မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, October 30, 2009

မိန်းမတွေဘာကြောင့် .......

ထမင်းစား စားပွဲပေါ်မှာ ဖြန့်ချထားတဲ့ သတင်းစာပေါ်က သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတော့ ကိုယ့်မျက်လုံးတွေ တော်တော်လေး ပြူးကျယ်သွားတယ်။
အနောက်နိုင်ငံရဲ့ မီဒီယာတွေလည်း လှုပ်ခတ်ကုန်တယ်လို့ ဆိုတယ်။ New York Times Magazine ထဲက ခေါင်းကြီးပိုင်းမှာလည်းပါတယ်လို့ဆိုတယ်။ scientific journal တွေထဲမှာလည်း ပါတယ်လို့ဆိုတယ်။ နှစ်နှစ်ကျော်ကြာအောင် သုတေသနလုပ်ထားတဲ့ ဒီရလဒ်ကို လူထုကို ထုတ်ပြလိုက်တဲ့အခါမှာ လူထုဆီက မယုံနိုင်မှုတွေလည်းရတယ်တဲ့။ University of Texas က Psychologist Prof. Cindy Meston ကိုလည်း Dr. Ray နဲ့ Rachael Ray တို့က ခေါ်တောင်တွေ့ရတယ်ပြောတယ်။
လူတွေ အံ့သြလွန်းလို့ ယုံတာမယုံတာထား။
ကိုယ်ကတော့ မယုံနိုင်အောင် အံ့သြမိတယ်။ ဒီကိစ္စဟာ အချစ်နဲ့ပဲဆိုင်တယ်လို့ ကိုယ်ထင်ထားခဲ့မိတာကိုး။
သိပ်ပြီးဘ၀ဆိုးလွန်းတဲ့ မိန်းမတွေအတွက်ကတော့ အသက်မွေးဝမ်းကျောင်းမှု တစ်ခုဖြစ်နေလိမ့်မယ်။ ကိုယ့်အတွက်ကတော့ အချစ်နဲ့ဆိုင်တဲ့ အရာလို့ သတ်မှတ်ထားခဲ့တာ။


မိန်းမတွေ ဘာဖြစ်လို့ လိင်ဆက်ဆံကြသလဲတဲ့…….။
သုတေသနမှာ ရှာဖွေတွေ့ရှိတဲ့ အချက်တွေကတော့….. မီဒီယာတွေကို တုန်လှုပ်စေလား မတုန်လှုပ်စေလားတော့ မသိ။ အိမ့်ချမ်းမြေ့ကို တုန်လှုပ်စေတယ်။
မိန်းမတွေ လိင်ဆက်ဆံတဲ့ အချက်ပေါင်း ၂၃ရ ချက်ထဲက အချို့ကတော့…………..

ကိုယ့်လူကို ပျော်စေချင်လို့
နောက်တစ်ယောက်ရှာမှာစိုးလို့
ပျင်းလို့
ခေါင်းကိုက်ပျောက်ချင်လို့
ခါးနာပျောက်ချင်လို့
ချမ်းလို့
ပိန်ချင်လို့
လေ့ကျင့်ခန်းလိုချင်လို့
လက်စားချေချင်လို့ (ရောဂါကူးစေချင်လို့)
လက်စားချေချင်လို့ (ကိုယ့်ရည်းစားကို လက်စားချေချင်လို့ မုန်းလို့ သူ့အချစ်ဆုံးသူငယ်ချင်းနဲ့ အတူနေပစ်လိုက်တာမျိုး)
ယှဉ်ပြိုင်ချင်လို့ (မိန်းကလေးသူငယ်ချင်းတွေ အများကြီးထဲမှာ ဘယ်သူက ယောင်္ကျားတစ်ယောက်ကို အဆွဲဆောင်နိုင်ဆုံးလဲ)
အရင်ချစ်သူကို မေ့ချင်လို့
ချမ်းသာမှုကိုလိုချင်လို့
အလုပ်လိုချင်လို့
ငွေကြေးလိုချင်လို့
ကောင်းမွန်တဲ့ ညစာစားပွဲတစ်ခုခုမှာ သွားစားချင်လို့
အထီးကျန်ဆန်လို့
ဘုရားသခင်နဲ့ နီးချင်လို့ (ဘုရား.. ဘုရား)
အချို့မိန်းမတွေကတော့ အထီးကျန်ဆန်မှုကို ဖြေဖျောက်နိုင်ပေမယ့် အချို့ကတော့ ပိုလို့တောင် အထီးကျန်ဆန်သလို ခံစားရပါတယ်လို့ ဆိုပါတယ်။

မည်သို့ပင်ဖြစ်စေ.. ကိုယ်ထင်ထားသလို အချစ်တစ်ခုကို အခြေခံတာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။
မိန်းမတွေလည်း ယောင်္ကျားတွေလိုပါပဲလား…….. ဆိုတာ… ဒီအရွယ်ရောက်မှ ပွင့်လင်းတဲ့ နိုင်ငံတစ်ခုက သုတေသနတစ်ခုရဲ့ ကျေးဇူးကြောင့် ကိုယ်သိလိုက်ရတယ်လေ။

ref: McMartin, P. (2009, October 29). 237 different reasons why women have sex
The Vancouver Sun, p. A5.

4 comments:

တန်ခူး said...

အိမ့်ရေ… သုတေသနလုပ်တဲ့နေရာပေါ်မှာများ မူတည်ပြီး ရလာဒ်တွေ ကွဲပြားသွားမလားလို့ … စဉ်းစားကြည့်တာလေးပါ…

Anonymous said...

For me,...

only love...

I agree with u.
I don't like sex.
Love is so white with simple.
I like simple love.

Sex is အချစ်တစ်ခုကို အခြေခံတာ..
I think,..that researchers cannot meet u and me.

har har...

That's why that answer is unbelievable.

~ဏီလင်းညို~ said...

ဒီနေရာလေးမှာ တင်ထားတာလည်း...လာဖတ်ပါတယ်ဗျ...။
လူအမျိုးမျိုး..စိတ်အထွေထွေနေမှာပါ မလေးရယ်...

Phyo Evergreen said...

ဘီလိုကြီးပါလိမ့်နော်...။ တွေးရခက်ပါတယ်..။ စကားမစပ်
ကျွန်တော်ပို့စ်အဟောင်းအချို့မှာ အစ်မပေးထားခဲ့တဲ့
ကွန်မန့်တွေအခုမှပြန်တွေ့တယ်..။ ကျေးဇူးပါ.. အစ်မရဲ့ကွန်မန့်တွေကို အမြဲတန်ဖိုးထားပါတယ်..။

LinkWithin

Related Posts Plugin for WordPress, Blogger...