မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, September 20, 2009

ကျွန်မရဲ့စာအုပ်နှင့် ပတ်သက်၍…

cover1.jpgကျွန်မရဲ့ "လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ" စာအုပ်ကို ပုံနှိပ်ပြီးနောက်၊ မြ၀တီက လကုန်မှဖြန့်ချီရန် စီစဉ်ထားပေမယ့်လည်း ကျွန်မက ကိုယ့်ဆိုက်ဒ်မှာ တင်ထားလိုက်တော့ စာအုပ်အားပေးမယ့်သူတွေက တိုက်ကို ဖုန်းတွေဆက်ကြတယ်လို့ သိရပါတယ်။

တိုက်ကလူတွေလဲ မျက်စိတော်တော်လည်သွားတယ်လို့ ပြောပါတယ်။ အခုတော့ ကျွန်မကြော်ငြာပြီးဖြစ်လို့ လကုန်အစား ၂၄ရက် စက်တင်ဘာလ၊ ကြာသပတေးနေ့ မှာစဖြန့်မယ်လို့ သိရပါတယ်။

တစ်အုပ်ကို ဒေါ်လာတစ်ထောင့်ငါးရာဖြင့် ရောင်းချမှာဖြစ်ပါတယ်လို့ :P

ဆိုင်တွေပေါ် မတင်ရသေးဘူး ၀ယ်ရန်ဆိုင်းပြင်းနေသော ညီအစ်ကိုမောင်နှမများကို ကျေးဇူးတင်ပါတယ်။

အုပ်ရေ ၅၀၀၊ ရောင်းဈေး ကျပ် တစ်ထောင့်ငါးရာ ပါလို့ အသိပေးအပ်ပါတယ်....

(ဒီတစ်ခါတော့ ထပ်မမှားလောက်ပါဘူး။ ဖုန်းလိုင်းကလဲ အရမ်းကို ကြည်လင်ပြတ်သားနေပါတယ်... :D)

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

 


kyipyar2.jpg door2.jpgbrown-eyed-girl2.jpgnina2.jpgcarlakhine2.jpgchitthu-house2.jpgclub2.jpgmg2.jpg

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫


ကျွန်မ၏ ၀တ္ထုတိုပေါင်းချုပ် ထွက်ပါပြီ



1.

Congrats, Sis.
(ရန်ကုန်သို့ သွားဝယ်ဖို့ရန် အခွင့်မသာလေတော့ကာ.. မေတ္တာလက်ဆောင်တစ်အုပ်လောက် ပို့ပေးမည် ဆိုပါက လွန်စွာ ၀မ်းမြောက်မည်ဖြစ်ကြောင်း။)
:P။ နောက်တာနော်..အစ်မ။ အတည်။

Comment by pN — September 20, 2009 @ 10:38 pm |Edit This
2.

ပန်းနွယ်… အစ်မ အီးမေးလ် tapyaythu2000@gmail.com မှာ လိပ်စာထားပေးပါ.. နီးနီးလေးပဲဟာ ပို့ပေးမယ်။ အတည်ပြောတာ။ ပန်းနွယ်ဖုန်းပေးထားတာ အစ်မ ပျောက်သွားလို့း( ဟိုဘယ်မေးလ်ထဲပါသွားတယ်။

Comment by မလေး — September 20, 2009 @ 10:50 pm |Edit This
3.

ဒီကိုလည်း တအုပ်လောက်ဗျို့

Comment by westcoast22 — September 20, 2009 @ 11:46 pm |Edit This
4.

မလေးရေ …
အုပ်ရေ ၅၀၀ ဆိုရင် မေတ္တာလက်ဆောင် ပေးရတာနဲ့ပဲ ကုန်သွားမှာနော် .. :P
ဒီကိုလဲ တအုပ် … ဟဲဟဲ နောက်တာပါ။
ရန်ကုန်ရောက်ရင် အားပေးမှာပေါ့ …

Comment by MDW — September 20, 2009 @ 11:49 pm |Edit This
5.

westcoast22.. လိပ်စာထားခဲ့၊ ငွေလွှဲရန်… မလေး ဘဏ်အကောင့်နံပါတ်ပို့ပေးဖို့လေ :P ပြီးတော့ စာအုပ်ပို့လိုက်မယ်
မမေ.. ဟီးးးး မလေး ဂနေ့ မျက်ခုံးတွေလှုပ်နေ၏၊ အလကားပြောတာ တစ်ကယ်ပို့ပေးမယ်..

Comment by မလေး — September 21, 2009 @ 12:42 am |Edit This
6.

အိမ်က ပို့ပေးမယ်ပြောတယ်။ အဲလောက် နာမည်ကြီးလား တဲ့ ။
ဒီထက်တောင် ပိုပါသေးတယ် မေမေ ရယ်လို့ပြောလိုက်တယ်။
မျက်နှာမလိုက်ရဘူးနော် မကြီး :P

Comment by စာချစ်သူ — September 21, 2009 @ 12:48 am |Edit This
7.

ပြိုက်ကနဲနေမှာဘဲ။

Comment by kom — September 21, 2009 @ 5:13 am |Edit This
8.

မအိမ့်ချမ်းမြေ့ရေ

ဂုဏ်ယူဝမ်းမြောက်ကြောင်းပါဗျာ
ပန်နစူလာက စာအုပ်ဆိုင်တွေကို ရောက်လာရင် ဝယ်ယူအားပေးမှာဖြစ်ကြောင်း
:)

ခင်မင်စွာဖြင့်
သီဟသစ်

Comment by ThihaTHit — September 21, 2009 @ 6:03 am |Edit This
9.

လုပ်ချလိုက်ပြန်ပြီ
စာအုပ်က ဒီနေ့တင် ရန်ကုန်က ညီလေး တစ်ယောက် ၀ယ်ပြီး ကျွန်တော့်ဆီ ပို့လိုက်ပြီလို့ပြောတယ်
ရောက်တာနဲ့ ဓာတ်ပုံရိုက်ပြီးကို ပြန်တင်ပေးအုန်းမယ် ..

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 21, 2009 @ 8:48 am |Edit This
10.

မလေး…

Congratulation!
ကိုသားငယ် ကို ၀ယ်ခိုင်းထားမယ်။ အမှတ်တရသိမ်းထားမယ်။ ဖြစ်နိုင်မယ်ဆိုရင်လေ မလေးလက်မှတ်ထိုးထားတာလေးနဲ့ သိမ်းထားချင်တာ။
ဝယ်သိမ်းထားမယ်အစ်မရေ.. အစ်မဆီကော ပို့ပေးရမလား။
ချစ်စု အစ်မကို အက်ထားတယ်နော်..မလေး။

Comment by ချစ်စု — September 21, 2009 @ 9:32 am |Edit This
11.

Ma Lay yay,

I am so proud of you. Your talent, knowledge and ability to write good posts. I will call my sister in law to get one for me. Keep up with your God given talent. Ma Lay’s son is sooo cute. We went back to Rgn last month and had a good time. Bye Ma Lay!

I found Him……

Faith, hope, love, these three; but the greatest of these is love.
1Cor 13:13

Lin

Comment by Lynda — September 21, 2009 @ 10:04 am |Edit This
12.

မလေးရေ… ညီမလေးလည်း လာသွားတယ်.. တနည်းနည်းနဲ့ ဝယ်မလို့ ကြိုးစားနေတယ်နော် မလေး… မြန်မာစာအုပ်ဆိုင်တွေတော့ ရှိပါတယ်…သတိရတယ်နော် မလေး….

Comment by ရည်မွန်ထိပ်ထား — September 21, 2009 @ 10:56 am |Edit This
13.

နှစ်အုပ်ရောက်တယ်၊ ၂၅၄ မျက်နှာပါတယ် စာရွက်က တရုတ် woodfree 70 gsm.

အရည်အသွေးကောင်းပါတယ် စေတနာပါတယ်၊ ထုတ်တာ


စာအုပ်
စာအုပ်-၂

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 21, 2009 @ 9:52 pm |Edit This
14.

လူကြုံရှိတာနဲ့ အတော်ပဲအိမ့်ရေ… အိမ်ကိုမှာလိုက်ဦးမယ်… တို့ ညီမစာရေးဆရာမလေးအတွက် ဂုဏ်ယူမိပါတယ်…

Comment by တန်ခူး — September 21, 2009 @ 10:01 pm |Edit This
15.

စာကြွင်း —> ကျွန်တော် စာအုပ်တစ်အုပ်ကို စာကြည့်တိုက်လှူလိုက်တယ်

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 21, 2009 @ 10:20 pm |Edit This
16.

စာချစ်သူ၊ မခင်ဦးမေ၊ ကိုသီဟသစ်၊ ထိပ်ထား၊ အစ်မတန်ခူး…
ကျေးဇူးအထူးတင်ပါ၏…
ချစ်စု…
အစ်မ ပြန်အက်ဒ်ထားတယ်၊ နေကောင်းလားညီမလေး
Lynda…
ပျော်ခဲ့တယ်မဟုတ်လားဟင်.. ဒါကြောင့် သူပျောက်နေတာကိုးးး
ကိုအွန်လိုင်းကျား..
ကျမစာအုပ်ကိုဝယ်ယူအားပေးတာကော၊ စာကြည့်တိုက်မှာ လှူပေးတာကော၊ ပုံတွေတင်ပေးတာကော ကျေးဇူးတင်ပါတယ်ရှင်။

Comment by မလေး — September 22, 2009 @ 12:19 am |Edit This
17.

အိမ်ကိုမှာထားတယ် မပို့ပေးကြသေးဘူး

Comment by rose of sharon — September 22, 2009 @ 2:45 am |Edit This
18.

မလေး

ဒီနေ့ပဲ ၁၇၀၀ နဲ့ အမေ့အိမ် ကနေ ၀ယ်ခဲ့တယ်။ မနေ့ကမှ တင်တာဆိုလို့ တော်သေးရဲ့လို့ (မြို့ထဲ ခြေရာတွေ အရမ်းထပ်နေပြီမို့ပါ)။ အထဲမှာ တန်ဖိုးရေးမထားတော့ ဆိုင်တွေအတွက် အခွင့်သာတာပေါ့။ အထဲက သရုပ်ဖော်ပုံတွေက ဆရာမောင်မောင်သိုက်ဆွဲတာပဲလား။

စိတ်မရှိနဲ့နော် မလေး၊ အားမနာပ ဝေဖန်ရရင် စာတွေနဲ့ ပန်းချီပုံကလွဲလို့ စာအုပ်တစ်အုပ်လုံးရဲ့ အပြင်အဆင်နဲ့ စာလုံးတွေကို ညီမ မကြိုက်ဘူး။ ဖောင်းပွတဲ့စာလုံးဆိုဒ်နဲ့ ချန်ထားခဲ့တဲ့ စာမျက်နှာအလွတ်တွေဟာ တကယ် စာကိုပဲ တန်ဖိုးထားဖတ်တဲ့ စာဖတ်ပရိသတ်အတွက် နှမြောစရာကောင်းလှတဲ့ ဗလာတွေမို့ပါ။

မလေး စာတွေကိုပဲ လက်လှမ်းမီသလောက် ညီမ စီထားတာရှိတယ်။ စာအုပ်လေးတစ်အုပ်ပုံစံအတိုင်းပဲ။ တစ်နေ့နေ့ အခွင့်ရှိရင် ပို့ပေးချင်ပါတယ်။

Comment by ayechanthu — September 22, 2009 @ 5:28 am |Edit This
19.

မမအိမ့် အုပ်ရေ ၅၀၀ ပဲရိုက်တာ နည်းလိုက်တာ။ အပေါ်က ကောမန့်တွေဖတ်ပြီး ဝယ်လို့မမီမှာ စိတ်ပူနေပြီ…

Comment by ရွှေပြည်သူ — September 22, 2009 @ 6:56 am |Edit This
20.

မရိုစ်… ကျေးဇူးး)
အေးချမ်းသူ…. ချစ်တဲ့သစ်ပင်က နိုင်နိုင်ဦး၊ မာယာသစ်ပင်က အောင်နိုင်လတ်၊ လမင်းရှိုက်သံက တင်သိန်း၊ သက်တန့်ပိန်းရွက်က မိုးကျော်.. စတဲ့ပန်းချီဆရာတွေလို့ သိရတယ်ညီမလေး..။ အထဲမှာ ပန်းချီဆရာတွေ ဆိုင်းထိုးထားတယ်။ ညီမလေး feedbackကို မလေးတန်ဖိုးထားပါတယ်။ စိတ်မရှိပါဘူး။ သိုးလေးစီထားတဲ့ စာအုပ် တစ်နေ့တစ်ကယ်လိုချင်တယ်..း) လာယူမယ်။
ရွှေပြည်သူ.. မှီမှာပါညီမလေး..

Comment by မလေး — September 22, 2009 @ 11:56 am |Edit This
21.

ဟုတ်တယ် မလေး၊ အထဲက ဆိုင်းတွေကို ရုတ်တရက်ကြည့်ရင် မမြင်ရဘူး (ညီမလည်း ပါဝါထပ်တိုးရတော့မယ်ထင်တယ်)

တကယ်ပါ၊ တစ်နေ့ မလေးဆီကို ဆက်ဆက်ပို့ပေးမယ်။

Comment by အေးချမ်းသူ — September 22, 2009 @ 7:36 pm |Edit This
22.

လက်ဆောင်အဖြစ်ပို့ ပေးပါဗျို့ 

Comment by minthant2009 — September 24, 2009 @ 5:09 am |Edit This
23.

မအိမ့်ရေ မအိမ့်စာအုပ်ကတော့လူပြောများနေပီ
ဒီလငှားဖတ်မလို့စဉ်းစားနေတယ်

ဆီဇာညီညီ

Comment by ဆီဇာညီညီ — September 25, 2009 @ 1:57 pm |Edit This
24.

အစ်မလာလည်သွားပါတယ်။နေကောင်းလားအစ်မ။အစ်မစာအုပ်တွေကိုကျွန်တော်တို့မဖတ်ရတော့ဘူးလားအစ်မ။အစ်မအတွက်ဂုဏ်ယူမိပါတယ်။အစ်မလိုစာတွေအများကြီးရေးချင်တယ်။

Comment by တောသားလေး — September 25, 2009 @ 3:21 pm |Edit This
25.

mandalay က စာအုပ်ဆိုင်တွေမှာဒီနေ့ ပဲ ရှာကြည့်တော့မယ်

Comment by zwesoelwin — September 27, 2009 @ 12:07 am |Edit This
26.

ဂုဏ်ယူပါတယ် မလေးရေ ……….. ရောင်လည်း အခုမှ လာဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပြောလို့သိရတာ။း)

Comment by မေတ္တာရောင်ပြန် — September 27, 2009 @ 11:50 pm |Edit This
27.

မအိမ့်က စာရေးဆရာမှန်: ခုမှသိပါတယ် သံလွင်မှာ တွေ့ပေမယ့် K တို့လို ဝါသနာရှင်ပဲမှတ်လို့ ဒါကြောင့် တိမ်ဖုံးသွားသောငွေလမင်:က
အရမ်:ကောင်းနေတာကိုး၊ ခင်မင်ပါရစေ၊ စင်ကာပူကပဲလားဟင်?

Comment by ခရေဖြူ — September 28, 2009 @ 10:12 pm |Edit This
28.

ဒါနဲ့ မလေးရဲ့ Google account က ဟိုးတစ်ခါသုံးနေတာနဲ့ မတူတော့ဘူးနော်.. ဒီ အိမ်ချမ်းဆိုတဲ့တစ်ခုရော မလေးပဲလား .. http://www.blogger.com/profile/04247242999920525907

Comment by ShwunMi — September 28, 2009 @ 10:30 pm |Edit This
29.

ဖတ်ပြီးသွားပြီအစ်မ။ ကြိုက်ပါတယ်။ ရိုးရိုးလေးရေးထားတဲ့ အပုဒ်တွေကိုပိုကြိုက်တယ်။ နီနာတို့ ရုံးကမမများတို့  okanaganလွင်ပြင်ခရီးတို့ ပေါ့။ အပြီးထိမဖတ်ရသေးဘူး။ ဒါပေမယ့်အစ်မကို ရိုးရိုးရှင်းရှင်းအရေးအသားနဲ့ ပိုကျွမ်းကျင်တာတွေ့ ရ
တယ်။ ဖွဲ့ နွဲ့ ပြီးရေးထားတာတွေက ၀ါကျတည်ဆောက်ပုံတွေ ရှုပ်ထွေးနေတယ်။ ဂျူးဆို ဖွဲ့ နွဲ့ ပြီးရေးတဲ့နေရာမှာ စံပြပဲ။ ဥပမာ (ချစ်သူလား စံကားတစ်ပွင့်ပွင့်ခဲ့တယ်)မှာ ပထမဆုံး စံကားတောထဲရောက်သွားတဲ့အခန်း။ တကယိ့ပညာခန်းပါ။
နောက်ရိုးရိုးလေးနဲ့  ပါးပါးလေးနဲ့  ဆွဲဆောင်သွာတဲ့ (စောင့်နေမယ်လို့ မပြောလိုက်ဘူး)။ နောက်ဆုံးထုတ်တဲ့ (သူမင်းကိုဘယ်တော့မှ) မှာတော့ကျနော်ဖျားသွားတယ်။ အစ်မကိုလည်းကျနော်က စွယ်စုံရစေချင်တာ။ ကိုယ်ကအဲဒီလောက်မဖြစ်နိုင်သေး
တော့ အစ်မကို တိုက်တွန်းကြည့် တာပါ။ အစ်မကလက်ဆိပ်ရှိပါတယ်။
ကျနော်ဝယ်လိုက်တာ1800 ပေးရတယ်။ ဒါတောင်10% လျှော့ဈေးတဲ့။ တကယ်က 2000ဆိုပဲ။ mandalay ကဆိုင်တွေက ရိတ်တယ်အစ်မရေ။
ခင်မင်လေးစားလျက်
ဇွဲစိုးလွင်

Comment by ဇွဲစိုးလွင် — September 29, 2009 @ 12:00 am |Edit This
30.

အေးချမ်းသူ … မလေးလဲတိုးရမယ် :D
မင်းသန့်.. လာမည်ကြာမည်း))
ဆီဇာညီညီ၊ တောသားလေး၊ ရောင်…. ကျေးဇူး
ခရေဖြူ... စာရေးဆရာမဟုတ်ပါဘူး ခရေဖြူရေ.. ၀ါသနာရှင်ပါပဲ.. ကနေဒါကပါ။ မအိမ့်လဲခင်တတ်ပါတယ်ရှင်။ tapyaythu2000@gmail.com ပါ
ShwunMi .. ဟုတ်တယ်ရွှန်းမီ ဟိုအီးမေလ်း လက်လွန်ပြီးပျက်သွားလို့… အဲဒီအိမ်ချမ်းက အစ်မပါ။ ဘလော့ဂ်တွေမှာ ကော့မန့်ရေးရန်လုပ်ထားတာပါ။
ဇွဲစိုးလွင် …. တစ်ကယ့်ဈေးသတ်မှတ်ထားတာက ၁၅၀၀ ထဲပါ။ ဒါပေမယ့် ဆိုင်ရှင်တွေပါးစပ်မှာဈေးကရှိနေတယ်ထင်တယ်။ အစ်မ အဲဒီ ဂျူးစာအုပ်တွေ မဖတ်ရသေးဘူး။ မရှိမဖြစ်မိုးနဲ့ လိပ်ပြာတွေအကြောင်းရေးထားတာပဲ နောက်ဆုံးဖတ်ရသေးတယ်။ အစ်မစာအုပ်ကို အားပေးတာကျေးဇူးပါ.. ဆက်လက်ပြီးကြိုးစားပါမယ်..

Comment by မလေး — September 29, 2009 @ 12:49 am |Edit This
31.

ဖုန်းဆက် မေုးကတဲ့သူတွေထဲ ကျနော်မပါဘူးနော့်း) အိမ်မှာဖုန်းမရှိလို့ စတာ ရန်ကုန်သွားဖြစ်မှပဲ ရှာကြည့်ရမှာ ။

Comment by မောင်မျိုး — September 29, 2009 @ 5:52 am |Edit This
32.

မောင်မျိုး.. မောင်လေးသူငယ်ချင်းတစ်ယောက်၂ကို လှမ်းမှာကြည့်ပါလား။ ဒါမှမဟုတ် တိုက်ကိုဖုန်းဆက်ပြီးအော်ဒါမှာကြည့်။ သူများကိုသာပြောတာ ကိုယ်တိုင်မရသေးဘူး :p

Comment by မလေး — September 30, 2009 @ 12:48 am |Edit This
33.

ကျေးဇူး မလေးအိမ့်.. ခုတလော နာမည်တု ခေတ်စားနေလို့ ကိုယ့်အစ်မကို စိတ်ပူသွားတာ =)

Comment by ShwunMi — September 30, 2009 @ 6:57 am |Edit This
34.

မကြီး အိမ်ကပို့ပေးလိုက်တဲ့ မကြီး ရဲ့ စာအုပ်လေး ရောက်လာပြီ။ ဖတ်ရတာအရမ်းကောင်းတယ်။ “မောင်” ဆိုတဲ့ အဖွင့်ကဗျာလေးက ရင်ထဲကို ထိတယ်။
ကဗျာတွေအကုန်လုံးဖတ်ပြီးပြီ။ ၀တ္ထုတိုထဲက လမင်းရှိုက်သံ ကို ရွေးဖတ်ထားတယ်။ ကျန်တာတွေစာမေးပွဲပြီးမှ ဆက်ဖတ်ရမယ်။ မကြီးကို အားကျတယ်။
မကြီးလိုလဲ ရေးတတ်ချင်တယ်။ စာအုပ်မှာ မကြီး ရဲ့ အမှာစာလေး မပါတော့ တစ်ခုခုလိုနေသလိုတော့ ခံစားရတယ်။ ဒုတိယအကြိမ်မှာ မကြီး ရဲ့ အမှာစာလေးကို ဖတ်ချင်တယ် …။ မကြီး ကျန်းမာပျော်ရွှင်ပါစေ…………။

Comment by စာချစ်သူ — October 1, 2009 @ 4:35 am |Edit This
35.

Mexican Chicken ကိစ္စတော့မပြောပါနဲ့တော့… ဒီမှာစာတစ်ပုဒ်ရေးဖို့ တစ်ပတ်လောက်အချိန်ယူနေရတာကို…ဒါတောင် ၅ ကြောင်းလောက်ပဲပြီးတယ်..။ ဘယ်လိုဖြစ်နေတယ်မသိပါဘူး…။ စာအုပ်တော့ဝယ်ထားပြီလိုတော့ အိမ်ကပြောတယ်.. ဒီကိုမရောက်သေးဘူး.. ဒီစာရေးဆရာနာမည်မကြားဖူးဘူးတဲ့.. :D..။

Comment by Evergreen Phyo — October 1, 2009 @ 11:15 am |Edit This
36.

GOOD…. အားပေးတယ်ဗျို့

Comment by လင်းဦး(စိတ်ပညာ) — October 1, 2009 @ 1:43 pm |Edit This
37.

အစ်မရေ short story တစ်ခုရေးဖို့ ကြိုးစားနေတာ အခုထိ တစ်ကြောင်းတောင်မပြီးသေးဘူး။ intro မှာကိုပဲကကြိုးကကြောင်ဖြစ်နေတယ်။

Comment by zwesoelwin — October 1, 2009 @ 8:25 pm |Edit This
38.

ဆိုင်တွေက ဈေးတင်ပြီး ရောင်းနေ လားမသိသေးဘူး ရန်ကုန် ရောက်မှဘဲ စာအုပ်ဆိုင်သွားရမှာဘဲ။
ဒါမှမဟုတ် မလေးကို ဘဲ ၁၅၀၀ ပေးလိုက်လို့ရမလား မသိဘူးနော် ဟီး

Comment by ပရင့်စ် — October 2, 2009 @ 5:36 pm |Edit This
39.

ShwunMi … အစ်မလည်းကြားပါတယ်.. စာရေးဆရာကြီး သာဂဒိုးတောင် ဒါမျိုးခံရဖူးတာကြားတယ်။ :D
စာချစ်သူ ... စာမေးပွဲမှာ ကံကောင်းပါစေ။ အစ်မရဲ့ကျန်သောစာများလည်း ရင်ကိုထိစေသားး))
Evergreen Phyo … ၅ ကြောင်းပြီးလည်း ၅ ကြောင်းသာ တင်တော့။ ဒီစာရေးဆရာက ဟိုးမြောက်ဝင်ရိုးစွန်းက အသစ်ကလေးပါလို့ ပြောလိုက်တော့ကွယ်။
လင်းဦး(စိတ်ပညာ) … ကျေးဇူးတင်ပါတယ်ရှင်။
zwesoelwin … စိတ်ထဲရှိရာချရေးပြီးမှာ အစကပြန်ဖတ်ပြီး ပြန်ပြင်ကြည့်ရင်ကော?
ပရင့်စ် … ကျုန်ုပ်တွင်ရောင်းရန်စာအုပ်မရှိသေးပါ. :D

Comment by မလေး — October 2, 2009 @ 11:29 pm |Edit This

Friday, September 18, 2009

ခြေလှမ်းသစ်

cover1.jpg


အွန်လိုင်းစာမျက်နှာတွေပေါ်မှာရေးခဲ့သော ကျွန်မရဲ့စာစုလေးတွေထဲက ကောင်းနိုးရာရာလေးတွေကိုစုပြီး၊ ၀တ္ထုတိုပေါင်းချုပ်စာအုပ်လေးအဖြစ် ဖန်တီးဖြစ်လိုက်တဲ့အကြောင်းကို စာဖတ်သူ၊ စာရေးသူ မောင်နှစ်မများကို အသိပေးပြောကြားလိုပါတယ်။ စာအုပ်ရဲ့အမည်ကတော့ “အိမ့်ချမ်းမြေ့ရဲ့ လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ” ဖြစ်ပါတယ်။ မြ၀တီစာအုပ်တိုက်မှ သြဂုတ်လ၊ ၂၀၀၉ မှာ စတင်ထုတ်ဝေနေပါတယ်။ ၀တ္ထုတိုများဆိုပေမယ့်လည်း တစ်ကယ်တော့ ကဗျာလေးပုဒ်နဲ့ ဆောင်းပါးအချို့လည်း ပါပါတယ်ရှင်။


မနှစ်က မြန်မာပြည်ကိုပြန်ရောက်တုန်းက သည်စာအုပ်လေးထုတ်ဖို့ ကတိုက်ကရိုက်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ လူကြိုက်များကြတဲ့ “ချစ်သူ့အိမ်”“ရုပ်ရှင်လက်မှတ်လေးနှစ်စောင်” နဲ့ သံလွင်အိပ်မက်အင်တာနက် မဂ္ဂဇင်းမှာ ပါဖူးတဲ့ ကျွန်မအကြိုက် “ရေဆန်ငါး” နှင့် အခြားဆောင်းပါးများ၊ အိပ်မက်ဒေါ့ကွန်းမှာ လူကြိုက်များကြတဲ့ “ရုံးကမမများ” နဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “Okanagan လွင်ပြင်ခရီး”၊ environmental issues နဲ့ဆိုင်တဲ့ “ကြည်ပြာ” “လမင်းရှိုက်သံ” စတဲ့ စာစုလေးများ၊ ကနေဒါအတွေ့အကြုံများဖြစ်တဲ့ “ခွင်” နဲ့ “ကနေဒါမှာအလုပ်ရရင် ဘယ်လိုအမည်မျိုးမှည့်မလဲ” စတဲ့ စာစုလေးတွေလဲ ပါပါတယ်။





ကျွန်မ ပါစေချင်တဲ့ “နေရစ်ခဲ့တော့ သရပါ” နဲ့ သံလွင်အိပ်မက်က လူကြိုက်များတဲ့ “တိမ်ဖုံးသွားတဲ့ ငွေလမင်း” ကတော့ စီစစ်ရေးမအောင်ဘူးလို့ ကျွန်မ ယူဆမိပါတယ်။ဒီစာအုပ်လေးဟာ ကျွန်မရဲ့ ပထမဆုံးစာအုပ်ဖြစ်လို့ ကျွန်မဘက်က ချို့ယွင်းချက်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့် “ဂုဏ်မက်သူ” ၀တ္ထုရှည်ကို ကျွန်မ မြ၀တီကို အီးမေးလ်နဲ့ပေးပို့စဉ်က မြနှင်းနဲ့ ဆန်းသစ် ကျောင်းဝင်းထဲက မိုးရေတွေထဲမှာ စတင်ခင်မင်ရင်းနှီးတဲ့ အခန်း(နှစ်)တစ်ခန်းလုံး ကျန်ခဲ့ပါတယ်။ တစ်ကယ့် ကဗျာဆန်တဲ့ အခန်းမှ ကျန်ခဲ့ရတာ ကျွန်မအတွက် ငိုအားထက်ရယ်အားသန်ပါပဲ။



စာအုပ်ထဲ ပါမလာဘူးဆိုတာလည်း ကိုယ်ပို့တဲ့ အီးမေးလ်တစ်နေ့ကပြန်စစ်ကြည့်တော့မှ သိတာပါ။ စာအုပ်ကတော့ စာရေးသူ လက်ထဲရောက်မလာသေးပါဘူး။ စာအုပ်ဖုံးလေးက ပန်းချီကိုတော့ အရမ်းကြိုက်နှစ်သက်မိပါတယ်။ တစ်ခုပဲ နောက်ဖုံးက အနောက်တိုင်းဝတ်စုံနဲ့လူနေရာမှာ ပုဆိုးလေးနဲ့ဆို ပိုကောင်းမလားလို့ တွေးမိပါတယ်။ ကျွန်မ အကြိုက် ပေါ့လေ။



 


Open publication - Free publishing - More malayy



ဒီစာအုပ်လေးကို ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အမြတ်အစွန်းရဖို့၊ အောင်မြင်ကြော်ကြားဖို့ စတာတွေထက်၊ ကျောင်းမှာကဗျာစာအုပ်တစ်အုပ်ထုတ်သလို အမှတ်တရ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။ နောက်တစ်ခုကတော့ မူပိုင်ခွင့်တစ်ခုကို လိုချင်တာလည်းပါပါတယ်လို့ အရိုးသားဆုံးဝန်ခံပါတယ်။


အခုထိတော့ လုံးချင်းဝတ္ထုထုတ်ဖို့ ရည်ရွယ်ချက်နဲ့စိတ်ကူး မရှိသေးပါဘူး။ ၀ါသနာလဲ အခုထိတော့ မပါသေးပါဘူး၊ အဲသလောက် အချိန်လည်းပေးနိုင်မယ်လို့ မထင်မိသေးပါဘူးရှင်။


ကျွန်မအတွက် အမှတ်တရဖြစ်စေတဲ့ သည်စာအုပ်လေးထွက်လာစေရန် ဘေးမှအမြဲရှိသော သူ့ကို ကျေးဇူးအထူးတင်သလို…..


ကျွန်မ ရေးသော စာများကို ကောင်းသော်ရှိ၊ မကောင်းသော်ရှိ အားပေးကြသော၊ ဝေဖန်အကြံပြုကြကုန်သော စာဖတ်သူများနဲ့ စာရေးဖော် ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့…..





ခင်မင်လေးစားစွာဖြင့်…
အိမ့်ချမ်းမြေ့


သူတို့ဒါလေးတွေရေးသွားတယ်..
1.

လုံးချင်းဝတ္ထုလေးတွေ ဖြစ်လာအောင်ရေးသားနိုင်ဖို့ ဆန္ဒပြုပါတယ်ဗျာ
ထိထိမိမိလေးတွေရော
အားလုံးကို စာထဲစီးမြောသွားအောင် ဆွဲဆောင်နိုင်တဲ့ အရေးအသားမျိုးလေးတွေကို စာအုပ်အဖြစ်မျှော်လင့်မိပါတယ်
ကျွန်တော် မွေးရပ်မြေကိုတောင်လူကြုံလှမ်းမှာထားရတယ်
အားပေးလျက် ……

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 18, 2009 @ 1:35 am |Edit This
2.

Congratulation မလေးရေ.. ကျမ ဘလော့ စဖတ်တတ်ခါစ က.. အသဲစွဲ ခဲ့တဲ့.. စာတွေ..ခုတော့..စာအုပ် ဖြစ်ပြီပေါ့။
ဟုတ်တယ်..နောက်ဖုံးက..ပန်းချီက.. အနောက်တိုင်း ၀တ်စုံမှ.. စုံထောက် ဒီဇိုင်း ဖြစ်နေတယ်..။း))

Comment by K — September 18, 2009 @ 1:44 am |Edit This
3.

အမှတ်တရလေးပေါ့ … ကောင်းလိုက်တာ..
အားပေးနေပါတယ်..

Comment by သိင်္ဂါကျော် — September 18, 2009 @ 2:08 am |Edit This
4.

မမအိမ့်ရေ….
စာအုပ်လေးခုလိုထွက်လာတာတွေ့ရတော့ အ၇မ်းကြည်နူးမိတယ်….။
ကျမ အရမ်းအားကျပါတယ် မမအိမ့်ကို ….။
နောက်ထပ်လည်း စာအုပ်လေးတွေ ထွက်လာအောင်ကြိုးစားပါ မမရေ…
အမြဲအားပေးနေမယ်နော်
ညီမလေး နှင်း

Comment by နှင်းဟေမာ — September 18, 2009 @ 2:23 am |Edit This
5.

မလေးရေ ကြည်နူးလိုက်တာ အရမ်းပဲ ဒီစာအုပ်လေးအတွက် အားရကျေနပ်မိတယ် မလေးအတွက် အမှတ်တရဖြစ်သလို မွန်တို့အတွက်လဲ ချစ်တဲ့စာရေးဖက်အမရဲ့ လက်ရာမွန်တွေမို့ အမှတ်တရဝယ်သိမ်းဖြစ်မှာအသေအချာပါပဲ အိမ်ကိုပို့ခိုင်းလိုက်ဦးမယ် မျက်နှာဖုံးကိုတော့ မွန်လဲသဘောကျမိတယ် ချစ်သူ့အိမ်ကို အပိုင်ဝယ်ရမှာ ပျော်မိတယ်မလေး

Comment by မွန် — September 18, 2009 @ 2:55 am |Edit This
6.

ဆရာမောင်မောင်သိုက်ရဲ့ပန်းချီလက်ရာတွေနဲ့က မစိမ်းဘူးလို့ ပြောလို့ရသလို၊ ဆရာက စာအုပ်အဖုံးတစ်ခု ပန်းချီဆွဲတဲ့အခါ စာအုပ်ကို ကိုယ်တိုင် ဖတ်ပြီးမှ ဆွဲတယ်လို့ သိနေတော့ မလေးစာအုပ်ထဲမှာ အနောက်တိုင်းဝတ်စုံနဲ့လူတစ်ယောက်ပုံစံကို ဆရာ မြင်ယောင်သွားတယ်ထင်ပါရဲ့။ ညီမပဲ မျက်စိရှမ်းသလား၊ အဖုံးမှာ ထုတ်ဝေတဲ့ တိုက် Logo ရှာမတွေ့ဘူး။ ၀ယ်သိမ်းထားချင်လို့ပါ။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်မေးနေတာထက် တိုက်သိရင် အဲဒီမှာ တိုက်ရိုက်သွားဝယ်လိုက်တာက ပိုအဆင်ပြေလို့လေ။ များသောအားဖြင့် ဆိုင်ဝန်ထမ်းတွေက ကိုယ့်ဆိုင်မှာ စာအုပ်က ရှိနေရင်တောင် သူတို့ သိပ်မရင်းနှီးသေးတဲ့ စာရေးဆရာဆိုရင် မရှိဘူးလို့ ပြောတတ်ကြတယ် (ဒီတလောလေးကပဲ ဆရာ မောင်ခင်မင်(ဓနုဖြူ)ရဲ့ မြန်မာဘာသာ မြန်မာစကား ဆိုတဲ့ စာအုပ်ထွက်လို့ သွားဝယ်တော့ Today စာအုပ်ဆိုင်က မသိဘူး၊ ကြားတောင် မကြားဖူးဘူးတဲ့၊ တိုက်မှာ တိုက်ရိုက်မေးလိုက်တော့ တစ်နေ့ကပဲ 10 အုပ် အဲဒီမှာ သွားတင်ထားတယ်တဲ့။ အလုပ်အပေါ် စိတ်ဝင်စားမှုလည်း ကွာမှာပေါ့လေ)။
မလေးရဲ့ ပထမဆုံးလက်ရာအပြင် နောက်ထပ် နောက်ထပ် ထွက်လာမယ့် စာအုပ်ပေါင်းမြောက်မြားစွာ ဖတ်၊ မှတ်၊ သိမ်းထားချင်ပါတယ်။

Comment by အေးချမ်းသူ — September 18, 2009 @ 3:07 am |Edit This
7.

malayy

connection တအားကျတော့ publish ကို မဖွင့်လိုက်ရတာ၊ မြ၀တီစာပေတိုက် ဆိုတာ ခု သိရပြီ။

Comment by အေးချမ်းသူ — September 18, 2009 @ 3:26 am |Edit This
8.

Congratulation ပါ အစ်မရေ..
ဘလော့ပေါ်မှာ အစ်မရဲ့ စာတွေကို ဖတ်ဖူးခဲ့ပါတယ်.. အခုလို စာအုပ်လေးအဖြစ် ဖတ်ရတော့မယ်ဆိုတော့ ဝမ်းသာ ဂုဏ်ယူမိပါတယ်..
စလုံးက စာအုပ်ဆိုင်တွေမှာ ရှာလို့ ရမယ် ထင်ပါတယ်.. အမြန်ဆုံးကို ရှာပြီး ဖတ်လိုက်မယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

Comment by ကိုရင်နော်ခင်လေးငယ် — September 18, 2009 @ 3:35 am |Edit This
9.

ဝမ်းသားစရာပဲ မလေးရေ..
ကိုယ့်လက်ရာလေးတွေကို တစုတစည်းထဲ သိမ်းထားရပြီပေါ့။ မိုက်တယ်။

Comment by ခင်မင်းဇော် — September 18, 2009 @ 4:54 am |Edit This
10.

မလေးရေ စာအုပ်လေးကို လက်ဝယ်ဖတ်ချင်လိုက်တာ။ မေလေးကြိုက်တဲ့ မလေးရဲ့ စာတွေကို တစုတည်းဖတ်ချင်တာ မမရဲ့။ လုံးချင်းလေးထွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ မလေးအတွက် ကွန်ဂရက်ဒ်ကျူးလေးရှင်းပါနော်။ လှမ်းမှာထားရမယ်။ ကျန်းမာပျော်ရွှင်ပါစေ

Comment by maylay — September 18, 2009 @ 4:55 am |Edit This
11.

Congratulations, sis!!
Happily reading from school lab.
It is nice that you enabled eot :-)

Comment by ShwunMi — September 18, 2009 @ 4:59 am |Edit This
12.

ဆောင်းအိပ်မက်လေးများ ပါမှပါမလားလို့.. :) ။ စာအုပ်ကိုရနိုင်ပေမယ့်.. အော်တိုဂရက်ဖ်လေးရဖို့တော့ခက်သား..။

Comment by Evergreen Phyo — September 18, 2009 @ 6:41 am |Edit This
13.

Way to go Ma lay, :)

Comment by westcoast22 — September 18, 2009 @ 9:37 am |Edit This
14.

ပျော်စရာကြီးပဲ.. ဝမ်းသာတယ်မလေးရေ.။

Comment by winkabar — September 18, 2009 @ 11:35 am |Edit This
15.

Congratulation!!!
မမအိမ့်…. အောင်မြင်မှုများရရှိပါစေရှင်…

Comment by ရည်မွန်ထိပ်ထား — September 18, 2009 @ 12:48 pm |Edit This
16.

မနေ့က လူတစ်ယောက်နဲ့ စကားပြောရင်း စာအုပ်ထုတ်သာနဲ့ ပက်သက်ပြီး စကားရောက်သွားတယ်။ သူက ကိုယ်တိုင်ထုတ်ဝေသူလုပ်ရင် စာပေအသိုင်းအဝိုင်းက ပြောဆိုကြတယ်၊ ဘာညာပေါ့။ ကျွန်တော်လည်း ပြန်ပြီးပြောဖြစ်တယ်။ ကိုယ်လုပ်သာက ဘယ်သူ့ဘယ်ဝါကိုယ်မှ ထိခိုက်သာလည်း မဟုတ်ဘူးဆိုရင်တော့ ပတ်ဝန်းကျင်က ဘယ်လိုတုန့်ပြန်မှုမျိုးလာလာ ကိုယ့်အသိနဲ့ကိုယ် ဝေခွဲပြီးခံစားတတ်ဖို့လိုကြောင်းတွေ၊ ကိုယ်ကစာပေအသိုင်းအဝိုင်းမှာ ကျင်လည်ရှင်သန်နေမှာ မှမဟုတ်သာပဲလို့ပေါ့ စသည်ဖြင့် ကိုယ်ဝါသနာပါရာစိတ်ရယ်၊ တစ်ကယ်ကျင်လည်သင့်ရာလက်တွေ့ဘဝ နှစ်ခုကြားကို ယှဉ်ပြီးပြောဖြစ်သွားတယ်။ (ထိုအမြင်က စာပေလောကသား(ဝါ) စာရေးဆရာတွေရဲ့ စိတ်ရင်းတွေနဲ့ တူချင်မှတူနိုင်ပါ့မယ်)။ ထိုသူကလည်း ထိုသူ့အမြင် ခံစားမှုတစ်ခုကိုပြောဖြစ်သွားတဲ့သဘောပါ။ မှားတယ်၊မှန်တယ် ဆိုတာထက် ခံစားပြီးကြည့်မြင်တဲ့ဖက်မတူတော့ ကွဲပြားသွားတဲ့သဘောပေါ့။

ဒီနေ့တော့တိုက်ဆိုင်သွားတယ်။ မအိမ့်ချမ်းမြေ့ လုပ်နိုင်သာကိုယ် လုပ်သွားသာ တစ်ကယ်သဘောကျတယ်။ ပြီးတော့ ကိုယ်တိုင်ထုတ်ဝေသူ လုပ်မလုပ်ကျွန်တော်မသိပါဘူး။ ဒါပေမယ့် မှတ်တိုင်တစ်ခုစိုက်နိုင်တာ ချီုးကျုးအားကျမိပါတယ်ဗျာ။ သဘောအကျဆုံးကတော့ဗျာ အောက်ပါစိတ်နဲ့ရှင်သန်နေတဲ့ လက်တွေ့ကျတဲ့ သဘောထားလေးပဲ။

(အခုထိတော့ လုံးချင်းဝတ္ထုထုတ်ဖို့ ရည်ရွယ်ချက်နဲ့စိတ်ကူး မရှိသေးပါဘူး။ ၀ါသနာလဲ အခုထိတော့ မပါသေးပါဘူး၊ အဲသလောက် အချိန်လည်းပေးနိုင်မယ်လို့ မထင်မိသေးပါဘူးရှင်။)

Comment မှာ ချိန်ထိုးပြတဲ့စကားတွေပြောမိရင် အန္တရယ်တော့ အများသားနော် :)

ဆက်လက်အားပေးလျက်

Comment by ရှေးစာဆို — September 18, 2009 @ 3:26 pm |Edit This
17.

ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား၊ မွေးရပ်မြေကလူကြုံက ဘာတဲ့လဲဟင် ကိုအွန်လိုင်းကျား။
သိင်္ဂါကျော်၊ နှင်းဟေမာ၊ မွန်၊ ကိုရင်နော်ခင်လေးငယ်၊ အစ်မခင်မင်းဇော်၊ မေလေး၊ ရွှန်းမီ၊ ဖြိုး၊ ၀င်္ကပါ၊၊ westcoast22၊ ရည်မွန်ထိပ်ထား… မလေးကို အမြဲအားပေးသော မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။
K .. ဟုတ်တယ်ကေရေ.. အမေကတောင်မေးနေသေးတယ်၊ အဲဒီအဖုံးက အနောက်တိုင်းဝတ်စုံနဲ့လူကိုကြည့်ပြီး … ဟဲ့ သမီးဟာက ဘာသာပြန်တွေလားတဲ့၊ ဟုတ်ဖူးအမေလို့ သောင်းပြောင်းထွေလာလို့ :P ဆရာမောင်မောင်သိုက်က အနောက်တိုင်းရယ်၊ ရင်ဖုံးလေးရယ်တွဲထားပေးတာ မလေး multiculturalism ကို သဘောကျမှန်းသိလို့ထင်တယ်။ :D
အေးချမ်းသူ… အမယ်လေး..ပျောက်တော်မူ မမလေးရယ်၊ ပေါ်လာတယ်နော်၊ သတိရ၏။ ပန်းချီမောင်မောင်သိုက်လက်ရာနဲ့ စာအုပ်ထုတ်ရတာ အစ်မ ၀မ်းသာဂုဏ်ယူမဆုံး။ အစ်မပြန်တုန်းကလဲ အချို့စာရေးဆရာဟောင်းတွေရဲ့ အမည်တွေနဲ့ စာအုပ်မေးကြည့်တာ၊ အချို့ဆိုင်တွေက မကြားဖူးဘူးတဲ့။
ကိုဖြိုး.. ဖြစ်နိုင်ရင် အစ်မ လက်မှတ်ထိုးပြီး လက်ဆောင်ပေးချင်ပါတယ်..။
ရှေးစာဆို… မလေးက စာပေအသိုင်းဝိုင်းနဲ့ အဝေးကြီးကလူပါ။ ကိုရှေးစာဆိုပြောသလိုပါပဲ ဒီအသိုင်းအ၀ိုင်းမှာ ကျင်လည်မှာလည်း မဟုတ်တော့ (အခုထိပေါ့လေ..) နောက်ပြီး ဟိုးအနောက်ဘက်ကမ္ဘာစွန်းကလူဆိုတော့ ကျင်လည်ချင်ရင်တောင်.. နီးချင်တောင် မလွယ်..။ နောက်ပြီးကိုရှေးစာဆိုပြောသလိုပဲ.. ကျွန်မစာတွေဟာ လက်တွေ့ဘ၀ရဲ့ အငွေ့ရိုက်ခံရမှု ရှိပေမယ့် တစ်ကယ်တော့ ဒီမှတ်တိုင်လေးဟာ လက်တွေ့ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းလေးပါပဲ။ နောက်ပြီး ကျွန်မလို လူတစ်ယောက် စာအုပ်ထုတ်တာ risky ဖြစ်နိုင်တာသိပေမယ့် “အမှတ်တရ” လေးသဘောပါပဲ။ မသေခင်လေး ၀ါသနာပါတာတစ်ခု၊ အိပ်မက်လေးတစ်ခု မက်သွားလိုက်တာပါ။ (အခုထိတော့ လုံးချင်းဝတ္ထုထုတ်ဖို့ ရည်ရွယ်ချက်နဲ့စိတ်ကူး မရှိသေးပါဘူး။ ၀ါသနာလဲ အခုထိတော့ မပါသေးပါဘူး၊ အဲသလောက် အချိန်လည်းပေးနိုင်မယ်လို့ မထင်မိသေးပါဘူးရှင်။)အဲဒါက… စကားကုန်မပြောချင်လို့ဆိုတာထက်.. လုံးချင်းရေးရန်ပျင်းလို့ပါ :P။ အသက်ကြီးလာရင်တော့ မသိဘူး။ မလေးကိုတော့ ဘာမဆို ဝေဖန်နိုင်ပါတယ်။ ကျေးဇူးလဲတင်ပါတယ်..။

Comment by မလေး — September 18, 2009 @ 4:14 pm |Edit This
18.

အားကျပါတယ်မလေးရေ။
မလေးရဲ့အတွေးနဲ့ ရေးဟန်ကို တကယ်နှစ်သက်တယ်။
အများကြီးဆက်ရေးပါအုံးနော်။

Comment by အပြုံးပန်း — September 18, 2009 @ 5:34 pm |Edit This
19.

ဝမ်းသာတယ် မလေးရေ…

အားပေးလျက်
ဧရာသီတာ

Comment by S-C — September 18, 2009 @ 10:10 pm |Edit This
20.

အစ်မရေ mandalay မှာ ၀ယ်ဖတ်လိုက်ပါ့မယ်။ သူငယ်ချင်းတွေကိုလည်း ပေးငှားဖတ်လိုက်မယ်။ congratulation ပါအစ်မရေ။

Comment by zwesoelwin — September 19, 2009 @ 3:19 am |Edit This
21.

မလေးရေ အားကျလိုက်တာ။ ဂုဏ်ယူပါတယ်။ :)

Comment by ပုံရိပ် — September 19, 2009 @ 7:07 am |Edit This
22.

အားကျပါတယ်၊ဂုဏ်ယူပါတယ်၊

Comment by moe moe — September 19, 2009 @ 7:48 am |Edit This
23.

အိမ်ကို မှာလိုက်ဦးမယ် မကြီး ရေ.. အားပေးမယ်နော်
မကြီး ပျော်ရွှင် ချမ်းမြေ့ပါစေ….

Comment by စာချစ်သူ — September 19, 2009 @ 11:34 am |Edit This
24.

CONGRATULATIONS…….. အိမ်ကိုလှမ်းမှာလိုက်အုန်းမယ်…. အားပေးနေမယ်နော်…..

Comment by rose of sharon — September 19, 2009 @ 8:38 pm |Edit This
25.

ရုပ်ရှင်လက်မှတ်လေးနှစ်စောင် ပါပြန်ပေါ့း) ကျနော့် အကြိုက်ဆုံးလေး လေ အစ်မရေ့ မြို့တက်မှ ရှာဝယ်ကြည့်အုံးမယ် ။ အားလုံး ကောင်းမှာပါ ကျနော့် အစ်မပဲ ဂုက်ယူပါတယ် ။

Comment by မောင်မျိုး — September 20, 2009 @ 6:49 am |Edit This
26.

Friend…Wishing you all the best from one of your fans!Cheers (-:

Comment by Angel Eyes — September 20, 2009 @ 10:33 am |Edit This
27.

congratulation မလေးရေ …
အင်တာနက်နဲ့ အဆက်ပြတ်နေလို့ ခုမှဖတ်ရတယ်။
အင်တာနက်စာမျက်နှာကနေ တကယ့်စာမျက်နှာပေါ်ရောက်အောင် စီစဉ်ဖန်တီးနိုင်တာ ဂုဏ်ယူဝမ်းမြောက်ပါတယ်။

Comment by MDW — September 20, 2009 @ 3:35 pm |Edit This
28.

ဘလော့စာမျက်နှာတွေကို စာအုပ်လုပ်တဲ့ စိတ်ကူးလေးကိုရော.. စာအုပ်ဖြစ်အောင် လုပ်တဲ့ ဇွဲကိုရော ချီးကျူးပါ၏…
အများကြီး ပို အောင်မြင်ပါစေ….
ချစ်တဲ့ အစ်မ

Comment by မေငြိမ်း — September 21, 2009 @ 1:51 am |Edit This
29.

ပို့စ်ဖတ်ပြီး ရင်ထဲမှာ လှိုက်ကနဲပဲ ခံစားရတယ်။ အရမ်းကိုဝမ်းသာ ဂုဏ်ယူမိပေမယ့် အံ့တော့မအံ့သြမိပါဘူး မမအိမ့်ရေ…။ ဒီလို အဆင့်တွေ တဆင့်ပြီးတဆင့် ရောက်သွားမယ်ဆိုတာကို ညီမဟိုးအရင်ကတည်းက ယုံကြည်ထားခဲ့လို့ပါး) ဘလော့စာမျက်နှာပေါ်ကနေ စာအုပ်အဖြစ် အသွင်ပြောင်းနိုင်တာ ညီမသိသလောက် မမအိမ့်က ပထမဆုံးပဲ ထင်ပါတယ်။ အဲဒီပထမဆုံးသူက ကိုယ်သိပ်လေးစား အားကျရတဲ့ အစ်မမို့လည်း သိပ်ကိုဂုဏ်ယူမိပါတယ်။ ဒီက ဆိုင်တွေမှာ စာအုပ်မတင်ရင် ရန်ကုန်ကို လှမ်းမှာဖို့ စိတ်ထဲမှာ အသင့်ပြင်ထားပြီ မရေ။ အရမ်းဝမ်းသာတာပဲ…း))

Comment by ရွှေပြည်သူ — September 22, 2009 @ 6:53 am |Edit This
30.

အိုး … တယ်ကောင်း … ဂုဏ်ယူပါတယ်ဗျာ … နောက်နောင်လည်း ဒိထက် ဒိထက် စာအုပ်ပေါင်းများစွာ ထုတ်ဝေနိုင်ပါစေလို့ … :D

Comment by Ko Phyoe — September 24, 2009 @ 6:34 pm |Edit This
31.

ကဲဗျာ…ဘာထပ်ပြောစရာလိုသေးလဲ…

း) မလေးဘယ်လောက်ပျော်နေမလဲ ဆိုတာ ခန့်မှန်းမိပါတယ်…

အောင်မြင်ပါစေ..ဆရာမရေ…

Comment by ဒီဝိုင်း — October 1, 2009 @ 11:39 am |Edit This
32.

ပျော်စရာပဲ မလေး ရေ…
ဟိုရက်က အလုပ်များနေလို့ ပို့စ်တွေ အသေအချာ လာမဖတ်ဖြစ်ဘူး။ အခုမှ အဟောင်းတွေ လိုက်ဖတ်နေရတယ်။
ဒီစာအုပ်ကို ၀ယ်ဖို့ ရန်ကုန်ကို မှာထားလိုက်မယ်။ မလေး လက်မှတ်လေးတော့ လိုချင်သားနော်.။

Comment by ပန်ဒိုရာ — October 8, 2009 @ 8:15 am |Edit This



Tuesday, September 15, 2009

မိုးခါးရေတော့ မသောက်စေချင်

“ဒီကလေးတွက် ဘဏ်အကောင့်ဖွင့်ဖို့ ကလေးရဲ့ နောက်ဆုံးအမည် (last name) က…”
“ထွေးပါ”
“ပထမ အမည် (first name) က”
“ရင်”
“Social insurance အမှတ်”
“၁၂၃၄၅၆၇၈၉”

ကောင်တာနောက်မှ ဘဏ်အမျိုးသမီး၏ မျက်နှာက အံ့သြနေရာမှ တဖြည်းဖြည်း ပြုံးယောင်သန်းလာသည်။


“ရှင့်ကလေးတွေရဲ့ နောက်ဆုံးအမည်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးနော်၊ ရှင့်နောက်ဆုံးအမည်ကလဲ သူတို့နဲ့ မတူဘူးနော်၊ အပျိုတုန်းထဲက အမည်နဲ့တူတယ်”

“ဟုတ်ကဲ့ မတူပါဘူး၊ ဟိုလေ.. ကျွန်မတို့ယဉ်ကျေးမှုမှာ….”

“ဟင်းဟင်း ရှင်းပြစရာမလိုပါဘူးရှင်၊ တစ်ပင်လဲတစ်ပင်ထူပြီး နောက်အိမ်ထောင်နဲ့ ကလေးတွေထပ်ရတော့ ကလေးတွေရဲ့ နောက်ဆုံးအမည်တွေ မတူတာ အဆန်းမဟုတ်ပါဘူး၊ နောက် အိမ်ထောင်ထပ်ကွဲတော့လည်း အရင်ကအပျိုတုန်းက အမည်ကို ပြန်ယူတတ်ကြတာလည်း အဆန်းမဟုတ်ပါဘူး”


“ရှင်… အဲ”

အိမ်ထောင်မရှိကလေးနှစ်ယောက်မိခင် (single mother) ဟု ထင်နေသော၊ ဘဏ်ဝန်ထမ်းအမျိုးသမီး၏ မျက်နှာကိုကြည့်ပြီး ဖြေရှင်းရန် သူမ မကြိုးစားတော့။ သည်ကလေးနှစ်ယောက်ကလည်း ယောင်္ကျားတစ်ဦးစီနှင့် ရသည်ဟု ဆက်လက်ပြီး ထင်နေမည်ဖြစ်သော ထိုအမျိုးသမီးကို သည်အတိုင်းသာ ကြည့်နေလိုက်တော့သည်။



Tuesday, September 08, 2009

ငါ့ရဲ့ကဗျာတစ်ပုဒ်

ထုံးစံအတိုင်း ....
မင်းနေတဲ့ မြို့ကလေးဟာ ပူနွေးစွတ်စိုနေတယ်။
လမ်းပေါ်မှာ နှစ်ထပ်ယာဉ်ကြီးတစ်စင်း ခပ်တိုးတိုးဖြတ်သွားတယ်။
မင်းဘေးမှာ ငါတစ်ကောက်ကောက်
လျှောက်လိုက်နေခဲ့တယ်။
ငါ့ရဲ့ဖြစ်တည်မှုကို မသိတဲ့ မင်း..ကို
"ဆော်လမွန်တွေ ပြန်လာတော့မယ်... လာကြည့်ပါဦးလား" လို့
ခပ်တိုတိုး ပြောနေမိတယ်။

ညရဲ့အမှောင်က မြောက်ဘက်ပိုလာမီးတွေလို လွန့်လူး
အမှိုက်မဲ့ ပလက်ဖောင်းတွေပေါ်မှာ မီးစုန်းတွေက ကွန့်မြူး
အဖာမဲ့ ကတ္တရာခင်းတွေပေါ်မှာ တစ္တေတစ်ကောင် စုန်းပြူးသလို
မဆုံနိုင်တော့တဲ့ ကဗျာတစ်ပုဒ်ကို သွေးရူးသွေးတန်း ဖွဲ့စပ်နေရလို့
ငါ့အလွမ်းတွေက ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေတယ်။

မင်းပုခုံးပေါ်က ရေစက်ဟာ ငါ
မင်းလက်ကိုင်ဖုန်းပေါ်က ချွေးစက်ဟာ ငါ
မင်းဆံနွယ်ထဲက ပိုးကောင်လေးဟာ ငါ
မင်းကော်လာပေါ်က အမှိုက်တစ်မှုန်ဟာ ငါ
မင်းပါးပြင်ပေါ်က မော်လီကျူးလေးဟာ ငါ
မင်းဘီယာဗူးပေါ်က ရေစက်လေးဟာ ငါ

သူငယ်ချင်းတွေနဲ့အတူ ဟားတိုက်ရယ်မောနေတဲ့
မင်းမျက်နှာ နုနုလေးကို
တအံ့တသြ ငါငေးမောနေချိန်မှာ
နံနက်လေးနာရီ ထိုးသွားခဲ့တယ်..

ဆဲလ်ဖုန်းလေးမြည်လာတယ်..
မင်းကောက်ကိုင်လိုက်တယ်...
မင်းအသံတွေဟာ အရင်လို ညံ့သက်နေဆဲ..
မင်းလက်ထဲက ငါ့အတွက်မဟုတ်တဲ့ ပန်းတစ်စည်းဟာ အရင်လို လတ်ဆတ်နေဆဲ...
မင်းအပြုံးတွေဟာ အရင်လို နူးညံ့နေဆဲ...

"ဟလို... မ"
"ဟလို... မ"
"ဟလို... မ"

မင်းဟာ.. ငါ့အတွက်တော့.. အရင်အတိုင်း။

Friday, September 04, 2009

စက်ဝိုင်းလမ်းကလေး

l1.jpg

ညနေစောင်းတွေရောက်ပြီဆိုရင် ဒီကွေ့ကောက်တဲ့ လူလုပ်စက်ဝိုင်းလမ်းကလေးဆီ ခြေဦးလှည့်ဖြစ်တယ်။ ဒီစက်ဝိုင်းလမ်းကလေးထဲမှာ လမ်းလျှောက်ရတာ အားတစ်ခုကို စိုက်ထုတ်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစက်ဝိုင်းလမ်းကလေးဟာ ၀င်္ကပါလို လမ်းမပျောက်စေဘူး။ ဒီစက်ဝိုင်းလမ်းကလေးဟာ အလယ်ဗဟိုတစ်ခုကို ခေါ်ဆောင်သွားတယ်။ ဒီစက်ဝိုင်းလမ်းကလေးဟာ အဲဒီအလယ်ဗဟိုနေရာကနေ ၀င်လာရာအပေါက်ကိုလည်း ပြန်လည်ခေါ်ဆောင်သွားတယ်။ ဒီစက်ဝိုင်းလမ်းကလေးထဲမှာ ဖိအားတွေကိုခြေဖျက်ဖို့၊ အဖြေတစ်ခုခုကိုရှာဖို့၊ ဆုံးဖြတ်တစ်ခုခုကိုချဖို့၊ စိတ်တွေကိုရှင်းထုတ်ဖို့၊ နောက်ဆုံး.. ကောင်းကင်ဘုံက တစ်စုံတစ်ခုသော ဆုကျေးဇူးတစ်ခုခုကို ရနိုင်ဖို့ အခွင့်အလမ်းတွေ ရှာဖွေတွေ့ရှိနိုင်တယ်လို့ ဆိုကြတယ်။


flower.jpg

ဒီစက်ဝိုင်းလမ်းလေးရဲ့ အ၀င်ဝကိုရောက်ပြီဆိုတာနဲ့ ပါလာတဲ့ ခံစားချက်တွေရယ်၊ အတွေးတွေရယ်နဲ့ ဖြစ်တည်မှုအားလုံးကို မြေပြင်ပေါ်မှာ ချထားလိုက်တယ်။ ကျောက်စရစ်ခဲနဲ့သဲစပ်စပ် မြေပြင်ပေါ်က လျှပ်တိုက်သွားနေတဲ့ ကိုယ့်ခြေသံကို ကိုယ်ပြန်ကြားနေရတတ်တယ်။ စက္ခုအစုံကို မြေပြင်ပေါ်ကို ပို့ထားပြီး၊ စိတ်ကိုရှင်းထုတ်ထားတတ်ပေမယ့် တစ်ခါတစ်ရံမှာ မျက်လုံးက ခပ်လှမ်းလှမ်းက စက္ကူပန်းလေးတွေဆီရောက်သွားတတ်တယ်။ အဲဒီအခါမျိုးမှာ “ဒီလိုစက္ကူပန်းမျိုး ကိုယ့်ခြံထဲမှာ စိုက်လို့က အခုလို လှလှပပလေးရှင်သန်ပါ့မလား” ဆိုတဲ့ အတွေးမျိုးက တိုးဝင်လာတတ်တယ်။



တစ်ခါတစ်ရံတော့လည်း ပန်းခြံစပ်က လှပတဲ့ရုပ်တုလေးဆီ ဒါမှမဟုတ် ခုံတန်းပေါ်က စာအုပ်တစ်အုပ်ကိုငုံ့ဖတ်နေတဲ့ ကောင်လေးနဲ့ ကောင်လေးပေါင်ပေါ်မှာ ပက်လက်လှန်ခေါင်းအုံးအိပ်ပြီး ကောင်းကင်ပြာကြီးကို ငေးမောမော့ကြည့်နေတဲ့ ကောင်မလေးစုံတွဲဆီ အကြည့်တွေက ရောက်သွားတတ်တယ်။ အဲဒီအခါမျိုးမှာ
heshe.jpg

“ရုပ်တုလေးကလှလိုက်တာ၊ ဟိုခုံတန်းပေါ်က စုံတွဲလေးကလဲ အေးချမ်းလိုက်တာ၊ အင်း.. ဒါပေမယ့်… အချစ်ဆိုတာဘာလဲ၊ တွယ်တာမှုလား၊ ချစ်တယ်လို့ထင်ကြတာလား၊ အချစ်တစ်ခုက ဘယ်လောက်ကြာကြာခံမှာလဲ၊ အချစ်ဆိုတာ…အသုံးချမှုတစ်ခုလား၊ ဟိုမုန်းတွေလား၊ မျိုးပွားဖို့ဖြစ်နေတာလား” ဆိုပြီး စိတ်တွေက ကစင့်ကလျားဖြစ်သွားတတ်သေးတယ်။


Thursday, September 03, 2009

အလွမ်းစားပုရွက်

ကောင်းကင်မှာ..
စက်တင်ဘာ လ ဟာ ခပ်တိုးတိုးသာနေတယ်
သစ်ရွက်တွေပေါ်မှာ ငွေမျှင်တွေ ချွေချတယ်
မြေပြင်ပေါ်မှာ တိတ်ဆိတ်စွာ လှဲလျောင်းတယ်။

ခြောက်ကပ်တဲ့ လမ်းတွေပေါ်မှာတော့
အိပဲ့ပဲ့သွားနေတဲ့ သတင်းစာဆရာရဲ့ ကားအိုသံက
အာရုံဦးကို ကြိုနေတယ်။

သစ်ရွက်တွေ လျှပ်တိုက်ပြေးသံနောက်
တကောက်ကောက်လိုက်မိတဲ့
အမှိုက်ကောက် အဘိုးအိုက
ခြုံထည်တစ်ထည်ကို တောင့်တနေတယ်။

ကြွေသွားတဲ့အလွမ်းတစ်စကို
ကောက်ယူစားသောက်သွားတဲ့ ပုရွက်တစ်ကောင်နောက်ကိုတော့
ငါ… ဆက်မလိုက်တော့ဘူး။

ကျေနပ်စွာ စားသောက်လို့
ဇီဝဇိုးငှက်လို အန်ဖတ်တွေသွန်ချမှပဲ….
ငါ့ လက်ဖမိုးထဲ အမှတ်တယ သိမ်းလိုက်တော့မယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...