မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, October 22, 2009

တစ္ဆေ (ကြည်အေး)

အိပ်လို့မရ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
ခိုတွယ်စရာ ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
စကားပင်အို ၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ ၊ မြက်ချုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ် ၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက် ၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့် ၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် ၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ
ငါ ရေနစ်မြှုပ် ၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ၊ ငါနေနားလိုက်
ဘုရားရှေ့မှောက် ၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တစ်ယောက်သောငါ ၊ ငါများစွာမှ
ထလာလွင့်ပါး ၊ မောင့်အနားကို
စကားထွေရာ ၊ ငိုသံပါနှင့်
ဘာမှမကြား ၊ မောင့်အနားမှာ
‘ ထသွားစို့ဆို ၊ မေ့ကိုအိပ်မက်
မမက်ဘူးလား ‘ ၊ တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ် ၊ အရိပ်ထင်။ ။

ကြည်အေး
(တာရာမဂ္ဂဇင်း ၊ အတွဲ ၃ ၊ အမှတ် ၂၀ ၊ ၁၉၄၇)

http://testmy2.wordpress.com/2008/09/20/ghost-kyiaye/
မှ ကူးယူလာပါတယ်...

5 comments:

Phyo Evergreen said...

ကဗျာက တစ်ညိုးကြီးဘဲ.. မခံစားတတ်လို့တော့လားမသိဘူး..။

အိမ့်ချမ်းမြေ့ said...

မှန်ရာကို ပြောရမယ်ဆိုရင်
မလေးလဲ....

အိပ်လို့မရ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်


အဲဒါကိုပဲ ခံစားလို့ရတယ်။

အန်တီကြည်အေးက အမေရိကားကနေ ဘလောဂ်တွေလိုက်ဖတ်နေတယ်တဲ့... ဟွန်းဟွန်း
တိုးတိုးပြောမှ။

တန်ခူး said...

အိမ့်ရေ… အကြိုက်ဆုံးကဗျာထဲက တပုဒ်ပေါ့… ပြန်တင်ပေးတာ ကျေးဇူးပါညီမရေ…

အိမ့်ချမ်းမြေ့ said...

ဟုတ်..မ။
မလေးလဲ ကြိုက်လို့ သိမ်းထားချင်လို့း))

Sint said...

Thank for sharing. I love it too.

LinkWithin

Related Posts Plugin for WordPress, Blogger...