုပ်ရှုပ်နေလို့ဖြစ်မှာပါ အစ်မရား) တစ်ခါတလေ ယောက်ျားတွေလည်း အနုရွလေးတွေကို သာယာ တပ်မက်ကြပေမယ့် တစ်ခါခါတော့လည်း ဒီ့ထက်အရေးကြီးတာတွေ ခေါင်းထဲဝင်တော့လည်း လစ်လျှုရှု့သလိုဖြစ်သွားတတ်တာပေါ့ ။

နေကောင်းပါစေ ပြီးတော့ မောင်က အကြင်နာရင်ခွင်ထဲ ထည့်ပြီး နှစ်သိမ့်ဂရုစိုက်နိုင်ပါစေဗျာ .။

အိမ့်ချမ်းမြေ့ said...

ကူးရေ...

ရေတွေကော အချဉ်ရည်တွေကော အရမ်းတွေသောက်ပြီး.. အင်းး မပြောတော့ပါဘူးကွယ်..

မောင်မျိုး..
အဲ့ဒါ.. မင်းအစ်မ လူဖတ်ကောင်းအောင် ရေးတာလေလလ.. ခက်တော့တာပဲ.. :D

မောင်မျိုး said...

အစ်မကတော့ လုပ်ပြီး ဖတ်တဲ့သူကျေနပ်အောင် အဲ့လို ရီပလိုင်း မပြန်နဲ့ဗျး)

စာဖတ်သူရင်ထဲ ခလု ခလု လေးကျန်ခဲ့တာဟာလည်း အရသာတစ်မျိုးလေး ခုလိုကျတော့ အင့် ခနဲ့ဖြစ်သွားတယ် ဟဟား

ချော(အစိမ်းရောင်လွင်ပြင်) said...

မလေး
အမြန်ဆုံး နေကောင်းကျန်းမာပါစေနော်
ဆုတောင်းပေးသွားတယ်..
မလေးရဲ့ ချစ်သောမောင်လည်း အနားမှာ ရှိပါစေ

အိမ့်ချမ်းမြေ့ said...

ဟုတ်သားပဲ.. နောက်ဆို ဆင်ခြင်ပါ့မယ်ကွယ် ;)

ကိုကိုမောင်(ပန်းရနံ့) said...

ဖျားနေရင် ဒီလိုဘဲ စိတ်ကူးပေါက်ရာ ကြံဖန်လွမ်းတတ်တယ်။ အားငယ်နေတဲ့အချိန်ကိုး။ ဖြစ်တတ်ပါတယ်။ တကယ့်အဖြစ်အပျက်ကိုဘဲရေးရေး လူဖတ်ကောင်းအောင်ဘဲ ရေးရေး လိုရင်းကို ခြုံငုံမိပါတယ်။ ဒါက သဘာဝတရားလေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အိမ့်ချမ်းမြေ့ said...

ချော...
ပေးတဲ့ဆုနှင့် ပြည့်ပါစေ.. မြန်၂နေကောင်းချင်ပြီ။ ပျင်းခြောက်နေပြီး ဘာလုပ်ရမှန်းမသိဘူး။

ကိုကိုမောင်..
ဟုတ်.. :D

Anonymous said...

ဖျားနေတဲ့လူကလည်း စပ်ဖြီးဖြီးနဲ့.. ပြောချင်ဘူးတကယ်


ပုံ/
ဘယ်သူလဲသိလား?

Anonymous said...

အခုမှပုံကြည့်ပြီး...ဆောင်းအိပ်မက်ကိုသတိရသွားပြီ..။ ၀တ္ထုထဲကအတိုင်း လိုက်လုပ်ထားတာမလား..။

ပုံ/
ခုနကဘယ်သူလဲသိလားလို့မေးတဲ့သူ

အိမ့်ချမ်းမြေ့ said...

အနောသုံးမတ်စ်..
အဲလေ.. အနောနမတ်စ်..

၁.ဆောင်းအိပ်မက်တုန်းက အဲသလိုတင်မိရင်ကောင်းသား တွေးမိပုံခြင်းတူတယ်..

၂.ဘယ်သူလည်း မသိသော်ငြားလည်း ဘယ်သူလည်းဆိုတာကို အရမ်းသိချင်ပါတယ်..

၃. ဖျားနေရင် မစပ်ဖြီးရဘူးလားဟင်..

Anonymous said...

Hey buddy,

Wish u feel better...
I'm really sorry .. :(
Have a Nice Weekends.

WC22

Anonymous said...

ဟွန်း..ဆောင်းအိပ်မက်လို့ပြောကတည်းကသိသင့်ပြီ..။

ပုံ/
စီဘုံးမျက်စိနောက်လို့ဖြုတ်လိုက်သူ

အိမ့်ချမ်းမြေ့ said...

WC22...

အခု နလံထခါစ သန်းခေါင်ကြီး ထမင်းတွေ ထ စားနေတယ်

စီဘုံးမျက်စိနောက်လို့ဖြုတ်လိုက်သူ..ရေ..
ရိပ်မိသလိုလိုပဲကွယ်~~~ :D

မောင်မောင် said...

မလေး ကော်မန့် ရေးဖို့ နောက်ကျတယ်လို့  အပြစ်တင်ယင် လဲ ခံရမှာပါ။
နေမကောင်းတဲ့အချိန် စိတ်အားငယ်တဲ့အချိန် မလေး ရဲ့ 
မောင် က အနားမရှိဘူးလားဟင် :)
သူပြန်လာယင် တုတ် နဲ့ ရိုက်နော်။
သူက အဲလိုပဲ ပစ်ထားပြီးသွားနေလားဟင်
အမြန်ဆုံးနေကောင်းကျန်းမာပြီး တော့ ပျော်ရွှင်နိုင်ပါစေ။

LinkWithin

Related Posts Plugin for WordPress, Blogger...