မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, July 30, 2009

နွေည

Thစ်Yွက်ေtွကြေKွ Kျ
Hlှ Pa tဲ့ ေnြ ည Mွာ
ေMြႊးPျံ့tဲ့ pန်းကေlး tိတ်တkိုး pွင့်thွားtယ်
Nyဉ့်Ngှက်ေlး tစ်ေkာင် kပ်tိုးtိုးေtးsိုtယ်
a cျစ် Yယ်……..
kိုယ် mင်းkို lွမ်း lို့ ngိုtယ်…

ကူးကူးတို့ ကျားတို့ ဖြိုးသက်အောင်တို့ နားမလည်အောင် မလေးက အခုလိုတမင်တကာရေးတယ်လို့ ထင်တယ်ဆိုရင်တော့ ……………
ဟုတ်ပါတယ် :D



Comments from ainchannmyay.com
1.

wow… modern art letter haha :P

Comment by westcoast22 — July 30, 2009 @ 1:00 am |Edit This
2.

သစ်ရွက်တွေကကြွေ
လှပတဲ့နွေညမှာ
မွှေးပျံ့တဲ့ပန်းကလေးတိတ်တခိုးပွင့်သွားတယ်
ညဉ့်ငှက်ကလေးတစ်ကောင် ခပ်တိုးတိုးတေးဆိုတယ်
အချစ်ရယ်………
ကိုယ်မင်းကိုလွမ်းလိုငိုတယ်..။

ကဗျာလေးက ချိုလိုက်တာ..အရမ်းကြိုက်တယ်။ အစ်မရဲ့ခုတလောပို့တွေဖတ်ကြည့်ပြီး အစ်မပျော်နေတယ်ဆိုတာသိတယ်..။

Comment by Evergreen Phyo — July 30, 2009 @ 1:19 am |Edit This
3.

ပထမအကြောင်းက ..“သစ်ရွက်တွေကကြွေကျ” ..“ကျ”ဆိုတာကျန်ခဲ့တယ်..။

Comment by Evergreen Phyo — July 30, 2009 @ 1:21 am |Edit This
4.

သစ်ရွက်တွေက ကြွေ
လှပတဲ့ နွေညမှာ
မွှေးပြန့်ပန်းကလေး တိတ်တခိုး ပွင့်သွားတယ်
ညဥ့်နက်လေးတစ်ခေါက် ခပ်တိုးတိုး တေးဆိုတယ်
အချစ်ရယ်
ကိုမင်းကို လွမ်းလို့ ငိုတယ်

ဟီ ဟီ ဟုတ်လားတော့ မသိဘူးနော် အတတ်နိုင်ဆုံး ဖတ်ကြည့်လိုက်တာပဲ

Comment by လူရိုင်းလေး — July 30, 2009 @ 1:35 am |Edit This
5.

သစ်ရွက်တွေ ကြွေကျ
လှပတဲ့ နွေညမှာ
မွှေးပျံ့တဲ့ ပန်းကလေး တိတ်တခိုးပွင့်သွားတယ်။
ညဥ့်ငှက်လေးတစ်ကောင် ခပ်တိုးတိုးတေးဆိုတယ်
အချစ်ရယ် …
ကိုယ်မင်းကို လွမ်းလို့ငိုတယ် …

အမလေး … မလေးရေ …
မျက်လုံးအတင်းပြူးပြီး မနည်းဖတ်လိုက်ရတယ်။
တတ်လဲတတ်နိုင်ပါပေ့… သူ့ပညာတွေ။

Comment by မေဓာဝီ — July 30, 2009 @ 1:49 am |Edit This
6.

သစိရွကိတွေကကြွေကျ
လှပတဲ့နွေညမှာ
မွေးပျံ့တဲ့ ပန်းကလေးတိတ်တခိုး ပွင့်သွားတယ်
ညဉ့်ငှက်လေးတစ်ကောင် ခပ်တိုတိုးတေးဆိုတယ်
အချစ်ရယ်
ကိုယ်မင်းကို လွမ်းလို့ ငိုတယ်
(ဘာသာပြန်တာ မှန်လားမသိ)

Comment by mm — July 30, 2009 @ 1:52 am |Edit This
7.

နွေညကလည်းလှနေတယ် ငိုသံတွေတိတ် သာသာအိပ်ပါကွယ်

Comment by ပန်ဒိုရာ — July 30, 2009 @ 3:06 am |Edit This
8.

မလေး……… အရမ်းလွမ်းတယ်သိရဲ့လား.. မတွေ့တာကြာပြီ
လာအော်သွားတယ် ဒါပဲ

Comment by ပန်ဒိုရာ — July 30, 2009 @ 3:07 am |Edit This
9.

လာပြီး ဘာသာပြန်မလို့ အပေါ်က ကျွမ်းကျင်သူဆရာများက ပြန်ပြီးသွားဖြစ်နေပြီ…
ခံစားသွားပါတယ် မလေးရေ…

Comment by ခင်မင်းဇော် — July 30, 2009 @ 3:12 am |Edit This
10.

westcoast22 … ကဗျာမခံစားတတ်သူကို ပိုဒုက္ခပေးသလိုဖြစ်နေပြီလားမသိ :P
မမေ၊ Evergreen Phyo၊ mm နဲ့ လူရိုင်းလေး… တော်ကြပါပေသည်.. တော်ကြပါပေသည်။ မလေးမှာရှိသော သည်ထက်ပိုခက်ခဲ နက်နဲသောပညာတွေတွေ ထုတ်သုံးတော့မှ ထင်၏။ :D။ ကိုဖြိုးထင်တာမှန်တယ်။ နေရင်းထိုင်ရင်း အူမြူးနေတာ။ heat wave ကြောင့်လားမသိပါဘူး။
မပန်... တကယ်လွမ်းလို့လားကွယ်… မပန်ဆီအမြဲရောက်ပါတယ်။ မယုံရင်ခြေရာသာရှာကြည့်လိုက်။
အစ်မခင်မင်းဇော်… ဒီထက်နက်နဲသော မလေးရဲ့ပညာတွေထုတ်သုံးပြီးရင် အစ်မကို လာခေါ်လှည့်မယ်နော်.. :D

Comment by မလေး — July 30, 2009 @ 3:39 am |Edit This
11.

ရောက်တာကို မပြောဘူး.. ဂျီမှာမတွေ့တာကိုပြောတာ။ စိမ်းကားတယ် မလေး.. နေ့တိုင်းလာအော်လိုက်မယ်။

Comment by ပန်ဒိုရာ — July 30, 2009 @ 4:46 am |Edit This
12.

မလေး ညာတယ်……. လူတယောက်ဟာ ဂျီမရှိပဲ.. အဲ..ဂျီမေးလ် မရှိပဲ ဘယ်လိုလုပ်ရပ်တည်နိုင်မလဲ။

Comment by ပန်ဒိုရာ — July 30, 2009 @ 5:56 am |Edit This
13.

ကျနော် က တော့နား ကို မလည် ဘူးဗျာ
ရေးတဲ့သူက ပညာ တွေ နဲ့ ရေး တော့
တန်းတူ အရည်အချင်းရှိ တယ် သူတွေဘဲ ဖတ် တတ် ကြတာ
တော် ကြပါတယ် လို့ ပြောချင် ပါတယ်

Comment by Prince — July 30, 2009 @ 6:43 am |Edit This
14.

ညပိုင်း မျက်လုံးဖွင့်နိုင်သေးတဲ့အချိန်တော့ ကြည့်ပါတယ်
ဒီတစ်ခါမလေးလွဲသွားတယ်၊ ကျွန်တော် အဲဒီလိုဗရုက်သုက္ခတော့ ဖတ်တတ်တယ် မလေးရ
ဘာသာပြန်ပြလိုက်တော့ မငိုပါနဲ့ တဲ့ မှာလိုက်ပါတယ် :P

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 30, 2009 @ 9:10 am |Edit This
15.

Ma Lay,

Me too…
Ho lo lo….De lo lo in summer. Pyaw sa ya gyi naw. I like your poem. Thanks.

Lynn

Comment by Lynda — July 30, 2009 @ 10:51 am |Edit This
16.

ပန်ဒိုရာ .. မပန်ကလဲ ဂျီမရှိလို့ အဲ ဂျီမေးလ်မရှိလို့ ရပ်နေကြရတာဖြစ်မှာပေါ့.. သိဘူး :)
Prince… ပညာရှင်တွေလေ.. :D Princeကို မတွေ့တာ ကြာပြီနော်း)
ကျား… အော်…. ခက်ခဲနက်နဲသော မလေးရဲ့ ပညာရပ်ကို ဗရုတ်သုက္ခ…. တဲ့.. ဟွန်း
လင်ဒါ ..နွေမှာဘာတွေလုပ်နေလဲ…

Comment by မလေး — July 30, 2009 @ 12:45 pm |Edit This
17.

မူးတယ် မလေးရယ်. .. ကြံကြံဖန်ဖန်။ ကဗျာလေးက လှတယ်။

Comment by winkabar — July 30, 2009 @ 6:55 pm |Edit This
18.

မလေး ရေးတတ်ပြန်ပြီ ။ မေလေးတောင် အဲလိုတွေငယ်ငယ်တုန်းက ရေးဖူးတယ်။ မြန်မာနဲ့ အင်္ဂလိပ်ရောရေးတာလေ။ မလေးပျော်နေတယ်ဆိုလို့ ဝမ်းသာတယ်နော် နောက်ထပ်လည်း မလေး ကျန်းမာပျော်ရွှင်ပါစေ

Comment by maylay — July 30, 2009 @ 8:03 pm |Edit This
19.

အစ်မ ကဗျာလေးက စိတ်ဝင်စားဖို့ကောင်းတယ်ရေးထားတာ။

Comment by tawtharlay: — July 31, 2009 @ 1:00 pm |Edit This
20.

Thanks green phyo…….
aww…forget ma gyi ( good )…;-)

Comment by phyo thet aung — August 3, 2009 @ 5:16 am |Edit This
21.

malay,

miss you…

be cool!

Comment by ayechanthu — August 3, 2009 @ 5:46 am |Edit This
22.

winkabar .. ညီမ အရမ်းပျောက်နေတယ်
maylay. tawtharlay. phyo thet aung… မလေး မကြီးမငယ်လျှောက်ရေးထားတာ လာအားပေးလို့ ကျေးဇူး :D
ayechanthu... သိုးလေး ဘယ်တွေရောက်နေတာလဲ.. ငြိမ်လှချည်လား။

Comment by Anonymous — August 3, 2009 @ 4:53 pm |Edit This
23.

အဲအဲ… နားမလည်ဘူးဆိုတော့ဟုတ်လှပီပေါ့လေ… ဘယ်ရမလဲ သူများဘာသာပြန်ထားတဲ့ဟာတွေစောင့်ဖတ်တာပေါ့..
း) များကြီ… ဟိဟိ

Comment by စန္ဒကူး — August 5, 2009 @ 6:32 pm |Edit This
24.

Ma Lay,
This is a real nice creatative one both way to write and beauty of poem.
I feel glad that there are nice period for you nowadays.
I wish you ,,,,,,,,,,,,,, to be own forever such as nice time like that Naw.

Comment by mgmoekhin — August 5, 2009 @ 9:25 pm |Edit This
25.

ဘာသာပြန်ဖတ်မိတော့ မှပဲ အရမ်းကောင်းကြောင်းသိသွားပြီ

Comment by သိုး — September 11, 2009 @ 3:14 am |Edit This

Tuesday, July 28, 2009

ပန်းတစ်စည်း

မကြာခင်အဆုံးသတ်တော့မည့်ညက တဖြည်းဖြည်းအိုမင်းရင့်ရော်လာနေပြီ။ တိတ်ဆိတ်သောအသံတွေကြားမှာ သစ်ကိုင်းတွေပေါ်က ငှက်အချို့၏ ဟောက်သံသဲ့သဲ့ကတော့ ဆက်လက် ထွက်နေကြသည်။ ပလက်ဖောင်းတွေက ညဦးပိုင်းကရွာထားသော မိုးရေတွေစိုစွတ်နေသည်။ တိတ်ဆိတ်နေသော ကားလမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းမောင်းနှင်သွားသော ကားလေတိုးသံတွေ၊ မိုးရေနှင့်ကားဘီးပွတ်သံတွေကို ကြားနေရသည်။ လမ်းမီးတိုင်တွေ၏အလင်းရောင်ကြောင့် ပလက်ဖောင်းပေါ်မှာ လျှောက်လာသောအရိပ်တစ်ခုကို မှောင်ရိပ်ထဲမှကြည့်နေလိုက်သည်။ အရာအားလုံးက မီးခိုးရောင်သန်းနေသည်။ ပလက်ဖောင်း၊ လမ်းမ၊ မီးတိုင်များ၊ ပတ်ဝန်းကျင်မှအဆောက်အဦးများ၊ ခေါင်မိုးစွန်းများ၊ သစ်ပင်များ၊ မိုးရေစက်များ… အားလုံး.. အားလုံး မီးခိုးရောင်သန်းနေရသည်မှာ သူ့လက်ထဲက အရောင်တောက်တောက် အ၀ါရောင်နှင်းဆီပန်းစည်းကြောင့်ပဲ ဖြစ်လိမ့်မည်။


မိုးရေထဲ ခြေသံတရှပ်ရှပ်က အနားကိုရောက်လာသည်။ မှောင်ရိပ်ထဲက ထွက်ရပ်လိုက်သည်။ သူက ခြေတစ်လှမ်းမှမတွန့်သွားဘဲ ဆက်လျှောက်သွားသည်။ သူနှင့်ဘေးချင်းယှဉ်တွဲပြီး ကပ်လျှောက်လာနေသည့်တလျောက်လုံး စကားတစ်ခွန်းမှ မပြောဖြစ်ကြ။ ကောင်းကင်မှ ပုဇွန်ဆီနုနုလေး သန်းလာနေပြီ။ အမှိုက်မဲ့ပလက်ဖောင်းဘေးက ပန်းတွေကတော့ မီးခိုးရောင်သန်းနေဆဲ။ သူက ကားလမ်းကူးရန် မီးပွိုင့်တစ်ခုနားမှာ ရပ်လိုက်သည်။ ရှင်းနေသောကားလမ်းကြီးကို အကြောင်းမရှိဘဲ မျှော်ငေးနေသော သူ့မျက်နှာနုနုလေးက အပြစ်ကင်းစင်နေသည်။ နံနက်ခင်း၏ လတ်ဆတ်သောလေက သူ့ကိုဖြတ်တိုက်လာတော့ သူ့ထံမှ သင်းပျံ့သောရနံ့တစ်ခုရလိုက်သည်။ သူ့ဂျက်ကက်ပေါ်က တွားသွားနေသည့်ပိုးကောင်သေးသေးလေးကို လက်နှင့် အသာတောက်ထုတ်ဖို့ကြိုးစားလိုက်သည်။ သူ ကိုယ့်ဘက်တစ်ချက်လှည့်လာသည်။ သူ့မျက်နှာက ပြုံးယောင်သန်းနေသည်။


ကားလမ်းကို နှစ်ယောက်အတူတူဖြတ်ကူးပြီး လမ်းကြားတွေကိုဖြတ်ကာ အိမ်တစ်အိမ်ရှေ့ကို ရောက်လာကြသည်။ အိမ်ရှေ့က လှေကားထစ်လေးမှာ အ၀ါရောင်နှင်းဆီ ပန်းစည်းလေးကိုချပြီးချိန်မှာ နံနက်လေးနာရီ၏ ငှက်ကလေးတစ်ကောင်က သစ်ကိုင်းပေါ်က တကျီကျီထအော်မြည်သည်။

Tuesday, July 21, 2009

ဗင်ကူးဗားရောက် မြန်မာများအကြောင်း

အဲဒီနေ့မနက်က အသိအန်တီကြီးတစ်ယောက်အိမ်ကို ကိစ္စလေးတစ်ခုနဲ့သွားတယ်။ သူက စကားဝဲ၀ဲပြောတဲ့ အန်တီမွန် လို့ ကျမကခေါ်တဲ့ ကရင်အမျိုးသမီးကြီးတစ်ယောက်ပါ။ ဒီမှာက နွေရာသီရောက်ရင် သိပ်ပျော်စရာကောင်းတော့ သူ့ကို ကျမတစ်ခါက ပြောဖူးတယ်။ နွေမှာ မိသားစုနဲ့ တောထဲမှာတဲထိုးပြီး camp ထွက်ရင် ပျော်စရာကောင်းတဲ့အကြောင်း။ အိမ်အလုပ်၊ ရုံးအလုပ်တွေနဲ့ ခဏတာဝေးပြီး လူသူနည်းတဲ့ ထင်းရှုးပင်တွေကြားမှာ တဲကလေးထိုးပြီး နီးရာချောင်းကငါးကိုမြှား၊ မီးဖိုပြီးကင်စား၊ အဲသလိုမျိုးနေဖို့ကောင်းတဲ့ ရာသီမျိုးလို့ပြောဖူးတယ်။ ဒါကိုသူက သဘောကျသွားပြီး ဟိုတစ်လောက မိသားစုနဲ့ camp သွားတယ်ကြားလိုက်တယ်။ အဲဒီမနက်က သူ camp သွားခဲ့တဲ့အကြောင်းမေးတော့ သူက စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပြီး အမယ်လေး… သဲရယ်… လို့ အစချီပါလေရော…။


စကားမစပ်… ကျမ အမည်က သဲ လဲမဟုတ်ဘူး။ အမည်ထဲမှာလဲ ဘယ်တုန်းကမှ သဲ မပါဘူး၊ ကျောက်ခဲ၊ ဘိလပ်မြေ စသဖြင့်လဲမပါဘူး။ ဒါပေမယ့် အန်တီမွန်က ဘာစိတ်ကူးရပြီး ကျမကို သဲရယ်.. သဲရယ်… နဲ့ခေါ်လဲမသိ။ ဒါပေမယ့်လည်း မပြင်တော့ဘူး။ သူလဲ နှုတ်ကကျိုးနေသလို၊ ကျမလဲ နားယဉ်သွားပါပြီ။ သူကဆက်ပြောတယ်။


“သဲ.. ပြောလို့ camp သွားပါတယ်။ ငါးကလဲ တစ်နေကုန်မျှားတာတောင် တစ်ကောင်တောင် မရပါဘူး။ ညညဆို ခြင်က ကိုက်သေးတယ်။ ခြင်ဆေးတွေတော့ ပါသွားပါတယ်။ ဒါပေမယ့် ကိုက်တာကတော့ ကိုက်တာပဲ သဲရေ့။ မနက်မျက်နှာသစ်တော့လဲ ချောင်းထဲကရေက ရေခဲရေလိုပါပဲလား… အေးစက်နေတာပဲ။ အန်တီမွန် တော့ သုံးရက်လောက်တောင် ရေမချိုးခဲ့ဘူး။ သဲပြောလို့ အပျော် camp ထွက်ပါတယ်… နယ်စပ်က camp ပြန်ရောက်သွားသလိုပါပဲလား သဲ..ရယ်” လို့ သူ့ရဲ့ ခြေတွေလက်တွေက ခြင်ကိုက်ဖုတွေကို ပြပြပြီး စကားဝဲ၀ဲနဲ့ ပြောတော့တာပါပဲ။


ကျမလဲ ဘာဆက်ပြောရမှန်းမသိတော့ ဒီလိုပဲ ရယ်နေလိုက်ရတယ်။ ဒီလိုနဲ့စကားပြောအပြီး အိမ်အပြန်လမ်းမှာ အန်တီမွန့်ဧည့်သည် အစ်မကြီးတစ်ယောက်နဲ့ နောက်အန်တီတစ်ယောက်ကို ကားကြုံခေါ်လာခဲ့တယ်။ လမ်းမှာ စကားစမြည်ပြောလာကြတယ်။ သူတို့က ဒီကိုရောက်တာ သိပ်မကြာသေးတော့ လောလောဆယ် ဘတ်စ်ကားစီးစဉ် သွားရလာရအဆင်ပြေအောင် ဒီမြို့မှာ တောင်နဲ့မြောက်တန်းနေတဲ့လမ်းတွေက street တွေဖြစ်ပြီး၊ အရှေ့နဲ့အနောက်တန်းနေတဲ့လမ်းတွေက avenue တွေဖြစ်ကြောင်း၊ လမ်းပျောက်ရင် တောင်တွေရှိရာဘက်က မြောက်အရပ်ဖြစ်ကြောင်း စသဖြင့် ဝေမျှနေတယ်။ အဲဒီမှာ အစ်မကြီးက အားရပါးရကြီး ရင်ဖွင့်တော့တာပါပဲ။ သူကလဲ ကျမကို အန်တီမွန်ခေါ်သလို သဲ.. ဆိုပြီး လိုက်ခေါ်နေတယ်။ တစ်ခါခေါ်ခံရတိုင်း ကြက်သီးတစ်ခါထတယ်။ “ကျမ အမည်က သဲ.. မဟုတ်ပါဘူး” လို့ ပြောရမှာလဲ အားနာနေတယ်။ အဲဒီနေရာမှာသာ ဒီနိုင်ငံပုံစံနဲ့ “I’d like to be addressed as ……. ပါ” ဆိုပြီး ပြောလိုက်လို့ကတော့ ရိုက်ပေါက်။ သူကတော့ အားရပါးရ.. ကျမကို အစ်မသဲ.. ဆိုပြီး စကားတွေဆက်ပြောနေတယ်။


“အစ်မသဲရယ်… ကျမတို့ တိုင်းပြည်မှာ ကာဖျူးထိတာ လွန်လှပြီထင်တာ… ဒီမြို့မှာ ကာဖျူးထိထားတာ တော်တော်ကြာတာပဲနော်…. ပြင်းလဲပြင်းထန်တယ်”

“ရှင်…”

“ဟုတ်တယ်လေ.. ကျမတို့တိုင်းပြည်မှာက ည မထွက်ရဘဲ ကြားဖူးတယ်…။ ဒီမှာက နေ့ဘက်တောင် လူတွေမထွက်ကြရဘူး၊ လူမပြောပါနဲ့အစ်မရယ်.. ခွေးတွေတောင်မထွက်ရဘူးဆိုတော့ သူတို့က ပိုတင်းကျပ်တာပဲ... ခုနောက်ပိုင်းမှ နည်းနည်းတော်လာပုံရတယ်”
ကျမလဲ ဘာပြန်ပြောရမှန်းမသိလို့ ထုံးစံအတိုင်း ပြုံးပဲနေလိုက်တယ်။ သူက ဆက်ပြောတယ်။

“အစ်မသဲက တောင်တန်းတွေရှိတဲ့ဘက်က မြောက်အရပ်ဆိုလို့ ပြောရဦးမယ်။ ကျမနဲ့ကျမ သူငယ်ချင်းဟိုတစ်လောက အသိတစ်ယောက်ဖိတ်လို့ Richmond မြို့ကိုသွားပြီး Vancouver ကိုအပြန်မှာ ကျမသူငယ်ချင်းကလဲ လိုင်စင်စရကာစ၊ လမ်းတွေလဲမကျွမ်းကျင်သေးတော့ လမ်းတွေပျောက်တာအစ်မရယ်..။ အသိက တောင်တွေနောက်သာလိုက်.. Vancouver ပြန်ရောက်သွားလိမ့်မယ်ဆိုလို့ တောင်တွေရှိရာနောက်မောင်းတာ မောင်းရင်းမောင်းရင်း တောင်တန်းကြီးတွေက မျက်စိရှေ့ကပျောက်သွားကော။ နောက်ဆုံး ပင်လယ်ကမ်းစပ်ဘက်ရောက်သွားတယ် အစ်မသဲရေ့….”


“အဲဒီတော့ အစ်မတို့ အိမ်ကိုဘယ်လိုပြန်ရောက်အောင်ပြန်လဲ”


ကျမတို့ တစ်ယောက်နဲ့တစ်ယောက် အစ်မ အပြန်အလှန်ခေါ်ပြီး ပြောနေတာကို ကိုယ့်ဟာကိုယ် ရယ်ချင်နေမိတယ်။


“Vancouver ဆိုတဲ့ ဘစ်ကားကြီးနောက်ကနေ လိုက်မောင်းရင်း ပြန်ရောက်သွားတာပါပဲ….” တဲ့။


---------------



ဒီလိုနဲ့ ကားဆက်မောင်းလာရင်း လမ်းမှာ ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦးကြီးတစ်ခုရှေ့ကနေဖြတ်လာကြတယ်။ မြက်ခင်းတွေကလဲ စိမ်းစိုပြီး သစ်ကြီးဝါးကြီးတွေအောက်မှာ မြက်တွေက ညီညာပြန့်ပြူးနေတယ်။ အဆောက်အဦးကြီးကလဲ သန့်ပြန့်ပြီး တော်တော်လေးခမ်းနားလှပတယ်။ အဲဒီမှာ တစ်လမ်းလုံးငြိမ်လာတဲ့ နောက်ခုံက အန်တီကြီးက စကားစလိုက်တယ်။


"ဒီလိုအိမ်ကြီးမျိုးမှာ နေချင်လိုက်တာဟယ်..."


"ဟုတ်ပါရဲ့.. ကျမလဲ နေချင်လိုက်တာ။ ဒီနိုင်ငံက အိမ်တွေက မီးခြစ်ဆံဗုံးလေးတွေလိုပဲနော်...။ ဒီလိုတိုက်ကြီးမျိုးနဲ့နေချင်တာ ကျမက။ ကြည့်ပါဦး.. မြက်ခင်းတွေကလဲ ကောင်းလိုက်တာ။ ပန်းတွေကလဲ ရောင်စုံ..."


ဟိုအစ်မကလဲ ၀င်ပြောတယ်...


"ဒီဟာ apartment ဖြစ်မယ်။ ငှားနေရအောင်.. လာစုံစမ်းဦးမှ "


ကျမ ဘာမှမပြောဘဲ ထားလိုက်ဦးမလို့.. နောက် သူတို့အရမ်းကို အတိုင်အဖောက်ညီနေတာနဲ့ မနေနိုင်တော့ဘူး။


" ဟိုလေ... အန်တီ.. အန်တီအဲဒီမှာ နေလို့မဖြစ်ဘူး။ အဲဒီအဆောက်အဦးက အရူးထောင် အန်တီရဲ့" လို့ ၀င်ပြောလိုက်ရပါတော့တယ်။


---------------


ဒီလိုနဲ့ ကျမတို့ သူသွားလိုတဲ့ mall ရှေ့ရောက်လာတယ်။ သူ့ကိုချပေးရင်း ကျမလဲ ပစ္စည်းတစ်ခု ၀ယ်စရာရှိလို့ လမ်းကြုံတာနဲ့ သူနဲ့ mall ထဲလိုက်ဝင်လာတယ်။ အဲဒီမှာ သူ့အသိ လူနှစ်ယောက်က သူ့ကိုလာနှုတ်ဆက်တယ်။ ဘယ်လာတာလဲ ဘာလဲနှုတ်ဆက်ရင်း အဲဒီလူနှစ်ယောက်က ဆံပင်ညှပ်ဆိုင်ကောင်းကောင်းလာရှာတာတဲ့။ ဆံပင်ညှပ်ချင်လို့ ဆိုင်ကောင်းကောင်းများသိသလားလို့မေးတယ်။ အဲဒီအစ်မကြီးက သိပုံမပေါ်တော့ ကျမလဲ ၀င်ပြောလိုက်တယ်။ The Bay ဘေးမှာ ဆံပင်ညှပ်ဆိုင်ကောင်းကောင်းရှိတယ်လို့။ လက်ညိုးပါညွှန်ပြလိုက်တယ်။ သူတို့လဲ ကျေးဇူးတင်ပါတယ်အစ်မ ဆိုပြီး ထွက်သွားကြတယ်။ အဲဒီလူနှစ်ယောက်က ကျမထက် အသက်တော်တော်ကြီးတယ်။ ဒါပေမယ့် ကျမကို အစ်မ အစ်မနဲ့ခေါ်တော့ ကျောင်းတုန်းက အဖြစ်တစ်ခုကို သွားသတိရလိုက်မိတယ်။ ကျောင်းမှာ အချို့ယောင်္ကျားလေးတွေက ကျမတို့ထက် အသက်ကြီးပေမယ့် ကျမတို့ကို အစ်မ.. အစ်မ နဲ့ခေါ်တယ်။ အဓိကကတော့ သူတို့ကျောင်းပြေးပြီးဝလို့ စာကူးချင်ရင် မျက်နှာချိုသွေးပြီး အစ်မရယ်.. ဘာရယ်..နဲ့ စာအုပ်လာလာငှားတော့တာပါပဲ။ အချို့ဆို သူငယ်တန်းတက်တာနောက်ကျလို့လားမသိဘူး။ အသက်တော်တော်ကြီးနေပြီ။ ဒါလဲ အစ်မ ပဲခေါ်တယ်။ ဒီလိုနဲ့ အချိန်တွေကြာလာပြီး အရင်းနီးသွားချိန်လောက်မှာတော့ ကျမ သူတို့ကို မေးကြည့်တယ်။


“နင်တို့တွေ ငါတို့မိန်းကလေးတွေကို ဘာလို့ အစ်မ.. အစ်မ နဲ့ခေါ်တာလဲ။ နင်တို့ထက်ငယ်မှန်းလည်းသိရဲ့နဲ့” လို့…


အဲဒီမှာ သူငယ်ချင်းယောင်္ကျားလေးတစ်ယောက်က ပြန်ပြောတယ်။


“အေး…. ငါတို့က နင်တို့ကို အမ လို့ မခေါ်ဘဲ အထီးလို့ ခေါ်ရမှာလား” တဲ့…..


ကျမလဲ ဘာမှဆက်မမေးတော့ဘူး။ ဘာဆက်ပြောရမှန်းလဲ မသိတော့လို့လေ။


---------------


ဒီလိုနဲ့ အဲဒီအစ်မကြီးနဲ့ လမ်းခွဲပြီး ကျမလည်း ဆိုင်တစ်ခုထဲက ထွက်လာတော့ ခုနက လူနှစ်ယောက်ကို ယောင်လည်လည်ထပ်တွေ့တယ်။ ဆံပင်ညှပ်ဆိုင်လဲ တွေ့ပုံမရဘူး။ ဒါနဲ့ ကျမလည်း သူတို့ကိုမေးလိုက်တယ်။ ဆိုင်မတွေ့လို့လားလို့ ….. The Bay ဘေးမှာလေလို့။ အဲဒီမှာ သူတို့က ကျမကို ပြန်ပြောတယ်။


“မတွေ့ဘူး အစ်မ”


“ဒီဘက်လမ်းက မသွားဘူးလား၊ The Bay ကအကြီးကြီး၊ လွဲစရာမရှိဘူး”


အဲဒီမှာ တစ်ကယ်ကို အပြစ်ကင်းစင်တဲ့ မျက်နှာတွေနဲ့ ကျမကို အားကိုးတကြီးကြည့်ပြီး သူတို့ပြောလိုက်တာကတော့…..


“မရှိဘူးအစ်မ၊ အစ်မ ပြတဲ့ဘက်မှာ ဆိုင်ကြီးအကြီးကြီးတော့တွေ့တယ်။ The Bay တော့မတွေ့ဘူး။ ပန်းပွင့်ကြီးနဲ့ဆိုင်ကြီးတစ်ဆိုင်ပဲတွေ့တယ်…” တဲ့လေ။



thebaylogo.jpg


---------------


ဒီလိုနဲ့ အဲဒီနေ့ ညနေစောင်းမှာ ကျမတို့ ညစာစားပွဲတစ်ခုကို သွားတယ်။ အဲဒီညစာစားပွဲမှာ လူတော်တော်စုံပါတယ်။ လူကြီးတွေလဲပါတယ်။ အချို့ဆိုရောက်တာ အနှစ်လေးဆယ်တို့ဘာတို့ရှိနေပြီ။ အားလုံးက မြန်မာလို အာဘောင်အာရင်းသန်သန်နဲ့ပြောကြဆိုကြ၊ စားသောက်ကြနဲ့ ပျော်စရာကောင်းပါတယ်။ အဲဒီထဲမှာ မြန်မာပြည်ကနေ အရှေ့တိုင်းတစ်ခုမှာ နှစ်နှစ်လောက်နေပြီးနောက် ဒီကိုရောက်လာတာလဲ တစ်နှစ်လောက်တောင် မရှိသေးတဲ့ လူငယ်တစ်ယောက်ပါပါတယ်။ သူက သူ့ကို လူကြီးတွေက မြန်မာလိုမေးလည်း အင်္ဂလိပ်လိုပဲဖြေတယ်။ အဲဒီမှာ ကျမ အကိုတစ်ယောက်က ဘာစိတ်ကူးပေါက်လဲမသိဘူး။ အဲဒီလူကို အိမ်မှာလဲ အင်္ဂလိပ်လိုပဲပြောလားလို့ သွားမေးလိုက်တယ်။ ကျမ အဲဒီအကိုဝမ်းကွဲကလည်း ဒီမှာမွေးတဲ့အကိုဆိုတော့ မြန်မာလိုပြောရင် "မောင်းမင်းလူးကလေး .. ရေးချမ်းချမ်းတစ်ခွက်လောက်ယူးခဲ့ပါ" ဆိုသလိုပုံစံမျိုး။ အဲဒီအချိန်မှာ အဲဒီလူက ကိုက်လံတစ်ချောင်းကို ခက်ရင်းနဲ့ ဟန်ပါပါ ထိုးလိုက်ပြီး ပြန်ဖြေလိုက်တယ်။ ကျမလည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး အဲဒီနားကထွက်ပြေးချင်စိတ်ကိုပေါက်တာပါပဲရှင်...။ အကိုမေးလို့ဟိုလူဖြေလိုက်ပုံကတော့....


“Yeh… coz… it’s easier to speak in English.” ဟူသတည်း။

လာလည်ကြသူတွေအားလုံး ပျော်ပါစေ....
အားလုံးကို ခင်မင်လျှက်…

Comments from ainchannmyay.com

စိတ်ပန်းနေတဲ့အချိန် ဒီလာမိလို့လားမသိဘူး တော်တော်ပေါ့သွားပါတယ် မလေး၊ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
The ပန်းပွင့် ay ကို ကျွန်တော် လာကြည့်ချင်လိုက်တာ…
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 21, 2009 @ 12:49 pm

IM နဲ့ Chat တဲ့ အချိန်မှာတော့ ကျွန်တော့်အတွက် “Yeh… coz… it’s easier to chat in English.” ပါပဲ.. :)
Comment by AndyM — July 21, 2009 @ 2:48 pm

အစ်မ ကျွန်တော်လာဖတ်သွားပါတယ်။
Comment by tawtharlay: — July 21, 2009 @ 4:26 pm

အစ်မကတော့ ရီရအောက်လုပ်နေပြန်ပြီ.. (အစ်မဆိုတာ ကိုယ့်ထက်ကြီးတဲ့ အစ်မကိုဆိုလိုတာ နှုတ်ကျိုးနေလို့) :D ။ အမျိုးတွေထဲမှာလည်း အဲသလိုရိုးတာမျိုးတွေရှိတယ်.. ရန်ကုန်ကိုလာလည်တုန်းကပေါ့…အမေတို့ကစားသောက်ဆိုင်ကိုခေါ်သွားတာ..ကော်ဇောခင်းထားတာကို ဖိနပ်လေးတွေညီညီညာညာချွတ်ပြီး ၀င်သွားတာလေ.. :D။
Comment by Evergreen Phyo — July 21, 2009 @ 4:45 pm

အန်တီမွန်ကသဲလို့ခေါ်တာအတော်ချစ်လို့ထင်ရဲ့နော်…
Comment by rose of sharon — July 21, 2009 @ 5:03 pm

the bay ကို အရယ်ချင်ဆုံးပဲ။
Comment by ပုံရိပ် — July 21, 2009 @ 5:18 pm |

ဟုတ်တယ်နော်.. သူများနိုင်ငံရောက်မှ.. အပြင်ထွက်ဖို့အဆင်မပြေလို့ အိမ်ထဲကုပ်နေရတာတစ်မျိုး…
လမ်းမှားလို့ယောင်ရတာတစ်မျိုး…
စုံနေတာပါဘဲ..
Comment by စန္ဒကူး — July 21, 2009 @ 5:46 pm

yeah.. this post is really damn funny… ha ha..the shop with the flower name and the guy come from easten country…..
YAH.. IT IS EASIER TO WRITE ENGLISH HERE ALSOး) ခွိ…. ခွိ
Comment by thetpaingthu — July 21, 2009 @ 6:12 pm

သဲကလဲကွယ်…။
တော်တော်ရယ်ရတယ်….။
ဆီးသီးသည် ကိုဗျိုင်းပါလား။
စူ့ထက်စူ လူစွမ်းကောင်းတွေပဲ။
Comment by Boyz — July 21, 2009 @ 8:14 pm

နောက်ထပ်ရေးပါဦး….. ပြုံးရတယ် The Bay က……..။
Comment by sin dan lar — July 21, 2009 @ 11:46 pm

အစ်မသဲရဲ့ အတွေ့အကြုံလေးတွေဖတ်ရတာ ရယ်စရာ … :)
Comment by မေဓာဝီ — July 22, 2009 @ 3:07 am

ဈေးထဲက အမေ့ကို မမထွေး မမထွေးနဲ့ ခေါ်တဲ့ ၀က်သားရောင်းတဲ့ အန်တီကြီးကိုတောင် သတိရသွားတယ်။ အမေ့နာမည်မှာ ထွေးနဲ့ နီးစပ်တာတောင်မပါ။
ဟိဟိ
Comment by S-C — July 22, 2009 @ 4:27 am

ဖတ်လို့ကောင်းပါတယ်။
မျက်စိက မကောင်းရတဲ့ အထဲ တွဲလောင်းကျနေတဲ့ မီးပုံးတွေလား ဘာတွေလာတော့ မသိပါဘူး၊ အဲဒါတွေ ရှောင်ရတာနဲ့ ကြွက်ခလုတ်ကို အပေါ်များများ တင်မရဘဲ အောက်နားတင် ဝိုက်ပြီး ဖတ်သွားတယ်။
:D
Comment by mm thinker — July 22, 2009 @ 4:37 am

so funny …. i really fresh mind
Comment by mg phyo thet aung — July 22, 2009 @ 6:02 am

သဘောကျလို့ အသံထွက်တောင် ပြုံးမိတယ် မလေးရေ။
Comment by အပြုံးပန်း — July 22, 2009 @ 7:30 am

စာဖတ်ဖော်..ရေးဖော်.. မောင်နှမများအားလုံး..
မလေး ရက်အနည်းငယ်ပျောက်လိုက်ပါဦးမယ်… ဒီကြားထဲ ကော့မန့်မော်ဒရိတ်လုပ်ထားပါတယ်.. မလုပ်လို့မဖြစ်တာက စပန်တွေထဲမှာ အချို့ကြော်ငြာတွေက ကလေးတွေ (၁၈နှစ်မကျော်သေးသော ကလေးများ.. ဥပမာ.. အမြဲစိမ်းဖြိုး :P) မြင်လို့မသင့်လို့။ သူငယ်ချင်းတစ်ယောက်ကို ကော့မန့်တွေတော့ သူအားရင်ကြည့်ပေးဖို့ အကူအညီတောင်းထားပါတယ်။ အချို့ကော့မန့်များကို မှားပြီး စပန်တွေဖျက်ရင်းပါသွားရင်တော့ မလေး အပြစ်မဟုတ်ဘူးနော်.. သူ့သာအပြစ်တင်.. :D
thinker ပြောလို့ မီးပုံးလှလှလေးတွေကို ဒီညအားရင်ဖယ်သွားပေးပါမယ်.. မဟုတ်ရင်တော့ ဒီတိုင်းသာ ရှောင်ရှားလို့ဖတ်ကြပါလို့…
Comment by မလေး — July 22, 2009 @ 12:53 pm

မမသဲရာ သူလိုပဲ ကျနော်လည်း(bay)ကို မဖတ်တက်ဘူးးးးးးး
Comment by westcoast22 — July 22, 2009 @ 1:06 pm

Monday, July 13, 2009

ကစ္စပနဒီအလွမ်း

အဖေ...
လရောင်ဆမ်းတဲ့ညမှာ၊ တမ်းတလို့လွမ်းရပါသည်
ကစ္စပနဒီမြစ်ကမ်း၊ အခုတော့လဲအလှမ်းဝေးရပေါ့
နွမ်းလျှတဲ့နေညိုညိုမှာ၊ အရင်လိုဖေ့အိမ်ပြန်လမ်း
မမှန်းနိုင်တော့ပြီအဖေ..


ညနေရီတွေမှာ ကြယ်တွေကိုမော့ကြည့်လို့ အဖေ့ပုံပြင်တွေကို နားထောင်ဖူးခဲ့တယ်.. အဖေ။
အဖေ ပေးခဲ့တဲ့ သောင်္ကြာကြယ်ဟာ ပစိဖိတ်ရေပြင်ထက်မှာလဲ ထွန်းလင်းနေဆဲပဲ.. အဖေ။

အဖေပြောသလို သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ ငွေရောင်ဇီးကွက်တစ်ကောင်လို နေထိုင်တတ်ဖို့ ကြိုးစားခဲပေမယ့်…
လွဲချော်နေတဲ့ မိန်းမတစ်ယောက် ဖြစ်နေတုန်းပဲ.. အဖေ။

အဖေ...
နွေကန္တာခရောင်းလမ်း၊ ပန်းမခင်းထားလဲ
မလွဲတဲ့ဆုံးမစကား၊ အမြဲလိုအမှတ်ရ
ညအခါဆီမီးခွက်လို၊ လမ်းအိုရဲ့ထောင့်ကလင်း
အလျှင်းသင့်လွန်းပါသည်အဖေ...


လူတွေကို သနားညှာတာတတ်အောင်၊ ကိုယ်ချင်းစာတတ်အောင် အမြဲသင်ပေးခဲ့ပေမယ့် တစ်ခါတစ်ရံမှာ အလုပ်မဖြစ်ဘူးလို့ ပြောမိရင် စော်ကားတယ်လို့ မထင်ပါနဲ့အဖေ။
အဖေ.. သမီးရဲ့လက်ကို ဘီးသေးသေးလေးနဲ့ရိုက်လို့ အသည်းကွဲအောင် ငိုခဲ့ဖူးတာတွေ...။
ဟင်းချေးမများတတ်တဲ့အဖေ...။
လှပရှည်သွယ်တဲ့ အညိုရောင်လက်ချောင်းတွေရဲ့ပိုင်ရှင် အဖေ...။

အဖေ့လောက် နှုတ်စောင့်စည်းနိုင်တဲ့ ယောင်္ကျားမတွေ့ဖူးသေးဘူး...
အဖေ့လောက် ဘာသာတရားတိုင်းကို လေးစားတဲ့သူ မတွေ့ဖူးသေးဘူး...
အဖေ့လက်လောက်လှတဲ့လက် ဘယ်ယောင်္ကျားတစ်ယောက်ဆီမှာမှ မတွေ့ဖူးသေးဘူးလို့ .. ပြောရင်...
လူတွေ လှောင်ပြောင်လို့ရယ်ကြမယ်ထင်ရဲ့ အဖေ။

အမေ တပျစ်တောက်တောက်ဆူတိုင်း စောင်ကို ပါးစပ်အထက်ထိဆွဲအုပ်လို့ အိမ်ရာပေါ်မှာငြိမ်နေတတ်တဲ့ အဖေ။
အမေ့ကို ပန်းဝါလေးတစ်ပွင့်လို ကြည့်တတ်တဲ့အဖေ...
ပုလဲတွေလို စီတန်းလှပတဲ့ သွားတွေနဲ့ တောက်ပတဲ့အပြုံးပိုင်ရှင် အဖေ...
နှုတ်စကားတစ်ခွန်းဟာ တစ်ခွန်းတန်ဘိုးရှိအောင် ပြောတတ်တဲ့ အဖေ...
သမီးလုပ်စာ တစ်ပြားမှ မစားသွားရတဲ့ အဖေ....
အဖေညောင်းလွန်းလို့ နင်းပေးပါဆိုရင် သုံးချက်လောက် နင်းပေးပြီးတာနဲ့ ထွက်ပြေးတတ်တဲ့ သမီးတွေကို ပြုံးကြည့်နေတတ်တဲ့အဖေ...
စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူသည် ကောင်းကင်နိုင်ငံကိုအမွေခံရလတံ့ ဆိုတဲ့ သမ္မာကျမ်းသစ္စာအရ၊ အမွေခံရာပြည်မှာ ပျော်နေပြီလား အဖေ။

အဖေ...
သမီးရဲ့လုပ်စာ၊ တလုပ်တောင်မစားသွားရ
မရနိုင်တော့တဲ့အတိတ်၊ နှိပ်စက်ကြရံဖန်ခါ
ပြုံးနေတဲ့အဖေ့မျက်နှာ၊ မြင်ယောင်ကာစိတ်သက်သာလို့
ရို့ကြိုးစွာကန်တော့လိုက်ပါသည်အဖေ...


လူတွေက အနူးညံ့အသိမ်မွေ့ဆုံး ယောင်္ကျားတစ်ယောက်ကိုပြပါဆိုရင် အဖေ့အုတ်ဂူကို လက်ညှိုးထိုးပြနေမိဦးမှာပါပဲ အဖေ…
လောကကြီးကို စိတ်ပျက်လို့ ခပ်စောစောများ ထွက်ခွာသွားသလား အဖေရယ်...

ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဆုံကြမယ်.. အဖေ။
ချစ်သောအဖေရဲ့ ဒီလူ့ဘ၀ မွေးနေ့မြတ်မှာ သတိရနေတယ် အဖေရယ်…

ပြန်ဆုံကြမယ်နော်…


mydad.jpg


အဖေ့တွက် သမီးရဲ့ ဟိုတုန်းက မတောက်တခေါက် ကစ္စပနဒီပါအဖေ...

hut1.png



comments from ainchannmyay.com


အစ်မ ရေ ပို့စ်အသစ်လေးကိုလာဖတ်သွားပါတယ်။ အစ်မလည်းလာလည်ဖို့ဖိတ်ခေါ်ပါတယ်။
Comment by tawtharlay: — July 13, 2009 @ 10:05 am

ဖတ်ရတာ ငြိမ်းချမ်းလွန်းလို့ မလေး ကိုယ်စား နှမြောမိတယ်။
ကောင်းကင်နိုင်ငံဟာ သူနဲ့ ထိုက်တန်တဲ့ လူကို စောစော ခေါ်တယ်လို့ပဲ ထင်မိပါတယ် မလေးရေ
Comment by ခွန်မြလှိုင် — July 13, 2009 @ 11:04 am

like father u r also N0.4 born person…that makes u 2 close :)
Comment by westcoast22 — July 13, 2009 @ 12:40 pm

မလေးရေ …
ဖတ်ပြီး ခံစားရသလို … အဖေ့ကိုလဲ လွမ်းမိတယ်။
မမေငယ်ငယ်ကလဲ အဖေ ဘီးကလေးနဲ့ရိုက်တာကို စိတ်တွေနာပြီး ငိုခဲ့ရဖူးတယ်။
တသက်မှာ တခါ အဖေ့အရိုက်ခံရတာကို ခုထိ မမေ့ဘူး။
အဖေကို ချစ်တဲ့ သမီးချင်းမို့ … ခံစားချက်ချင်း ထပ်တူပါပဲ … ။
Comment by မေဓာဝီ — July 13, 2009 @ 2:57 pm

မလေးရဲ့စာကြောင်းတိုင်းမှာ ဖခင်ကို လွမ်းဆွတ်တမ်းတမှုတွေ ပေါ်လွင်နေတယ်. နှမြောတသ ဖြစ်မှုတွေ ထင်ရှားနေတယ်.
ယူကျုံးမရ ပူဆွေးသောကဖြစ်နေပုံတွေ မြင်သာနေတယ်.
ုကျွန်တော်လည်း ကျွန်တော့်အဖေမွေးနေ့ကိုရော အဖေဆုံးသွားတဲ့နေ့ကိုရော အမြဲသတိရနေတတ်လို့ ကိုယ်ချင်းစာတယ် မလေးရေ…
ခဏတာ လာလည်ရှင်သန်ကြီးပြင်းခွင့်ရခဲ့တဲ့ ဒီလူ့ဘ၀လေးမှာ တစ်ယောက်နဲ့တစ်ယောက် ထားခဲ့တဲ့ သံယောဇဉ်တွေ ကြီးမားနက်ရှိုင်းပုံကို ဘုရားသခင်က မျက်ကွယ်ပြုနိုင်အားမှာ
မဟုတ်ပါဘူး…
တစ်နေ့တော့ ပြန်လည်ဆုံတွေ့ခွင့် ရကြမှာပါ. ပြန်လည်ဆုံတွေ့နိုင်ကြပါစေလို့လည်း ဆုတောင်းပါတယ်ဗျာ…
ခင်မင်စွာဖြင့်
Y.
Comment by Yan — July 13, 2009 @ 5:35 pm

same sister
Comment by july — July 13, 2009 @ 7:38 pm

မလေးရေ…တို့တွေကတော့ သံသရာကို ယုံသူတွေမို့ မလေးနဲ့ မလေးဖေဖေ သံသရာတကွေ့မှာ ပြန်ဆုံကြဦးမှာပါ…
အဲ့ဒီအခါကျရင်လည်း ရှေးကထက် ပိုချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်…
Comment by S-C — July 13, 2009 @ 7:55 pm

ကျွန်တော်ဘ၀ရဲ့နောက်ပိုင်းမှာ အဖေကိုချစ်ခင်သော သားသမီးများကိုတွေ့ရင်
သတိထားတတ်မိခဲ့ပါတယ်။မမူးပဲရစ်တဲ့၊မူးပြီးရစ်တဲ့၊ရက်စက်တဲ့၊ဒေါသကြီးတဲ့
အဖေမျိုးပင်ဖြစ်လင့်ကစား ချစ်တတ်တဲ့သူတွေဆို ပိုစိတ်ဝင်စားသေးတော့သည်။
ဘာလိုပဲဆိုဆို…… အဖေချစ်သူတွေကို တွေ့တိုင်း ကျွန်တော်ချီးကျူးမိပါတယ်။
(ကျွန်တော်လိုလူဆိုးထက် အများကြီးလိမ္မာကြတယ်၊သာကြတယ်ဆိုပြီးတော့…:D)
ချစ်ခင်အားပေးလျှက်…
Comment by NLA — July 14, 2009 @ 12:31 am

အစ်မရေ ဖတ်ရင်းနဲ့မျက်ရည်တောင်ဝဲလာတယ်..။ အစ်မရဲ့ အဖေ အေးချမ်းစွာရှိနေမှာပါ..။ ကျွန်တော်လဲ အဖေမရှိတော့မှ သေသေချာချာမပြုစုလိုက်ရလေးခြင်းလို့.. ငယ်ငယ်က မသိတတ်ခဲ့တာတွေလည်းပါမယ်..။ မိဘအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားနေမိတယ်..။
Comment by Phyo Evergreen — July 14, 2009 @ 3:53 am

မလေးရေ ပို့စ်လာဖတ်တယ်နော်။ မလေးဖေဖေ ငြိမ်းချမ်းနေမှာပါ။ သံသရာမှာ မလေးတို့ ပြန်ဆုံနိုင်မှာပါ။ ဒီထက်ပိုနီး.ပိုချစ်နိုင်မှာပါ။ ပြောရင်း အဝေးက ဖေဖေ့ကို လွမ်းတယ်။
Comment by maylay — July 14, 2009 @ 8:23 pm

အိမ့်ရေ…မျက်ရည်ဝဲမိတယ်အိမ့်ရယ်… အမကလဲ အဖေချစ်သူမို့ … ဒါပေမယ့် အမဖေဖေက အိမ့်ဖေဖေလို ဘီးကလေးနဲ့  ရိုက်တာတော့ မဟုတ်ဘူး… ဒုတ်ကြီးကြီးနဲ့ လေ… (အမကလဲ ခေါင်းမာတာကို).. ဘယ်လောက်ရိုက်ရိုက် အဖေချစ်ပဲလေ… အိမ့်ရေ… အပေါ်က အိမ့်ဖေဖေရဲ့ စိတ်ငြိမ်းချမ်းတာလေးတွေ ဖတ်ခဲ့ရပြီး ဓာတ်ပုံလေးတွေ့ လိုက်တော့ စိတ်ငြိမ်းချမ်းတာလေးက မျက်နှာမှာ ပေါ်လွင်အေးချမ်းနေတာ သတိထားမိတယ်… အိမ့်က အဖေနဲ့ တူတယ်နော်… … ငြိမ်းချမ်းလွန်းတဲ့ အိမ့်ဖေဖေ ငြိမ်းချမ်းတဲ့ဘုံဘ၀မှာ အမြဲငြိမ်းချမ်းနေမှာပါ…
Comment by တန်ခူး — July 14, 2009 @ 10:19 pm

Ma Lay…
Sorry for your lost.
They all preceded us to our final resting place where “the wondrful presence of God”. With that knowledge alone….along with His unmeasurable grace…keeping us, comforting us and sustaining us til we meet them again.
Lynn
Comment by Lynda — July 15, 2009 @ 9:39 am

မလေးရေ…..
ဒီစာကိုဖတ်ပြီးတော့ . . . . . ထိုင်တွေးနေရင်း
ကိုယ့်ဟာကိုယ် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါ့မလားလို့ တွေးနေမိရင်း……………..
နောင်တော်တစ်ပါးအတွက် …………
မလေး လိုပဲ နှမြောတသ၀မ်းနည်းမိပါတယ်
ကျွန်တော်ယုံကြည်ပါတယ်
အေးချမ်းလှပတဲ့ဘ၀မှာ တည်ကြည်စွာပျော်ရွှင်နေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 15, 2009 @ 1:30 pm

မဂျီးရေဒီပို့လေးကိုဖတ်ရင်းတွေးမိတယ်
ကျွန်တော်လဲအဲဒီလိုအဖေမျိုးတချိန်ဖြစ်လာလိမ့်မယ်လို့ထင်တယ်အမ..
အခုတောသက်ရှိထင်ရှားရှိနေသေးတဲကအဖေကိုပိုပြီးတန်ဖိုးထားရကောင်းမှန်းအသိတစ်ချက်ရလိုက်လို့
ကျေးဇူးတင်ပါတယ်အမရေ
အမတစ်ယောက်ကျမ်းမာပျော်ရွင်ပါစေ
Comment by ဒေါင်းမင်း — July 16, 2009 @ 1:08 am

ထပ်တူပဲ လွမ်းတယ်
Comment by အေးချမ်းသူ — July 17, 2009 @ 5:45 am

မလေးရဲ့အဖေ ကောင်းကင်ဘုံကနေ မလေးအတွက်ကျေနပ်နေမှာပါ
Comment by rose of sharon — July 18, 2009 @ 10:00 pm

စာသားတွေကိုကြိုက်ပါတယ်
လောက မှာ ဖြစ်တက်တဲ. သဘောတွေဘဲလေ
လောကက မှာ မိဘ နှစ်ပါလုံး ဟာ ကျေးဇူးရှင်တွေပါ
ဘယ်သူမှ ကိုယ်မိဘလောက်ကောင်းတဲ.သူမရှိပါဘူးလေ…
ကိုယ်လိုချင်သော ဘ၀ ကို ကိုယ်ကိုယ်တိုင် လျှောက်လှမ်းနိုင်ပါစေ……….
Comment by hla.myat.soe — July 19, 2009 @ 8:07 am

သူငယ်ချင်းရေ…ငြိမ်းချမ်းပျော်ရွှင်ပါစေ။
Comment by Angel Eyes — July 20, 2009 @ 9:35 am

me too deep feeling.
Because my father also this months passes away (already 03years).
Comment by mg phyo thet aung — July 22, 2009 @ 6:05 am

Thursday, July 09, 2009

အိတ်ကလေး (၂)

အဲဒီနေ့မနက်က ရုံးအသွားမှာ ဂျူလီ့အတွက် ပေးမယ်လို့ဂတိပေးထားတဲ့ ကျမချစ်တဲ့အိတ်ကလေးကို ယူသွားပါတယ်။
ကြိမ်နဲ့လုပ်ထားတဲ့ နောက်ထပ်အိတ်ကလေးကိုလဲ ယူသွားတယ်။ သူရွေးလို့ရအောင်။
ဒီအိတ်လေးပါ...


1.jpg


ရုံးပေါ်ရောက်တော့ သူ့ဆီကို တန်းသွားပြီး
"ဂတိပေးထားတဲ့အတိုင်း ပေးဖို့ယူလာတယ်နော်.. ညထဲက သန့်ရှင်းပြီးသား" လို့ ပြောတော့ ဂျူလီက ရယ်ကျဲကျဲလုပ်နေတယ်။
"ဒီအိတ်လဲယူလာတယ် ကြိုက်တာရွေးနော်" လို့...

ရင်ထဲကတော့ ကြိမ်အိတ်ကိုရွေးပါစေလို့ ဆုတွေတောင်းနေမိတယ်။
သူက အိတ်နှစ်အိတ်လုံးကို ကြည့်ပြီး နှစ်အိတ်လုံးကို အရမ်းသဘောကျနေတယ်။ သူ့မျက်နှာကတော့ မှိုရတော့မယ့်မျက်နှာနဲ့ပေါ့.... ဟွန်း။
ပြီးတော့ တစ်လုံးကို ရွေးလိုက်ပါတယ်။
ဘယ်အိတ်ကိုရွေးလိုက်လဲဆိုတော့....

ဒီအိတ်ကိုပါ....



2.jpg


hut1.png


အဲဒါပါပဲ....

"မင်းအကြောင်းကို ဘလောဂ်တောင်ရေးလိုက်သေးတယ်" ဆိုတော့ အရမ်းအော်ရယ်ပြန်တယ်လေ။

"သွားမယ်" လို့ပြောပြီး ကျမ သက်ပြင်းချပြီးထွက်လာတော့ နောက်ကနေလှမ်းအော်ပြီး ကျန်ခဲ့ပါတယ်။
"မင်းရဲ့ ဘလောဂ်ဂါရောင်းရင်းများကိုပါပြောလိုက်ပါ" တဲ့....
"I will guard it with full respect " လို့ပြောပါတဲ့....
ပြီးတော့ "ဘလောဂါတွေ ဘာပြောလဲ ပြန်ပြောပြပါ" တဲ့...

သူ့တွက် ကော့မန့်အင်္ဂလိပ်လို ထားပေးချင်တယ်ဆိုလဲ ထားခဲ့ပေးနိုင်ကြပါတယ်...
သူလာဖတ်ပါလိမ့်မယ်...
လောလောဆယ်တော့ မယ်မင်းကြီးမ အူမြူးလို့ ကျန်ခဲ့ပါပြီ။
မြူးပါစေ..
မယ်မင်းကြီးမ မြူးနိုင်ပါစေ။

အိတ်ကလေး(၁)

hut1.png



Comments from ainchannmyay.com

မမအိမ့်ချမ်းမြေ့ ရေ …… အဲဒီ အိတ်လေးကို ညီမလဲ သဘောကျတယ် ….. ။ ဂျူလီ ကို ပြောလိုက်ပါ သူ မကိုင် ချင်တော့တဲ့ တစ်နေ့မှာ မမအိမ့် လိုပဲ သေချာသန့်ရှင်းပြီးမှ ညီမဆီကို ပို့လိုက်ပါလို့ ….။ ပျော်ရွှင်ချမ်းမြေ့ပါစေ … ။
Comment by နှင်းဟေမာ — July 9, 2009 @ 9:42 pm

မလေးရေ … မမေတော့ ၂ အိတ်လုံးကြိုက်တယ်။
မလေးလို လုပ်ဖော်ကိုင်ဘက်မျိုးနဲ့တွေ့တာ ဂျူလီ ကံကောင်းတာပဲ။
အိတ်ကလေးက ငွေကြေးအားဖြင့် မပြောပလောက်ပေမဲ့ ပိုင်ရှင်လက်ထဲမှာ သူ့တာဝန်သူ ကျေခဲ့တယ်နော်။
သူ့ကိုမြတ်နိုးတဲ့ ပိုင်ရှင်အသစ်လက်ထဲမှာလဲ တာဝန်ကျေနေဦးမယ်လို့ ယုံကြည်ပါတယ်။
Comment by မေဓာဝီ — July 9, 2009 @ 10:03 pm

ကြိမ်အိတ်လေးကြိုက်တယ် ပေးမလား
Comment by မမွန် — July 9, 2009 @ 10:16 pm

She will be very happy to have a friend like you.I believe that she won’t forget your kindness.
May God bless you.
With the love of the Lord, Jesus Christ.
Comment by rose of sharon — July 10, 2009 @ 12:09 am

အစ်မ ပို့စ်အသစ်ကိုလာဖတ်သွားပါတယ်။
Comment by tawtharlay: — July 10, 2009 @ 2:36 am

ကြိမ်အိတ်လေးကြိုက်တယ် မလေး ။ အရောင်ငြိမ်ငြိမ်လေးမို.ချစ်တယ် ။
Comment by amayarko — July 10, 2009 @ 3:34 am

အစ်မရေ အိတ်ကလေးတော့ ပေးလိုက်ရပြီ…. အဟား စတာ။
င်္To Julie,
You’re lucky to have a lovely bag. I’d rather choose the alternate one in your place cos I think it’s a handcraft. Anyway, you’ve got the one you’ve wanted and I’m glad.
Comment by Phyo Evergreen — July 10, 2009 @ 5:34 am

Hi Julie,
First, I thought you would pick the handcrafted one (the real cute beige bag)but anyway I know you will take good care of it.
Lynda
Ma Lay…Giving is better to receive. Bless your heart…..
Lynda
Comment by Lynda — July 10, 2009 @ 9:51 am

မမွန်… ကြိမ်အိတ်ပါ ပါသွားတယ်မမွန်ရေ.. ဂျူလီနဲ့တွဲလုပ်တဲ့ တစ်ယောက်က သူ့ကိုအကျန်တောင်မပေးဘူးလား စကားနာထိုးတာနဲ့ ပေးလိုက်တယ်
နှင်းဟေမာ၊ မမေ၊ rose of sharon၊ amayarko၊ ကိုဖြိုး၊ လင်ဒါ... ဂျူလီ အင်္ဂလိပ်လိုရေးထားတဲ့ ကော့မန့်တွေလာဖတ်ပြီး ပြောလိုက်ပါတဲ့.. သေချာသိမ်းမှာပါတဲ့၊ ကျန်တာတွေတော့ မလေး ဘာသာပြန်ပေးလိုက်တယ်။
Comment by မလေး — July 10, 2009 @ 11:46 pm

မမရေ ကြိမ်အိတ်လေး ချစ်လိုက်တာ ငြိမ်လို့။ ဟိုအိတ်ကိုက မမ အရင်ပိုစ့်မှာထဲက ချစ်ပြီးသား ။ပေးပြီးပြီကိုး ။ ချစ်ဖို့ကောင်းအောင် သူတို့နေမှာပါ။
Comment by maylay — July 11, 2009 @ 9:38 pm

ဟား၂၂ … ဖွတ်မရ ဓားမဆုံး တဲ့ မလေး ….နောက်တာနော် …
Comment by westcoast22 — July 12, 2009 @ 11:41 pm

မမနွေအူးးး က မနိုင်းဆီလာတဲ့ ငှက်တို့ ဆောင်း မင်း လွန်း ကြာ တို့နဲ့ သိတဲ့ နွေအူးပါလား ဟုတ်ရင် ညီမ ဆီလာပြန်ပြောပါနော် ညီမ အမဘလော့ဂ်ကို လိုက်ရှာနေတာ မဟုတ်လဲ မဟုတ်ကြောင်းလေး ပြောပေးပါနော် ငှက်ဆိုတဲ့ အတိုင်း ခြေရှည်ပါတယ် အမက လင့်ခ် မထားခဲ့တော့ သိဘူးပေါ့ရယ် နော် ဘိုင်
Comment by ငှက်ကလေး — July 13, 2009 @ 5:19 am

မေလေး.. မလေးက ကြိမ်အိတ်မကြိုက်ဘူး တကယ်က ဒီပုံတိုင်းဆို ဒီနိုင်ငံမှာ အိတ်ရောင်းစားပြီး သူငှေးဖြစ်မလားမသိဘူးနော် :D
westcoast22 … ဟိုလို မိုးကာအိတ်မျိုး ပြန်လိုချင်တယ်။ အဲဒီဘက်မှာရောင်းလား မြန်မာဆိုင်တွေမှာ။ စာတွေလာလာဖတ်တဲ့တွက် ကျေးဇူးအထူးတင်ရှိပါ၏။ အဆင်ပြေလား။ ဘာတွေလုပ်နေလဲ
ငှက်ကလေး... အမ ငှက်ကလေးဆီဗုံးမှာ အကြောင်းပြန်ထားပါတယ်။ ဟိုတုန်းကမသိခဲ့သော်လည်း ငှက်ကလေးနဲ့ အမ ခုသိပြီလို့ သတ်မှတ်လိုက်ပါတယ်။ နွေအူး မဟုတ်တာတော့ သေချာတယ် ငှက်ကလေး
Comment by မလေး — July 13, 2009 @ 7:56 am

မမအိမ့်ရေ ညီမက ကြိမ်အိတ်ကလေးကို ပိုကြိုက်တာ။ သူရွေးပါစေလို့လည်း ဆုတောင်းနေမိတာ (ဟိုအိတ်က မမအိမ့် ပိုချစ်လို့လေ)။ ဘာပဲဖြစ်ဖြစ် သူတော်တော်ပျော်သွားမှာပါ။ သူငယ်ချင်းအပေါ်မှာ သိပ် Generous ဖြစ်တဲ့ အစ်မလည်း နောင်ကို အိတ်လှလှတွေ အများကြီး ထပ်ရဦးမှာပါ။
Comment by ရွှေပြည်သူ — July 14, 2009 @ 5:44 am

Ma gyi yay…
Just give to her for you not problem right ?
Because is (you are myanmar) can buy anytime…..
You made people happy …. you can get too more than her
….that is natural laws….
Take note dear sister…..
Comment by mg phyo thet aung — July 22, 2009 @ 6:09 am

LinkWithin

Related Posts Plugin for WordPress, Blogger...