မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, December 23, 2009

အိမ်ခြေမဲ့ တစ်ယောက်အကြောင်း

ဟိုးတစ်ခါတုန်းက ခရစ်စမတ်ကာလဖြစ်တဲ့ ဆောင်းရာသီတစ်ခုမှာ၊ နယူးယောက်မြို့ကြီးရဲ့ စက်မှုဇုံဝင်းကြီးတစ်ခုအတွင်းမှာ တာဝန်ကျရဲအရာရှိတစ်ယောက်ဟာ တာဝန်အရကင်းလှည့်နေတယ်တဲ့။ ဆောင်းရာသီကာလဖြစ်တဲ့အတွက် ည ကိုးနာရီအချိန်လောက်မှာ လေတွေက ပြင်းထန်စွာတိုက်ခတ်လာတယ်။ တာဝန်ကျရဲအရာရှိဟာ အမိုးဖျင်တစ်ခုအောက်မှာ ခဏ၀င်ခိုနေတုန်း နောက်ဘက်က လျှပ်တိုက်လျှောက်လာတဲ့ ခြေသံတစ်ခုကို ကြားလိုက်တယ်။ ဒီလိုအချိန်ကြီးမှာ လျှပ်တိုက်လျှောက်လာတဲ့ ခြေသံကြောင့် လက်က သေနတ်ဆီကိုရောက်သွားပြီး နောက်ကို လှည့်ကြည့်လိုက်တယ်။ အဲဒီချိန်မှာ သူ့နားကိုလျှောက်လာနေတဲ့ အရပ်က ၅ ပေ ၁၀လက်မခန့်၊ ပေါင်ချိန် ၁၇၀ခန့်ရှိတဲ့ အဘိုးကြီးတစ်ယောက်ကိုတွေ့လိုက်တယ်။

“လန့်သွားဖို့ မရည်ရွယ်ပါဘူး.. ငါ့နာမယ်က အက်ဒ် ပါ”
အဲဒီအဘိုးကြီးက ပြုံးပြီးပြောတယ်။

“ကျွန်တော့အမည်ကတော့ ရဲအရာရှိ ပါဝါ ပါ”
ရဲအရာရှိကလည်း သူ့ကိုယ်သူ ပြန်မိတ်ဆက်လိုက်တယ်။

“ဒီည အအေးဒဏ်ပြင်းထန်တယ်နော်…။ အင်း… ဒီလိုအအေးဓာတ်ပြင်းထန်တဲ့ ဆောင်းညတစ်ညမှာ ဘ၀တစ်ခု စခဲ့ဖူးတယ်” လို့ အဘိုးကြီးက စကားစလိုက်တယ်တဲ့….

“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ့်ငါးနှစ်.. ခရစ်စမတ်အကြိုနေ့တစ်နေ့မှာပေါ့…” လို့ အဘိုးကြီးက အစချီလိုက်တယ်…

အအေးဓာတ်ပြင်းထန်တဲ့ နယူးယောက်မြို့ရဲ့ အိမ်ကြိုအိမ်ကြားမှာ ပိုင်ဆိုင်သမျှဆိုလို့ လူတစ်ယောက်စာ ခွေအိပ်နိုင်ရုံလောက်သာကျယ်တဲ့ စက္ကူပုံးတစ်ခုကိုသာပိုင်ဆိုင်တဲ့ အိမ်ခြေမဲ့ အရက်သမားတစ်ဦးရှိတယ်။ တစ်နေ့မှာသူဟာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ခြေလှမ်းတွေနဲ့ Manhattan တံတားကြီးပေါ်ကို လျှောက်လာခဲ့တယ်။ အဲဒီနေ့က ၁၉၃၇ ခုနှစ် ခရစ်စမတ်အကြိုနေ့ပေါ့။ တံတားပေါ်ကိုဖြတ်လာမယ့် ထရပ်ကားတစ်စင်းစင်းရဲ့ ရှေ့မှာ လှဲချပြီး ဘ၀တစ်ခုကို အဆုံးသတ်ဖို့ တံတားပေါ်မှာ ရပ်စောင့်နေခဲ့တယ်။

နာရီပေါင်းများစွာ မတ်တပ်ရပ်စောင့်နေခဲ့ပေမယ့်လည်း ထရပ်ကားတစ်စင်းတစ်လေရဲ့ အရိပ်အရောင်တောင် မတွေ့ရဘူး။ နာရီတွေကြာလာတော့ ဆာလောင်မွတ်သိပ်မှုက ပြင်းထန်လာခဲ့တယ်။ ကားကလဲ တစ်စင်းမှ မလာတော့ ကနယ်လမ်းပေါ်ကို တက်သွားပြီး အရင်ရက်တွေတုန်းကလိုပဲ ဖြတ်သွားဖြတ်လာလူတွေဆီက ပိုက်ဆံလေးတစ်ပြားတစ်ချပ်ရမလား တောင်းတယ်။ ဖိတ်ဖိတ်တောက် နယူးယောက်မြို့သူမြို့သားတွေဟာ သူ့ကိုလှည့်လို့တောင် မကြည့်ကြဘူး။ အဲဒီအချိန်မှာ အသားနုရောင်ကုတ်အကျီင်္ဝတ်ထားတဲ့ ရပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ အသက်သုံးဆယ်ကျော်ကျော်အရွယ် ယောင်္ကျားတစ်ယောက်ကို “ကော်ဖီတစ်ခွက်သောက်ချင်လို့ပါ” လို့ တောင်းပန်တိုးလျှိုးလိုက်တယ်။ ကုတ်အကျီ င်္ဝတ်ယောင်္ကျားက သူ့ကိုစောင်းငဲ့ကြည့်ပြီး “ကျွန်တော့နောက်ကို လိုက်ခဲ့” လို့ ဆိုပြီး စားသောက်ဆိုင်တစ်ခုထဲကို ခေါ်သွားတယ်။ စားသောက်ဆိုင်ထဲရောက်တော့ ကောင်တာမှာထိုင်ခိုင်းပြီး ကော်ဖီသာမက ပူနွေးတဲ့ မနက်စာကိုပါ မှာကျွေးတယ်။ အိမ်ခြေမဲ့အရက်သမားကြီးက သူ့ဘ၀မှာ မမေ့နိုင်ဆုံး နံနက်စာပဲလို့ ရေရွတ်လို့မဆုံးခင် ကုတ်အကျီ င်္ဝတ်ယောင်္ကျားက နေ့လည်စာပါဝယ်ပြီး ပါဆယ်ထုတ်ပေးလိုက်တယ်။
အိမ်ခြေမဲ့အရက်သမားဟာ သူနေထိုင်ရာ နောက်ဖေးလမ်းကြားထဲက စက္ကူပုံးအိမ်လေးကိုပြန်လာတယ်။ ညနေစောင်းရောက်တော့ ကုတ်အကျီ င်္ဝတ်ယောင်္ကျား ၀ယ်ပေးလိုက်တဲ့ ညနေစာကိုစားပြီး အိပ်ပျော်သွားခဲ့တယ်။ တစ်ရေးနိုးချိန်မှာ သူ့ဗိုက်ဟာ အရင်နေ့တွေလိုဆာလောင်မွတ်သိပ်မှု မရှိတာကို သတိထားမိပြီး အနည်းငယ်ကျေနပ်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ဘ၀ဟာ အသက်ဆက်ပြီး ရှင်သန်နေစရာအကြောင်း မရှိတာ၊ မျှော်လင့်စရာဘာမှ မရှိတာကို တစိမ့်စိမ့်တွေးပြီး အိပ်ပျော်သွားတယ်။
နောက်တစ်နေ့မှာလည်း အဲဒီအိမ်ခြေမဲ့အရက်သမားဟာ Manhattan တံတားကြီးပေါ်ကို လျှောက်လာခဲ့ပြန်တယ်။ ထရပ်ကားတစ်စင်းစင်းကို မတ်တပ်ရပ်ပြီးစောင့်တယ်။ မနေ့ကလိုပဲ နာရီပေါင်းများစွာစောင့်သော်လည်း ဘာထရပ်ကားမှ ရောက်မလာပြန်ဘူး။ စိတ်ရှုပ်မှု၊ ၀မ်းနည်းမှု၊ မျှော်လင့်ချက်မဲ့မှုတွေနဲ့ ဘာလုပ်ရမှန်းမသိတော့ ဘုရားကိုတောင် စကားပြောလိုက်မိသေးတယ်။ “အိုဘုရား.. နောက်တစ်ညတောင် ဆက်အသက်မရှင်တော့လို့ ကူညီပါ..” လို့။ ဒါပေမယ့် ကားက တစ်စင်းမှ မလာဘူး။ အိမ်ခြေမဲ့အရက်သမား မသိတာက ပြင်းထန်လှတဲ့ စနိုးမုန်တိုင်းကြောင့် အဲဒီ က ၁၉၃၇ ခုနှစ် ခရစ်စမတ်အကြိုနေ့မှာ Manhattan တံတားကြီး ပိတ်ထားတယ်ဆိုတာကိုပဲ။
နာရီပေါင်းများစွာကြာလာတော့ ဆာလောင်မွတ်သိပ်မှုကြောင့် ထုံးစံအတိုင်း ကနယ်လမ်းပေါ်ကို တက်သွားပြီးတောင်းစားပြန်တယ်။ အဲဒီချိန်မှာ မနေ့က ကုတ်အကျီ င်္ဝတ်လူကို ထပ်တွေ့ပြန်တယ်။ ဒီတစ်ခါတော့ အဲဒီလူက သူ့ဆီတန်းလာတယ်။ ပြီးတော့ မျက်လုံးထဲကို စိုက်ကြည့်ပြီး
“ခင်ဗျားကို ကျွန်တော်ကူညီနိုင်မလား” လို့ မေးတယ်။
အဲဒီလူရဲ့ အကြည့်နဲ့ လေသံထဲက နွေးထွေးမှုတစ်စုံတစ်ရာဟာ အိမ်ခြေမဲ့အရက်သမားရဲ့ ရိုးတွင်းခြင်ဆီတွေအထိ စီးဆင်းသွားခဲ့တယ်။ အဲဒီလိုနဲ့ အိမ်ခြေမဲ့အရက်သမားဟာ စားသောက်ဆိုင်ထဲကို ရောက်သွားပြန်တယ်။ ကုတ်အကျီ င်္ဝတ်လူ ၀ယ်ကျွေးတဲ့ အနောက်နိုင်ငံသားတွေရဲ့ ရိုးရာခရစ်စမတ်အစာဖြစ်တဲ့ ကြက်ဆင်သားပေါင်မုန့်အသားညှပ်ကို မြိန်ရှက်စွာစားနေတုန်း ကုတ်အကျီ င်္ဝတ်လူက ပျောက်သွားတယ်။ အပြင်မှာတော့ နှင်းတွေ ပြင်းထန်စွာကျနေတယ်။ အိမ်ခြေမဲ့အရက်သမားစားပြီးလောက်ချိန်မှာ ကုတ်အကျီ င်္ဝတ်ယောင်္ကျားက ပြန်ရောက်လာတယ်။ ဒီလောက်နှင်းမုန်တိုင်းထဲမှာ သူ့ကုတ်အကျီ င်္က နှင်းစက်လေးတစ်စက်တောင် တင်မနေတာကို အိမ်ခြေမဲ့က နည်းနည်း အံ့အားသင့်သွားပေမယ့် ဘာမှတော့ မပြောလိုက်ဘူး။
“မြန်မြန်စား၊ ကျွန်တော်တို့ တစ်နေရာသွားစရာရှိတယ် …"
ကုတ်အကျီ င်္ဝတ်ယောင်္ကျားက အိမ်ခြေမဲ့အရက်သမားကို ပြောလိုက်တယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက် နေ့စားအလုပ်သမားများ အလုပ်ခန့်တဲ့ အေဂျင်စီတစ်ခုရှေ့ကို ရောက်လာခဲ့တယ်။ အဆောက်အဦးထဲကိုဝင်လိုက်တော့ ကုတ်အကျီဝတ်ရဲ့သူငယ်ချင်းဖြစ်သူ ကောင်တာက မိန်းကလေးက ဂိုဒေါင်တစ်လုံးမှာ ညစောင့်အလုပ်သမားအဖြစ်နဲ့ နှစ်ပတ်လုပ်ရမယ့်အလုပ် ရှိတယ်လို့ သူ့ကိုပြောတယ်။
“စီစဉ်စရာရှိတာ စီစဉ်ထားပေးပါ.. ကျွန်တော်တို့ အခု ပြန်လာခဲ့မယ်”လို့ ကုတ်အကျီ င်္ဝတ်ယောင်္ကျားကပြောပြီး အိမ်ခြေမဲ့အရက်သမားကို Army-Navy ကုန်တိုက်ထဲကို အမြန်ခေါ်သွားပြီး အ၀တ်အစားအသစ်တွေ ၀ယ်ပေးတယ်။ ပြီးတော့ အေဂျင်စီကို ပြန်သွားကြပြန်တယ်။
အေဂျင်စီမှာ စာရွက်စာတမ်းတွေဖြည့်ပြီးနောက် သူအလုပ်ဝင်ရမယ့် ဂိုဒေါင်ရှိရာကို သွားရမယ့်ခရီးလမ်းကို ကုတ်အကျီ င်္ဝတ်ယောင်္ကျား သေသေချာချာပြပေးတယ်။ ဘူတာရုံအထိလဲ လိုက်ပို့ပြီး လမ်းခွဲခါနီးမှာ ငွေငါးဒေါ်လာကိုလည်း လက်ထဲထည့်ပေးလိုက်တယ်။
“ငါ.. မင်းကို ဘယ်လိုကျေးဇူးဆပ်ရမလဲ…”
အိမ်ခြေမဲ့အရက်သမားက ကုတ်အကျီင်္ဝတ်လူကို မေးလိုက်တယ်။
“ကိုယ့်ကိုကိုယ် အရက်ရဲ့ကျေးကျွန်အဖြစ်မှ ကယ်ရင်၊ လမ်းပေါ်မှာလေလွင့်နေသူတစ်ယောက်အဖြစ်မှ ကယ်တင်တယ်ဆိုရင် ကျွန်တော့ကိုကျေးဇူးဆပ်တာပါပဲ” လို့ ကုတ်အကျီ င်္ဝတ်ယောင်္ကျားက ပြောလိုက်တယ်။
ပြီးတော့ Merry Christmas လို့ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ပြီး လမ်းခွဲလိုက်ကြတယ်။
နာရီဝက်ကြာအောင် ရထားစီးလာလိုက်တာ သူအလုပ်လုပ်ရမယ့် ဂိုဒေါင်ကိုရောက်လာခဲ့တယ်။ သူ့ကို ဂိုဒေါင်ရှင် မိသားစုက နွေးထွေးစွာကြိုဆိုတယ်။ စောင်တွေ၊ အ၀တ်အစားတွေ အပြင် ပူနွေးတဲ့ ညစာနဲ့ တည်ခင်းအည့်ခံတယ်။ ဒီလိုနဲ့ သူ အလုပ်လုပ်နေတဲ့ နှစ်ပတ်အတွင်းမှာ အခြားအလုပ်သမားတွေနဲ့လည်း ခင်ခင်မင်မင်နေတယ်၊ အလုပ်ကိုလည်း တာဝန်ကျေပြွန်စာလုပ်တယ်။ ဒီလိုနဲ့ အလုပ်ရှင်မိသားစုဟာ သူ့ကို သဘောကျပြီး ယာယီအလုပ်သမားအဖြစ်မှ အမြဲတမ်းအလုပ်သမားအဖြစ် အလုပ်ခန့်လိုက်တယ်။ ပြီးတော့ ဂိုဒေါင်နောက်က အိမ်ခန်းတစ်ခန်းကို သူနေဖို့ ပေးထားတယ်။
အိမ်ခြေမဲ့အရက်သမားအကြောင်း စကားကောင်းနေတဲ့ အက်ဒ်က ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားတယ်။
“ငါတို့ နှင်းထဲရပ်နေတာကြာပြီ။ ငါ့အိမ်ကလေးထဲ လိုက်ခဲ့ပါ” လို့ ဖိတ်ခေါ်တာနဲ့ ရဲအရာရှိနဲ့ အက်ဒ်ဟာ အက်ဒ်ရဲ့ အိမ်ကလေးထဲကို ၀င်ခဲ့တယ်။ အိမ်ခန်းကလေးဟာ အိပ်ခန်းသုံးခန်းပါတဲ့၊ နံရံမှာလဲ လှပတဲ့ နံရံကပ်စက္ကူလေးတွေ၊ အခြားအိမ်သုံးပစ္စည်းတွေနဲ့ တန်ဆာဆင်ထားတဲ့ အိမ်ကလေးပါပဲ။
“ငါလဲ.. အဲသလိုအလုပ်လုပ်ပြီး သည်အိမ်ခန်းလေးမှာ နေလာတာ အခုဆိုရင် နှစ်ပေါင်းသုံးဆယ့်ငါးနှစ်ရှိလာခဲ့ပြီ။”
“ငါ့ကို ကူညီလိုက်တဲ့ ကုတ်အကျီ င်္ဝတ်လူ.. အဲ သူ့နာမယ်က ဂျင်တဲ့၊ အဲဒီလူကို ကျေးဇူးဆပ်တဲ့အနေနဲ့ နေ့စားအလုပ်သမားများ အလုပ်ခန့်တဲ့ အေဂျင်စီက သူ့သူငယ်ချင်း အမျိုးသမီးကတဆင့် ငါအလုပ်ရပြီးမကြာခင်မှာ ငွေနည်းနည်းပို့လိုက်သေးတယ်။ ဒါပေမယ့် စာအိတ်က ပြန်ရောက်လာတယ်။ အထဲမှာ မှတ်ချက်လေးနဲ့။ အေဂျင်စီက အမျိုးသမီးက ငါ့ကို မှတ်မိပေမယ့် ငါနဲ့ပါလာတဲ့ ကုတ်အကျီ င်္ဝတ်လူပါလာတာကို လုံးဝ မမှတ်မိဘူးတဲ့ဗျာ။ ငါထင်တာ သူတို့ သူငယ်ချင်းတွေလို့ ထင်တာ။ ဂျင် ကလည်း အဲသလိုပဲပြောတယ်လေ။ အဲဒီအမျိုးသမီးကို ထပ်ပြီးဆက်သွယ်ကြည့်တော့ အဲဒီအမျိုးသမီးက ငါ့ကိုသေသေချာချာထပ်ပြောလိုက်တယ်။ ဂျင်ဆိုတာကိုလဲ သူမသိဘူး၊ နောက်ပြီး အဲဒီနေ့က အေဂျင်စီကို ငါတစ်ဦးတည်း ၀င်လာတာဆိုပဲ။ ငါ့ဘေးမှာ ဘယ်က ဂျင် မှလဲ မပါဘူး။ ဘယ်သူမှ ပါမလာဘူး၊ ငါတစ်ဦးထဲကိုပဲ အေဂျင်စီထဲကို ၀င်လာတာလို့ ငါ့ကိုထပ်ခါတလဲလဲ ပြောနေတော့တာပါပဲကွာ”

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

ဒီရက်တွေမှာ ခရစ်စမတ်မီးလေးတွေလင်းနေတဲ့၊ နှင်းမှုန်တွေကြဲချနေတဲ့ တောင်ပေါ်မြို့လေးတစ်မြို့မှာ နေထိုင်နေတဲ့…၊ မြန်မာပြည်နဲ့အဝေးကြီးမှာ နေထိုင်နေတဲ့… ကျွန်မ…
အရာရာကို လွမ်းစရာအဖြစ် မြင်နေ၊ ခံစားနေရတယ်။
တိတ်ဆိတ်တဲ့ညတွေမှာ အရင်လို သတင်းတွေ၊ ဆောင်းပါးတွေထက် အိန်ဂျယ်လ်များ၏ တစ်ကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းများဆိုတဲ့ (We Hear The Christmas Angles, Ture Stories of Their Presence – Edited by Evelyn Bence) စာအုပ်နီနီလေးကို ဖတ်ဖြစ်တယ်။ အဲဒီအထဲက John Powers ဆိုတဲ့ ရဲအရာရှိတစ်ယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးဖြစ်တဲ့ “Do you want help?” ဆိုတဲ့ စာစုလေးကို စာဖတ်သူ ညီအစ်ကို မောင်နှမတွေကို ဝေမျှလိုက်ပါတယ်ရှင်။

♥●••·˙Peace on Earth!˙·••●♥

ချစ်ခြင်းများနှင့်…


Sunday, December 20, 2009

ရောသမမွှေညစာ

မနေ့က အစ်မနဲ့အကိုအိမ်မှာ ခရစ်စမတ်ညစာ စုစားကြတုန်းက….

သူတို့ချက်ထားတာတွေကတော့ အများကြီးပါပဲ။ မြန်မာစာတွေများတယ်။ ကြက်သည်းကြက်မြစ်ကို ငရုတ်သီးစပ်စပ်နဲ့ချက်ထားတာရယ်၊ ငါးချဉ်သုပ်၊ ပုဇွန်ဆီပြန်၊ ကျောက်ပွင့်သုပ်၊ ၀က်သား၊ ကြက်သားဟင်း၊ ၀က်သားနဲ့ကျောက်ဖရုံဟင်းချို စသဖြင့် စုံနေတာပါပဲ။

ဟိုနည်းနည်းဒီနည်းနည်းစားလိုက် ရောက်တတ်ရာရာစကားတွေပြောလိုက်နဲ့ အစ်မကြီးတစ်ယောက်က သူချက်ထားတဲ့ ရိုးရာကြက်ဆင်ကို ဘယ်သူမှ သိပ်မထိကြလို့ ပြောနေတာနဲ့ မလေးလည်း အားပေးမယ်ဆိုပြီး ……..

ဘယ်တုန်းကမှ မကြိုက်သော ကြက်ဆင်သားဘေးမှာ cheese cake ပုံပြီး ငပိရည်ဆမ်းလိုက်တော့ အဲဒီနားမှာထိုင်နေသူတွေက မျက်လုံးပြူးကြည့်နေကြတယ်။ ငပိရည်ကလဲ ပြတ်နေတာကြာတော့ …ပေါ့ရွှတ်ရွှတ်ကြက်ဆင်သားကို အငံလေးနဲ့စားမလို့လေ။ အာလူးခြေလေးကိုလည်း ငပိရည်နည်းနည်းလေးဆမ်းပြီး အစ်မတစ်ယောက်ကိုလည်း ခွံလိုက်တာ အဲဒီအစ်မက အရမ်းသဘောကျပြီး သူပါလိုက်စားရင်း ကောင်းတယ်ဟဲ့ ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် အကုန်လိုက်စားကြတော့တာပါပဲ။ အိမ်ချမ်းမြေ့တစ်ယောက် cheese cake နဲ့ ငပိရည်စားနေလေရဲ့ဆိုပြီး သူတို့ကမှ စားလိုက်ကြတာ…။

အဲဒါ တစ်ယောက်က ဘလောဂ်ပေါ်တင် ဆိုပြီး မလေးပန်းကန်ထဲက စားစရာတွေပေါ် ငပိရည်တွေ လာထည့်ပြီး ဓာတ်ပုံရိုက်သွားတော့တာပါပဲ။
ဒညင်းသီးလုံးဝ မကြိုက်ပါဘူးဆိုတာလည်း အတင်းလာထည့်သွားတယ်။

ကလေးတွေ လိုက်မလုပ်ပါနှင့်..(လူကြီးများသာလုပ်ပါမည်) စားစရာကို မကစားကောင်းပါ… :P
အဲဒီပန်းကန်လည်း မလေး မထိဖြစ်တော့ပါ။



1.

cheese cake with ngapiyay??? such a rare combination! :D
it looks delicious anyway. thanks for posting. :)
Comment by Zun Moe Sett — December 20, 2009 @ 8:13 pm
2.

မလေးရေ…
ရှားချင်ဒယ်…။
ဟွန်းးးးးးး လူဂျီးများဘဲ လုပ်ပါမည်ဒဲ့…။ ဒါရှို ချွန်တော်ဒို့ လုပ်လို့မရဒေါ့ဘူးပေါ့…ဟီးဟီးး
(ငယ်ချင်ယောင် ဆောင်သွား၏။)
ခင်မင်တဲ့
ဏီလင်းညို
Comment by ဏီလင်းညို — December 20, 2009 @ 8:43 pm
3.

ငါးချဉ် ဘယ်က ၀ယ်လဲ အစ်မ။ မတ်ထရိုတောင်းနားမှာ..ရောက်နေတယ်..အခု။ :P။
Comment by pN — December 20, 2009 @ 9:01 pm
4.
I guess rapper Thar Soe will sue you by Virginia copy right act :)
Comment by westcoast22 — December 20, 2009 @ 11:26 pm
5.

မလေးရေ……. ကြည့်ရတာ စားချင်စရာလေးတွေနော်။ မလုပ်တတ်ဘူး။း)
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — December 21, 2009 @ 12:30 am
6.

Zun Moe Sett ..oat meal ထဲ ငံပြာရည်ထဲ့စားသူတောင် ရှိသေးတယ်ဇွန်ရေ.. မလေးတို့အမျိုးတွေကတော့ ပြောမနေနဲ့တော့
ဏီလင်းညို … ကြိုက်တာသာယူစားပါ ငယ်သူရေ :D
pN .. မလေး အစ်မက သူကိုယ်တိုင်လုပ်တာ။ မက်ထရိုတောင်းမှာလားးးးးးးး)) အခုဘယ်မှာတည်းနေလဲ။ ဘယ်လောက်ထိ နေမှာလဲ။
westcoast22… လုပ်လိုက်ရင် အလန့်တကြားချည်းပဲ.. ဘာလို့တုန်း
ဒဏ္ဍာရီ … ဒဏ္ဍာရီ့ကို သင်ပေးမယ်လေး)
Comment by မလေး — December 21, 2009 @ 1:22 am
7.

မလေးရေ.. ငါးပိရည် နဲနဲ လာတောင်းတာ။း) ဒီမှာလည်း ၀ယ်လို့တော့ရတယ်။ တခါမှတော့ cheese နဲ့မစားဘူးဘူး။ တို့အမကတော့ လုပ်လိုက်ရင် မျက်လုံးပြူးစရာတွေချည်းပဲနော်။း)
လုပ်နည်းလေး လာသင်ပါတယ် မလေးရေ…။ ဘလောဂ့်လည်း ကလိလို့ အားရသွားပါပြီ၊ အားလုံးလည်း ပျောက်ကုန်ပါပြီ။း) လင့်တွေ အသစ်ပြန်ချိတ်နေရတယ် မလေးရေ…။ စကားနားမထောင်တာလေး။ အဲလိုအဲလို…
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — December 21, 2009 @ 1:50 am
8.

Merry X’mas
ပျော်ရွှင်သော X’mas ကာလဖြစ်ပါစေ………….
Comment by minthant2009 — December 21, 2009 @ 4:09 am
9.

မမအိမ့်ကတော့လေး))) ညီမက Cheese Cakeကိုရော ငါးပိရည်ကိုရော အရမ်းကြိုက်တာ။ အခုလိုက်စားကြည့်ချင်နေပြီ… (သမီးကတော့ မနေ့တနေ့က အသက်ပြည့်သွားပြီမို့လို့ စားစရာကို ကစားလို့ရပြီ ထင်ပါတယ်း))
Comment by ရွှေပြည်သူ — December 21, 2009 @ 4:57 am
10.

လာလည်ပြီးဖတ်ရှု့သွားပါတယ်ခင်ဗျာ
Comment by nai — December 21, 2009 @ 10:30 am
11.

ဗိုက်ဆာသွားပြီ
စားလိုက်ရင်တော့ ဘာအရသာတွေ စုံသွားမယ်မသိဘူးဗျ :P ကပ်သီးကပ်သတ်တော့ တော်တော်တွေးနိုင်တယ်နော် …..
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — December 21, 2009 @ 11:15 am
12.

ဒဏ္ဍာရီ … ဆိုက်ဒ်က ဘာမှ မမြင်ရတော့ပြန်ဘူး :P
minthant2009 … Merry Christmas to you too, friend!
ရွှေပြည်သူ … မမအိမ့် ရွှေပြည့်သူ့ မှတ်ပုံတင်ကိုအရင်ကြည့်ပြီးမှ ခွင့်ပြုနိုင်မယ်နော် ;)
nai.. မင်္ဂလာပါရှင်..
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … သူက ချိုမလိုလိုနဲ့ ကြာမှခါးသက်သက်ဖြစ်လာတဲ့ အရသာမျိုးလေး..
Comment by အိမ့်ချမ်းမြေ့ — December 21, 2009 @ 4:07 pm
13.

ဘာတွေလျှောက်လုပ်မှန်းလည်းမသိဘူး…။ ;S
Comment by Evergreen Phyo — December 21, 2009 @ 7:27 pm
14.

ဟုပ်ပဘာတွေလှေက်လုပ်မှန်းလည်းသိဘူး..လူကြီးတွေလဲတယ်ဲပြောရခက်တာပဲ..ဟိဟိ…စားလိုကောင်းလားဟင်…:D
Comment by ပီယာ — December 22, 2009 @ 11:10 am
15.

စားချင်စရာလေးပါဗျ။ ကျွန်တော်ရောက်ပါတယ်ခင်ဗျာ။ကျွန်တော် မြန်မာစာ အိမ်လေးကလည်းကြိုဆိုပါတယ်ခင်ဗျာ။
Comment by မြန်မာစာ — December 27, 2009 @ 8:55 am
16.

အားပါး။ ဗိုက်ဆာလိုက်တာ အမရာ။
Comment by zwesoelwin — December 28, 2009 @ 1:08 am
17.

အပြီးပြောင်းလာတာ..အစ်မရဲ့။ စကားမစပ်.. ဟက်ပီးနယူးရီးယားပါ..။ လိုတော့လိုသေးတယ်။ :)။
Comment by pN — December 29, 2009 @ 3:12 pm
18.

အခုမှဘဲ ကြည့်မိတယ်။စားချင်စရာလေးနော်။ နဲနဲကျွေးပါ။နော် နော်
Comment by Htate Htar(လရိပ်သာ) — December 31, 2009 @ 4:01 pm

Thursday, December 17, 2009

မျက်ရည်နှင်း


ဆောင်းသခင်မ၊ ကောင်းကင်မှဆင်း
ငွေလွှာနှင်းခြုံ၊ မလင်းမှုန်ဝါး
ပ၀ါပါးနှယ်၊ မျက်ထားမချို
အမူပိုဟန်က၊ စိတ်ကိုထွေပြား
ဆောင်းလေလားသလို့၊ ခွဲခြားမသိတတ်
အဆွေးဓာတ်တွေ၊ ရစ်ပတ်နေပြီ
မျက်ရည်ဝဲလှပေါ့ မေရယ်။

မြက်ဖျားနှင်းက၊ နေခြည်ခလျှင်
ကွယ်ပစမြဲ၊ ဒီလိုပဲလေ
အသည်းချစ်သမျှ၊ တဒင်္ဂမှာ
ဝေးကွာပျောက်လွင့်၊ ရင်မှာနင့်ပေါ့

ထောက်ချင့်မစနာ၊ အကြင်နာကင်း
မာနတင်းသူ၊ ကလူသမျှခံ
အလွမ်းဒဏ်သင့်၊ မျက်ရည်ပွင့်တို့
နှင်းနှင့်အတူ အပြိုင်ဝေ…..




(ရွှေဘိုတင်အောင်၏ နှလုံးသားမှ အချစ်ဒဏ်ရာ ကဗျာများမှ…)

စာမရေးနိုင်သေးလို့ ဓာတ်ပုံတွေရယ်.. သူများကဗျာတွေတင်နေတာကို ခွင့်လွှတ်ကြပါ..

1.

မလေး ကဗျာလားလို့။
အဆုံးရောက်မှ ရွှေဘိုတင်အောင်ဆိုတော့ :D
ကဗျာလေးချစ်စရာ .. ပုံကလေးလဲ လှတယ် မလေး .. ။
ရာသီအေးအေး နှင်းဖွေးဖွေးမှာ မလေး အိမ့်ချမ်းမြေ့တယောက် … ချမ်းမြေ့ပျော်ရွှင် ပါစေ … လို့ …။
မမေ
Comment by MDW — December 17, 2009 @ 4:57 am
2.

မမအိမ့်ရေ….
ကဗျာလေး လာရောက်ခံစားဖတ်ရှုသွားပါတယ် …
မျက်ရည်နှင်း နဲ့ အတူ နှင်းလည်း ခံစားလိုက်ရတယ် ….
ဆောင်းနဲ့ ပတ်သတ်တဲ့ ၀တ္ထု အသစ်လေးတစ်ပုဒ်လောက် တင်ပါဦး မမရေ …..
ခင်မင်လေးစားအားပေးလျှက်
Comment by နှင်းဟေမာ — December 17, 2009 @ 5:43 am
3.

မလေးရေ …. နှင်းလွှာ ပ၀ါပါးနဲ့ လွမ်းခြုံထားတဲ့ ဒီဇင်ဘာ ကဗျာလေးကို ခံစားသွားပါတယ်နော်။
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — December 17, 2009 @ 8:39 am
4.

MDW … “အဆွေးဓာတ်တွေ၊ ရစ်ပတ်နေပြီ.. မျက်ရည်ဝဲလှပေါ့ မေရယ်..” ဆိုလို့ ဒီကဗျာကို မလေးက မမေတွက် စပ်တယ်ထင်သွားတာလားဟင်.. :P
ဟုတ်ဘူး။ ရွှေဘိုတင်အောင်က မမေတွက်.. အဲလေ.. သူ့ရဲ့ မေ တွက် စပ်ထားတာကို ကြိုက်လို့ ယူတင်ထားတာ :D သတိရတယ် မမေရေ..
နှင်းဟေမာ .. ဒဏ္ဍာရီ .. မင်္ဂလာပါ နှင်းနဲ့ ဒဏ္ဍာရီရေး) ခုတစ်လော ဘာကဗျာ၊ ဘာစာမှကို မထွက်တော့ဘူးဖြစ်နေလို့ပါ။ အဆင်ပြေကြပါစေကွယ်..
Comment by မလေး — December 17, 2009 @ 9:58 am
5.

မလေးရေ….
ကဗျာလေးက..လွမ်းစရာနော်…။ စာရေးပါဦးဗျာ…နော်ဗျ….။
မလေးရေးတဲ့ ၀တ္တုလေးတွေ တစ်ကယ်ဖတ်ချင်တာ…။
(မက်စ် အချိုရည်သောက်ချင်၏။)
ခင်မင်တဲ့
ဏီလင်းညို
Comment by ဏီလင်းညို — December 17, 2009 @ 12:40 pm
6.

ခွင့်မလွှတ်ဘူး..။ :D
Comment by Evergreen Phyo — December 17, 2009 @ 8:01 pm
7.

မမရေ။ မေလေး မရောက်တာကြာပြီနော်။ နက် မကောင်းတာနဲ့၊ အချိန်မမီတာကြောင့်ရယ်ပဲ မလည်ဖြစ်ဘူး။ ခုလည်း ဖတ်မမီတာနဲ့ ဟိုးအောက်တိုဘာကနေ ဒီခုနောက်ဆုံးပိုစ့်ထိ ကော်ပီကူးယူသွားရတယ် မမရေ။ မမ ကျန်းမာပျော်ရွှင်ပါစေနော်။
Comment by maylay — December 18, 2009 @ 1:50 am
8.

ကဗျာက စင်းလုံးချော ဖြစ်နေတာ ရင်တွင်းဖြစ်မဟုတ်လို့နဲ့တူတယ် ရန်စတာ ဟား၂၂
Comment by westcoast22 — December 18, 2009 @ 11:33 am
9.

အစ်မဆီမှာလွမ်းစရာတွေရှိမယ်မထင်..။
Comment by Evergreen Phyo — December 18, 2009 @ 8:10 pm
10.

အစ်မရေလာလည်သွားပါတယ်။ကဗျာလေးကိုဖတ်သွားပါတယ်။အစ်မအဆင်ပြေကျန်းမာပျော်ရွင်ပါစေ။အစ်မရဲ့စာတွေကိုအသစ်တင်တိုင်းလာဖတ်ပါတယ်
Comment by တောသားလေး — December 19, 2009 @ 3:43 pm
11.

ဏီလင်းညို .. မလေးလဲ မက်စ် အချိုရည်သောက်ချင်တယ်။ စာလုံးဝ မရေးနိုင်ပါး(
Evergreen Phyo . . လွှတ်နဲ့
maylay.. ဟုတ် မေလေးလဲ ပျော်ရွှင်ပါစေနော်…း))
westcoast22 .. သြော်..ဟုတ်ပါပြီ.. ဟုတ်ပါပြီ .. ညည်းကိုကျုပ်ဂျီမေးလ်အင်ဗိုက်ထားတယ်နော်။
Evergreen Phyo … ထင်ပါသလား… အပုံကြီးပါကွယ်..
တောသားလေး.. အစ်မလဲ သတိရပါတယ်..ကျန်းမာပျော်ရွှင်ပါစေကွယ်။
Comment by မလေး — December 20, 2009 @ 2:28 am
12.

အများအခေါ်မလေးပေါ့ ….
ခိုပြီးဖက်နေတာကြာပြီ..ဟိဟိ
မလေးအခေါ်ရင်ခက်သံကိုပထမဆုံးအကြိမ်ရေးဖြစ်တာပါ…ဒီဘလော့လေးက နော်၇င်ကိုတစ်ကယ်ခက်လိုက်စေပါတယ်အားပေးတယ်..အေ၇းကျဲတာတော့အားရဘူး..
အားပေးလျှက်
ပီယာ(မောင်လေး…ဟိဟိ)
Comment by ပီယာ — December 20, 2009 @ 6:57 am
13.

ပီယာ .. အမ်.. ခိုပြီးဖက်နေတာကြာပြီ.. ဟုတ်လား။ ဘာကိုများလဲ ပီယာရယ်။ မွန်လား ရခိုင်လားဟင်
Comment by မလေး — December 21, 2009 @ 1:00 am
14.

ပြောပြဘူး….ဗမာပါခင်ညာ…ခိုဖက်ပါတယ်ချိုမှပြောဘူး..ဟိဟိ
Comment by ပီယာ — December 22, 2009 @ 11:13 am
15.

ဖြိုး ပြောတာကိုလက်ခံတယ် အရင်ကတော့ ယုံချင်ယုံမယ် ခုတော့မယုံတော့ဘူး ။ ဘေးမှာ ချစ်ရတဲ့မောင် ရယ် ချစ်ရတဲ့သား ရယ်ရှိနေတဲ့သူတစ်ယောက်က လွမ်းဖို့ အချိန်ရှိမှာဟုတ်ပါဘူး ( ခလေး အနှီးလျှော်နေရလို့ ) ဟဟား စတာနော် ကျနော့်အစ်မ စိတ်မဆိုးကြေး :P
Comment by မောင်မျိုး — December 29, 2009 @ 5:40 am

Tuesday, December 08, 2009

ကနေဒါသို့ (အလုပ်လာလုပ်လိုသူများအတွက် - skilled workers )

ကနေဒါကို ပြောင်းရွှေ့နေထိုင်လာလိုပါက ဒီပိုစ့် မှာရေးထားသလို မိမိရဲ့အလုပ်ရှင်က အလုပ်ခန့်ရန် အဆင်သင့်စောင့်နေတယ်ဆိုရင် offer of arranged employment ၀င်ခွင့်ဗီဇာက ပိုပြီးအဆင်ပြေနိုင်ပါတယ်။
တစ်ကယ်လို့ offer of arranged employment မရှိဘူးဆိုရင်လည်း ကျွမ်းကျင်မှုလုပ်သားတွေ အနေနဲ့ ဗီဇာလျှောက်လို့ရပါတယ်။

Skill Type 0 (managerial occupations) or Skill Level A (professional occupations)
0111: Financial Managers
0213: Computer and Information Systems Managers
0311: Managers in Health Care
0631: Restaurant and Food Service Managers
0632: Accommodation Service Managers
0711: Construction Managers
1111: Financial Auditors and Accountants
2113: Geologists, Geochemists and Geophysicists
2143: Mining Engineers
2144: Geological Engineers
2145: Petroleum Engineers
3111: Specialist Physicians
3112: General Practitioners and Family Physicians
3141: Audiologists and Speech Language Pathologists
3143: Occupational Therapists
3142: Physiotherapists
3151: Head Nurses and Supervisors
3152: Registered Nurses
3215: Medical Radiation Technologists
3233: Licensed Practical Nurses
4121: University Professors

4131: College and Other Vocational Instructors
6241: Chefs
6242: Cooks
7213: Contractors and Supervisors, Pipefitting Trades
7215: Contractors and Supervisors, Carpentry Trades
7217: Contractors and Supervisors, Heavy Construction Equipment Crews
7241: Electricians (Except Industrial and Power System)
7242: Industrial Electricians
7251: Plumbers
7252: Steamfitters, Pipe fitters and Sprinkler System Installers
7265: Welders and Related Machine Operators
7312: Heavy-Duty Equipment Mechanics
7371: Crane Operators
7372: Drillers and Blasters – Surface Mining, Quarrying and Construction
8221: Supervisors, Mining and Quarrying
8222: Supervisors, Oil and Gas Drilling and Service
9212: Supervisors, Petroleum, Gas and Chemical Processing and Utilities

Skill Level B — Occupations usually require college education or apprenticeship training
• Contractors and Supervisors, Trades and Related Workers
• Supervisors, Railway and Motor Transportation Occupations
• Machinists and Related Occupations
• Electrical Trades and Telecommunication Occupations
• Plumbers, Pipefitters and Gas Fitters
• Metal Forming, Shaping and Erecting Trades
• Carpenters and Cabinetmakers
• Masonry and Plastering Trades
• Other Construction Trades
• Machinery and Transportation Equipment Mechanics (Except Motor Vehicle)
• Automotive Service Technicians
• Other Mechanics
• Upholsterers, Tailors, Shoe Repairers, Jewellers and Related Occupations
• Stationary Engineers and Power Station and System Operators
• Train Crew Operating Occupations
• Crane Operators, Drillers and Blasters
• Printing Press Operators, Commercial Divers and Other Trades and Related Occupations, n.e.c.

Skill Level C — Occupations usually require secondary school and/or occupation-specific training
• Motor Vehicle and Transit Drivers
• Heavy Equipment Operators
• Other Transport Equipment Operators and Related Workers
• Other Installers, Repairers and Servicers
• Longshore Workers and Material Handlers

Skill Level D — On-the-job training is usually provided for occupations
• Trades Helpers and Labourers
• Public Works and Other Labourers, n.e.c.

အထက်မှာဖော်ပြထားတဲ့ လုပ်ငန်းတွေရဲ့ အတွေ့အကြုံ တစ်နှစ်ရှိတယ်ဆိုရင်… ဆယ်နှစ်အတွင်းမှာလည်း ဒီလိုအလုပ်တွေကို လုပ်ခဲ့တယ်ဆိုရင် skilled worker တွေ အနေနဲ့ ဗီဇာလျှောက်လို့ရပါတယ်။
ဗီဇာလျှောက်ပြီဆိုရင်

ပညာရေး (အင်္ဂလိပ်သို့မဟုတ် ပြင်သစ်စာ ကျွမ်းကျင်မှု (ကနေဒါမှာ ရုံးသုံးဘာသာစကားက အင်္ဂလိပ်နဲ့ပြင်သစ် ၂မျိုးဖြစ်ပါတယ်))
လုပ်ငန်းအတွေ့အကြုံ၊
အသက်အရွယ်
offer of arranged employment ရှိမှု၊ မရှိမှု
လိုက်လျောညီထွေစွာ နေထိုင်တတ်မှု
စတဲ့ အချက်ခြောက်ချက်ကို ကြည့်ပြီး အမှတ်ပေးပါတယ်။ အခုလောလောဆယ်တော့ ၆၇ မှတ်ရရင် အောင်ပါတယ်။

ပညာရေး

ပညာရေးမှာ အနည်းဆုံးတော့ အထက်တန်းအောင်ရပါမယ်။ အထက်တန်းအောင်ရင် (ဒီကအထက်တန်းက ၁၂တန်းထိဖြစ်ပါတယ်) ၅ မှတ်၊ ၁နှစ်ဒီပလိုမာသင်တန်းအောင်ရင် ၁၂မှတ်၊ ယူနီဗာစတီဒီဂရီတစ်ခုရရင် ၁၅မှတ်၊ ယူနီဗာစတီဒီဂရီ နှစ်ခုနှင့် နှစ်ခုအထက်ဆိုရင် ၂၂မှတ်နဲ့ မာစတာသို့မဟုတ် Ph.D. ဆိုရင် ၂၅မှတ် စသဖြင့် အမှတ်ပေးပါတယ်။ ၂၅မှတ်ကတော့ ပညာရေးမှာ အမြင့်ဆုံးရတဲ့ အမှတ်ပါ။



အင်္ဂလိပ်သို့မဟုတ် ပြင်သစ်စာ ကျွမ်းကျင်မှု

အင်္ဂလိပ်သို့မဟုတ် ပြင်သစ်စာ ကျွမ်းကျင်မှုကတော့ အရေး၊ အဖတ်၊ အပြော နဲ့ နားလည်နှိုင်မှုတွေပေါ်မှာ မူတည်ပြီး အမှတ်ရပါတယ်။ ကိုယ်က ပြင်သစ်စာကော အင်္ဂလိပ်စာပါ အရေးအဖတ်အပြောအဆိုနဲ့ နားလည်နိုင်မှု မြင့်တယ်ဆိုရင် အမှတ်များများ ရမှာဖြစ်ပါတယ်။ ဥပမာ အင်္ဂလိပ်စာကို အတော်အတန် ပြောဆိုရေးတတ်တယ်ဆိုရင် ဂ မှတ်ရမှာဖြစ်ပါတယ်။ အခြေခံလောက်ပဲ ရေးတတ်ဖတ်တတ်ပြောတတ်ပြီး အခြေခံလောက်ပဲ နားလည်တယ်ဆိုရင်တော့ ၂မှတ်ပဲ ပေးပါတယ်။ ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်ပြောတတ်တယ်ဆိုရင်တော့ ၁၆မှတ်အထိပေးပါတယ်။ ဒါ့အပြင် ပြင်သစ်စာပါ ကျွမ်းကျင်တယ်ဆိုရင်တော့ အမှတ်တွေ ထပ်ရပါမယ်။



လုပ်ငန်းအတွေ့အကြုံ၊

အထက်ဖော်ပြပါ စာရင်းထဲက လုပ်ငန်းများမှာ အတွေ့အကြုံရှိသူများအနေနဲ့ လုပ်သက်တစ်နှစ်နဲ့အောက်ဆို အမှတ် မရပါဘူး။ တစ်နှစ်နဲ့ နှစ်နှစ်အတွင်းမှာဆိုရင် ၁၅မှတ်၊ နှစ်နှစ်နဲ့သုံးနှစ်အတွင်းမှာဆိုရင် ၁၇ မှတ်၊ သုံးနှစ်နဲ့ လေးနှစ်အတွင်းမှာဆိုရင် ၁၉ မှတ်နဲ့ လေးနှစ်အထက်ဆိုရင်တော့ ၂၁ မှတ်ရပါတယ်။

အသက်အရွယ်
အသက် ၁ရ နှစ်နဲ့အောက်ဆိုရင် အမှတ် တစ်မှတ်မှ မရပါဘူး။ ၁ရ ဆိုရင် ၂မှတ်၊ ၁ဂနှစ်ဆိုရင် ၃မှတ်၊ ၁၉နှစ်ဆို ၆ မှတ်၊ ၂၀နှစ်ဆိုရင် ဂမှတ်၊ ၂၁မှ ၄၉နှစ်ဆိုရင် ၁၀မှတ်၊ အသက် ၅၀ဆိုရင် ဂမှတ်၊ ၅၁နှစ်ဆိုရင် ၆ မှတ်၊ အသက် ၅၂နှစ်ဆိုရင် ၄ မှတ်၊ ၅၃နှစ်ဆိုရင် ၂မှတ်၊ အသက် ၅၃နဲ့အထက်ဆိုရင်တော့ တစ်မှတ်မှ မရပါဘူး။ ဆိုလိုတာ အသက် ၂၁နဲ့၄၉ကြားက အလုပ်လုပ်နိုင်မယ့်သူတွေကို ပိုပြီး လိုလားပါတယ်။

offer of arranged employment ရှိမှု၊ မရှိမှု

ကိုယ့်ကို အလုပ်ပေးမယ့်အလုပ်ရှင်က အဆင်သင့်ရှိနေတယ်၊ ကိုယ်ကလည်း အဲဒီအလုပ်မှာ ၀င်ရောက်လုပ်ကိုင်မှာ သေချာရင် အမှတ်ပြည့် ၁၀မှတ်ရပါတယ်။ မဟုတ်ရင်တော့ တစ်မှတ်မှ မပေးပါဘူး။

လိုက်လျောညီထွေစွာ နေထိုင်တတ်မှု (Adaptability)

လိုက်လျောညီထွေစွာ နေထိုင်တတ်မှုမှာတော့ ဘာတွေကိုထည့်တွက်သလဲဆိုရင် မိမိနဲ့အတူတူပါလာမယ့် ဇနီးခင်ပွန်းရဲ့ ပညာရေး၊ ကနေဒါမှာ ကျောင်းတက်ဖူးခြင်းရှိ မရှိနဲ့၊ အလုပ်အကိုင်လုပ်ဖူးခြင်း ရှိ မရှိတွေကိုပါ အမှတ်ပေးစနစ်နဲ့ထည့်တွက်ပါတယ်။ နောက်တစ်ခုက ကနေဒါမှာ မိဘ၊ အဖိုးအဘွား၊ အဒေါ်၊ ဦးလေး၊ ညီအစ်ကိုမောင်နှမ၊ တူ၊တူမ၊ သားသမီးနဲ့မြေး၊ ဇနီးခင်ပွန်း တစ်ယောက်ယောက်ဟာ ကနေဒီယန်ဟုတ်မဟုတ်၊ permanent resident ဟုတ်မဟုတ်ပေါ်မှာ မူတည်ပြီးတော့လည်း အမှတ်ရပါတယ်။

(ဥပမာအားဖြင့် ကိုယ်ကအိမ်ထောင်မရှိသူ (ရှိရင်လည်း အိမ်ထောင်ဘက်က ဒီဂရီတစ်ခုပဲရတယ်၊ ကနေဒါမှာလည်း ကျောင်းမနေဖူးဘူး၊ အလုပ်လည်းမလုပ်ဖူးဘူး) ကိုယ်ဟာလည်း ဒီဂရီတစ်ခုပဲရတယ်၊ အင်္ဂလိပ်စာကို အလယ်အလတ်ပဲ ရေးတတ်ပြောတတ်တယ်၊ ပြင်သစ်စာမတတ်ဘူး၊ offer of arranged employment မရှိဘူး၊ ဆိုရင် အောင်မှတ်ဖြစ်တဲ့ ၆၇ မှတ်ရရန် မလွယ်ပါဘူး။ ဒါပေမယ့်လည်း အမှတ် ၆၇ မှတ်မရလို့ မလျှောက်ရဘူးဆိုတာတော့ မဟုတ်ပါဘူး။ ကနေဒါမှာ ကိုယ်ဟာ economically established ဖြစ်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်ဆိုရင်၊ အဲဒီအချက်ကိုလည်း အထောက်အထားနဲ့ ပြနိုင်မယ်၊ ပြောနိုင်မယ်ဆိုရင် skilled worker တစ်ယောက် အနေနဲ့ ဗီဇာ လျှောက်နိုင်ပါတယ်လို့ ဆိုကြပါတယ်။ ကိုယ်က ဘွဲ့နှစ်ခုလောက် ရထားမယ်၊ အိမ်ထောင်ဘက်ကလည်း နှစ်ခုလောက်ရထားမယ်ဆိုရင် အမှတ်ကပိုမြင့်လာပြီး အောင်မှတ်ကျော်နိုင်ပါတယ်။ ကျမသိတဲ့သူတွေထဲမှာတော့ စင်္ကာပူမှ မိသားစုတွေ တော်တော်များများ ပြောင်းရွှေ့နေထိုင်လာကြပါတယ်။ စင်္ကာပူနိုင်ငံမှ ပြောင်းရွှေ့လာသူတွေကတော့ ကနေဒါကို permanent resident visa ရပြီးမှ ၀င်လာသူတွေဖြစ်ပါတယ်။ မြန်မာပြည်မှ သူနာပြုအချို့လည်း ဒီမှာအလုပ်ရှင် (Private nurse) လိုချင်သူများနဲ့ချိတ်ပြီး ရောက်လာကြသူတွေလည်းရှိပါတယ်။ သူတို့ကတော့ foreign workers တွေနဲ့အလုပ်လုပ်နေပြီး သုံးနှစ်ပြည့်သည့်အခါမှာ permanent resident visa ပြန်လျှောက်ကြရပါတယ်။

ကျမသူငယ်ချင်းတွေထဲမှာ စင်္ကာပူမှ ကနေဒါpermanent resident visa လျှောက်တာ မရကြသူတွေလည်းရှိပါတယ်။ စင်္ကာပူမှာ အင်ဂျင်နီယာများအနေနဲ့ လုပ်ငန်းအတွေ့အကြုံရှိရဲ့သားနဲ့ AutoCAD တတ်သလားဟု ကနေဒီယန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စင်္ကာပူအမျိုးသမီးက မေးတာကို မတတ်ဘူးဟု ရိုးသားစွာဖြေလိုက်တာနဲ့ အခြားအတွေ့အကြုံတွေ အများကြီးရှိရဲ့သားနဲ့ AutoCAD လေးမတတ်တာတစ်ခုတည်းနဲ့ အင်တာဗြူးကျသွားတာတွေလည်း ရှိပါတယ်။ အဲဒီသူငယ်ချင်းက သူငယ်ငယ်လေးကတည်းက ကနေဒါမှာ အခြေချပြီး ဂျဲဂွာစီးမယ်လို့ ပြောပြောနေခဲ့တာ စင်္ကာပူအမျိုးသမီးက သူ့ကို ကပ်သပ်ပြီး အင်တာဗြူးချလိုက်လို့ ကျမတို့ပါ မခံမရပ်နိုင်ဖြစ်ခဲ့ရပါတယ်။ အခုတော့ အင်္ဂလန်မှာ မာစတာထပ်ယူပြီး ဂျဲဂွာစီးနေပါပြီ။ သူအိပ်မက်မက်ခဲ့ဖူးတဲ့ ကနေဒါကိုတော့ မရောက်လိုက်ပေမယ့် အင်္ဂလန်မှာ အဆင်ပြေနေပါတယ်။ ကနေဒါကို ကျွမ်းကျင်လုပ်သားတစ်ယောက်အနေနဲ့ ရောက်လာပြီးနောက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို ဘယ်လိုခေါ်လို့ရသလဲ ဆိုတာကို ဆက်ရေးပေးပါ့မယ်ရှင်။

ကနေဒါသို့ (အလုပ်လာလုပ်လိုသူများအတွက် - IT workers )
ကနေဒါသို့ (အလည်လာလိုသူများနှင့် ကျောင်းတက်လိုသူများအတွက်)

Comments from ainchannnmyay.com


1.

ဒီပို့စ်ရော ရှေ့ကပို့စ်(၂)ပုဒ်ပါ စိတ်ဝင်စားသူတွေအတွက် အင်မတန်အသုံးဝင်မယ့်ပို့စ်တွေပါ မမအိမ့်ရေ… သေသေချာချာ အသေးစိတ်ပြည့်စုံအောင် ရှင်းပြထားတဲ့ မရဲ့စေတနာကို လေးစားမိပါတယ်။
Comment by ရွှေပြည်သူ — December 8, 2009 @ 11:23 pm
2.

သိသင့်တာလေးတွေကို မျှဝေးပေးထားတဲ့ မလေးရဲ့ စိတ်ထားလေးကို လေးစားအားကျမိပါတယ်။ ဘယ်အရပ် ဘယ်ဒေသကို သွာသွား သိသင့်တာလေးတွေ မှတ်သားထားသင့်တာလေးတွေက အပြည့်ပဲနော်။
ကျေးဇူးပါ မလေးရေ….။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
Comment by ဒဏ္ဍာရီ — December 8, 2009 @ 11:50 pm
3.

Hi, sis,
Thanks a lot for sharing. I love your stories & poems too.
Please kindly allow me to link your domain at my blog. Thank you. :)
Comment by Zun Moe Sett — December 9, 2009 @ 1:06 am
4.

လာဖတ်သွားတယ်နော်
Comment by rose of sharon — December 9, 2009 @ 3:35 am
5.

Bonjour Ma lay,
Merci Beaucoup for ur post
ဒါဆိုရင် ၁မှတ်လောက်ရမလား ဟား၂၂
Au revoir
Comment by westcoast22 — December 10, 2009 @ 12:44 am
6.

I want to know how can I apply Canada PR visa and requirements. Thanks.
Comment by ZZA — December 11, 2009 @ 7:10 am
7.

မလေးရေ…
တစ်ကယ်လိုအပ်နေတဲ့သူတွေအတွက် သိသင့်သိထိုက်တဲ့အချက်အလက်လေးတွေကို စေတနာအပြည့်နဲ့ ဝေမျှပေးထားတာတွေ့ရလို့ လေးစားပါတယ်ဗျာ…။
(ကျွန်တော့်အစ်မက ဗွီဒီယိုတွေလည်း..တည်းဖြတ်တတ်တယ်နော်…။ သရုပ်ဆောင်လိုရင် ပြောနော်..မလေး…:D..)
ခင်မင်လေးစားတဲ့
ဏီလင်းညို
Comment by ဏီလင်းညို — December 11, 2009 @ 7:19 pm
8.

တစ်ကယ်လိုအပ်နေတဲ့သူတွေအတွက် သိသင့်သိထိုက်တဲ့အချက်အလက်လေးတွေကို စေတနာအပြည့်နဲ့ ဝေမျှပေးထားတာကျေးဇူးပါ
Comment by june — December 14, 2009 @ 6:22 pm
9.

I have got this information since last few years ago and I have my points was only 59 to get 67 .and what I would like to know is that is there any employment agencies which can arrange for the job .??
Because it is more easy than adding the pass marks.and most of people doesn’t have any relative in Canada and mostly their points is block at 59 ….
Hope ..u can share any information about employment opportunities which can arrange for visa…..
thank.
Comment by ချက်ကြီး — December 18, 2009 @ 8:11 am
10.

je te remercie de tout mon coeur pour cette information. est il facile pour charche le travil ? Au Canada, est-il chaud? je pense que il est tres fois. Comment tu dis?
How many points should I get for that Ma lay :p.
Comment by Prince — January 1, 2010 @ 8:51 am

Wednesday, December 02, 2009

အခွံ



ရင်ခွင်မှာ ထွေးပိုက်လို့
နွေးထွေးမှုတွေပေးအပ်ခဲ့တယ်။

ရှိသမျှခွန်အားတွေကိုလည်း
စုပ်ယူစားသုံးစေခဲ့တယ်။

တစ်သားတည်းဖြစ်ခဲ့ပေမယ့်
အချိန်တန်တဲ့တစ်နေ့
မေ့ပစ်လို့ ထွက်ခွာသွားတော့မှာကိုလည်း
သိနှင့်နေခဲ့တယ်။

ဒီလိုနဲ့ …….
အခွံချည်းပဲ ကျန်တာတောင်မှ….
ခြေနင်းခံရဖို့အတွက်လည်း
မကြောက်တတ်ခဲ့ဘူး….

…………..
နူးညံ့လွန်းစွာနဲ့ ချစ်ရသူအတွက်ဆိုရင်လေ….။


1.

ကဗျာငတ်နေတုန်း လှလိုက်တဲ့ ကဗျာလေးတစ်ပုဒ် ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။။။။
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — December 2, 2009 @ 2:29 am
2.

သဘာဝ ဟာ သဘာဝပါ…
ဂျီးဒေါ် နေကောင်းလား
Comment by westcoast22 — December 2, 2009 @ 3:26 am
3.

နူးညံ့တဲ့ကဗျာလေးကို နှလုံးသားနဲ့ဖတ်သွားပါတယ်………….
Comment by rose of sharon — December 2, 2009 @ 3:29 am
4.

မလေးရေ…
အဆုံးစွန်ထိ ဖြည့်ဆည်းပေးရင်း..ချစ်တတ်မှုလေးတစ်ခုကို..မျက်စိထဲမှာတောင် မြင်ယောင်လာမိတယ်ဗျာ…။
Comment by ဏီလင်းညို — December 2, 2009 @ 5:41 am
5.

အစ်မရေ လာလည်သွားပါတယ်။ကဗျာလေးကိုဖတ်သွားပါတယ်။အစ်မအဆင်ပြေပျော်ရွင်ချမ်းမြေ့ပါစေခင်ဗျာ။
Comment by တောသားလေး — December 2, 2009 @ 4:43 pm
6.

မလေးရေ … နူးညံ့စွာ ရေးဖွဲ့ထားတဲ့ ချစ်ရသူအတွက် ပေးစပ်နိုင်တဲ့ ချစ်ခြင်းမေတ္တာကို လေးစားစွာ ဖတ်သွားပါတယ်နော်။
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — December 3, 2009 @ 3:39 am
7.

အမေ့ကို သတိရလိုက်တာ မလေးရယ်…း(
Comment byဲjeujue — December 3, 2009 @ 6:25 am
8.

ကဗျာလေးကို လာဖတ်ပေးကြသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်နော်.. ခုတလော စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ ဘယ်မှ မရောက်ဖြစ်လို့ပါ။
Comment by မလေး — December 3, 2009 @ 9:04 am
9.

ကဗျာလေးကလှတယ်.. ဖတ်လိုက်တာနဲ့ ကွက်ကွက်ကွင်းကွင်းကို တွေးမြင်လို့ရတယ်..
ကူးက နဲနဲတုံးတော့ တစ်ချို့ ကဗျာတွေဆို ၃-၄ခါဖတ်တောင် နားမလည်ဘူးရယ်..
Comment by ကူးကူး — December 4, 2009 @ 3:18 am
10.

Why are you cast down oh my soul?
Why are you disquieted within me?
Hope in God.
For I shall yet praise Him.
Psalm 42:11
Lin

Comment by lynda — December 5, 2009 @ 5:38 pm
11.

ကဗျာစဖတ်တုန်းက အစ်မသားလေးအတွက်များရေးထားတာလားလို့…။
ဘယ်လို စိတ်ထောင်းကိုယ်ကြေဖြစ်နေတာလဲ……?
Comment by Evergreen Phyo — December 6, 2009 @ 12:54 am
12.

ချစ်ရသူအတွက် လက်ကျန်ခွန်အားလေးရှိသေးရင်တောင် တိုးဖွဖွလေးနဲ့ ချစ်ကြောင်းပြောချင်သေးတာ သို့သော်လည်းပဲ……………………..။
ကဗျာလေးကြိုက်တယ် ကုံရာသီဖွားတွေက အဲ့လိုပဲနော့် ဖျော့ရင်သံချောင်း မာရင် ဖယောင်း ဟိဟိ ပြောင်းပြန်ယူ happy december အစ်မရေ ပျော်ရွှင်ပါစေ ဒါမဲ့ ကနေဒါမှာတော့ နှင်းလမ်းကြီးဖြစ်လို့ စိတ်ညစ်နေရပြီထင်ပါ့ ။
Comment by မောင်မျိုး — December 6, 2009 @ 5:55 am
13.

ကူးကူး.. lynda.. ကိုဖြိုး.. မောင်မျိုး..
သတိရတယ်။
အားလုံး.. ပျော်ရွှင်ဖွယ်ရာ ဒီဇင်ဘာ ဖြစ်ကြပါစေ..
Comment by မလေး — December 7, 2009 @ 3:01 pm |Edit This
14.

ကျွန်တော်လဲချစ်သူအတွက်ဆိုချနှင်းခံဖို့မကြောက်ခဲ့ပါဘူးမေ့ပစ်ထွက်ခွါသွားရင်တော့မပြောတတ်ဘူးမမ
Comment by moewaiyan865 — December 14, 2009 @ 4:38 am

LinkWithin

Related Posts Plugin for WordPress, Blogger...