မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, July 03, 2010

အိမ့်ချမ်းမြေ့၏ အဖိုးတန်ရှေးဟောင်းပစ္စည်းများ

လာလည်တဲ့ လူနည်းစု မောင်နှမတွေကို ချစ်ခင်လွန်းအားကြီးလို့ ဘယ်သူတွေနဲ့မှ မဝေမျှသောအရာတွေကို ဝေမျှတာပါ..
အခု... မလေး အိမ်ပြောင်းနေတယ်..
ကမ္ဘာ့ဖလားကြီးကိုလည်း သမိုင်းပေးတာဝန်အရ ကြည့်ရသေးတယ်..
ဆိုတော့....
လူလည်း လူရုပ်တောင် မပေါ်တော့ပါဘူး..
အခု အိမ်အောက်ဆင်းတယ်.. အိမ်အောက်မှာ မလေးစုစောင်းထားသော ရှေးဟောင်းပစ္စည်းအမွေအနှစ်တွေ ထွက်လာတယ်...
နည်းတာမဟုတ်ဘူး...



ဟုတ်ကဲ့... တစ်အိမ်လုံး စာအုပ်ချည်းပါပဲ... အဲဒါအကုန်လားဆိုတော့ မဟုတ်ပါဘူး.. ကားဂိုဒေါင်ထဲမှာ နောက်ထပ် ၁၅ဗုံးရှိပါသေးတယ်.. သတင်းစာအဟောင်းကအစ၊ မဂဇင်းအဟောင်းအဆုံး.. အကုန်ရှိပါတယ်။
 စိန်ရွှေကိုကြိုက်သူဟာ စိန်ရွှေစုတဲ့တွက်.. စိန်ရွှေရမယ်တဲ့... မလေးရဲ့.. မေမေပြောတာပါ....
မလေးကလား.........စာအုပ်တွေကြိုက်ပါတယ်.. အရမ်းကိုကြိုက်ပါတယ်.. ဒီတော့.. အရမ်းချမ်းသာပါတယ် (စာအုပ်တွေ)


ဒါတွေကတော့ တိုလီမုတ်စ.. ခဲတံ၊ ခဲဖျက်၊ ဘောပင်၊ ရောင်စုံဘောပင်.. ပန်းချီစုတ်တံ.. ၀တ္ထုကုန်ကြမ်း.. အဆုံးစွန်ပြောရမယ်ဆိုရင်တော့ ရည်းစားဟောင်းများပေးထားသော ကဒ်ပြားတွေကအစ (မြန်မာပန်းချီလေးတွေလှလို့.. ဖိနပ်ဗုံးထဲမှာ (ခွင့်လွှတ်ကြပါ..)

အောက်မှာဆက်လက်ကြည့်ရှုပါ...




ရဲလင်းအောင်ပါ... အခုတော့ သံယောဇဉ်ဖြတ်ပြီး အစ်မက သူယူမယ်ဆိုလို့ ပေးပစ်ပါတော့မယ်..
ရဲလင်းအောင်အောက်က ဗုံးထဲက ဘာတွေထွက်လာလည်း ပြပါဦးမယ်...


ဟုတ်ကဲ့... ကျောင်းတုန်းကတော့ နေ့မအိပ်..ညမအိပ်.. ငိုတဲ့အခါလည်းငိုပြီး.... ရယူလာခဲ့သော အောင်လက်မှတ်များကို သူများတွေမှန်ဘောင်သွင်း..မသွင်းမသိ။ မလေးတော့ ဗုံးတစ်ဗုံးထဲ ပစ်ထည့်ထားတာပါပဲ...။ အကုန်ထွက်လာတယ်.. အချို့ဟာတွေဆို.. ဟဲ့.. ငါဒါရထားတာပါလားဆို မေ့တောင်နေပါတယ်.. ။

အောက်က ဗလာစာအုပ်လေးများကိုလည်းကြည့်ပါ..
ဦးထီးကို ဒီရောက်မှ နှစ်သက်သွားလို့ သူ့စာသားတွေကို မြတ်နိုးလွန်းလို့.. တယုတယရေးထားတာ..
မြန်မာပြည်ကိုလည်း စိတ္တဇ ဆန်ဆန် လွမ်းခဲ့တာတွေကောပေါ့လေ...
ခုတောင် ပြောရင်းလွမ်းလာမိပါတယ်။
ဟိုဘက်မှာ ဆက်ပြီးပြူးကြည့်မယ်ဆိုရင်တော့ ၀တ္ထုတိုလေးတစ်ပုဒ်ကိုတွေ့ရပါမယ်ရှင့်...


တစ်ကယ်ကို ကိုင်လို့မရပါဘူး.. ကြွေသွားမှာပဲ..


ဒီမှာ ကိုယ့်ဟာကိုယ် မြန်မာလိုဝတ်မယ်ဆိုပြီး သင်လာတာ.. အစ်မတွေဆီက။
ချုပ်တာကတော့ ချုပ်ပါတယ်.... တစ်ထည်မှ မ၀တ်ပါဘူး။ မ၀တ်ဆို.. ၀တ်လို့ မရလို့ပါပဲ...ကဲ။

ဒီလောက်ပါပဲနော်..
မနက်ဖြန် ဂျာမဏီပွဲထကြည့်ဖို့တောင် နောက်ကျပြီမို့ အိပ်ပါပြီ..

အဖိုးတန်ပစ္စည်းတွေထပ်ထွက်လာရင်..ထပ်ဝေမျှပါဦးမယ်နော်... :D

10 comments:

မောင်မျိုး said...

အမွေတောင်းစရာလည်း ဘာမှမရှိပါလားနော် ......

ဏီလင်းညို said...

မလေးရေ......
အဖိုးတန်ပစ္စည်းလေးတွေ လာကြည့်ရင်းပြုံးနေမိတယ်ဗျာ.......။
ရည်းစားဟောင်းများပေးထားသော ကဒ်တွေ...သိမ်းထားတာကြည့်ချင်၏...း)

အနော်လည်း....အဲ့ဒီလိုမျိုး....။
တစ်ခါတစ်လေ......မအောင့်နိုင်လို့ ကင်(န်)တင်းမှာ ထိုင်ရေးမိတဲ့ စာရွက်အပိုင်းလေးတွေတောင် လွှတ်မပစ်ချင်ဘူး...။
ဘလော့ဂ်ပေါ်ရောက်လို့ သူများတွေဖတ်ပြီးသွားတာတောင်.......သိမ်းသိမ်းထားတုန်းလေ......။ ကြာတော့ အရမ်းအမှိုက်တွေဖောင်းပွလာလို့ မျက်စိမှိတ်ပြီး.......လွှင့်သာပစ်လိုက်ရတယ်.....။
နှမြောသားဗျာ.....။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

Min said...

Nice, make me smile to read the post.
Also want to cry, I've left a lot of books every time I moved out.

Soe Mya Nandar Thet Lwin (Borros Roxo) said...

အိမ့်ချမ်းမြေ့ ဒေါ့ကွန့် မှာပဲ သစ္စာရှိရှိ ကွန်မန့်လာပေမယ့် ဒီနေရာရဲ့ပိုစ့်မှာတော့ ကွန်မန့်မပေးပဲ မနေနိုင်လို့ မန့်ခဲ့ပြီ။

မလေးက အိမ်ပြောင်းနေတာကိုး!!!

အိမ်ပြောင်းလို့ရတဲ့ stress ကို ကိုယ်ခြင်းစာတယ် မလေးရေ..,

မလေး စုစောင်းထားတဲ့ စာအုပ်တွေ တိုလီမုတ်စတွေ နဲတာမှ မဟုတ်တာပဲ။

ဒါတွေ ကြည့်ခြင်းအားဖြင့် မလေးလဲ အစွဲအလန်းကြီးတတ်သူ သံယောဇဉ်ကြီးတတ်သူ တယောက်မှန်း ခံစားလို့ရတယ်။

Join the club., မလေး... :)))

နန္ဒာ (SMNTL)

Phyo Evergreen said...

ကျွန်တော့်မှာလည်း ကဒ်တွေ..စာတွေ.. သူငယ်တန်းလောက်ကတည်းက ပစ္စည်းလေးတွေရှိတယ်..။ အဖိုးတန်ဆိုတာထက်အမှတ်တရပေါ့... ။ဒါပေမယ့်လည်း သူတို့လည်းချောင်တစ်နေရာမှာ အချိန်တော်တော်များများ ပိုင်ရှင်ရဲ့ အမေ့လျော့ခံထားရတာပဲလေ..။

မောင်မောင် said...

မလေး က ဗုံးတွေချည်းပဲ။
သတိလဲထားဦး ပေါက်ကွဲနေဦးမယ်နော်။ :D
စကားမစပ် ရှေးဟောင်းပစ္စည်း ဆို ပြီးတော့ ebay မှာ ဖြစ်ဖြစ် amazone မှာ ဖြစ်ဖြစ် ဈေးပြိုင်စံနစ်
နဲ့လေလံတင်ယင် တော့ အလုပ်ဖြစ်မယ်ထင်ပါ့နော်။

အိမ်ပြောင်းနေတယ် ဆိုလို့ ကိုယ်ချင်းစာပါတယ်။
ပင်ပန်းတယ်ဗျ။ သိမ်းရဆည်းရ ရွေ့ ရနဲ့ ။

ခင်မင်သော
မောင်မောင်
အာဖဂန်ပြည်

ဆောင်း said...

စာအုပ်ဗုံးလားဟင် ဒါဆို အန်တရယ် ရှိတာပေါ့။

အန်တရယ်မရှိတဲ့ စာအုပ်ပုံးလေးတွေ ကို ရှာလိုက်လေ

M.T diary said...

ထမင်းစားလက်မှတ်က များးး လှချည်လား
မယုံနိုင်အောင်ပါပဲ သိုင်းဒေ၀ီရယ်...
ဘုန်းကြွယ်.၀င်းကြွယ်.မိုးကျော်သူတို့ကော...
ရည်းစားဟောင်းများတဲ့ များတာကိုကြိုက်လို့
များသွားပုံရတယ် ခွီးးး
သမိုင်းပေးတာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်နိုင်ပါစေ ဝေးးးးးး
နေမင်းကွန်းခိုရာကမ်း၂၂

အိမ့်ချမ်းမြေ့ said...

မောင်မျိုး... မရှိဘူး..တကယ်

ကိုဏီ.... ကဒ်တွေလား... :D အင်းးးးး

Min ... ကျမလည်း စိတ်ဖြတ်ပြီး ပစ်ပစ်ရမှာပါပဲထင်တယ်..

နန္ဒာ.. အစွဲအလန်းကြီးတာ မကောင်းဘူးကွယ်

ကိုဖြိုး... ပိုင်ရှင်ရဲ့ အမေ့လျော့ခံထားရတာပဲ..ဆိုတာဟုတ်ပါတယ်လေ..

ကိုမောင်မောင်... မနက်ဖြန်ကစ လေလံတင်တော့မယ် :P

ဆောင်းး ...း)) ပျော်စေပျက်စေပါ

နေမင်းကွန်းခိုရာကမ်း၂၂ ... ဒီလိုပါပဲ...

မလေး ပျော်စေပျက်စေ စိတ်လွတ်လက်လွတ်ရေးထားတဲ့ စာလေးကို အချိန်ကုန်ခံဖတ်ရှုမှတ်ချက်ပေးသူများကို ကျေးဇူးတင်ပါတယ်နော်...

mabaydar said...

အဟီး... မဗေဒါနဲ့ ဗြောင်းပြန်ပဲ... အိမ်ပြောင်းရင် အရင်ဆုံး လွှတ်ပစ်ဖြစ်တာ စာအုပ်တွေပဲ... သိပ်လဲ များများ မရှိပါဘူး... ကျောင်းတုန်းက ဖတ်စာအုပ်တွေများတယ်.. အရင်ကတော့ သယ်သေးတယ်.. နောက်တော့ ပြန်လဲ မဖတ်ဖြစ်တာ သေချာနေတော့ အလေးခံပြီး သယ်ဖြစ်တော့ဘူး.. အဟီး...
စာတွေ ဒီလောက်ဖတ်လို့ စာရေးတာတွေ ဒီလောက်ကောင်းနေတာကိုး....

LinkWithin

Related Posts Plugin for WordPress, Blogger...