မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, July 05, 2010

ချစ်တဲ့ ခရေ...

ခရေပင်လမ်းလေး

လွမ်းတယ်....
အလွမ်းနဲ့ အတ္တညတွေထဲက.. 
ဆုံးရှုံးမှုတွေနဲ့ အောင်မြင်ခြင်း ညတွေထဲက...
ပြန်မရနိုင်တော့တဲ့ ခရေ.....


လွမ်းတယ်....
ရင့်ကျက်လာမှုနဲ့ ကလေးဆန်ဆဲနေ့တွေထဲက..
ကွယ်ဝှက်မှုတွေနဲ့ ဖွင့်ဟမှုတွေကြားက..
အဝေးကြီးဝေးခဲ့တဲ့.. ခရေ....

လွမ်းတယ်...
ဖြူစင်မှုနဲ့ ညစ်နွမ်းမှုတွေထဲက...

ချစ်သူကြောင့်....
ရင်နာမှုနဲ့ ကြည်နူးခြင်း နေ့တွေကြားက
ဥပေက္ခာပြုခဲ့တဲ့... ခရေ....

  
                                                                                       သေဆုံးချိန်တိုင်အောင်....
                                                                                       သတိရသွားတော့မယ်.....ခရေ....



























Mimusops elengi

5 comments:

မောင်မျိုး said...

ရင့်ကျက်လာမှုနဲ့ ကလေးဆန်ဆဲနေ့တွေထဲက..
ကွယ်ဝှက်မှုတွေနဲ့ ဖွင့်ဟမှုတွေကြားက..



ဒီကဗျာရဲ့ ဆိုလိုရင်းထက် အဲ့ စာနှစ်ကြောင်းကို အရမ်းကြိုက်တယ် ကျနော်လည်း အဲ့ဒီကြားက လူတယောက်ဖြစ်နေတဲ့အတွက်ပေါ့း) ။

အိမ့်ချမ်းမြေ့ said...

test

မောင်မောင် said...

မလေး ရဲ့  ချစ်တဲ့ ခရေ.... ကို ဖတ်သွားပါတယ်။
လွမ်းတယ်...
ဖြူစင်မှု့  နဲ့  ညစ်နွမ်းမှုတွေထဲက..
ချစ်သူကြောင်....
ရင်နာမှု နဲ့ ကြည့်နူးခြင်း နေ့  တွေကြားက
ဥပက္ခာပြုခဲ့ တဲ့ ...ခရေ

သေဆုံးချိန်တိုင်အောင်....
သတိရသွားတော့မယ်...ခရေ...

အဲဒီစာပိုဒ် လေး ကို အရမ်းကြိုက်ပါတယ်။

ခင်မင်သော
မောင်မောင်

Anonymous said...

လာပြောတာ ကျေးဇူးညီမရေ မသိလိုက်ဘူး

ခင်မင်စွာဖြင့် အားလုံးဖွသွားပါတယ်

shwezinu

တန်ခူး said...

အိမ့်ကဗျာလေးထဲက ခရေနံ့ လေးရလိုက်တယ်...ပြီးတော့ လွမ်းသွားလိုက်တာ... စကားမစပ်...ဒါလေးဖတ်ပြီး လေးဖြူရဲ့ စာမျက်နှာ၁၅သီချင်းလေးကို သတိရသွားမိတယ်... တွေ့ ရင်မှတ်မိဦးမယ်ထင်ပါရဲ့ခရေ...

LinkWithin

Related Posts Plugin for WordPress, Blogger...