မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, February 12, 2010

တိုက်ဆိုင်မှု

olympic-torch.jpg
အိုလံပစ်ဖွင့်ပွဲကို ဗင်ကူးဗားမြို့က stadium မှာကျင်းပရန် နာရီအနည်းငယ်သာလိုပါတော့တယ်။ စီစဉ်သူတွေထဲက အချို့တွေကတော့ ဒီအားကစားပွဲဟာ နိုင်ငံရေးနဲ့ဘာမှ မပတ်သက်ဘူးလို့ ဆိုပေမယ့် ဒါကို ငြင်းလို့ရတယ်လို့လည်း ဆိုကြပါတယ်။ အိုလံပစ်ကိုစတင်ပြီးတွေ့ရှိခဲ့သူ Baron de Coubertin ဟာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီးမှာ ဒီအိုလံပစ်ပွဲကို စတင်ထူထောင်ခဲ့တာလို့လည်းဆိုကြပါတယ်။ Coubertin ရဲ့ပြောဆိုချက်အရ ကမ္ဘာငြိမ်းချမ်းရေးဟာလည်း နိုင်ငံရေးပါပဲလို့ဆိုပါတယ်။ အိုလံပစ်ပြိုင်ပွဲလိုမျိုး အားကစားပွဲတွေဟာ ဘာသာရေးတွေလိုပဲ ငြိမ်းချမ်းရေးနဲ့ လူ့ဘ၀ရပ်တည်မှုတွေကိုရှေးရှုတယ်လို့လည်း ဆိုကြပါတယ်။ အိုလံပစ်အားကစားပွဲတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြတဲ့ပွဲတွေလိုမျိုးပါပဲလို့ ဆိုကြသူတွေလည်းရှိပါတယ်။
အိုလံပစ်မီးတိုင်ကို သယ်ဆောင်ကြသူတွေအထဲမှာ Michael Buble, Jenn Arden, Arnold Schwarzenegger တို့လည်း ပါကြပါတယ်။

မနက်စောစောသတင်းတွေထဲမှာတော့ အာနိုးကြီးကို မီးတိုင်ကိုင်ပြီး မြို့ထဲမှာ ပြုံးပြုံးကြီးတွေ့လိုက်ရတာပါပဲ။

ဗင်ကူးဗားမြို့တွင်းမှာ နေထိုင်ကြတဲ့ ဂရိလူမျိုးများကတော့ community celebration လုပ်ခွင့်မကျလို့ သိပ်စိတ်ကျေနပ်မှု မရှိကြပါဘူး။ ဒါပေမယ့် ဂရိလူမျိုးအများစုနေထိုင်ရာ broadway လမ်းမကျယ်ကြီးပေါ်မှာ အိုလံပစ်မီးတိုင်ဖြတ်သွားတဲ့အခါမှာတော့ ရိုးရာအကတွေ၊ ရိုးရာစားစရာတွေနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

အိုလံပစ်ပွဲနဲ့ပတ်သက်ပြီး ဒီမြို့ကလူတွေရဲ့ ထင်မြင်ချက်တွေကတော့….
ငွေကြေးအရ ဆုံးရှုံးမှုများနိုင်တယ်လို့ထင်သူတွေကတော့ ၆၃%
ရေပေါ်ဆီလူတန်းစားများအတွက်သာ အကျိုးသက်ရောက်မှုရှိတယ်လို့ ထင်သူတွေကတော့ ၈၃%
အိုလံပစ်မှာသုံးတဲ့ငွေတွေဟာ အလဟသဖြစ်ရတယ်၊ အခြားနေရာတွေမှာသုံးသင့်တယ်လို့ ထင်သူတွေကတော့ ၆၀%
ရေရှည်မှာတော့ ဗင်ကူးဗားအတွက် အကျိုးရှိနိုင်တယ်လို့ ထင်သူတွေကတော့ ၅၁%
အိုလံပစ်ပွဲထုတ်လွှင့်မယ့် စားသောက်ဆိုင်၊ လူမှုရေးဆိုင်ရာနေရာတွေကို သွားမယ်ဆိုသူတွေက ၄၄%
ကနေဒီယန်အားကစားသမားများကြောင့် နိုင်ငံချစ်စိတ်တိုးရတယ်ဆိုသူတွေကတော့ ၇၃%
ရှိတယ်လို့ သိရပါတယ်။
ကျမကတော့ မြန်မာနိုင်ငံမှာ လူမျိုးစုတွေစည်းလုံးညီညွှတ်ရေးကို ဦးတည်တယ်ဆိုတဲ့ ပြည်ထောင်စုနေ့လိုနေ့မျိုးမှာ ဒီမြို့ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်တယ်ဆိုတဲ့ အိုလံပစ်ဖွင့်ပွဲ နဲ့ တိုက်ဆိုင်တယ်ဆိုပြီး အမှတ်ရနေမိတာ တစ်ခုပါပဲရှင်။

နှင်းတုကျတဲ့ ဗင်ကူးဗား…
ဗင်ကူးဗားမြို့မှ အိုလံပစ်ရွာ…
ခရီး…

1.

ဟုတ်တယ်နော် မလေး……. ဒါပေမယ့် အခုခေတ်လူငယ်တွေ ဖေဖေါ်ဝါရီ (၁၂) ရက်နဲ့ (၁၃) ရက်ကို မေ့နေကြပြီလေ။ သူတို့လေးတွေ အပြစ်မဟုတ်ပါဘူး။ မေ့အောင် လုပ်တဲ့သူတွေက ရှိနေတာလေ။ အဲဒီလို နေ့ထူးနေ့မြတ်တွေကို ကျော်ပြီး (၁၄) ရက်နေ့ကို တမ်းတနေကြတာ စိတ်မကောင်းဘူး။ ဗိုလ်ချုပ်ပုံတွေ မမြင်ရတာလည်း ကြာပေါ့။ ပင်လုံစာချုပ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စုကြီး တခုလုံး သွေးစည်ညီညွတ်ခြင်း သင်္ကေတ အဖြစ် ဖေဖေါ်ဝါရီ (၁၂)မှာ မလေးနေတဲ့ မြို့လေးမှာလည်း အမှတ်တရလေး ဖြစ်သွားလို့ ၀မ်းသာမိပါတယ်။

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — February 12, 2010 @ 6:58 pm |Edit This
2.

ဘာဘဲပြောပြောကလေးတွေတော့ ရေခဲပြင်စကိတ်ကြည့်ရတာပေါ့

Comment by minthant2009 — February 12, 2010 @ 9:00 pm |Edit This
3.

မြန်မာပြည်မှာလဲ အိုလံပစ်လိုပွဲမျိုး ကျင်းပနိုင်ဖို့
နှစ်ပေါင်း ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ မသိဘူးနော်..
ဒီလိုပွဲမျိုးတွေ ဂုဏ်ယူစွာနဲ့ ကျင်းပခွင့် ရချင်ပါတယ်..

Comment by ချော — February 13, 2010 @ 1:27 am |Edit This
4.

ဖေဖော်ဝါရီလရဲ့အလယ်ပိုင်းရက်တွေဟာ မမေ့နိုင်စရာ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့တွေ ပါဝင်တာ အခုမှ သတိပြုမိတယ်။

အဟုတ်ကို မေ့နေခဲ့တာပါ။

မြန်မာပြက္ခဒိန်တွေ မကြည့်ခဲ့ရတဲ့နေ့တွေကတော့ များခဲ့တာ သေချာတယ်။

သတိတရဖြစ်အောင် ပိုစ့်တင်လိုက်တာ ကျေးဇူးပါခင်ဗျာ…။

Comment by စံ့လင်းထွန်း — February 13, 2010 @ 3:16 am |Edit This
5.

အစ်မလေး မိန်းမိန်းက ကျွန်တော့်သူငယ်ချင်းပါ။ ကျွန်တော်ပြောလိုက်လို့ သူအစ်မလေးဆီရောက်လာတာပါ။ အခုလည်း သူထွက်ဖို့အတွက် လုံးပန်းရင်း ခရီးပြန်ထွက်သွားလို့ ကျွန်တော့်ကိုအကြံပေးသူ တာဝန်ယူအလုပ် ပေးအပ်သွားပါတယ်း) သူ့ကိုယ်စားကျွန်တော် မေးလ်ပို့လိုက်ပါတယ်ဗျာနော…တန်ဖိုးရှိတဲ့အချိန်တွေကိုဖဲ့ပေးလို့ အစ်မလေးကို ကျေးဇူးတင်နေပါတယ် ကြိုတင်ပြီး…။ ဗင်ကူးဗားမှ အိုလံပစ်ပွဲအကြောင်း အစ်မလေးဆီရောက်မှပဲ သိရတော့တယ်ဗျာ..
အာနိုးကို မီးတိုင်ကိုင်ခိုင်းထားတယ်ပေါ့ … မိုက်တယ် ။
ချစ်ခင်စွာဖြင့်…

Comment by NLA — February 14, 2010 @ 6:31 am |Edit This
6.

အိုလံပစ်တို့ဘာတို့ အဲသလိုပွဲတွေကို ကျွန်တော်တော့သိပ်စိတ်မ၀င်စားဘူး..။
ဆုတောင်းပွဲတို့ဘာတို့ လုပ်နေမည့်အစား.. တစ်ခုခုကိုယ်ထိလက်ရောက် လုပ်ပေးတာကပိုကောင်းမယ်လို့ထင်တယ်။
စိတ်ထဲရှိပေမယ့်…ကိုယ် ကိုယ်တိုင်ကလည်း ဘာမှတော့ မလုပ်ပေးနိုင်သေးတော့လည်း………….။
ပျောက်နေပေမယ့်.. ဘလော့တွေတော့ စာလိုက်ဖတ်ဖြစ်တယ်…. သတိရတယ်..။

Comment by Evergreen Phyo — February 15, 2010 @ 3:48 am |Edit This
7.

မလေးရေ….
ဟုတ်ပနော်… မလေးအတွက်တော့ တိုက်ဆိုင်သွားတာပေါ့….
အဲ့ဒီပွဲကိုတော့ လာကြည့်ချင်တယ်…။ လေယာဉ်ပျံ လက်မှတ်ပို့ပေးဘာဂျ….း)
ခင်မင်တဲ့
ဏီလင်းညို

Comment by ဏီလင်းညို — February 15, 2010 @ 2:39 pm |Edit This
8.

မြန်မာပြည်မှာလည်းလုပ်နေပါတယ်ဗျာ–
ဘာလုပ်နေလဲးဆိုတာသိကြမှာပါ

Comment by အိမ်လွမ်းသူ — February 27, 2010 @ 12:05 pm |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...