မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, September 17, 2010

မျက်လုံးအလှ

ညက ပင်ပန်းတယ်ဆို.. အိပ်မယ်ဆိုပြီး မအိပ်ဖြစ်ဘဲ နာမယ်ကြီးလှတဲ့ လေဒီဂါဂါကို ဘာလို့ လူတွေဒီလောက်ပြောသလည်း ယူကျူ့မှာ လိုက်ရှာနားထောင်တယ်။
လေဒီဂါဂါကိုကြည့်ရင်း လေဒီဂါဂါနဲ့ ပတ်သက်တဲ့အခြားယူကျူ့တွေလည်း လိုက်ကြည့်မိတယ်။ အဲဒီမှာ လေဒီဂါဂါရဲ့ ဂူးဂူးအိုင်းမျက်လုံးမျိုးရအောင်လုပ်မလည်းးဆိုတာကို ထိုင်ကြည့်လိုက်တာ သန်းခေါင်ထိုးသွားပါတယ်။

တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အထူးသဖြင့် အလှအပ၊ မျက်လုံးမိတ်ကပ်ဝါသနာပါသူ မိန်းကလေးတွေတွက်ပါ...
လေဒီဂါဂါရဲ့ အဲသလိုမျက်လုံးပြူးမျက်ဖြူလန်တဲ့ မျက်လုံးမျိုးရအောင် မျက်တောင်တု ငါးစုံထပ်ပြီးတပ်ထားရတဲ့အပြင်၊ shade ပေါင်း ၂0မျိုးလောက် သုံးရပါတယ်။ အဲဒီဂူးဂူးအိုင်း လင့်ခ်ကပျောက်သွားလို့ ဘယ်နားရှာရမယ် မသိတော့ပါ။

နည်းလမ်းကိုပြတာကတော့ Michelle Phan ဆိုတာ ဗီယက်နမ်မလေးထင်ပါတယ်။ တော်တော်ငယ်သေးတယ်။ အလှအပလည်း ၀ါသနာတော်တော်ပါပြီး၊ ဟိုကလိဒီကလိလည်း ၀ါသနာပါပုံရတယ်။ မိန်းကလေးက မျက်လုံးကလည်း လှတယ်။ မိဘတွေက အလှပြင်ဆိုင်ဖွင့်ထားတယ်ထင်တယ်။ မိတ်ကပ်ပေါင်းမျိုးစုံ ပိုင်ဆိုင်ပြီး၊ ဆေးခြယ်သပုံကလည်း ပန်းချီဆရာတွေတောင် ရှုံးလောက်တယ်။ အနုပညာမျက်စိနဲ့ကြည့်မယ်ဆိုရင်ပေါ့နော်...။

နောက်အခြားစိတ်ဝင်စားစရာကောင်းတဲ့ မျက်လုံးအလှပြင်နည်းမျိုးစုံကိုလည်း တင်ထားပါတယ်။ အရုပ်မျက်လုံး၊ ကဗျာဆန်ဆန်မျက်လုံး၊ smoky eyes၊ အမျိုးစုံလုပ်နည်းတွေ ပြထားပါတယ်။ သူမရဲ့ ဗီဒီယိုတွေက ဟစ်သန်းချီရတယ်။

အချို့ဟာတွေကိုတော့ ငယ်ငယ်က ကလိခဲ့ဖူးပေမယ့် အခု သူ့ကြည့်ပြီး ဒီကလေးမတော့ မျက်စိထိတော့မှာဘဲ ဆိုပြီး အသည်းတယားယားဖြစ်ခဲ့ပါတယ်။ ငယ်ငယ်က မျက်လုံးကို မိတ်ကပ်လိမ်းရင်... မျက်လုံးကန်းသွားချင်သလား ဆိုပြီး ဖေဖေဘာကြောင့် အသံကျယ်ကြီးနဲ့အော်ခဲ့သလည်း ခုတော့ နားလည်ပါပြီ။

တစ်ခါတစ်လေ တစ်နေရာရာသွားရန်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့စုတဲ့ခါဖြစ်ဖြစ် အပျော်လုပ်ရင်တော့ မဆိုးပါဘူး။ အမြဲတမ်းကျတော့ ကယ်မီကယ်ပေါင်းမျိုးစုံကို မျက်နှာနဲ့ မျက်ခွံတွေ၊ မျက်တောင်တွေပေါ်တင်ရင် ကြာရင် အရေပြားကင်ဆာဖြစ်နိုင်မယ်ထင်မိပါတယ်။

လက်လှမ်းမှီရာလေးတွေ တင်ထားပေးပါတယ်။ အပြင်မှာသူ့တိုင်း စိမ်ပြေနပြေဆိုရင်တော့ ကျောင်းတွေ၊ အလုပ်တွေ၊ အစည်းဝေးတွေ အကုန်နောက်ကျမှာပါပဲမို့... သင့်တော်သလို ပြင်ဆင်ကြပါစေလို့...

(မိန်းမများအလှပြင်တာဟာ တစ်ကယ်တော့ မိန်းမအချင်းချင်းတွက်ဖြစ်ပါတယ်၊ ဒါကို မိန်းမတွေပဲ သိပါတယ်။ မြွေမြွေချင်းခြေမြင်တယ်ဆိုသလို... သူဘယ်လိုဝတ်ထားပါလိမ့်၊ ဘယ်နှုတ်ခမ်းနီဆိုးပါလိမ့်၊ ဘယ်လိုဆံပင်ပါလိမ့်ဆိုတာမျိုးလေးတွေ.. အချင်းချင်း admire လုပ်ချင်သောကြောင့် အလှပြင်ခြင်းဖြစ်ကြောင်းးး မိန်းမထုကြီးတစ်ခုလုံးကိုယ်စား အိမ့်ချမ်းမြေ့ ပြောပါ၏ :P)





4 comments:

မောင်မျိုး said...

အနော်တို့နဲ့ မှမဆိုင်တာ ဘီလိုလုပ်မတုန်းဗျး)

မောင်မောင် said...

မလေး
မျက်လုံးအလှပြင်တော့မလို့ လားဟင်?
အလှပြင်ပြီးယင်တော့ ဓါတ်ပုံလေး ဘာလေး တင်လိုက်နော်။ :D
ခင်မင်ရပါသော
မောင်မောင်

ကိုကိုမောင်(ပန်းရနံ့) said...

မချစ်မလှ၊ ချစ်လျင်လှ၏။တဲ့။
အရမ်းကြီးပြင်စရာမလိုပါဘူး။ ရိုးရိုးလေးလဲ လှတာပါဘဲ။း))))

sonata-cantata said...

မလေး မိန်းမထုကြီးကိုယ်စား ပြောသွားတာ သဘောကျတယ်...
ဟိုတလောက မျက်လုံးချယ်လိုက်တာ မျက်စိစွံသွားလို့ ဆက်မလုပ်ဖြစ်တော့ဘူး :)

LinkWithin

Related Posts Plugin for WordPress, Blogger...