မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, February 26, 2010

မသွားပါနဲ့ အချစ်ရယ်…

နှုတ်မဆက်ဘဲ ထွက်ခွာလို့ မသွားပါနဲ့ အချစ်ရယ်…
မပြောမဆိုနဲ့ မင်း ထွက်ခွာသွားမှာစိုးလွန်းလို့
မင်းကို မမှိတ်မသုန် ငေးကြည့်နေတဲ့ ငါ့ရဲ့မျက်လုံးတွေဟာ…
မောပန်းနွယ်လျစွာနဲ့ ကျိမ်းစပ်လို့နေပါပြီ။
အိပ်ပျော်နေတုန်း မင်းထွက်ခွာသွားမှာကို စိုးလွန်လွန်းရသူမို့
နှုတ်မဆက်ဘဲ ထွက်ခွာလို့ မသွားပါနဲ့ အချစ်ရယ်…


လရောင်မရဲတရဲ သွန်းကျတဲ့ညမှာ..
လက်ကိုဆန့်တန်းကို နဘေးကို ယောင်ယမ်းစမ်းမိတယ်…
ကိုယ်ကိုကိုယ်လည်း မေးခွန်းထုတ်မိတယ်..
"ဒါဟာ အိပ်မက်တစ်ခုလေလား…ဟင်.."
မင်းခြေဖမိုးတစ်စုံကို ငါ့နှလုံးသားနဲ့ ပတ်ရစ်ပြီး ရင်ခွင်မှာဖက်ထားလို့ရရင် ဖက်ထားပါတယ်..
နှုတ်မဆက်ဘဲ ထွက်ခွာလို့ မသွားပါနဲ့ အချစ်ရယ်…

တဂိုးရဲ့ Do Not Go, My Love ကို ရာရာစစကြီးကို ခံစားပြန်ဆိုကြည့်ခြင်းဖြစ်ပါတယ်ရှင်...

5 comments:

~ဏီလင်းညို~ said...

မလေးရေ...
နှုတ်မဆက်ပဲ မသွားပါနဲ့ဆိုပေမယ့် နှုတ်ဆက်ပြီးသွားတော့လည်း... ခံစားကြရမှာပဲထင်ပါတယ်ဗျာ....။
ကျွန်တော်လည်း...တဂိုးရဲ့ ကဗျာတွေကြိုက်တယ်....။
ကြုံတုန်းကြွားလိုက်ဦးမယ်...။
ကျွန်တော့်ဆီမှာ ဆရာကြီးမြသန်းတင့် ဘာသာပြန်ထားတဲ့ တဂိုးရဲ့ “နွေဦးတမန်၊ ဂီတဉ္ဖလီ၊ တိမ်းရှောင်သူနဲ့.... သစ်သီးခူး” ဆိုတဲ့ ကဗျာစာအုပ် ၄ အုပ်တောင်မှ ရှိပါသည်...း))
ခင်မင်တဲ့
ဏီလင်းညို

အိမ့်ချမ်းမြေ့ said...

<img src="http://www.ainchannmyay.com/wp-content/uploads/2007/11/2007-books-030.jpg"

မလေး ဆီမှာတော့ ဒါပဲရှိတယ်။ ဒါပေမယ့် မလေးဟာက ပေါင်းချုပ်.. ဟင်းဟင်း

အိမ့်ချမ်းမြေ့ said...

မပေါ်ဘူးး((

http://www.ainchannmyay.com/wp-content/uploads/2007/11/2007-books-030.jpg

Phyo Evergreen said...

ကြွားချင်လွန်းအားကြီးသောကြောင့် ဘလော့ပိုင်ရှင်သည်.. စာတွေအလွဲလွဲအမှားမှား ရိုက်မိပါကြောင်း.. တင်ပြအပ်ပါသည်...။

အိမ့်ချမ်းမြေ့ said...

ဟော်တော့.. အပေါ်ကအရင်ကြွားသွားသူ မာမီဏီလေကွယ်...
မလေးလည်း အားကျမခံပြန်ကြွားတာ..
အကြွားမတတ်တော့ လင့်ခ်မပေါ် ဆိုသလိုဖြစ်ွသွားတာ ဖြိုးရေ့.....

LinkWithin

Related Posts Plugin for WordPress, Blogger...