မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, January 20, 2010

ရဲရင့်ဂျာနယ်

lc.png

မလေးရှားနိုင်ငံ၊ ပီနန်မြို့က ထုတ်တဲ့ မြန်မာဂျာနယ်တစ်စောင်ပါရှင်။
လစဉ်ထုတ်ဝေမယ့် ဂျာနယ်ရဲ့ ပထမဆုံးခြေလှမ်းသစ်ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ရဲရင့်ဂျာနယ်လိုမျိုး အခြားသော မြန်မာဂျာနယ် လေး၊ငါးစောင်ခန့်ရှိတယ်လို့လည်း ၀မ်းသာစွာနဲ့ သိရပါတယ်။

ဒီဂျာနယ်ထဲမှာ ပွဲဦးထွက်အနေနဲ့ ကျွန်မ၏ "ကနေဒါသို့" ဆိုတဲ့ ဆောင်းပါးလေးကို မြင်ရတော့ ၀မ်းသာဂုဏ်ယူမိပါတယ်။ "ကနေဒါသို့" ဆိုတဲ့ ဆောင်းပါးနောက်ဆက်တွဲတွေကိုလည်း ဂျာနယ်မှ ဆက်လက်ဖော်ပြသွားမယ်လို့ သိရပါတယ်။

နောက်ပြီး...စာဖတ်သူရဲ့ အရှိုက်ကိုထိလိုက်တဲ့ ကျွန်မအလွန်နှစ်သက်သော..
ရှေးရှေးတုန်းကတော့ နယ်ချဲ့တွေက

ကျွန်ပြုဖို့ ကျွန်တော်တို့ဆီကို လာတယ်။

ဒီဘက်ခေတ်မှာတော့

ကျွန်တော်တို့ ကိုယ်တိုင်ခရီးထွက်ရတယ်။

လို့ အစပြုတဲ့ "ကောင်းကင်ကို"ရဲ့ "ကျွန်" ဆိုတဲ့ ကဗျာ... နဲ့
မင်း သတိရဦးမလား..

ကောင်းကင်မှာ နေညို၊ ရွှေအိုရောင်တွေ မြင်ရင်

တို့နှစ်ယောက် ကြည်နှုးခဲ့တာတွေ

တို့နှစ်ယောက်ရဲ့ အချစ်တွေ

လတ်ဆတ်ခဲ့တာ.....။

လို့ နှုးညံ့စွာဖွဲ့ဆိုထားတဲ့ "တင်ထူးရွှေ"ရဲ့ အချစ်ကဗျာ လှလှလေးတစ်ပုဒ်အပြင်....

အခြားအခြားသော ရသ၊ သုတ၊ ဆောင်းပါး၊ ဟာသတွေလဲ ပါဝင်ပါတယ်။ မလေးရှားရောက် ကိုယ့်မြန်မာလူမျိုးများအတွက် သုတ၊ရသများ၊ ကဗျာ၊ ဆောင်းပါးများ မျှဝေလိုပါက စာမူများနဲ့ အကြံပြုချက်များကို editoryeyintjournal@gmail.com သို့မဟုတ် associateeditoryeyintjournal@gmail.com များကို ပေးပို့နိုင်ကြောင်းလည်း သိရပါတယ်လို့... ။

1.

မလေးရေ…… မလေးရဲ့ ကနေဒါ အခန်းဆက် ဆောင်းပါးလေးအတွက် ၀မ်းသာပါတယ်နော်။

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — January 20, 2010 @ 9:24 pm |Edit This
2.

မလေးရေ…
ဒီမှာနေတဲ့ အနော်တောင်သိဘူး….း)
အဲ့သလို..အဲ့သလို…ကျွန်တော်ဆိုတဲ့ ကျွန်တော်က….း)
ခင်မင်တဲ့
ဏီလင်းညို

Comment by ဏီလင်းညို — January 21, 2010 @ 5:37 am |Edit This
3.

ဟုတ်ကဲ့ ..
အစ်မပြောမှပဲသိရတယ် …
ကျွန်တော်တော့ ပီနန်မှာနေပြီးတောင်မသိဘူး …
စာမူပို့လို့ရရင်တော့ စိတ်ဝင်စားပါတယ် …
ပို့ကြည့်ချင်ပါသေးတယ် …
(ကျွန်တော့်ရဲ့ ဂဘောက်တိဂဘောက်ချာ ခံစားချက်တွေကိုလေ :p…)

ခင်မင်စွာဖြင့်
စံလင်းထွန်း

Comment by စံလင်းထွန်း — January 21, 2010 @ 7:30 am |Edit This
4.

မမအိမ့်ရေ… အောင်မြင်မှုအားလုံးအတွက် မမအိမ့်နဲ့ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါတယ် …။
စာမေးပွဲ ရှိနေလို့ သိပ်မရောက်ဖြစ်ဘူး အားတဲ့အချိန်လေးမှာ အပြေးအလွှား လာမွှေသွားတယ်နော်
ချစ်ခင်စွာဖြင့်
ညလေး နှင်း

Comment by နှင်းဟေမာ — January 21, 2010 @ 6:23 pm |Edit This
5.

မရဲ့အခန်းဆက်ဆောင်းပါးနဲ့ ညွှန်းထားတဲ့စာလေးတွေ ဖတ်ချင်တယ်။ sg မှာ ရနိုင်မယ်ထင်တယ်နော်။

Comment by ဇွန်မိုးစက် — January 21, 2010 @ 8:03 pm |Edit This
6.

ကောင်းပါတယ်ဗျာ။

Comment by ဂျေဂျူဝိုင် — January 25, 2010 @ 4:31 am |Edit This
7.

ဒီကနေ့ပဲ ဘလော့ဂ်မှာ တင်ဖို့ ဒီက ရဲရင့်ဂျာနယ်ဓါတ်ပုံလေး လာယူသွားပါတယ်ခင်ဗျာ။

Comment by စံလင်းထွန်း — February 10, 2010 @ 4:57 am |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...