မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, March 30, 2010

ကနေဒါရဲ့ရောင်စုံမျက်နှာများ

mosaic.jpgကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ visible minority population အခုလောလောဆယ်မှာ ၄၀% နှုန်းရှိပေမယ့် သက္ကရာဇ် ၂၀၃၁မှာတော့ ၅၉% ရှိလာလိမ့်မယ်လို့ Statistics Canada က ခန့်မှန်းထားပါတယ်။ visible minority population ဆိုတာကိုတော့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ လူနီအင်းဒီးယန်း မဟုတ်သူများနှင့် race အနေနဲ့ Caucasian အနွယ်ဝင် မဟုတ်သူများနဲ့ အသားအဖြူရောင် မဟုတ်သူများလို့ ဆိုထားပါတယ်။ ဒီစာမှာ လူဖြူ Caucasian အနွယ်ဝင် မဟုတ်သူများနဲ လူနီမဟုတ်သူများကို visible minority လို့ပဲ ဆက်ပြီး သုံးသွားမှာဖြစ်ပါတယ်။ နောက်ပြီး လူမျိုးစုတွေရဲ့ ရာခိုင်နှုန်းအချိုးတွေ၊ သူတို့ယုံကြည်ကိုးကွယ်မှုတွေရဲ့ အချိုးတွေနဲ့ ပညာရေးပိုင်းဆိုင်ရာ ရာခိုင်နှုန်းအချိုးအဆတွေကို ဖော်ပြပေးပါမယ်။
လူမျိုးစုများရဲ့ အချိုးများ

ဒီနေရာမှာ diversity ဆိုတဲ့ စကားကိုလည်း တွင်တွင်ကျယ်ကျယ်သုံးထားပါတယ်။ တိုရန်တိုမြို့ကြီးဟာ ဆိုရင်တော့ ဗင်ကူးဗားမြို့ထက် ပိုပြီးတော့ diverse ဖြစ်တယ်လို့ ဆိုပါတယ်။ သက္ကရာဇ် ၂၀၃၁မှာ တိုရန်တိုမြို့ရဲ့ visible minority ဦးရေဟာ ၆၃% ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Calgary (ကယ်လ်ဂါရီ) မြို့ကတော့ ၃၈% ဖြစ်ပြီး၊ အော့တ၀ါမြို့က ၃၆%၊ Montreal (မွန်ထရီရယ်လ်) ကတော့ ၃၁% အသီးသီးရှိလာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
ကနေဒါတစ်နိုင်လုံးအနေနဲ့ကတော့ လောလောဆယ် visible minority ဦးရေဟာ အနှစ်၂၀အတွင်းမှာ ၂၉%ကနေ ၃၂% အထိရှိလာလိမ့်မယ်လို့ ဆိုကြပါတယ်။
တောင်အာရှလူမျိုးစုတွေကတော့ visible minority အုပ်စုထဲမှာ အများဆုံးလို့ဆိုပါတယ်။ ၂၀၃၁မှာတော့ ၄.၁ မီလျှံအထိကို တိုးပွားလာမယ်၊ ဒုတိယအများဆုံး တရုတ်လူမျိုးများကတော့ ၁.၃မီလျှံမှ ၃မီလျှံအထိ တက်လာလိမ့်မယ်၊ တတိယနဲ့ စတုတ္ထ လူဦးရေအမြင့်ဆုံးလူမျိုးများဖြစ်တဲ့ လူမည်းများနဲ့ ဖိလိပီနိုများကတော့ ၂၀၃၁မှာ ၂ဆတိုးပြီး၊ အာရပ်များနဲ့ အနောက်အာရှ အနွယ်တွေကတော့ သုံးဆ တိုးလာမယ်လို့ ဆိုကြပါတယ်။
ဗင်ကူးဗားမြို့မှာတော့ visible minority တွေထဲမှာ တရုတ်လူဦးရေဟာ အမြင့်ဆုံးဖြစ်ပါတယ်။ ဆယ်စုနှစ်၂ခုအတွင်းမှာ လူဦးရေ လေးသိန်းမှ ဂသိန်း၉သောင်းထိ တက်လာမယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး visible minority ဦးရေတိုးပွားလာတာဟာ အချို့လူတွေအတွက် ကြောက်စရာလန့်စရာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ကနေဒါနိုင်ငံမှာ လူဖြူဦးရေနည်းပါးလားမှုကို စိုးရိမ်ထိန့်လန့်နေကြတဲ့ တစ်ချိန်ထဲမှာပဲ လုပ်ငန်းခွင်ကနေ ပင်စင်ယူကြတော့မယ့် လက်ရှိအသက်ကြီးသူတွေနေရာမှာ အစားထိုးဖို့၊ ပညာတတ်ပြီး အသက်ငယ်ရွယ်တဲ့ ပြောင်းရွှေ့လာသူတွေကို မျှော်လင့်နေကြပါတယ်။ ဒီလိုလူငယ်တွေဟာ အလုပ်လုပ်ပြီးအခွန်ငွေပေးဆောင်ခြင်းဖြင့် ကနေဒါနိုင်ငံရဲ့ပင်စင်စနစ် (Canadian Pension Plan) ကို ငွေကြေးအရ ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။
ကိုးကွယ်ယုံကြည်မှုအချိုးများ

ဒီကြားထဲမှာ အစ္စလာမ်သာသနာဟာ ခရစ်ယာန်သာသနာပြီးရင် ဒုတိယအကြီးဆုံးဖြစ်လာနေတဲ့ အကြောင်း၊ ယခုလက်ရှိအချိန်မှာ အစ္စလာမ်ဘာသာဝင် ၇၂,၀၀၀ ရှိနေရာမှ အနှစ်၂၀အတွင်းမှာ ၂၃၀,၀၀၀ အထိ တိုးပွားလာမှာဖြစ်ကြောင်းလည်း ပြောနေကြပါတယ်။ ဗင်ကူးဗားမြို့မှာ ခရစ်ယာန်ဘာသာကို လက်ခံယုံကြည်သူတွေဟာ ယခုလက်ရှိ ၅၀% နှုန်းရှိနေပေမယ့် ၄ရ%ကို ကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဘယ်ဘာသာကိုမှ ယုံကြည်သက်ဝင်မှု မရှိ လို့ ဆိုသူများရဲ့ ဦးရေကတော့ ပြောင်းလည်းခြင်းမရှိဘဲ၊ ၂၀၃၁မှာလည်း ၃၃% မှာပဲ ရှိနေမယ်လို့ ဆိုပါတယ်။ အချို့လူတွေ ထင်နေသလို ဥရောပဟာ ၂၀၄၀မှာ အစ္စလမ်သာသနာရဲ့ လွှမ်းမိုးမှုကိုခံရမယ်ဆိုတာ မဟုတ်နိုင်ကြောင်းကို ဆောင်းပါးရှင် Douglas Todd က ဆိုပါတယ်။ အဲသလိုဖြစ်လာရင်တောင် ဗင်ကူးဗားမြို့တော်ဟာ ဥရောပ မဟုတ်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့ ဥရောပဟာ ဗင်ကူးဗားမြို့တော်လို ဘာသာရေး၊ယုံကြည်သက်ဝင်မှုပေါင်းစုံ ယှက်ထွေးနေတဲ့ နေရာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဗင်ကူးဗားမှာ ခရစ်ယာန်၊ မူစလင်၊ sikh၊ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူ၊ ဂျူးဘာသာဝင်၊ စသည်တို့ဟာ အချိုးကျစွာ ရှိပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ၂၀၃၁မှာ ဒီမြို့ရဲ့ အစ္စလာမ်ဘာသာဟာ ၆% နှုန်းပဲ ရှိလိမ့်မယ်၊ sikhဘာသာဝင်တွေကတော့ ၂၀၃၁မှာ ၇.၂% ရှိမှာဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေထက်တောင် ပိုများလိမ့်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ ဗုဒ္ဓဘာသာဝင်တွေဟာ ဘီစီပြည်နယ်ရဲ့ တတိယအများဆုံးဖြစ်ပေမယ့် ဒီနေရာကို အစ္စလာမ်ဘာသာဝင်တွေက ၂၀၃၁မှာ နေရာယူမှာဖြစ်ပါတယ်။ ၂၀၃၁မှာ ဗုဒ္ဓဘာသာဝင်တွေဟာ လူဦးရေရဲ့ ၄.၂%၊ ဟိန္ဒူဘာသာဝင်တွေဟာ ၂.၄%၊ ဂျူးဘာသာဝင်တွေဟာ ၀.၆% ဖြစ်လိမ့်မယ်။
နောက်ပိုင်း ဒီဘက်ပိုင်းကလူတွေဟာ မိမိဘယ်ဘာသာကို ယုံကြည်ကိုးကွယ်တယ်ဆိုတာကို လူရှေ့မှာ သိပ်မပြောကြတော့ပါဘူး။ ဆောင်းပါးရှင်ကလည်း ဒီလိုပဲ ဆိုထားပါတယ်။ မိမိယုံကြည်မှုဟာ မိမိတစ်ဦးတည်းနဲ့သာ သက်ဆိုင်တယ်ဆိုတဲ့ အပြုအမှုတွေကို ပြုမှုလာကြပါတယ်။ အကြောင်းပြမှုတွေအများကြီးတွေထဲမှာမှ၊ လွတ်လပ်စွာတွေးခေါ်ပြီး(သူတို့၏ယူဆချက်) ဘာသာတရားတွေနဲ့ ထုံးတမ်းစဉ်လာတွေရဲ့အဝေးမှာ နေနေတဲ့သူတွေ(နေချင်တဲ့သူတွေ)ကတော့ ဘယ်ဘာသာဝင်တွေမှ မဟုတ်တဲ့ non- religious တွေဖြစ်လာတတ်တာပါပဲ။ အဲလိုလူတွေရဲ့ဦးရေဟာ ဒီနိုင်ငံမှာ များပြားလာပေမယ့် ရာခိုင်နှုန်းအနေနဲ့ တက်မလာတာကတော့ အခုနပြောတဲ့ visible minority တွေနဲ့အတူပါလာတဲ့ ဘာသာတွေကြောင့်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်တစ်ခုက ကနေဒါနိုင်ငံဟာ ရုံးသုံးဘာသာစကားအနေနဲ့ အင်္ဂလိပ်နဲ့ပြင်သစ် နှစ်မျိုးသုံးပေမယ့် တစ်ကယ်တမ်းမှာတော့ အင်္ဂလိပ်ကော ပြင်သစ်စကားကော လုံးဝမတတ်သူတွေလည်း ရှိနေပါတယ်။ ၁၉၈၁မှာ ရုံးသုံးဘာသာစကား၂မျိုးလုံးကို မတတ်သူတွေဟာ ၁၀%နှုန်းခန့်ရှိပေမယ့် ၂၀၀၆မှာ ၂၀%ထိ တက်လာပါတယ်။ ၂၀၃၁မှာတော့ ၃၁%နှုန်းထိ တက်လာလိမ့်မယ်လို့ ဆိုပါတယ်။
၁၉၂၀နဲ့ ၁၉၃၀ခုနှစ်တွေကြားမှာ ဥရောပဟာ သူတို့ရဲ့ဆင်းရဲသားတွေကို အမေရိကတိုက်ကြီးရဲ့သောင်ကမ်းတွေပေါ်ကို အစုလိုက်အပြုံလိုက် ပို့လွှတ်ပြီး ဥရောပကို ဆင်းရဲသားဦးရေနည်းအောင် လုပ်ခဲ့ပါတယ်။ ဒီလိုဥရောပသားတွေ အမေရိကတိုက်ကြီးပေါ်ကို အစုလိုက်အပြုံလိုက်ရောက်လာပေမယ့် သူတို့ရဲ့သားမြေးတွေဟာ ကနေဒါရဲ့ အင်အားကြီးလူမျိုးစု ဖြစ်မလာဘူးလို့ ဆိုနေကြပါတယ်။ တစ်ကယ်တမ်း အနှိမ်ခံရသူတွေ၊ ခွဲခြားမှုခံရသူတွေ၊ ဆင်းရဲသားတွေ၊ ghettos တွေမှာ နေနေရသူတွေဟာ လူဖြူတွေလား visible minority တွေလားဆိုတာကို မေးခွန်းထုတ်လာကြပါပြီ။
ပညာရေး အချိုးအဆများ

ဆောင်းပါးရှင်တွေကတော့ ဒီလိုအနှိမ်ခံတွေဟာ လူဖြူတွေပါလို့ ပြောလာကြပါပြီ။ ပညာရေးပိုင်းမှာဆိုရင် ရွှေ့ပြောင်းလာတဲ့ တရုတ်လူမျိုးများရဲ့ သားသမီးတွေဟာ ၉၀% ယူနီဗာစတီဝင်းထဲမှာ ရှိနေပါတယ်။ ကောလိပ်ကျောင်းတွေမှာ ဆိုရင် တရုတ်လူမျိုးတွေဟာ ၉၈% ရှိပါတယ်။ သူတို့ဟာ အသက်၂၁နှစ်မပြည့်ခင်မှာကို ကောလိပ်ဒီဂရီတစ်ခုခု ရရှိနေပြီဖြစ်ပါတယ်။ ၇၅% သော ကနေဒါနိုင်ငံသား-ကိုးရီးယန်းလူမျိုးတွေဟာ ကနေဒါနိုင်ငံက ယူနီဗာစတီဒီဂရီတစ်ခုခုကို ရရှိပြီးသူများဖြစ်တယ်။ ဖိလိပီနို-ကနေဒီယန်များကတော့ ယူနီဗာစတီ ဒီဂရီကိုရရှိထားတဲ့ ရာခိုင်နှုန်းက ၅၉% ရှိပါတယ်။ အာရပ်ကနေဒီယန်တွေကတော့ ၅၂%ဖြစ်ပါတယ်။ အဖြူကနေဒီယန်တွေရဲ့ ယူနီဗာစတီဒီဂရီရရှိနှုန်းကတော့ ဟိုးအောက်ဆုံးမှာဖြစ်တဲ့ ၂၆% ပဲဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းတွေရဲ့ ထိပ်တန်းအတန်းတွေမှာဆိုရင်ဖြင့် အမည်တွေဟာ Lee, Singh, Fayed စတဲ့အမည်တွေနဲ့ဆုံးကြတာများတယ်လို့ဆိုပါတယ်။ သဘောကတော့ လူဖြူတွေဟာ အဲသလို ထိပ်တန်းအတန်းတွေကို မရောက်ကြတော့ဘူးလို့ ဆိုလိုတာပါ။ အခုနောက်ပိုင်းမှာဆိုရင် လူဖြူတွေရဲ့လုပ်ငန်းတွေဟာ သိသိသာသာ အသက်မွေးဝမ်းကျောင်းမှု(trade) အပိုင်းကိုကျလာတာကိုလည်း မြင်နိုင်ပါတယ်။ ဆိုလိုတာ ခြံရှင်းသူ၊ မြက်ခုတ်သူ၊ လက်သမား၊ electrician ထိုသို့အသက်မွေးမှုတွေမှာ တွေ့လာရတယ်။ အဲသလို လူဖြူတွေရဲ့ ပညာရေးပိုင်းနဲ့ အသက်မွေးဝမ်းကျောင်းမှုအပိုင်းတွေဟာ visible minority တွေလောက် မမြင့်တော့တာကို သူတို့လူဖြူတွေဟာ စိုးရိမ်လာကြပါတယ်။

လူဖြူတွေအတွက် မေးခွန်းထုတ်လာစရာတစ်ခုက ဥရောပမှ ပြောင်းရွှေ့လာသူတွေ မဟုတ်တဲ့၊ လူဖြူမဟုတ်သူတွေကြောင့်၊ လူဖြူတိုင်းပြည်ဖြစ်တဲ့ လက်ရှိကနေဒါနိုင်ငံရဲ့ ရှိပြီးသားထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှုနဲ့ ရပ်တည်မှုတစ်ခုခုဟာ တစ်ဖြည်းဖြည်းနဲ့ပြောင်းလည်းလာနေပြီလားဆိုတဲ့ မေးခွန်းပါပဲ။
Multiculturalism နဲ့ diversity စကားလုံးတွေကို ထည်လဲသုံးနေတဲ့ ကနေဒါဟာ၊ တစ်ကယ်တမ်းမှာတော့ ယခုလို ဥရောပမှမဟုတ်တဲ့ အခြားနေရာမှ ပြောင်းရွှေ့လာသူတွေကို အစုလိုက်အပြုံလိုက်လက်ခံနေတာဟာ ပြည်ထောင်စုသွေးစည်းမှုအတွက် အခက်အခဲဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီတိုင်းပြည်ဟာ လူဖြူတွေစတင်တည်ထောင်ထားတဲ့ တိုင်းပြည်ပဲဖြစ်ပါတယ်။ လူဖြူတွေဟာ သူတို့တိုင်းပြည်နဲ့ယဉ်ကျေးမှုကို အခြားလူမျိုးစုတွေရဲ့ ၀ါးမြိုသွားခြင်းကို အဖြစ်ခံလိမ့်မယ်လို့ မထင်မိဘူး။ အခုဆိုရင်ကို Immigration Policy တွေကို တင်းကျပ်လာပါဖို့ Quebec ပြည်နယ်ကစပြီး ဦးဆောင်နေပါပြီ။ 1962 ခုနှစ်အရှေ့ပိုင်းမှာ လူဖြူများသာ ကနေဒါနိုင်ငံထဲကို တရားဝင်လာရောက်ဝင်ခွင့်ရှိပါတယ်။ 1962 မှာမှ The White Canada immigration policy ကိုပယ်ဖျက်လိုက်ခြင်းဖြစ်ပါတယ်။ အချိန်မရွေး ဒီပေါ်လစီကို ပြန်လည်အသက်သွင်းနိုင်ခွင့်ရှိတယ်လို့ ကျမတော့ မြင်ပါတယ်။
နောက်တစ်ခုက လူမျိုးစုလေးတွေအနေနဲ့က တောင်းဆိုမှုတွေ သိပ်များလာရင်၊ လူဖြူတွေတည်ဆောက်ပြီးသား တိုင်းပြည်မှာလာနေပြီး အင်အားကြီးလူမျိုးစုတစ်ခုကို သွားအန်တုသလိုဖြစ်ပြီး တန်ပြန်သက်ရောက်မှုတွေကို အနည်းနဲ့အများ ခံရမှာကို စိုးရိမ်မိပါတယ်။ မကြာသေးခင်က ပြီးဆုံးသွားတဲ့ အိုလံပစ်ဖွင့်ပွဲ အပြီးမှာ ဒီမြို့က visible minority တွေရဲ့ မကျေနပ်တဲ့အသံတွေ ထွက်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖွင့်ပွဲဟာ လူဖြူတွေနဲ့လူနီအင်းဒီယန်းများကိုသာ ပွဲထုတ်ထားတဲ့ ပွဲဖြစ်နေတဲ့အတွက် visible minority တွေက သိပ်မကျေနပ်ကြပါဘူး။ အိုလံပစ်ပွဲ တစ်လျှောက်လုံးမှာလည်း ပိတ်ပွဲကျရင် visible minority တွေပါ ပါဝင်ဖို့ အထူးသဖြင့် ဒီမြို့ရဲ့ တရုတ်နဲ့ကုလားလူမျိုးတွေက တိုက်တွန်းကြပါတယ်။ ဒီလိုနဲ့ ပိတ်ပွဲမှာ အာရှတိုင်းသားအချို့ကို ထည့်သွင်းတာကို သတိထားလိုက်မိတယ်။ အရှေ့တိုင်းသား လူမျိုးသုံးလေးငါးယောက်ကို ကမ္ဘာကမြင်သာနိုင်တဲ့နေရာဖြစ်တဲ့ မိန့်ခွန်းပြောတဲ့ စင်နောက်မှာ တယောတီးခိုင်းထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနေရာမှာ ကနေဒါဟာ အမေရိကန်နိုင်ငံရဲ့ melting pot ပုံစံမျိုးနဲ့ကွဲလွဲစွာ၊ လူမျိုးတွေစုံစုံလင်လင် ညီညီညွှတ်ညွှတ်နေကြတယ်ဆိုတဲ့ mosaic ပုံဖော်ချင်တဲ့အတွက် အခုလိုလေးတွေလုပ်ပေးထားပေမယ့် တောင်းဆိုမှုတွေသိပ်များလာရင်…… ဆိုတဲ့အတွေး ကျမ တွေးမိပါတယ်။
ယခုဆိုရင်ကို လူဖြူတွေဟာ သူတို့ချည်းပဲ သီးသန့်နေချင်လို့ မြို့ထဲကနေ မြို့ပြင်တွေဘက်ကို ပြောင်းထွက်နေကြတာကို သိသိသာသာမြင်နေရပါတယ်။ မြို့ပြင်ဒေသတွေမှာ သူတို့ဘာသာ သီးခြားမြို့လေးတွေ စတင်တည်ထောင်ပြီး မိသားစုလေးတွေ ပျိုးထောင်နေကြတာကို မြင်နေရပါတယ်။ မြို့လည်မှာ လူဖြူမဟုတ်သူအများစုတွေသာ ကျန်ခဲ့ပါတယ်။ Ghetto လေးတွေလည်း ဟိုနားတစ်စု သည်နားတစ်စု သတိပြုမိလာပါတယ်။ visible minority ဦးရေတိုးပွားလာတာဟာ လူဖြူတွေအတွက်ချည်းပဲ စိုးရိမ်စရာ မဟုတ်ပါဘူး၊ အခြားလူမျိုးစုအချင်းချင်းတွေအတွက်လည်း စိုးရိမ်စရာဖြစ်နေပါတယ်။ ဒီကြားထဲမှာ (မညှာတမ်းပြောရရင် လူဖြူတွေရဲ့အိမ်တွေနဲ့ခြံတွေဟာ အများအားဖြင့် ကောင်းကောင်းထိန်းသိမ်းခံရလို့ ပိုကောင်း ပိုသန့်၊ ရပ်ကွက်က အများအားဖြင့် ပိုသန့်တဲ့ အတွက်) လူဖြူမဟုတ်သူတွေက လူဖြူတွေနေတဲ့ ရပ်ကွက်တွေကို လိုက်ပြောင်းကြပြန်ပါတယ်။ ပြီးရင်နန်းတော်ကြီးတွေလို အိမ်ကြီးတွေထဲမှာ အပိုဝင်ငွေရချင်တော့ လူငှားတွေ၊ ကျောင်းသားတွေခေါ်တင်၊ မာစီးဒီးတွေ၊ ဘီအမ်ဒဗလျူတွေစီး၊ ပတ်ဝန်းကျင်မှာ လူငှားတွေ၊ ကားတွေရှုပ်၊ ပါတီတွေပေး၊ ဆွေမျိုးတွေအုပ်အုပ်ဖြစ်ဆိုတော့၊ ကိုယ့်ဝင်ငွေထက်ပိုမသုံးချင်တဲ့၊ ရိုးရိုးကုပ်ကုပ်နေပြီး မိသားစုထူထောင်ချင်တဲ့လူဖြူတွေက တစ်ခါမြို့ပြင်ကိုပြောင်း၊ ကာလာတွေက တစ်ခါလူဖြူတွေနောက်ကို လိုက်ပြောင်းနဲ့ သံသရာလည်ကြပြန်ပါတယ်)
အခုလောလောဆယ်မှာတော့ လူဖြူတွေကတော့ သူတို့တိုင်းပြည်ဖြစ်တဲ့ ကနေဒါမှာ ရောင်စုံမျက်နှာတွေများလာရုံမက အနည်းငယ်ကြီးစိုးလာတာကို စိုးရိမ်လာမှုကို ပွင့်ပွင့်လင်းလင်းကို သတင်းစာတွေမှာပြောလာပါပြီ။ ဒီလိုဖြစ်ရပ်တွေကို သေသေချာချာဆန်းစစ်ပြီး၊ လူဝင်မှုကြီးကြပ်ရေးပေါ်လစီကို ပြန်လည်သုံးသပ်ဖို့ စတင်ဆွေးနွေးနေကြပါပြီဆိုတာကို အနည်းငယ်ဝေမျှလိုက်ပါတယ်ရှင်။
Ref; Stern,S. (2010, March 16). Immigration raises issues that must be discussed.The Vancouver Sun, p. A11.
Hansen, D. (2010, March 10). Immigration fuels growth in visible minority population.The Vancouver Sun, p. A3.

Comments from ainchannmyay.com

1.

ဒီနားတစ်ဝိုက်မှာတော့ တိုင်ဝမ်ရောက်နေလား/ဟောင်ကောင်ရောက်နေလား/ဆိုးလ်မြို့ပဲလား…လို့ ထင်စရာ.. အစ်မရေ။ :D။

Comment by pN — March 30, 2010 @ 1:15 pm |Edit This
2.

မလေးရေ……
ဒီစာလေးဖတ်ရင်း…… အဲ့ဒီအဖြစ်လေးကို ကိုယ်ချင်းစာမိပါတယ်…။
ဘယ်သူမှလည်း ကိုယ့်အိမ်နေရာမှာ သူများတွေလာနေတာကိုကြိုက်ကြမယ်မထင်ပါဘူး…..။
ကြားဖူးတဲ့ ကုလားအုပ်ပုံပြင်ထဲကလို အပြင်မှာအေးလို့ ခေါင်းလေးဝင်ပါရစေ…၊ လက်ကလေးသွင်းထားပါရစေ….၊ ခြေထောက်ကလေးလည်း နွေးချင်လို့ထည့်ထားပါရစေနဲ့ နောက်ဆုံးတဲပိုင်ရှင်က အပြင်ထွက်နေရပြီး…ကုလားအုပ်က တဲထဲမှာ နေရာပြည့်ယူပြီးဇိမ်နဲ့နေသွားရသလို အဖြစ်မျိုး ဖြစ်သွားမှာ သူတို့လည်းစိုးရိမ်မိလာတာ..ပဲနဲ့တူတယ်နော်ဗျ…။
(တက်ဂ်က အေးဆေးရေးပါမလေး…..။ မလေးရေးတဲ့စာလေးလည်း ဖတ်ချင်လို့ တက်ဂ်ထားမိတာဗျ….း))
ခင်မင်တဲ့
ဏီလင်းညို

Comment by ဏီလင်းညို — March 30, 2010 @ 6:18 pm |Edit This
3.

ဖတ်ပြီးတော့ စိတ်ထဲ တမျိုးလေး ကျန်ခဲ့တယ် ဒေသခံ လူရင်းတွေအတွက် တဖြည်းဖြည်း အကျိုးမရှိတာတွေ များလာသလိုပဲနော့်

လေးစားလျက်
တောင်ပေါ်သား

Comment by တောင်ပေါ်သား — March 30, 2010 @ 7:19 pm |Edit This
4.

မသိတာလေးတွေ ဝေမျှပေးတာကျေးဇူး… တရုတ်တွေကတော့နေရာတိုင်းမှာပျံ့နေတာပါဘဲနော်… နိုင်ငံတိုင်းလိုလိုမှာ တရုတ်တန်းရှိနေတာလေ….

Comment by rose of sharon — March 30, 2010 @ 7:20 pm |Edit This
5.

sikh ဘာသာဆိုတာ ကျနော်မသိလို့ နဲနဲလောက် ရှင်းပြပေးပါလားခင်ဗျ..ပြီးတော့ ဒီပိုစ့်လေးက စိတ်ဝင်စားစရာ ကောင်းပြီး ဗဟုသုတရစေလို့ ကျေးဇူးပါ။

Comment by ဖြိုးအောင် — March 31, 2010 @ 3:09 am |Edit This
6.

Global Village သာဖြစ်လာခဲ့ရင် လူမျိုးစစ်စစ် ဆိုတာတွေလည်း ရှားကုန်မလား မသိဘူးနော်.. နိုင်ငံတိုင်းကလည်း ဟင်းလေးအိုးကြီးတွေ ဖြစ်လာတော့မှာပဲ..။ ဘုန်းကြီးကျောင်းက ဟင်းတွေ အားလုံး ပေါင်းချက်ထားတဲ့ ဟင်းပေါင်းအိုးလိုလေ.. ဟိုဟာ ဒီဟာ အားလုံး ရောပြီးတော့…။

Comment by သိင်္ဂါကျော် — March 31, 2010 @ 8:19 am |Edit This
7.

ကိုဖြိုးအောင်… အိန္ဒိယတိုင်းပြည်က ပေါ်ပေါက်လာတဲ့ -sm တွေဖြစ်တဲ့ Hinduism, Sikhism, Buddhism နဲ့ Jainism စသည်တို့ထဲက တစ်ခုပါ။ သူတို့ယူဆချက်တွေထဲမှာ သိရသလောက်ကတော့ လူသားအားလုံးက တပြေးညီတည်းဖြစ်ပြီး ဇာတ်ခွဲတာတွေ၊ ဘာသာတရားခွဲခြားမှုတွေ၊ ယောင်္ကျားမိန်းမခွဲခြားမှုတွေ၊ ဘယ် gender ကမှ ပိုမြင့်တာတွေနိမ့်တာတွေ မရှိဘူး လို့ သိရတယ်။ တစ်ဆူတည်းသောဘုရားသခင် (မျက်မြင်မရ၊ ပုံအဆင်းမရှိ၊ အချိန်မဲ့) ကို ယုံကြည်တယ်။ သူတို့ရဲ့ နိဗ္ဗာန်(salvation - ကယ်တင်ခြင်း)ဟာ ဘုရားနဲ့ပေါင်းဆုံခြင်း spiritual union with God ဖြစ်ပြီး အဲဒီနိဗ္ဗာန်ကို မရောက်မချင်း ဘ၀သံသရာလည်နေတယ်လို့ ယုံကြည်တယ်။
မုတ်ဆိတ်မွေးနဲ့ ဦးခေါင်းမွှေး မရိတ်ရဘူးထင်တယ်။ ခေါင်းမှာ turban ပတ်ကြတယ်။ Jainism လိုတော့ သက်သတ်လွတ်သမားချည်းပဲ မဟုတ်ဘူးလို့လည်း ကြားဖူးပါတယ်။

Comment by မလေး — March 31, 2010 @ 12:20 pm |Edit This
8.

စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးပါမလေးရေ။ မြောက်အမေရိကတိုက် လူဖြူတွေကြီးစိုးသွားပြီး တောထဲတဖြည်းဖြည်းရောက်ကုန်တဲ့ လူနီအင်ဒီယန်းတွေလိုပဲ ဖြစ်ကုန်မလားမသိဘူးနော်။ လူမျိုးခြားတွေ ရွှေ့ပြောင်းအခြေကျမှုတွေ များလာတာနဲ့အမျှ မူလတိုင်းရင်းမျိုးနွယ်စုတွေ တဖြည်းဖြည်းကျဲပါးပျောက်ဆုံးလာတာ ဟိုးအရင်ခေတ်တွေထဲကနော်။
ကနေဒါလိုနိုင်ငံကြီးသာမက စင်္ကာပူလို ကျွန်းပိစိလေးကလည်း အာရှချင်းအတူတူ၊ နိုင်ငံခြားသားဦးစားမပေးချင်တဲ့ complaint တွေ တစ်ချိန်လုံးတက်နေတယ် မလေးရေ။း(

Comment by ဇွန်မိုးစက် — April 1, 2010 @ 1:49 am |Edit This
9.

ဖတ်လိုက်ရတာ ဗဟုသုတ အများကြီးရပါတယ်မလေးရေ။ ကနေဒါမှာ မြန်မာတွေ တော်တော်များလားမလေး။

Comment by ကေသရီ — April 1, 2010 @ 2:21 am |Edit This
10.

အရမ်းကိုစိတ်ဝင်တစားနဲ့ ဖတ်သွားပါတယ်.. မလေးရေ
ကနေဒါရဲ့ ဗင်ကူးဗားဆိုတာ တစ်ချိန်က အင်တာနက်ကနေ တစ်မြို့လုံးကိုအသေးစိတ် လိုက်ကြည့်ပြီး
စိတ်ကူးနဲ့ရူးခဲ့ရတဲ့ မြို့ကလေးပါ..
အကြောင်းကြောင်းကြောင့် မရောက်လာခဲ့ရပေမဲ့ စိတ်ဝင်စားမှုကတော့
ခုချိန်ထိ လျော့ကျသွားတယ်လို့ မရှိဘဲ ဆထက်တိုးလို့နေမြဲပါဘဲ….
အရမ်းကို သန့်ရှင်းသပ်ရပ်လှပပြီး ရာသီဥတု ချမ်းအေးလွန်းတဲ့ နေရာလေးမို့
တစ်ချိန်ချိန်တော့ ရောက်ဖြစ်အောင်တော့ ကြိုးစားပါဦးမယ်…..

Comment by ချော — April 1, 2010 @ 7:58 am |Edit This
11.

Ma Lay yay,

Happy Easter naw !!

Ain Shin Ma (Lin)

Comment by lynda — April 1, 2010 @ 1:04 pm |Edit This
12.

i was surfing around and looking for blogs about myanmars around the world.I found you somewhere i visited by.And wondering what you might be doing or telling to friends around the world.BTW,I am not very far from you at the moment.I am currently at across the border from where you are now par.I like your posts And you know ah ma?some are more in boasting rather than sharing living experience in other part of the world naw.
Cheers,
myo htutt

Comment by yunn — April 3, 2010 @ 4:18 am |Edit This
13.

နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးမှုကို စိုးရိမ်လာတဲ့ အိမ်ရှင်လူမျိုးတွေရဲ့ ခံစားချက်ကို နားလည်ပါတယ်။ Singapore မှာလဲ အဲဒီလို ပြဿနာတွေ လတ်တလော တော်တော်လေး အသံထွက်နေတယ် မမအိမ့်ရယ်။ အင်း သူတို့ဘက်က ကြည့်ပြန်တော့လည်း…

Comment by ရွှေပြည်သူ — April 4, 2010 @ 5:59 am |Edit This
14.

မအိမ့်ရေ…..
ပညာတတ်များလာရင်၊ ပညာတတ်အများစုက အိမ်ငှားတင်တာ မကြိုက်ကြဘူးဗျ။
တဖြည်းဖြည်းတော့ လက်ခံသွားမယ်ထင်ပါတယ်။
အရင်က ဒီလိုပြဿနာမျိုး San Fransisco မှာဖြစ်ဘူးတယ်။
စိတ်မနှံတဲ့ လူကြီး(လူဖြူ) တယောက်က တားလို့ လူမျိုးရေး ပြဿနာကြီးဖြစ်မသွားတာ ထင်ရှားတဲ့ SF သမိုင်းပါဗျာ။
ပြောင်းလာတဲ့ Asian တွေကြောင့် ကနေဒါ စီးပွားရေးထောင်တက်လာတာလဲ သတိပြုစရာပါ။
ကိုဖြိုးအောင်ရေ…. Sikhismကို မြန်မာလို ပန်ချာပီ(ဆစ်ခ်) ဘာသာခေါ်တယ်ဗျ။ ဂုရု နာနတ်ရဲ့ အဆိုအမိန့်တွေကို လေးစားတန်ဖိုးထားကြတယ်ဗျ။
ဆံပင်ကို ဗောင်းထုတ် ထုတ်ထားပြီး မုတ်ဆိတ်ကို မရိတ်ဘူးဗျ။ မင်္ဂလာဆောင်ရင် ညပိုင်းမှာ အခန်းအနားလုပ်ပြီး သတိုးသားက ဒါးဆောင်ထားရတယ်။
ဘာကြောင့်ဆိုတာတော့ ဘာသာရေးပြဿနာ ဖြစ်မှာစိုးလို့ မပြောပါရစေနဲ့နော်…… လေးစားလျှက်

Comment by heartmuseum — April 4, 2010 @ 8:37 pm |Edit This
15.

” The making of a Canadian had been likened to the designing of a horse by a committee ultimately turning out a camel .”
လို့ဆိုကြသဗျ။ အင်္ဂလန်နှင့် ပိုဝေးသည့်နယူးဇီလန်တို့က သြစတြေးလျတို့ထက်ပင် အင်္ဂလိပ် ပိုဆန်သလို၊ အင်္ဂလန်နှင့်အဝေးဆုံး ကနေဒါအ
နောက်ဘက်ကမ်းခြေရှိ ဗြိတိသျှ ကိုလံဘီယာပြည်နယ်သားတို့သည် အရှေ့ကနေဒီယန်တို့ထက်ပင် အင်္ဂလိပ်ထုံးစံ ဓလေ့တို့ကို ထိန်းသိမ်း
တတ်လေသည်လို့လည်း ကျွန်တော်ဖတ်ဖူးတယ်ဗျ။အစ်မလေး ရေးထားတာဖတ်လိုက်ရတော့လည်း up to date မို့ထင့်….အကြောင်းအရာများက
သစ်လွင်လှပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ” ခွဲခြား ခွဲခြားလုပ်တတ်သည့် လူမျိုးအား ကုစားနည်းကောင်းဆုံးမှာ ပိုကွဲပြားသည့် လူမျိုးတို့
နှင့်တွေ့ ပေးခြင်းဖြစ်၏ ” ဆိုတဲ့ကုစားနည်းကိုပဲ သတိရမိပါတယ်း)

ချစ်ခင်စွာဖြင့်

Comment by NLA — April 7, 2010 @ 11:09 pm |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...