မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, May 27, 2010

ကိုယ့်ကို မေ့မသွားပါနဲ့

ပုံပြင်(၁)

တစ်ခါက ပန်းဥယာဉ်ကြီးတစ်ခုထဲမှာ ပန်းတွေကို ဖန်ဆင်းရှင်သန်ကြီးထွားစေတဲ့ ဥယာဉ်မှူးဟာ သူ့ပန်းပင်ကလေးတွေကို တစ်ပင်ချင်းစီ အမည်နာမ သတ်မှတ်ပေးတယ်တဲ့။ ပန်းပင်၊ သစ်ပင်တွေကို အမည်နာမပေးပြီးသွားလို့ ဥယာဉ်ကြီးထဲမှာ ထိုင်နေတုန်း.. ခပ်လှမ်းလှမ်းထောင့်တစ်နေရာက သေးငယ်တဲ့ အပြာရောင်ပန်းကလေးက ဥယာဉ်မှူးကို တိုးတိုးလေး လှမ်းပြောလိုက်တယ်တဲ့…
"ငါ့ကို မေ့မသွားပါနဲ့….."


ပုံပြင်(၂)
ဟိုးတစ်ခါတုန်းက ဘုရင့်တပ်ကစစ်သားလေးတစ်ဦးနဲ့ သူ့ရဲ့လေဒီတို့ဟာ မြစ်ကမ်းနဖူးမှာ လမ်းလျှောက်ထွက်လာကြတယ်။
မြစ်ကမ်းနဖူးပေါ်မှာတော့ အပြာရောင်ပန်းသေးသေးလေးတွေဟာ အစီအရီပေါက်နေကြတာပေါ့။ စစ်သားလေးဟာ သူ့မိန်းကလေးကိုပေးချင်လို့ ကမ်းစပ်က ပန်းတွေကို လှမ်းခူးယူလိုက်တယ်။ အဲဒီမှာ.. ရင်ဘတ်ကသံချပ်ကာရဲ့ အလေးချိန်ကြောင့် သူဟာ ပန်းတွေတပွေ့တပိုက်နဲ့ မြစ်ရေထဲကို ကျသွားတယ်တဲ့ကွယ်..။ ဒါတောင်မှ လက်ထဲက ပန်းတွေကို သူ့မိန်းကလေးဆီရောက်အောင် လှမ်းပစ်ပေးလိုက်ပြီး ရေစီးနဲ့အတူမျောပါသွားခဲ့တယ်။ စစ်သားလေးပျောက်ကွယ်မသွားခင်မှာ သူ့မိန်းကလေးကို သူအော်ပြောခဲ့တယ်…။
"ကိုယ့်ကို မေ့မသွားပါနဲ့…။"


ပုံပြင်(၃)
တစ်ခါတုန်းက သခင်ယေရှုကလေးဘ၀တုန်းက သူ့မိခင်မာသာမေရီရဲ့ ရင်ခွင်ထဲမှာခွေပြီး သူ့မိခင်မျက်လုံးတွေကို ငေးကြည့်နေတယ်။ အမေ့ရဲ့မျက်လုံးတွေကို နောင်လာနောက်သားတွေကို သားမြင်စေချင်လိုက်တာ အမေလို့ ပြောပြီး မာသာမေရီရဲ့မျက်လုံးတွေကို လက်ကလေးနဲ့ထိလိုက်တယ်။ ပြီးတော့ လက်ကလေးကို မြေပြင်ပေါ်ကို ဝှေ့ယမ်းလိုက်ချိန်မှာ အပြာရောင်ပန်းကလေးတွေဟာ မြေပြင်ပေါ်မှာ အစီအရီပေါ်လာတယ်တဲ့ကွယ်…။
ပုံပြင်(၄)


forgemenot2.gif

forgetmenot4.gif
ကိုယ့်ကိုမေ့ မသွားပါနဲ့ကွယ်..
ဘာရယ်မဟုတ်ပါဘူး... ခြံထဲမှာ နွေဦးဆိုရင် တိုးတိုးတိတ်တိတ်ပေါက်လာတဲ့ ချစ်စရာပန်းကလေးတွေကို ဝေမျှချင်လို့ပါ။


17 Comments »

1.

အဲဒီအပြာရောင်ပန်းလေးတွေကို ကြိုက်လိုက်တာ။

Comment by အပြုံးပန်း — May 27, 2010 @ 5:56 pm |Edit This
2.

စကားမစပ် မလေးရေ၊
ရသတွေကို ရှာမတွေ့လို့လား၊
စာတွေ ခဏခဏ ရောက်မလာလို့။

ချစ်ခင်စွာ

Comment by အပြုံးပန်း — May 27, 2010 @ 5:57 pm |Edit This
3.

ကျနော်လည်း အဲ့လို “ကိုယ့်ကို မေ့မသွားပါနဲ့လို့ တစ်ယောက်ယောက်ကို ပြောဖူးသလားလို့ ။ အစ်မလိုပဲ ဘာရယ်မဟုတ်ပါဘူး :P

Comment by MgMyo — May 27, 2010 @ 6:10 pm |Edit This
4.

ပန်းလေးတွေ ကို တင်စားထားတာ သိပ်လှတယ်
စာဖတ်သူ ကို ခံစား ထိမိစေတယ်

Comment by Republic — May 27, 2010 @ 7:52 pm |Edit This
5.

Forget-me-nots လား နာမည်ကိုပဲ ရင်းနှီးပြီး သဘောကျနေတာ အပြင်မှာတော့ တစ်ခါမှ မမြင်ဖူးဘူး.. ချစ်စရာလေးနော်.

Comment by သိင်္ဂါကျော် — May 27, 2010 @ 7:57 pm |Edit This
6.

ပန်းပြာပြာလေးတွေကချစ်စရာကောင်းတယ်…….. ပန်းတွေကိုတော့ စွဲစွဲလန်းလန်းနှစ်သက်မိတယ်အစ်မ..။
အစ်မကိုလည်း forget-you-not ပါ… =)

Comment by EvergreenPhyo — May 27, 2010 @ 10:07 pm |Edit This
7.

အပြုံးပန်း.. ရသဆိုတာ.. မလေးတွက် လောလောဆယ်မှာ ရှားပါးပစ္စည်းဖြစ်နေလို့ အပြုံးပန်းရေ..း))
မောင်မျိုး.. အဲလိုပဲ ဘာရယ် မဟုတ်ပါဘူး..
Republic … ကျေးဇူးတင်ပါတယ်ရှင်း)
သိင်္ဂါကျော်.. သေးသေးလေးတွေနဲ့ ချစ်စရာလေးတွေ သူက
EvergreenPhyo... ဒီလိုပဲ ဘလောဂါတွေက တိတ်ဆိတ်သွားတတ်လို့

Comment by မလေး — May 28, 2010 @ 12:36 pm |Edit This
8.

မလေးရယ်.. သတိရတယ်.. forget me not လေးတွေက အစုအစုနဲ့ပွင့်ကြတာမို့ သူတို့လေးတွေ အမေ့ခံရလဲ ဝမ်းနည်းစရာ အဖော်ရှိမှာပါ

Comment by မွန် — May 28, 2010 @ 1:07 pm |Edit This
9.

အပြာရောင်ပန်းကလေးတွေက ချစ်စရာ
အဖွဲ့အနွဲ့လေးကလည်း ချစ်စရာ
အစ်မခြံထဲမှာ ဒီလိုပန်းကလေးတွေရှိတယ်ပေါ့
ပျော်စရာကောင်းလိုက်တာနော်
လာလည်ချင်လာပြီ..

Comment by ချော(အစိမ်းရောင်လွင်ပြင်) — May 28, 2010 @ 7:25 pm |Edit This
10.

Hi Sister…..
ကိုယ့်ကိုမေ့ မသွားပါနဲ့ကွယ်..
ပန်းလေးတွေ ကို တင်စားထားတာ သိပ်လှတယ်
ကျေးဇူးတင်ပါတယ

Comment by phyo thet aung — May 29, 2010 @ 2:50 am |Edit This
11.

အဲ့ဒီပန်းကို နာမည်ကြားဖူးပြီး ပန်းပုံမမြင်ဖူးခင်တကည်းက ကြိုက်တာပါ =)

Comment by shwunmi — May 29, 2010 @ 7:04 pm |Edit This
12.

မွန်.. အရမ်းပျောက်နေတယ်နော်..
ချော.. ချောဘယ်တော့လာမလည်းပြေား)
phyo thet aung .. ကျေးဇူးတင်ရမှာ မလေးပါ
ရွှန်းမီ.. မလေးကတော့ နာမယ်ကိုသိပ်မကြိုက်ဘူး.. ပန်းကလေးတွေကိုပိုကြိုက်တယ်ညီမလေး

Comment by မလေး — May 30, 2010 @ 11:43 pm |Edit This
13.

ပန်းလေးကော စိတ်ကူးလေးကောလှတယ်။

Comment by zwesoelwin — June 1, 2010 @ 10:00 pm |Edit This
14.

မလေး ရဲ့  ကိုယ့်ကို မေ့မသွားပါ နဲ့ စာစုလေး လာဖတ်ရှု့ သွားပါတယ်။
ပန်း လှလှလေး တွေ လဲ တိတ်တိတ်လေး ခဏယူသွားပါတယ်။ :)
ပျော်ရွှင်နိုင်ပါစေ မလေး ရေ!

Comment by မောင်မောင် — June 2, 2010 @ 11:45 am |Edit This
15.

အိမ်ခဏပြန်သွားလို့ ခုမှလာဖြစ်ပါတယ် မလေးရေ။

“ငါ့ကို မေ့မသွားပါနဲ့” လို့ဆိုတဲ့ ကြယ်ပြာပန်းလေးတွေကို ချစ်တယ်။ မလေးရဲ့စာအဖွဲ့ကလည်း ပန်းလေးတွေလိုပဲ ချစ်စရာပါ။း)

ပန်းတွေစုံအောင်ပွင့်တဲ့ နွေဦးမှာ မလေးပျော်ပါစေ။

ချစ်တဲ့
ဇွန်

Comment by ဇွန်မိုးစက် — June 4, 2010 @ 6:10 am |Edit This
16.

အိမ်ခဏပြန်သွားလို့ ခုမှလာဖြစ်ပါတယ် မလေးရေ။

“ငါ့ကို မေ့မသွားပါနဲ့” လို့ဆိုတဲ့ ကြယ်ပြာပန်းလေးတွေကို ချစ်တယ်။ မလေးရဲ့စာအဖွဲ့ကလည်း ပန်းလေးတွေလိုပဲ ချစ်စရာပါ။း)

ပန်းတွေစုံအောင်ပွင့်တဲ့ နွေဦးမှာ မလေးတစ်ယောက် ပျော်ရွှင်နေမှာပဲလို့…။

ခင်တဲ့
ဇွန်

Comment by ဇွန်မိုးစက် — June 4, 2010 @ 6:12 am |Edit This
17.

ကဗျာတွေကတအားကောင်းလွန်းပါတယ် ပုံပြောတာလေးကလည်းတအားစိတ်ဝင်စားမိပါတယ်

မြေမြင့်ကိုကို

Comment by Anonymous — June 26, 2010 @ 1:22 am |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...