မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, March 23, 2010

ကနေဒီယန်ဘဲ

ဘလောဂ်နားတယ်ဆိုပြီး... သူခိုးက ကားကိုခိုးတာ ကလေးပါ ပါသွားတဲ့ပိုစ်အောက်မှာ ကိုဖြိုးရေးသွားတဲ့ ကော့မန့်ကိုဖတ်မိပြီး ခရီးတစ်ခုမှာ ဖြစ်တာလေး သတိရသွားမိလို့ပါ။
မလေးတို့ Calgary ဘက်ကို ခရီးထွက်တုန်းကပါ။ ဗင်ကူးဗားကနေ ကယ်လ်ဂါရီကို ကိုယ်မောင်းတဲ့အပေါ်မူတည်ပြီး ၁၂နာရီကနေ ၁၄နာရီခရီး။
ကနေဒီယန်ရော့ကီးတောင်တန်းကြီးတွေကြားက ဟိုင်းဝေးကြီးဘေးမှာဆို နံနက်ခင်းစောစောတွေဆိုရင် ယုန်ပေါက်လေးတွေ၊ သမင်၊ ဒရယ်၊ ၀က်ဝံ၊ တောင်ဆိတ် စသည်တို့ ကားလမ်းမအစပ်နားမှာ တော်တော်များများ တွေ့ရတတ်တယ်။ နေ့လည်ခင်းတွေ၊ ညနေစောင်းတွေမှာလည်း ရှိတတ်တယ်။ တစ်ခါတစ်ခါကားလမ်းပေါ်မှာ သူတို့ဖြတ်နေရင် ကားရပ်ပေးရတယ်။ နည်းနည်းတော့ အန္တာရယ်ရှိတာပေါ့နော်။

နေ့လည်ခင်းနေကတက်လာရင်… နံနက်စောစောလည်းအိပ်ရာထလာရတော့ လူတွေက ငိုက်လာကြတယ်။ အဲဒီချိန်တုန်းက သူက မောင်းအလှည့်ဆိုတော့ မလေးလည်း ကားဟိုးနောက်ဆုံးအတန်းမှာ စောင်ပါးလေးတစ်ထည်နဲ့ မှေးနေတာပေါ့။ ကားထဲမှာ ကျန်သူတွေလည်း အကုန်အိပ်နေကြတယ်။ အဒေါ်တစ်ယောက်ဆို ဟောက်တောင်နေလိုက်သေးတယ်။ အကုန်လုံး ငိုက်နေကြချိန်မှာ ကားက သိသိသာသာနှေးသွားတယ်။ အကောင်တစ်ကောင်ကောင်ဖြတ်နေလို့ သူအရှိန်လျော့ပေးတာဖြစ်မယ်လို့ မလေးတောင်တွေးလိုက်တယ်။ အဲဒီချိန်မှာသူက…
"ဘဲတစ်ကောင်ဖြတ်နေတယ်.. ထကြည့်ကြ" လို့ပြောတယ်။
"အွမ်.. ဘဲတစ်ကောင်ဖြတ်တာများ" ဆိုပြီး စိတ်ထဲကပြောပြီး စောင်ကိုပခုံးထိခြုံလိုက်ပြီး မလေးလည်း ဆက်မှေးနေတယ်။


"ဘဲ ဖြတ်နေတယ်လို့ဆို.. အကြီးကြီးပဲ၊ ကြည့်ကြလေ" လို့ သူက ထပ်ပြောတယ်။
"အမေလေး သားရယ်… ဘဲ တစ်ကောင် ကားလမ်းဖြတ်ကူးနေတာများ၊ အမေတော့ ထ မကြည့် ပါရစေနဲ့" လို့ အမေက အိပ်ချင်မူးတူးနဲ့ပြောတယ်။
"အင်…. ဘဲလား" ဆိုပြီး ဟောက်နေတဲ့ အဒေါ်ကလည်း ဗလုံးဗထွေးနဲ့ တိုးတိုးလေးပြောပြီး လှုပ်တောင်မလှုပ်ဘူး
အဲဒီမှာ သူက စိတ်တိုသံကြီးနဲ့
"ဘဲ.. ဘဲ.. မြန်မာဘဲ မဟုတ်ဘူး။ ကနေဒီယန်ဘဲ"
မလေးလည်း ခေါင်းထောင်ထလာပြီး.. "ဘာတွေပြောနေတာလည်း ဘာမြန်မာဘဲတွေ ကနေဒီယန်ဘဲတွေလည်း" လို့ ဇိမ်ပျက်လို့ ခပ်တည်တည်နဲ့ ဟောက်လိုက်တာပေါ့၊ အဟွန်း။

သူကတော်တော်လေး စိတ်ရှုပ်သွားတယ်။
"မြန်မာဘဲ မဟုတ်ဘူးလေ၊ ဂတ်-ဂတ် ဘဲ မဟုတ်ဘူးလေ။ ဘီ-အီး-အေ-အာရ်- ဘဲ၊ ဘီ-အီး-အေ-အာရ်- ဘဲ၊ အကြီးကြီးပဲ နည်းတဲ့ကောင်ကြီးမဟုတ်ဘူး။ ကားလမ်းကူးနေတယ်"
အဲသလို ပြောလိုက်တော့မှ အားလုံး ငုတ်တုပ်တွေထထိုင်ပြီး ကုန်းကက်ကြည့်ကြပါတော့တယ်။
အခုနက ဟောက်ပြီးအိပ်နေတဲ့ အဒေါ်လည်း မျက်လုံးတွေဘာတွေ အကုန်ပြူးထွက်လာပြီး "ဘဲကြီးဘဲကြီး"နဲ့ အရမ်းကို သဘောကျနေပါတော့တယ်။
အဲဒီကနေဒီယန်ဘဲကြီးကလည်း ပေါင်ချိန်လေးငါးခြောက်ရာလောက်တောင်ရှိမလားမသိဘူး။ ကားလမ်းကူးပြီး ကျောက်တောင်ကြားကို ၀င်သွားပါတော့တယ်။
ဒါပါပဲ..
ကိုဖြိုးကော့မန့်ဖတ်ပြီး သတိရသွားတာလေးပါ။

ချစ်ခင်စွာဖြင့်…


1.jpg




5.jpg


3.jpg


6.jpg


4.jpg


7.jpg


8.jpg

အချို့ပုံလေးတွေကို http://www.shltrip.com က ယူထားပါတယ်ရှင်။

1.

:D
bear = ဘဲ

Comment by shwunmi — March 23, 2010 @ 3:33 pm |Edit This
2.

;) ကနေဒီယန် ဘဲကြီး…

မလေးရေ… ရှုခင်းတွေ သိပ်လှတာပဲ..

Comment by ကိုရင်နော်ခင်လေးငယ် — March 23, 2010 @ 3:55 pm |Edit This
3.

ဩော်… ၂၀၁၀ မှာ မလေးတောင် လိုင်းတွေပြောင်းလာပြီပဲ.. :D
မလေးဘလော့ဂ်မှာ ရယ်စရာတွေသိပ်ရေးလေ့မရှိဘူးလေ.. ဟုတ်စ?
ရယ်စရာရေးရင် လွမ်းစရာဖြစ်ဖြစ်သွားတတ်ပါတယ်လို့ မလေး တစ်ခါရေးခဲ့ဖူးတယ်.

ကျွန်တော်လည်း ဘဲကြီးကိုလွမ်းရင်းရယ်၊ ရယ်ရင်းလွမ်းသွားတယ်…
ပို့စ်လည်းပြီးရော ထိုင်နေတဲ့ ဆိုဖာထိုင်ခုံကြီးပေါ် ပစ်လှဲ. အိုးမိုင့်ဘဲ…. ဘဲကြီး.. ဘဲကြီး… ဘဲ… အဟဲဟဲ..

ဘိုင်သဝေး… ဘဲကြီးက အထီးလား အမလား. ကျွန်တော်က ဘာမှန်းမသိလို့ ဘဲကြီးပြောနေတာ. တော်ကြာ ဘဲမကြီးဆိုရင် ဘဲမကြီးလို့ပြောရမှာပေါ့.
ပြီးတော့ ဘာအရောင်လဲ. ကနေဒီယန်ဘဲတွေက နှင်းတောထဲနေတာများတော့ ဖြူချင်ဖြူနေမှာပေါ့.

အဲဒါဆို ဘဲဖြူကြီး.. ဒါမှမဟုတ် ဘဲဖြူမကြီး.. အဲလေ. ဘဲမဖြူကြီး…

အာ ရှုပ်ကုန်ပြီ. မလေးဘဲ (အဲလေ. မလေးပဲ) ရှင်းတော့…
ဒိုးပြီ. ဟတ်ဟတ်ဟတ်

ဒါဘဲ… (ဟိုဟာ မန်ဒါလီ)

y.

Comment by Yan — March 23, 2010 @ 5:45 pm |Edit This
4.

ဘဲ လို့ခေါင်းစဉ်တတ်ထားပြီး
ဘဲ (Bear ) ပုံလဲ မပါဘူး မလေးရယ်
အဲဒီဘဲဓာတ်ပုံမရိုက်လိုက်ရရင် တွေ့တဲ့ဘဲ ရိုက်ပြီး တင်လိုက်တာ မဟုတ်ဘူး..း)း)
ဟုတ်တယ် ရှုခင်းလေးတွေ အရမ်းလှတာဘဲ..
ကြည့်တာနဲ့တင် စိတ်က ရောက်ချင်တာ တစ်ပိုင်းသေသွားပြီ..

Comment by ချော — March 23, 2010 @ 5:56 pm |Edit This
5.

မလေးမပြောနဲ့ ဖတ်နေတဲ့သူတောင် ပထမ နားမလည်ဘူး။ နောက်တော့မှ ပေါက်သွားတယ်။း))
မလေးရေ…… ကနေဒါက ရေခဲတောင်တွေနဲ့ ရှုခင်းတွေ အရမ်းလှတာပဲနော်။

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — March 23, 2010 @ 6:11 pm |Edit This
6.

ကနေဒီယန်ဘဲကြီးကို တွေ့ရမယ်မှတ်တာ။

Comment by အပြုံးပန်း — March 23, 2010 @ 6:19 pm |Edit This
7.

လှလိုက်တာ.. ကနေဒီယန်ဘဲ ပုံလဲတင်ပေးဦးမမ..
း)

Comment by စန္ဒကူး — March 23, 2010 @ 6:30 pm |Edit This
8.

စာတွေလာဖတ်ပေမယ့် Comment မချန်ဖြစ်ဘူး။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ နန္ဒာ BBC1 ကနေ The Man Who Cycled the Americas ဆိုတဲ့ Program ကြည့်ဖြစ်တယ်။ သူက Scotland က။ နာမည်က Mark Beaumont တဲ့ ..

အဲဒီမှာ Alaska ကို ဖြတ်တော့ လမ်းတလျှောက်မှာ မလေးပြောတဲ့ ဘဲ (Bear) တွေကို စက်ဘီးစီးရင်း ဖြတ်ရတာကို ပြတယ်။ မြင်ရတာတော့ ချစ်စရာ ဘဲ (Bear) တွေပါ။

နောက် အိပ်ခါနီး Blogs ခဏ ဝင်ဖတ်တောာ့ မလေးရဲ့ ‘ကနေဒီယန်ဘဲ Post” ကို ဖတ်ပြီး ပြုံးမိတယ်။

သဘာဝအရ ဘဲ (Bear) တွေဟာ အန္တရာယ်များတယ်လို့ ဆိုပေမယ့် Bear Hug ကတော့ လူတယောက်ကို အားပေးချီးမြောက်တာ၊ နှစ်သိမ့်တာ၊ မတွေ့တာကြာလို့ ပြန်ဆုံကြရင် နှုတ်ဆက်တာမျိုးတွေမှာ အရေးပါတယ်နော်။

မလေးအတွက် နန္ဒာ bear hug ချန်ခဲ့တယ်။ =)

စာတွေ အားရင်ရေးပါ။ အမြဲ လာဖတ်ပါတယ်။

ခင်မင်လျှက်
နန္ဒာ (SMNTL)

Comment by Soe Mya Nandar Thet Lwin (Soe Borros Roxo) — March 23, 2010 @ 6:51 pm |Edit This
9.

ဖတ်နေတုန်း စိတ်ထဲမှာ duck ဘဲ လို့ပဲ ထင်နေတာ။ နောက်တော့မှ သြော်…ဒီဘဲကို ပြောတာကိုးလို့တွေးပြီး ပြုံးလိုက်ရတာ။

ပုံတွေက လှလိုက်တာမရယ်။ အလည်တစ်ခေါက်လောက် ရောက်ဖူးချင်စမ်းပါဘိ။ တစ်နေ့နေ့ပေါ့နော်။

Comment by ဇွန်မိုးစက် — March 23, 2010 @ 8:35 pm |Edit This
10.

ခုမှရောက်ဖူးတယ်ဗျာ..။ ကနေဒီယန်ဘဲကြီးကို…ခေါင်းစဉ်ဆန်းနေတာနဲ့လာဖတ်သွားပါတယ်။

Comment by nyi nyi — March 23, 2010 @ 9:09 pm |Edit This
11.

အန်..ဘာမှလည်းမဆိုင်ဘူးလို့တွေးပြီး ကိုယ့်ကွန်မန့်ကိုယ် ၅ ခါလောက်ပြန်ဖတ်လိုက်မှနားလည်တော့တယ်..။
ဆိုလိုချင်တာက ခိုး ဘဲ ခိုးသွားလို့ ကားရော ကလေးရောဘာမှမဖြစ်လို့ ဟူ၍ဖြစ်ပါတယ်.. လာပြန်ပြီး ဒီ ဘဲ.. ( ဘဲလား ပဲလား မသေချာပါ)။
တကယ်တော့ ဘာမှလည်းမဆိုင်သလိုဘဲ..။

Comment by Evergreen Phyo — March 23, 2010 @ 10:07 pm |Edit This
12.

တကယ်စဉ်းစားကြည့်တော့ ကျွန်တော် မန့်ခဲ့တာနဲ့ ဘာမှမဆိုင်သလိုလိုဘဲ(ပဲ)နော်.. =D
ဒီ ဘဲ နဲ့ပဲ (ဘဲ) ရှုပ်နေတာပဲ (ဘဲ)..။ ဘဲ နဲ့ ပဲ ဘယ်နေရာမှာသုံးလည်းမသိလို့ပါ.. =)

Comment by Evergreen Phyo — March 23, 2010 @ 11:50 pm |Edit This
13.

မလေးရေ……
ညီလေးကိုဖြိုးကြောင့် စာအသစ်လေးဖတ်ရတာကောင်းပါပေ့ဗျာ………း))
ရှုခင်းတွေ အရမ်းလှတယ်ဗျာနော့်…….။
ဖတ်ရင်းပြုံးမိသွားတာ……..ဟိဟိ……
တစ်ကယ်လာတောင်ကြည့်ချင်မိတာဗျာ………း((
ဒါပေမယ့် ဆင်းရဲသားဆိုတော့ လက်မှိုင်ချနေရပါသည်……..း))
(မလေးရဲ့ စာအုပ်ကို တော့ စင်မှာထားရဲဘူးလေ……။ လော်ကာထဲထည့်ပြီးသော့ခတ်ထားရတာ……။ ပျောက်သွားရင် ဘယ့်နှယ်နော်……း))
ခင်မင်တဲ့
ဏီလင်းညို

Comment by ဏီလင်းညို — March 24, 2010 @ 6:40 am |Edit This
14.

ကနေဒီယန်ဘဲ က မြန်မာဘဲနဲ့ ဘာကွာလို့လည်းလို့ တွေးမိလိုက်သေး.. :P

Comment by ဝေလေး — March 24, 2010 @ 8:10 am |Edit This
15.

Thanks for the new post. I check your site at least once a day. Hee hee

We will go there on 1st or 2nd April.Do you want to come with us?

Comment by Htate Htar — March 24, 2010 @ 4:08 pm |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...