မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, June 23, 2010

ဤမှန်သော သစ္စာကြောင့်

သခင်…
ညနေခင်း ပုဇွန်ဆီသွေး
လေပြေနွေးထဲ လွင့်တက်နေတဲ့
သခင့်ရဲ့ ဆံနွယ်ထက်က
ရေစက်လေး တစ်စက် ဖြစ်ချင်ခဲ့သူပါ..

သခင်…
သိပ်ချစ်တယ်… လို့
အခါခါ ပြောခဲ့ဖူးတဲ့
နူးညံ့တဲ့ သခင့်နှုတ်ခမ်းပါးအစုံထက်က
ဝတ်မှုန်လေး ဖြစ်ချင်ခဲ့သူပါ…

သခင်….
သခင့်လက်ကို ဆုပ်ကိုင်လို့
ဘ၀ကြမ်းအမော..
တမ်းတနွမ်းရှိုက်
ပန်းမခိုက်တဲ့လမ်းလဲ
လှမ်းလိုက်ဖို့ အဆင်သင့်ဖြစ်ခဲ့ဖူးသူပါ…

သခင်ရယ်…
သခင့်နှုတ်က "ချစ်တယ်" ဆိုတဲ့စကား
အကျွန့်တစ်ယောက်တည်း အတွက်ရယ်လားလို့....
ယုံစားမိတဲ့အမှားကြောင့်
အကျွန့်မျက်ရည်တို့
တိတ်တခိုးနဲ့ မရပ်မနားစီးတဲ့ စမ်းရေလို
ပြိုခဲ့ရတဲ့ သူပါ...

ဤမှန်သော သစ္စာကြောင့်
ဘ၀အဆက်ဆက်..
သခင်နဲ့ ဘယ်သောခါမှ……
မဆုံရ၊ မကြုံရ
သခင့်ဖြစ်တည်မှုကိုလေ
မသိရ၊ မကြားရသောသူ
ဖြစ်ရပါလိုပါ၏ သခင်....။

၂၀၀၉ 

3 comments:

မောင်မျိုး said...

ဆုန်သင်းပါရ် ရဲ့ သီချင်းကိုသွားသတိရတယ်း) စေလိုရာ စေလိုက်တော့ သခင်ပေါ့ ။

ဏီလင်းညို said...

မလေးရေ......

ဒီကဗျာလေးကို...ပြန်ဖတ်ရပြန်ပြီ....။
ကောင်းဆဲပဲ......။
အိပ်မက်မှာ ကျွန်တော်မန့်ခဲ့သလိုပဲ........ဒီတစ်ခါလည်း..........

ခင်မင်တဲ့
ဏီလင်းညို

တန်ခူး said...

ကဗျာအဆုံးပိုင်းလေးက မျှော်လင့်ထားသလို မဟုတ်တော့ ရင်ထဲမှာ တမျိုးလေးကျန်ခဲ့တယ် အိမ့်ရယ်... တကယ်တော့ သခင်နဲ့ ဆုံဆည်းရပါလို၏လို့  သစ္စာဆိုတာထက်စာရင် အိမ့် ကဗျာလေးထဲကလို လောကကြီးမှာ အဲဒီလူတယောက်ရှိနေတာ မသိရတာပိုကောင်းပါတယ်...

LinkWithin

Related Posts Plugin for WordPress, Blogger...