မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, February 16, 2010

ကနေဒါတွက် ဒုတိယရွှေတံဆိပ်

gold.jpg
ဒီမြို့မှာကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲကို သိပ်စိတ်မ၀င်စားခဲ့ပေမယ့် တမြို့လုံးမှာ ပျော်ပွဲရွှင်ပွဲတွေ၊ စတေ့ရှိုးတွေနဲ့ ပျော်နေကြသလို၊ ဆန္ဒပြသူတွေကလည်း မိုးရွာထဲမှာ တဲထိုးပြီးကို အကြီးအကျယ်ဆန္ဒပြနေကြချိန်မှာ၊ တီဗွီဖွင့်လိုက်တိုင်း ကနေဒါရွှေတံဆိပ်ရတဲ့ ကစားပွဲတွေကိုမှ တိုက်တိုက်ဆိုင်ဆိုင်ဖွင့်ကြည့်မိချိန်နဲ့ တိုးနေတာနဲ့ တော်တော်လေးကိုစိတ်ဝင်စားလာမိနေတယ်။ အခုလေးတင် တီဗွီဖွင့်လိုက်တာ၊ မြောက်ဗင်ကူးဗားမှာ နေထိုင်တဲ့ အသက်၃၁နှစ်အရွယ် Maelle Ricker ဟာ ကနေဒါအတွက် ဒုတိယရွှေတံဆိပ်ကို အမျိုးသမီး snowboard cross game မှာ ခူးဆွတ်ပေးခဲ့ပါတယ်။


2nd-gold.jpeg

ပထမ ရွှေတံဆိပ်ကိုတော့ အမျိုးသား moguls game မှာ အသက် ၂၂နှစ်အရွယ် Alex Bilodeau က ခူးဆွတ်ပေးသွားခဲ့ပါတယ်။


1st-gold.jpg

လောလောဆယ်တော့ ဆုတံဆိပ် အရည်အတွက်အများဆုံးနဲ့ ဂျာမဏ်ီကဦးဆောင်နေပြီး ယူအက်စ်က ဒုတိယနေရာ၊ ပြင်သစ်က တတိယနဲ့ ကနေဒါက စတုတ္ထနေရာမှာ ရှိနေပါတယ်။ (ဆုအရည်အတွက်က အချိန်နှင့်အမျှတော့ ပြောင်းနေပါတယ်)

1.

ကျေးဇူးပဲ မလေးရေ….. ဘယ်သူတွေ ရွှေအများဆုံး ရမလဲဆိုတာ ရင်ခုန်စွာ စောင့်နေပါတယ်။

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — February 16, 2010 @ 7:52 pm |Edit This
2.

စာတွေဖတ်သွားပါတယ်ရှင်။
လင့်ခ်လည်း ချိတ်သွားပါတယ်နော်။

မြသွေးနီ

Comment by မြသွေးနီ — February 16, 2010 @ 10:51 pm |Edit This
3.

မြန်မာနိုင်ငံလည်းမတွေ့ ပါလား မမ ရယ်

Comment by အောင် — February 24, 2010 @ 10:08 am |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...