မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, August 17, 2010

လူစီ

ခွေးကလေးက ချစ်စရာကောင်းလွန်းပါတယ်..


ခွေးကလေးက ၉ပတ်သားလေးပဲရှိပါသေးတယ်...

ဒီအနောက်နိုင်ငံကလူတွေက... ကလေးတွေအရွယ်ရောက်လို့ အိမ်ကထွက်သွားကြတဲ့အခါ သူတို့ရဲ့ empty-nest syndrome ကို ဒီလိုနည်းတွေနဲ့ ကုသတတ်ကြတယ်...။
အချို့ကလည်း ခွေးချစ်တတ်လွန်းလို့ ခွေးကိုပဲ အမွေတွေပေးသွားတတ်သေးတယ်...။
တစ်ခါတစ်ခါလည်း လူတွေထက် ခွေးတွေကို သူတို့ တန်ဘိုးထားတတ်ကြသေးတယ်..။ 
ခွေးတွေကို ချစ်ပါတယ်..
ဒါပေမယ့် ခွေးမွှေးနဲ့ မတည့်သူတစ်ယောက်မို့ ဒီခွေးကလေးကို နားရွက်ကလေးကိုပဲ တို့ကြည့်လိုက်တယ်။
သူ့မျက်လုံးတွေနဲ့ ဆုံသွားတယ်...။

အကြာကြီးပဲ...
လူတွေက ခွေးလေးကို ပွတ်သပ်ချီပိုးဖို့လောက်ပဲ အာရုံရနေကြတယ်..
ခွေးလေးရဲ့ ရင်ထဲကခံစားချက်ကို သိကြရဲ့လား..
ခွေးလေး ၀မ်းနည်းနေတယ်..
မိသားစုနဲ့ခွဲလာရလို့..

လူစီ... နေရာသစ်မှာ မင်းပျော်ပါစေကွယ်...




2 comments:

မောင်မျိုး said...

နေရာသစ်မှာ ပျော်ပါစေလို့ ၀ိုင်းဆုတောင်းသွားတယ်း)

ဟုတ်တယ် မျက်လုံးဆိုတာ စိတ်ရဲ့ တံခါးပေါက်တစ်ခုပဲနော့် ။

မောင်မောင် said...

မလေး ရေ ဟုတ်ပါ့နော်။
သူက ၉ လသားဆိုတော့ ခွေးလေး ပဲရှိသေးတော့
မိသားစုနဲ့ ခွဲခွာလာတာ ၀မ်းနည်းနေမှာသေချာတယ်။
နေသားကျသွားမှ လူစီ လေးပျော်သွားမှာပါ။

ခင်တဲ့
မောင်မောင်

LinkWithin

Related Posts Plugin for WordPress, Blogger...