မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, June 15, 2010

နေပြည်တော်နန်းတော်..တဲ့


ဟိုတစ်လောက ဖောဝါဒ်မေးလ်ထဲမှာ နေပြည်တော်နန်းတော်ရဲ့ပုံတွေဆိုပြီး ရတယ်..
ပုံတွေကိုကြည့်ပြီး ပတ်ဝန်းကျင်ကလူတွေကတော့ မကျေနပ်သူနဲ့.. ဒေါသတွေထွက်သူနဲ့. စုံနေတာပါပဲ။
ဒါပေမယ့် ပုံတွေကို စမြင်ကတည်းက စိတ်ထဲမှာ skeptical...ဖြစ်နေမိတယ်။
ဒါဟာ နိုင်ငံခြားမင်းသမီး သို့မဟုတ်.. မင်းသားတစ်ယောက်ယောက်ရဲ့ မီလျှံဒေါ်လာ အိမ်ပဲလို့ စိတ်ကကိုသိနေသလို...။

နောက်တစ်ခုက ပုံတွေထဲက နံရံတွေပေါ်က ပန်းချီကားတွေဟာ သံသယကိုပိုကြီးထွားစေတယ်..
နေပြည်တော်/မြန်မာ့ယဉ်ကျေးမှု စတာတွေနဲ့ ပတ်သက်မှုလုံးဝမရှိဘူး။

ဒါနဲ့ .. ဟိုနှိပ်ဒီနှိပ်တွေလုပ်ရင်း ထွက်လာတော့တာပါပဲ...။
အင်းဒီးယန်းရုပ်ရှင်မင်းသား Shah Rukh Khan ရဲ့ အိမ်ကို နေပြည်တော်နန်းတော်ဆိုပြီး တင်ထားတာပါပဲ..။
Original link ကတော့

http://getinterestingfacts.blogspot.com/search/label/Shah%20Rukh%20Khan%20house%20pics
http://blog.pkp.in/2009/06/shahrukh-khans-residence-mannat.html

Shah Rukh Khan ရဲ့ အိမ် ဆိုတာတောင် ယုံရခက်ပါတယ်...
မောင်မျိုး...သို့မဟုတ်.. ကိုဖြိုးအိမ်တောင်ဖြစ်နိုင်တယ်.. :D







12 comments:

Anonymous said...

တကယ်က LA Bel Air က Palatial House ပါ။ http://www.onlocation.com/displayimage.php?searchtype=blueid&blueid=1662

အိမ့်ချမ်းမြေ့ said...

ဟလို... မင်္ဂလာပါရှင်..
တက်စတင် မင်္ဂလာ..

Phyo Evergreen said...

ဟမ်......!

သိင်္ဂါကျော် said...

အဲဒါတွေကြောင့်လည်း ခက်တာပဲနော်.. အဲဒီ mail တွေထဲမှာ မဟုတ်တာတွေက 80% လောက် ဖြစ်နေတာ..

မောင်မျိုး said...

ဟုတ်ပါ့ ကျနော်တောင် စိတ်ထဲက ဘဘကြီးတို့ကို မေတ္တာပို့လိုက်သေးတယ်း) ခုတော့ အင်းး အဲ့ဖော်ဝက်တွေကို သေချာဖတ်ပြီး ယုံရတော့မယ် ။

မေဓာဝီ said...

ဟုတ်တယ် မလေးရေ
အဲဒီ ဓာတ်ပုံမေးလ် ရတော့ မမေမောင်လေးကို ပို့လိုက်တာ သူက အဲဒါ နေပြည်တော်နန်းတော် မဟုတ်ဘူး fake လို့ ပြောတယ်။ ဂူဂဲလ်မှာ ရှာကြည့်လို့ပြောတာပဲ။ လူတွေကလဲ ခက်တယ်နော် မဟုတ်တာတွေ လျှောက်ဖြန့်နေတာပဲ။
ဒါနဲ့ မလေးဘလော့ ၂ ခုက တဘက်နဲ့တဘက် တင်တာ မတူဘူးနော်။ ဟိုဘက်မှာ ဒီပို့စ် မတွေ့ဘူး။ :)

ရွှန်းမီ said...

မလေးအိမ့်.. =)
ညီမဆီလည်း အဲ့ပုံတွေ ဖော်ဝပ်လုပ်ခံရတာ ခဏခဏရှိပြီ။ နံရံကပ်ဓာတ်ပုံတစ်ခုမှာ အဖိုးကြီးနဲ့ အမယ်ကြီး အရပ်တော်တော်ကွာနေတာ မြင်ပါတယ်။ ဒီတော့ ဦးသန်းရွှေအိမ်တော့ မဟုတ်နိုင်ဘူးလို့ :D

(တစ်ယောက်ယောက်အိမ် ဆိုလည်း အဟောင်းကြီးဖြစ်မယ်ထင်တယ်.. ပုံထဲက တီဗွီက အခုံးပဲ ရှိသေးတယ်.. )

Anonymous said...

အဲဒါကြောင့်ကိုး။ ကျွန်မက နေပြည်တော်လိုပူတဲ့နေရာမှာလည်း နေသေးတယ်၊ မီးလင်းဖိုကြီးကဘာလုပ်ဖို့ပါလိမ့်လို့ တွေးနေတာ။ အခန်းတခုထဲမှာ မီးလင်းဖိုတွေ့လို့ပါ။ ကျေးဇူးပါအမ။

မောင်မောင် said...

မလေး ရေ အဲဒီဖော်ဝပ်ပုံ ရကတည်းက သံသယ နဲ့ ပဲ ရှိနေခဲ့ ပါတယ်။ သေသေချာချာ ကြည့်ယင် မြန်မာ မှု့ နဲ့ သက်ဆိုင်တာ ပစ္စည်း အထားအသို တွေဟာ သံသယဖြစ်စရာပါ။
နောက်တစ်ခု က နေပြည်တော်မှာ နေဖူးသူ က ပြောတယ်။ ဦးသန်းရွှေ အိမ်မပြော နဲ့ ၀န်ကြီး အိမ်လို ဟာမျိုး တောင်မှ ဓါတ်ပုံ ရိုက်ဖို့ မလွယ်ဘူးပြောပါတယ်။
ရှာဖွေတင်ပြပေးတဲ့ အတွက် ကျေးဇူးနော်။ :D

ခင်မင်သော
မောင်မောင်
အာဖဂန်ပြည်

အိမ့်ချမ်းမြေ့ said...

မခင်ဦးမေ.. ကွန့်မင့်ထားသွားတယ်ထင်တယ်.. ကျမ ကလစ်နှိပ်လိုက်တာ ရှာမတွေ့တော့ပါ.. ကျမ ခုတလော ဂူဂဲလ်အနယ်လစ်တစ်နှင့် တော်၂လေးအဆင်မပြေလို့..

အနောနမတ်.. ဘယ်ဟာအော်ရဂျင်နယ်လည်းတောင် ကျမ မသိတော့ပါဘူးရှင်။

ကိုဖြိုး..
ဘာခုမှ မသိဟန်ဆောင်နေသတုန်း :D

သိင်္ဂါကျော်..
အချို့ကလည်း ဟာသလုပ်ချင်တာလား မသိပါဘူးကွယ်..

မောင်မျိုး..
ကြားလိုက်တယ်ကွယ် မေတ္တာပို့သံကိုလေ

မမေ..
ဟို..လေ..ကြောက်.. လို့။

ရွှန်းမီ..
သူ့မျက်လုံးက မလေးအိမ့်ထက်တောင် ပိုရှင်သေးနော်..ဟွန်း

အနော်နမတ်၂.. ဖက်ရှင်ထွင်တာနေမယ်နော်..

ကိုမောင်မောင်..
ဘယ်သူ့မှ လာမဖတ်ဖူးထင်လို့ ဒီမှာလာရေးထားတာ ကိုမောင်မောင်ကလည်းလေ :D

တန်ခူး said...

အမလဲ forward လုပ်လိုက်လို့ သူငယ်ချင်းတွေ မေတ္တာပို့ တာ ခံလိုက်ရသေးတယ်...ဟိဟိ... သြော်လက်စသတ်တော့ သူ့ အိမ်ကိုး... ဝေမျှပေးတာ ကျေးဇူးပါအိမ့်ရေ... သူငယ်ချင်းတွေကို ပြန်ပြောလိုက်ဦးမယ်...

အိမ့်ချမ်းမြေ့ said...

တန်ခူး...

ဟုတ် မ..း))

LinkWithin

Related Posts Plugin for WordPress, Blogger...