မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, May 09, 2010

မြက်ပန်းသက်သေ


တော်ဝင်ပန်းလို… သစ်အိုပင်ဖျား
မားမားမြင့်မြင့်… မပွင့်ရဲကွယ်.…။

နေရောင်ထဲလည်း… စွင့်စွင့်ကားကား..
ကြွားကြွားဝင့်ဝင့်.. မတင့်ရဲကွယ်…။

လေပြေလွန့်လူး ညွန့်နူးဟန်မလုပ်
မိုးစုပ်ချုပ်တောင်… အရောင်မလန်း
မြက်ပန်းဘ၀…
အဆန်းလည်း မဟုတ်တော့ပါဘူးကွယ်..။

ဒီလိုနဲ့…
လမ်းဘေးမှာပွင့်
လမ်းပေါ်ပဲတင့်
လမ်းကိုလွှမ်းခြုံ
လမ်းကိုရုံလို့
လမ်းပေါ်ဆိတ်ဆိတ်
သိုသိပ်သိပ်နဲ့...
တိတ်တိတ်ကလေးပဲ ပွင့်လိုက်တယ်…။

5 comments:

Republic said...

ပန်းတွေထဲက ပန်းတစ်ပွင့်ပါပဲ ။ ဒါနဲ့ တင်လုံလောက်မှာပါ။
ဝင်ခံစားမိတာ ရေးချလိုက်တာနော် ။ 

မောင်မျိုး said...

ပန်းဆိုတာ လှနေဖို့ပါပဲ တစ်ခြားဘာမှမလိုဘူး သူလည်း သူ့အရောင်သွေးနဲ့ သူ့လှပမှုနဲ့ သူပဲ။ မြပန်းဘ၀လေးက အေးချမ်းပါတယ်လေ ကျနော်တော့ နှစ်သက်တယ် ။

မောင်မောင် said...

မလေး ရေ ကဗျာလေး လာဖတ်သွားပါတယ်။
သိုသိုသိပ်သိပ် နဲ့ တိတ်တိတ်လေး ပွင့်လိုက်တယ်။ တဲ့
အဲဒီ အပိုင်းလေး ကို သဘောကျမိပါရဲ့ ။

~ဏီလင်းညို~ said...

်မလေးရေ.....

ကျွန်တော်ကတော့ ဘာပန်းဖြစ်ဖြစ်မြင်နေရရင် သိပ်သဘောကျတာ....။
(ယောက်ျားလေးဖြစ်ပြီးတော့လေ....း))
ဘာပန်းဖြစ်ဖြစ် အလှကိုယ်စီပေါ့နော်ဗျာ.....။
နောက်ဆုံးပိုဒ်က အသံချလေးကို နှစ်သက်မိတယ်ခင်ဗျ....။
“သိုသိုသိပ်သိပ်နဲ့.......
တိတ်တိတ်ကလေးပဲ ပွင့်လိုက်တယ်”.....တဲ့လေ....။
ဘယ်လောက်တောင် ကောင်းသလဲနော်......
အားကျပါ့.......။

ခင်မင်တဲ့
ဏီလင်းညို

Phyo Evergreen said...

“သိုသိုသိပ်သိပ်နဲ့ တိတ်တိတ်လေးပဲ” သာဆိုတယ်.. အစ်မလုပ်မှဘဲ.. သူ့ခမျာ ပြူးတူးပြဲတဲနဲ့ အင်တာနက်ကြီးပေါ်ရောက်လို့..။ =)

LinkWithin

Related Posts Plugin for WordPress, Blogger...