မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, January 08, 2010

ေ၀၀ါးမျက်ရည်

မောင်.........

စကားလုံးတွေဆိတ်
တိုးတိတ်သွားပြီ။

မျက်လုံးတွေပိတ်
မျက်ရည်တွေလည်း အဆုံးသတ်မဲ့ပြီ။

ပန်းတွေလည်း ကြွေကျ
နွမ်းလျကုန်ပြီ။

ကျမဦးနှောက်တွေပျက်ယွင်း
အလင်းမဲ့ပြီ။

မလျှောက်ချင်တဲ့လမ်းပေါ်
အတင်းဆွဲခေါ်နမ်းပြီးမှ
တစ်ယောက်တည်း လှမ်းစေတဲ့မောင်။

ေ၀၀ါးသွားတဲ့ မောင့်ကျောပြင်မှာ
ကျမရဲ့ မျက်ရည်တစ်စ
အမှတ်တရပါ....မောင်။




ဘာရယ်မဟုတ် စာရေးလို့ကို မရတော့လို့ လူတွေမလာသော ဘလောဂ်မှာ တိတ်တဆိတ်လာရေးခြင်းပါ။
ဒီနေရာလေးမှာဆက်ပြီး
မည်သူကိုမျှ မရည်ရွယ်သော...
စိတ်ထဲထင်ရာများဖြစ်သော..
အခြားသူများရဲ့ခံစားချက်များကို ကိုယ်တိုင်ခံစားချက်လုပ်ပြီး စပ်ဆိုသော..
ခပ်ညံ့ညံ့ကဗျာများ၊ စာများကို တိတ်တဆိတ်လာပြီး ဖွဲ့ဆိုနေဦးမှာဖြစ်ပါတယ်..
အိမ့်ချမ်းမြေ့ဆိုတာကို မြေမြှုပ်မသဂြိုလ်ခင် အထိပေါ့။

ကလောင်ကို မထိန်းချင်သော....(အဲ.. ကီးဘောဒ်နှင့်လက်ချောင်းများကို မထိန်းချင်သော.. :P)
စိတ်လွတ်လပ်ချင်လွန်းသော.....
အိမ့်ချမ်းမြေ့

2 comments:

~ဏီလင်းညို~ said...

မလေးရေ...
ဒီနေရာလေးမှာ တစ်ယောက်ထဲ လာလွမ်းနေတာပေါ့...ဟုတ်လားဗျ...။ ဒီအထိလိုက်လာတာဗျ...။
(ကဗျာလေးကို ခံစားသွားတယ် မလေး...)

ခင်မင်တဲ့
ဏီလင်းညို

Phyo Evergreen said...

စိတ်လွတ်လပ်ချင်သော..အဒေါ်ကြီးအိမ့်ရဲ့ ခပ်ညံ့ညံ့ကဗျာတစ်ပုဒ်ကို ခိုးနားထောင်သွားပါတယ်..။
စာရေးလို့မရလဲနေပါ..မရေးပါနဲ့..။ ဒါနဲ့ New Year တုန်းက အုန်းနို့ခေါက်ဆွဲကောဟင်..မြင်တောင်မမြင်လိုက်ရပါလား။

LinkWithin

Related Posts Plugin for WordPress, Blogger...