မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, January 29, 2010

ယာဝေသို့တမ်းချင်း

ယာဝေရယ်....
စည်းမျဉ်းတွေကြားမှာ နေသားတကျနဲ့
ခေါက်ရိုးကြိုးနေသူတစ်ယောက်....
ပညတ်တရားတွေကို ထမ်းပိုးလို့
လမ်းဆက်လျှောက်နေပါတယ်...

ခံစားမှုဆိုတာကို ထုတ်ပိုးလို့ချေမွလို့
ဥပေက္ခာတရားကိုလည်း လက်ကိုင်ထားနေပါတယ်...

ယာဝေရယ်..
သင်ထားတဲ့ ပညာတွေလည်း
အရာမဲ့နေပြီ...
မက်မောဖူးတဲ့ အနုပညာတွေလည်း
ချွေးမသိပ်ပေးနိုင်ကြတော့ပြီ..
ခုန်တတ်တဲ့ရင်ကိုလည်း ထိန်းချုပ်ရလွန်းလို့
အေးခဲစပြုနေပြီ...
မောပန်းမှုတွေနဲ့
နှစ်တွေလည်းကြာခဲ့ပါပြီ...။

ဒီလိုနဲ့ ပညတ်တရားတွေကိုထမ်းပို့လို့
ခေါက်ရိုးကြိုးလမ်းဟောင်းကြီးအတိုင်း လျှောက်လာလိုက်တာ..
ပန်းတိုင်ကိုမျှော်ကြည့်လိုက်တော့လေ........
စည်းဖောက်သူတွေက
ပန်းတိုင်ရှေ့မှာ...
တန်းလို့စီလို့နေကြပါလား ယာဝေရယ်......

ယာဝေရယ်..
ကျွန်တော်မျိုးမအား...
နားလည်တတ်မှုအသိ တစ်စုံတစ်ခုလောက်...
ပေးသနားတော်မူပါ ယာဝေ......

ယာဝေ...
ယာဝေ...
ယာဝေ...

2 comments:

~ဏီလင်းညို~ said...

မလေးရေ...
စည်းဖောက်သူတွေ ပန်းတိုင်မှာတန်းစီရပ်နေကြရင်လည်း...ကျွန်တော်ကတော့ လူထဲကလူတစ်ယောက်မို့ အားကျချင်တဲ့စိတ်ဖြစ်ချင်ဖြစ်မိမှာပဲ...။ ဒါပေမယ့်စည်းဖောက်ဖို့တော့ ကြိုးစားဖြစ်မယ်မထင်ဘူး...။
လမ်းဟောင်းပဲဆက်လျှောက်မယ်ဗျာ....။
ဖြစ်ချင်နေတဲ့ အသိကို...သတိနဲ့ထိမ်းမယ်ဗျာ...နော့်...။
(ကဗျာလေးက..တစ်မျိုးလေ....၊ စိတ်ပျက်အားလျှော့နေတဲ့ အရိပ်လေးတွေလွှမ်းနေတယ်...။ နေကောင်းလားမလေး...း))
ခင်မင်တဲ့
ဏီလင်းညို

အိမ့်ချမ်းမြေ့ said...

ဒီလိုပဲ လမ်းဟောင်းအတိုင်း ဆက်လျှောက်ရမှာပါပဲလေ..

နေကောင်းပါတယ်ရှင်....း))

LinkWithin

Related Posts Plugin for WordPress, Blogger...