မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, July 15, 2010

ရိုးရိုးလေး..

ပွင့်ပွင့်လင်းလင်း
လွတ်လပ်ခြင်းတွေ..
မပွင့်မလင်း
မလွတ်လပ်ခြင်းတွေ...
တုန်ယင်ဝိုးဝါး
မြိုသိပ်ထားမှုတွေ..
အမှားတွေ..
အမှန်တွေ...
ပုန်ကန်မှု..
သတ်မှတ်ချက်များ
ကစားပွဲတွေကြားမှာ..
ရင်ခုန်သံတေးသွားတစ်ပုဒ်နဲ့
လှုပ်ခတ်သံခပ်တိုးတိုး

မောင်.....

ရိုးရိုးလေးပဲ ချစ်တယ်။

(ရေးတာတခြား ထွက်လာတာတခြား.. မောင် ကဗျာများကို အတင်းကာရော.. အသက်ပြန်သွင်းနေသော.. အိပ်မရသောညများသို့..)

7 comments:

မောင်မောင် said...

မလေး
ကဗျာ လာဖတ်သွားပါတယ်ဗျာ။ :)


ခင်မင်သော
မောင်မောင်

မောင်မျိုး said...

ရိုးရိုးလေးမို့ ချစ်တာ ဆိုတော့ မောင် ဆိုတဲ့ တစ်ယောက်က ပုဆိုးနဲ့ တိုက်ပုံဝတ်ခဲ့တယ်ဖြစ်မယ်း)

နေ၀သန် said...

ချစ်ဖို့ကောင်းလိုက်တာ.. ကဗျာလေးက ..ဖတ်ရင်းနဲ့ တမျိုးလေးခံစားသွားရတယ်...း)))


ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်ဆိုတာ ဘယ်သူလဲလို့ စိတ်ဝင်စားမိတယ်..း)

ဏီလင်းညို said...

မလေးရေ.....

ဒီတစ်ခါလည်း.....မောင်နေရာကနေပြီးတော့ပဲ ခံစားပြီးပြောချင်သေးတာ.....။
(ဤမှန်သော သစ္စာစကားကြောင့် ထဲမှာမန့်ဖူးသလိုမျိုးလေ....)
အဲ့ဒီလိုအသံလေးကို တိုးဖွဖွလေးသာ မောင်တစ်ယောက်ကြားမိသွားခဲ့ရင် အတော်ကြည်နူးသွားမှာ အမှန်ပဲ......။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

နှင်းပွင့်ဖြူ said...

အရမ်းကောင်းပါတယ်...
နောက်လည်း များများရေးပါ....
အားပေးနေပါတယ်...... :)

ကိုကိုမောင် (ပန်းရနံ့) said...

ရိုးရိုးလေးဘဲ ချစ်တာ ကောင်းပါတယ်။

လင့်ခ်လေး ယူသွားတယ်နော်။

LinkWithin

Related Posts Plugin for WordPress, Blogger...