မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, July 10, 2010

ခု ညတော့ အိပ်နိုင်မယ် မထင်ဘူး

ခိုင်ထူး သီချင်းပါ..
တစ်ကယ်လည်း အိပ်မရဘူး။

ဘာလို့ဆို မနက်ဖြန် ဂျာမဏီ နဲ့ ယူရိုဂွိုင် (ဥရုဂွေး) တို့ တတိယနေရာကို လုမှာလည်းပါတယ်။
နွေရာသီရောက်လာပြီဆိုတော့ အလိုလို အူမြူးနေတာလည်း ပါပါတယ်။ ဒီမြို့လေးဟာ နွေရာသီဆို အလွန့်ကို သာယာလှပ နေချင့်စဖွယ်ပါ။ ဖြစ်နိုင်ရင် နွေရာသီကော ကမ္ဘာ့ဖလားကြီးကိုကော ပြီးဆုံးမသွားစေချင်ပါဘူး။ (အတ္တ.. အတ္တ)

အားကစားတွေကိုကြိုက်ပေမယ့် ဘောလုံးကတော့ တကမ္ဘာလုံးပါဝင်ပတ်သက်ဆင်နွှဲကြတော့ ပျော်ပွဲရွှင်ပွဲကြီးပါပဲ။ မြန်မာပြည်သာ ပါလို့ကတော့ ပျော်လိုက်မည့်ဖြစ်ခြင်း။ မြောက်ကိုရီးယားကစားသမား သူတို့ နိုင်ငံတော်သီချင်းဆိုရင်း ငိုချင်းချတာလောက်တော့ မလေးး အတွက် အပျော့ဖြစ်တော့မပေါ့။ အခုတော့ သက်ဆိုင်သော မြန်မာပြည်ကော ကနေဒါပါ ဘောလုံး မကောင်းသော တိုင်းပြည်တွေ ဖြစ်နေတော့တာပါပဲ..။ အရင်ဘ၀က ဆုမှားတောင်းခဲ့မိလားမသိပါဘူး။ ကိုယ်..ရောက်လေရာတိုင်းပြည်သည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်သော တိုင်းပြည်ဖြစ်ရပါလို၏......လို့။ ဟင်း..

ဒီည အိပ်မရတဲ့ တူတူ ဘလောဂ်တွေလည်း မရောက်တာကြာတော့ ဟိုသွားဒီသွားသွားရင် မောင်တွေဆီရောက်သွားပါတယ်။

ကိုဖြိုး (အဲဗာဂရင်းဖြိုး) ဆီရောက်တော့ တော်တော်လေး လွမ်းထားတာတွေ့တယ်။ သီချင်းလေးတောင် ပါလိုက်သေး..။ နောက် ကိုဏီ(ဏီလင်းညို) ဆီရောက်တော့လည်း ပိုလို့တောင် လွမ်းထားသေးတယ်။ သူတို့ ကဗျာတွေက အရမ်းကို လန်းနေတယ်။ ကဗျာတွေဖတ်နေချိန် တိုက်တိုက်ဆိုင်ဆိုင် နွေလေပူတွေကလည်း အပြင်မှာ တိုက်နေတော့ ငိုတောင်ငိုချင်သွားတယ်။ သွားတာကတော့ သူတို့ကို သွား စ မလို့ပါပဲ။ ဒါပေမယ့် သူတို့က အရမ်းတွေကြွေနေကြတော့ မစနောက် တော့ပဲ ခပ်တည်တည်နဲ့ ပြန်ခဲ့ရတာပါပဲ။ နောက်တော့ ဘ၀ဇတ်ခုံ (မောင်မျိုး)ဆီရောက်သွားတယ်။ မောင်လေးမျိုးဘလောဂ်ဖတ်ပြီးတော့ ဘုရားတ ပြီး ပြန်ထွက်လာခဲ့ရတယ်။ ဘုရား..ဘုရား..။ သွားဖတ်ကြည့်ကြပါ။ ရယ်လည်းရယ်ရတယ်။ သူများကို ကိုယ်ချင်းမစာတာ မဟုတ်ပါဘူး။ မောင်မျိုးလေး ရေးပုံဟာ ဟာသဓာတ် ပါလို့လည်းပါပါတယ်။

နောက် မိန်းကလေး ဘလောဂါတွေဆီရောက်တော့ အကုန်နီးပါးက အသွင်မတူတာတွေ..တူတာတွေနဲ့ အရမ်းကို ကြည်နူးစရာတွေ ရေးနေကြပါရော..။ ကိုယ့်ကိုလည်း အစ်မသီတာက တက်ဂ်ထားတော့ သူတို့ဘာတွေရေးလည်း လိုက်လေ့လာတာလည်း ပါပါတယ်။

အစ်မသီတာနဲ့ အစ်မတန်ခူးအကြောင်း အနည်းငယ်ပြောချင်ပါတယ်။
အဲ့အကြောင်းမပြောခင် အရင်.. အဒေါ်၂ယောက်အကြောင်းပြောပါမယ်။

အဒေါ်၂ယောက်ရှိတယ်။ ၂ယောက်လုံး ဒီကပါ။ တယောက်ကို အန်တီနီ လို့ခေါ်ပြီး တစ်ယောက်က ပိုငယ်လို့ မမဆွေ လို့ခေါ်တယ်။ တစ်သက်လုံး အဲသလိုပဲ ခေါ်လာတာ။ တစ်နေ့ အမျိုးတွေစုတော့ ကန်တော့ကြမယ်ဆိုတော့ အိမ်အောက်ဆင်းသွားတယ်။ အဲဒီမှာ အန်တီနီက မမဆွေကို ထိုင်ဦးချနေတာတွေ့တော့တာပါပဲ။
ထုံးစံအတိုင်း ငါတော့လုပ်ချလိုက်ပြန်ပြီ ဆိုပြီး ကိုယ့်ကိုကိုယ် တိတ်တိတ်လေးပြောပြီး သူတို့ကို ပါးစပ်လေးအဟောင်းသားနဲ့ ကြည့်နေတာပေါ့။

နောက်ဆုံး မနေနိုင်တဲ့အဆုံး.. ဘာလို့ မမဆွေကို အန်တီနီ က ဦးချ နေတာလည်း လို့ မေးလိုက်တယ်။
သူတို့က ခပ်တည်တည်ပဲလေ။ မမဆွေက အန်တီနီထက် ပိုကြီးလို့ပေါ့တဲ့..ကဲ။
အဲဒါကို ဘာလို့ မပြောလည်း၊ တစ်သက်လုံးပြောင်းပြန်ကြီးခေါ်နေခဲ့တာကို ဒီတိုင်းထားထားတယ်.. ဆိုတော့...
အကုန်လုံးသိတာကို..၊ တစ်ဦးတည်းက ထွင်ခေါ်နေတာထင်လို့တဲ့...။
ဟွန်း...

အခု အမ တန်ခူးတို့ဆီပြန်သွားပါမယ်။

ပြောချင်တာက အစ်မသီတာကို ငယ်ငယ်လေး(၂၀လောက်) ထင်ပြီး မသီတာ.. မသီတာ.. နဲ့ သူ့ပိုစ်တွေမှာ ကွန့်မင့်တွေ သွားသွားရေးတယ်။ အစ်မတန်ခူးကို မ...ဆိုပြီး ကဗျာဆန်ဆန်လေး ခေါ်တယ်။ တစ်နေ့ကျတော့ အစ်မသီတာရဲ့ မွေးနေ့ပိုစ်ကိုလည်းဖတ်လိုက်ရတယ်။ ပိုစ်အောက်မှာလည်း "မ" လို့ ခေါ်တဲ့ အစ်မတန်ခူးက "မသီတာ" လို့ ခေါ်တဲ့ အစ်မသီတာကို အစ်မ ဆိုပြီး ခေါ်ထားတာလည်းတွေ့ရော.. အားနာလိုက်တာဆိုတာ မပြောပါနဲ့တော့။

ဒါနဲ့ အစ်မသီတာကို.. "မသိလို့ မသီတာမသီတာနဲ့ ခေါ်ခဲ့မိတာ ခွင့်လွှတ်ပါ၊ မရိုမသေလုပ်တာ မဟုတ်ပါ.. မ" ဆို..တောင်းပန်ခဲ့ရတယ်။ အခု သူတက်ဂ်ထားသော ပိုစ်ကို ကမ္ဘာ့ဖလားကြီး ပြီးမှ ရေးပေးမယ်လို့ ပြေားထားရတယ်။
ခုချိန်မှာ ဒီဖလားကြီးကလွဲပြီး ဘာကိုမှ စိတ်မ၀င်စားဘူးဖြစ်နေလို့ပါ။

ဒီကြားထဲမှာ ဂျာမဏီမှရေဘ၀ဲလေးနဲ့ စင်္ကာပူမှ မိနီဆိုသော ကြက်တူရွေးတို့ရဲ့ နှိပ်စက်ခြင်းကိုလည်း ခံနေရပါသေးတယ်။့ မြန်မာပြည်မှ ရေမြင်းကြီးဆိုတာလည်း ရှိလိုက်သေးတယ်။

မလောင်းစဖူး တစ်ခါပဲလောင်းတာ ရှုံးလို့ ယူအက်စ်မှ သူငယ်ချင်းတစ်ဦးကို အိုင်ဖုန်းအကြွေးတင်နေသေးတယ်။ နောင်လေးနှစ်စောင့်ဦးဆိုတော့ ဘာတဲ့.. သံသရာဝဍ္ဍ်မကြောက်ဖူးလားတဲ့ (စာလုံးပေါင်းမှားမှန်းသိသော်လည်း.. ငိုက်နေပါသည် :P).. အဲသလိုချိန်းခြောက်ပါတယ်။ တစ်ကယ်ဆို နောင်လေးနှစ် ဒီထက်ကောင်းတဲ့ဟာတွေရမှာ သူမသိဘူး။
စင်္ကာပူက သူငယ်ချင်းတစ်ဦးကလည်း ၁၀၀၀ကြီးများတောင် နိုင်တာကို မသိဟန်ဆောင်နေပြီး တစ်ကယ်က ရှုံးနေကြောင်းနဲ့ ရေခဲကိုပြုတ်တစ်မျိုး၊ ကြော်တစ်ဖုံ စားနေကြောင်း သနားအောင် ပြောနေပါသေးတယ်။

နောက်ဆုံးတော့ ကိုအောင်(ပျုနိုင်ငံ)ဆီရောက်သွားတော့ သူ့ဆီဗုံးမှာ မနက်ဖြန် ကစားပွဲမှာ..ယူရိုဂွိုင်မှာ အလွန်ကောင်းတဲ့ တိုက်စစ်မှူးတွေပါလာမယ်ဖြစ်ကြောင်း ဆွေးနွေးထားတာတွေ ဖတ်ရတော့ ဂျာမဏီတွက် ပူပန်စိတ်တွေနဲ့ ပိုလို့ အိပ်မရတော့ပါဘူး..

ဂျာမဏီနိုင်ပါစေ..လို့ ဆုတောင် မတောင်းရဲတော့ဘူး...

အားပေးသမျှ အသင်းရှုံးချည်းနေလို့ပါကွယ်..။







7 comments:

မောင်မျိုး said...

း) အစ်မက တော်တော် ဘောလုံးခရေဇီဖြစ်တာပဲ မထင်ရဘူး ကဗျာနု စာနုလေးတွေ ရေးတတ်တဲ့ ကျနော့်အစ်မက ဒီလို ၀ုန်းဒိုင်းကြဲ အားကစားကိုကြိုက်တယ်ဆိုတော့ အံ့သြသွားတယ် ဘောလုံးက လုံးနေတာကြီးကို ဖြစ်ချင်တာဖြစ်မှာပါပဲ စိတ်မပူနဲ့ ဂျာမနီ တတိယတော့ ရမှာပါ အင်္ဂလန်ကိုဖြုတ်သွားတာ မကျေနပ်ပေမယ့် ခုတော့ အားပေးအုံးမှ ကျနော်လည်း အဲ့ပို့စ်လေးရေးတာ အဲ့ကောင်လေးကို သနားပြီးရေးတာပဲ ရယ်ချင်စိတ်ဖြစ်နေလို့လားတော့မသိ ရယ်စရာဖြစ်သွားတာ ။ ဘလော့ပေါ်ကဆိုတော့လည်း အသက်ကို မှန်းခြေနဲ့ပဲလိုက်ခေါ်နေတာ ကိုအောင်ပျူ ကိုဆို အစ်ကို အစ်ကိုနဲ့ မွေးနေ့တူန်းက မှကြည့်လိုက်တာ ကျနော့် အဒေါ်အငယ်ဆုံးနဲ့ရွယ်တူကြီး ဟိဟိ ဒါပေမယ့် သူကတော့ ခလေးတွေရပြီး ကိုအောင်ကတော့ ငှက်ပျော်တုန်းကြီးဖက်ပြီး ရေးကူးနေပါတယ်လို့ :P

sonata-cantata said...

မလေးရေ အဲ့လို မှားတာတော့ စိတ်မဆိုးရေးချ မဆိုး
း)

မောင်မောင် said...

မလေး ရေ ဂျာမဏီ နိုင်မယ်ထင်ပါ့။
ဘောလုံးဆိုတာက အလုံးကြီးဆိုတော့ မှန်းရခက်ပါတယ်။

ခင်တဲ့
မောင်မောင်

တန်ခူး said...

့ဖြစ်တတ်ပါတယ် အိမ့်ရယ်... အမတုန်းကလဲ ချိုသင်းကို ချိုသင်းအမနဲ့ လွဲပြီး မ တွေဘာတွေ သွားလုပ်လို့ လေ...ပြီးတော့ ပေါက်ကိုလဲ ကိုပေါက်သွားလုပ်တာ... သူက ကျွန်တော် ကျွန်တော်နဲ့ ပြောတာကိုး....
မမသီတာကို အပြင်မှာမြင်ဖူးရင် ချိုနုနေတဲ့မျက်နှာလေးကြောင့် အိမ့်ထင်တာမမှားဘူးလို့ ထင်မှာ... တိုက်ဆိုင်လိုက်တာ အိမ့်ရယ်... မနက်ကပဲ မမသီတာနဲ့ အိမ့်အကြောင်းပြောဖြစ်ကြသေးတယ်... တခြားမဟုတ်ပါဘူး... မမသီတာက အိမ့်ကို တက်ဂ်တဲ့ ကိစ္စ... တို့ ကအိမ့်ကို အပျိုလို့ ထင်တာ...မမသီတာက သူ့ သားလေးအကြောင်းတောင်ရေးထားသေးတာလေတဲ့... အဲဒါအငှားခံစားချက်မဖြစ်နိုင်ဘူးလားပေါ့နော်...တို့ ပြောလိုက်တာနဲ့  မမသီတာလဲ အပျိုဖြစ်နေရင် တက်ဂ်မိတာ အားနာစရာကြီးဆို စိတ်တွေပူနေတာ... အိမ့်ရေးတာပဲ စောင့်ဖတ်တော့မယ်...

ဂျာမဏီ... ဂျာမဏီ... ဂျာမဏီ...

အိမ့်ရေ... ဟိုတလောက သတင်းစာထဲမှာ ဖတ်လိုက်ရတယ်... အိမ့်တို့ မြို့ လေးက ကမ္ဘာ့နေလို့ အကောင်းဆုံးမြို့ ထဲမှာ ထိပ်ဆုံးကတဲ့... အိမ့်ကံကောင်းပါတယ်... အမတို့ နေတဲ့ နိုင်ငံလဲ ဘာထူးလဲညီမရယ်... ကမ္ဘာ့ဖလားခြေစစ်ပွဲမပြောနဲ့  Miss Universe တောင် ကျွန်မနာမည်ဘယ်သုပါ ဘယ်နိုင်ငံကပါဆိုပြီး ပျောက်သွားရောလေ

ဏီလင်းညို said...

မလေးရေ.....

ဘောပွဲတွေတော့ သိဘူးရယ်ဗျ......။
ကျွန်တော်ကတော့ ဒီမှာမိုးတွေခဏခဏရွာနေလို့ ရေးထားတာကြာနေတဲ့ ကဗျာကို တင်လိုက်တာ.....အဟိ....။
ဘာကိုလွမ်းရမှန်းမသိလို့ လွမ်းချင်ယောင်ဆောင်ခြင်းသာ.......ဖြစ်ပါကြောင်းးးးးး........း))
(ခုညလည်း.......အိပ်ပျော်ပါစေဗျ.....။ ဒီလိုမှန်းသိရင် ကြေးများများလောင်းပါ၏။......ငါးကျပ်တစ်မတ်ကြေး.....း))

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

Phyo Evergreen said...

တားဂဒေါ့ ယောင်္ကျားလေးဆိုရင် “အကို”လို့ခေါ်ပြီး မိန်းကလေးဆိုရင်တော့ “အန်တီ”လို့ထော်လိုက်တာဘဲ..။

;) (= ;D =P

အိမ့်ချမ်းမြေ့ said...

မောင်မျိုး.. ice hockey ဆို ကစားသမားတွေ သွားတွေအချာင်းလိုက် ကျွတ်ထွက်တာ မြင်ဖူးတယ်။ ဒီတော့ အစ်မတွက်က ဘောလုံးက သိပ်ကိုနူးညံ့ပြီး အနုပညာဆန်နေပါတယ်ကွယ်။

sonata-cantata .. ဒါဆို အရင်လိုပြန်ခေါ်ပေးမယ်နော်.. မ :P

ကိုမောင်မောင်.. နောင်နှစ်သူတို့ လေးထောင့်လုပ်မယ်ကြားတယ်။

အမတန်ခူး.. မ က မလေးထက်ဆိုးနေပါပေါ့လား..။ မ.. မည်သို့ပင်ဖြစ်စေ.. အသွင်မတူကို ဆွေးသွားအောင်ကို ရေးပစ်လိုက်ဦးမယ်..။

ကိုဏီ...အေးပါကွယ်.. အေးပါ.. လွမ်းချင်ယောင်ဆောင်ခြင်းသာဆိုလည်း လွမ်းချင်ယောင်ဆောင်ခြင်းသာပဲပေါ့.. အလိုက်သိရမှာပေါ့

Phyo Evergreen .. လုံးဝ မသိခဲ့ပါလား.. ဒီလိုမှန်း။

LinkWithin

Related Posts Plugin for WordPress, Blogger...