မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, March 30, 2010

ကြိုးစားပါတယ် အချစ်ရယ်..

ကစားပွဲတွေ၊ ပြောင်းလဲခြင်းတွေနဲ့ ကြောက်ရွံထိတ်လန့်ခြင်းတွေ….
ဒါတွေဘာဆက်ဖြစ်ကြဦးမှာလဲကွယ်..
ဘယ်တော့ ရပ်ဆိုင်းကြမှာလဲ…

ကိုယ်ယုံကြည်မိတာတစ်ခုကတော့
ကံကြမ္မာက တို့နှစ်ယောက်ကို ဒီနေရာကို ယူဆောင်လာခဲ့တယ် ဆိုတာပါပဲကွယ်..

ကိုယ်တို့ ဆုံဆည်းသင့်တယ်..
ဒါပေမယ့်
မဆုံဆည်းခဲ့ပါဘူး။

ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့်
ကိုယ်လေ... မင်းကို အိပ်မက်နေတုန်းပဲ…
လူတွေအမြင်မှာ ကိုယ်ဟာ အေး...ဆေး...လေး ပေါ့..
ဒါပေမယ့်..
ကိုယ်.. မင်းကို… မိန်းမူးနေဆဲပဲ..

နှုတ်ဆက်စကား ပြောဖို့ အခါခါကြိုးစားတိုင်း စကားလုံးတွေဟာ လည်ပင်းမှာ တစ်ဆို့နေတယ်..
မင်းနဲ့ဝေးရာပြေးဖို့ ကြိုးစားတိုင်းလည်း အခါခါ ပြိုလဲတယ်…
ကိုယ်ကြိုးစားဖုံးကွယ်ပေမယ့် .. အရမ်းသိသာနေတာ တစ်ခုကတော့… မင်းနဲ့ဝေးရာနေရာမှာ ရှိနေတဲ့ ကိုယ့်ရဲ့ကမ္ဘာဟာ တစ်စစီကြွေကျနေတယ်ဆိုတာပါပဲကွယ်…


ကိုယ်ဟာလွတ်လပ်ပေါ့ပါးနေသူတစ်ယောက်လိုဖြစ်နေပေမယ့် တစ်ကယ်တော့ အကျဉ်းသားတစ်ဦးပါ..
မင်းအချစ်ရဲ့အကျဉ်းသား.. မင်းအချစ်တွေရဲ့ ကျေးကျွန်။
မင်းကိုယ့်ကိုထားသွားတုန်းက အရာအားလုံးဘာမှမဖြစ်သလို ပြုံးနေခဲ့ပေမယ့်
ကိုယ့်အပြုံးတွေဟာ ဟန်ဆောင်မျက်နှာဖုံးသက်သက်ပါ။

နှုတ်ဆက်စကား ပြောဖို့ အခါခါကြိုးစားတိုင်း စကားလုံးတွေဟာ လည်ပင်းမှာ တစ်ဆို့နေတယ်..
မင်းနဲ့ဝေးရာပြေးဖို့ ကြိုးစားတိုင်းလည်း အခါခါ ပြိုလဲတယ်…
ကိုယ်ကြိုးစားဖုံးကွယ်ပေမယ့် .. အရမ်းသိသာနေတာ တစ်ခုကတော့… မင်းနဲ့ဝေးရာနေရာမှာ ရှိနေတဲ့ ကိုယ့်ရဲ့ကမ္ဘာဟာ တစ်စစီကြွေကျနေတယ်ဆိုတာပါပဲကွယ်…





intro plunkingကော.. စာသားလေးကိုကော မြတ်နိုးမိလို့...
တစ်ယောက်တည်း plunking နဲ့ တီးပြီး ဆိုလို့ကောင်းတဲ့ သီချင်းလေးပါ။
Macy Gray လည်းဆိုပေမယ့်လည်း Ben Taylor ရဲ့ ဂစ်တာသံက ပိုလှလို့...



2 comments:

ခွန်မြလှိုင် said...

မလေးရေ... မတွေ့တာ ကြာလှပြီနော် ... နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝပါစေရှင်...

~ဏီလင်းညို~ said...

မလေးရေ.....
ဘာများ တတ်စတင်း လုပ်သလဲလို့ လာချောင်းကြည့်ရင်း ဒီသီချင်းလေးကို ထပ်နားထောင်သွားတယ်....။ ကောင်းလိုက်တာ အရမ်းပဲနော်ဗျ....။
ကျွန်တော်တော့ ယူကျူကနေပြီး အမ်ပီသရီးပြောင်းပြီးသိမ်းထားလိုက်ပြီဗျာ......။
တစ်ခါတစ်လေ ယူကျူ့က ကိုးနက်ချင် မကောင်းရင် ပေကတ်ကတ်လုပ်တတ်သေးသကိုး.......း))
(နှစ်သစ်မှာ အစစ အဆင်ပြေပျော်ရွှင်ပါစေဗျား....။ တစ်မိသားစုလုံးပါပဲ....။)
ခင်မင်တဲ့
ဏီလင်းညို

LinkWithin

Related Posts Plugin for WordPress, Blogger...