မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, September 18, 2009

ခြေလှမ်းသစ်

cover1.jpg


အွန်လိုင်းစာမျက်နှာတွေပေါ်မှာရေးခဲ့သော ကျွန်မရဲ့စာစုလေးတွေထဲက ကောင်းနိုးရာရာလေးတွေကိုစုပြီး၊ ၀တ္ထုတိုပေါင်းချုပ်စာအုပ်လေးအဖြစ် ဖန်တီးဖြစ်လိုက်တဲ့အကြောင်းကို စာဖတ်သူ၊ စာရေးသူ မောင်နှစ်မများကို အသိပေးပြောကြားလိုပါတယ်။ စာအုပ်ရဲ့အမည်ကတော့ “အိမ့်ချမ်းမြေ့ရဲ့ လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ” ဖြစ်ပါတယ်။ မြ၀တီစာအုပ်တိုက်မှ သြဂုတ်လ၊ ၂၀၀၉ မှာ စတင်ထုတ်ဝေနေပါတယ်။ ၀တ္ထုတိုများဆိုပေမယ့်လည်း တစ်ကယ်တော့ ကဗျာလေးပုဒ်နဲ့ ဆောင်းပါးအချို့လည်း ပါပါတယ်ရှင်။


မနှစ်က မြန်မာပြည်ကိုပြန်ရောက်တုန်းက သည်စာအုပ်လေးထုတ်ဖို့ ကတိုက်ကရိုက်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ လူကြိုက်များကြတဲ့ “ချစ်သူ့အိမ်”“ရုပ်ရှင်လက်မှတ်လေးနှစ်စောင်” နဲ့ သံလွင်အိပ်မက်အင်တာနက် မဂ္ဂဇင်းမှာ ပါဖူးတဲ့ ကျွန်မအကြိုက် “ရေဆန်ငါး” နှင့် အခြားဆောင်းပါးများ၊ အိပ်မက်ဒေါ့ကွန်းမှာ လူကြိုက်များကြတဲ့ “ရုံးကမမများ” နဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “Okanagan လွင်ပြင်ခရီး”၊ environmental issues နဲ့ဆိုင်တဲ့ “ကြည်ပြာ” “လမင်းရှိုက်သံ” စတဲ့ စာစုလေးများ၊ ကနေဒါအတွေ့အကြုံများဖြစ်တဲ့ “ခွင်” နဲ့ “ကနေဒါမှာအလုပ်ရရင် ဘယ်လိုအမည်မျိုးမှည့်မလဲ” စတဲ့ စာစုလေးတွေလဲ ပါပါတယ်။





ကျွန်မ ပါစေချင်တဲ့ “နေရစ်ခဲ့တော့ သရပါ” နဲ့ သံလွင်အိပ်မက်က လူကြိုက်များတဲ့ “တိမ်ဖုံးသွားတဲ့ ငွေလမင်း” ကတော့ စီစစ်ရေးမအောင်ဘူးလို့ ကျွန်မ ယူဆမိပါတယ်။ဒီစာအုပ်လေးဟာ ကျွန်မရဲ့ ပထမဆုံးစာအုပ်ဖြစ်လို့ ကျွန်မဘက်က ချို့ယွင်းချက်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့် “ဂုဏ်မက်သူ” ၀တ္ထုရှည်ကို ကျွန်မ မြ၀တီကို အီးမေးလ်နဲ့ပေးပို့စဉ်က မြနှင်းနဲ့ ဆန်းသစ် ကျောင်းဝင်းထဲက မိုးရေတွေထဲမှာ စတင်ခင်မင်ရင်းနှီးတဲ့ အခန်း(နှစ်)တစ်ခန်းလုံး ကျန်ခဲ့ပါတယ်။ တစ်ကယ့် ကဗျာဆန်တဲ့ အခန်းမှ ကျန်ခဲ့ရတာ ကျွန်မအတွက် ငိုအားထက်ရယ်အားသန်ပါပဲ။



စာအုပ်ထဲ ပါမလာဘူးဆိုတာလည်း ကိုယ်ပို့တဲ့ အီးမေးလ်တစ်နေ့ကပြန်စစ်ကြည့်တော့မှ သိတာပါ။ စာအုပ်ကတော့ စာရေးသူ လက်ထဲရောက်မလာသေးပါဘူး။ စာအုပ်ဖုံးလေးက ပန်းချီကိုတော့ အရမ်းကြိုက်နှစ်သက်မိပါတယ်။ တစ်ခုပဲ နောက်ဖုံးက အနောက်တိုင်းဝတ်စုံနဲ့လူနေရာမှာ ပုဆိုးလေးနဲ့ဆို ပိုကောင်းမလားလို့ တွေးမိပါတယ်။ ကျွန်မ အကြိုက် ပေါ့လေ။



 


Open publication - Free publishing - More malayy



ဒီစာအုပ်လေးကို ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အမြတ်အစွန်းရဖို့၊ အောင်မြင်ကြော်ကြားဖို့ စတာတွေထက်၊ ကျောင်းမှာကဗျာစာအုပ်တစ်အုပ်ထုတ်သလို အမှတ်တရ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။ နောက်တစ်ခုကတော့ မူပိုင်ခွင့်တစ်ခုကို လိုချင်တာလည်းပါပါတယ်လို့ အရိုးသားဆုံးဝန်ခံပါတယ်။


အခုထိတော့ လုံးချင်းဝတ္ထုထုတ်ဖို့ ရည်ရွယ်ချက်နဲ့စိတ်ကူး မရှိသေးပါဘူး။ ၀ါသနာလဲ အခုထိတော့ မပါသေးပါဘူး၊ အဲသလောက် အချိန်လည်းပေးနိုင်မယ်လို့ မထင်မိသေးပါဘူးရှင်။


ကျွန်မအတွက် အမှတ်တရဖြစ်စေတဲ့ သည်စာအုပ်လေးထွက်လာစေရန် ဘေးမှအမြဲရှိသော သူ့ကို ကျေးဇူးအထူးတင်သလို…..


ကျွန်မ ရေးသော စာများကို ကောင်းသော်ရှိ၊ မကောင်းသော်ရှိ အားပေးကြသော၊ ဝေဖန်အကြံပြုကြကုန်သော စာဖတ်သူများနဲ့ စာရေးဖော် ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့…..





ခင်မင်လေးစားစွာဖြင့်…
အိမ့်ချမ်းမြေ့


သူတို့ဒါလေးတွေရေးသွားတယ်..
1.

လုံးချင်းဝတ္ထုလေးတွေ ဖြစ်လာအောင်ရေးသားနိုင်ဖို့ ဆန္ဒပြုပါတယ်ဗျာ
ထိထိမိမိလေးတွေရော
အားလုံးကို စာထဲစီးမြောသွားအောင် ဆွဲဆောင်နိုင်တဲ့ အရေးအသားမျိုးလေးတွေကို စာအုပ်အဖြစ်မျှော်လင့်မိပါတယ်
ကျွန်တော် မွေးရပ်မြေကိုတောင်လူကြုံလှမ်းမှာထားရတယ်
အားပေးလျက် ……

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 18, 2009 @ 1:35 am |Edit This
2.

Congratulation မလေးရေ.. ကျမ ဘလော့ စဖတ်တတ်ခါစ က.. အသဲစွဲ ခဲ့တဲ့.. စာတွေ..ခုတော့..စာအုပ် ဖြစ်ပြီပေါ့။
ဟုတ်တယ်..နောက်ဖုံးက..ပန်းချီက.. အနောက်တိုင်း ၀တ်စုံမှ.. စုံထောက် ဒီဇိုင်း ဖြစ်နေတယ်..။း))

Comment by K — September 18, 2009 @ 1:44 am |Edit This
3.

အမှတ်တရလေးပေါ့ … ကောင်းလိုက်တာ..
အားပေးနေပါတယ်..

Comment by သိင်္ဂါကျော် — September 18, 2009 @ 2:08 am |Edit This
4.

မမအိမ့်ရေ….
စာအုပ်လေးခုလိုထွက်လာတာတွေ့ရတော့ အ၇မ်းကြည်နူးမိတယ်….။
ကျမ အရမ်းအားကျပါတယ် မမအိမ့်ကို ….။
နောက်ထပ်လည်း စာအုပ်လေးတွေ ထွက်လာအောင်ကြိုးစားပါ မမရေ…
အမြဲအားပေးနေမယ်နော်
ညီမလေး နှင်း

Comment by နှင်းဟေမာ — September 18, 2009 @ 2:23 am |Edit This
5.

မလေးရေ ကြည်နူးလိုက်တာ အရမ်းပဲ ဒီစာအုပ်လေးအတွက် အားရကျေနပ်မိတယ် မလေးအတွက် အမှတ်တရဖြစ်သလို မွန်တို့အတွက်လဲ ချစ်တဲ့စာရေးဖက်အမရဲ့ လက်ရာမွန်တွေမို့ အမှတ်တရဝယ်သိမ်းဖြစ်မှာအသေအချာပါပဲ အိမ်ကိုပို့ခိုင်းလိုက်ဦးမယ် မျက်နှာဖုံးကိုတော့ မွန်လဲသဘောကျမိတယ် ချစ်သူ့အိမ်ကို အပိုင်ဝယ်ရမှာ ပျော်မိတယ်မလေး

Comment by မွန် — September 18, 2009 @ 2:55 am |Edit This
6.

ဆရာမောင်မောင်သိုက်ရဲ့ပန်းချီလက်ရာတွေနဲ့က မစိမ်းဘူးလို့ ပြောလို့ရသလို၊ ဆရာက စာအုပ်အဖုံးတစ်ခု ပန်းချီဆွဲတဲ့အခါ စာအုပ်ကို ကိုယ်တိုင် ဖတ်ပြီးမှ ဆွဲတယ်လို့ သိနေတော့ မလေးစာအုပ်ထဲမှာ အနောက်တိုင်းဝတ်စုံနဲ့လူတစ်ယောက်ပုံစံကို ဆရာ မြင်ယောင်သွားတယ်ထင်ပါရဲ့။ ညီမပဲ မျက်စိရှမ်းသလား၊ အဖုံးမှာ ထုတ်ဝေတဲ့ တိုက် Logo ရှာမတွေ့ဘူး။ ၀ယ်သိမ်းထားချင်လို့ပါ။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်မေးနေတာထက် တိုက်သိရင် အဲဒီမှာ တိုက်ရိုက်သွားဝယ်လိုက်တာက ပိုအဆင်ပြေလို့လေ။ များသောအားဖြင့် ဆိုင်ဝန်ထမ်းတွေက ကိုယ့်ဆိုင်မှာ စာအုပ်က ရှိနေရင်တောင် သူတို့ သိပ်မရင်းနှီးသေးတဲ့ စာရေးဆရာဆိုရင် မရှိဘူးလို့ ပြောတတ်ကြတယ် (ဒီတလောလေးကပဲ ဆရာ မောင်ခင်မင်(ဓနုဖြူ)ရဲ့ မြန်မာဘာသာ မြန်မာစကား ဆိုတဲ့ စာအုပ်ထွက်လို့ သွားဝယ်တော့ Today စာအုပ်ဆိုင်က မသိဘူး၊ ကြားတောင် မကြားဖူးဘူးတဲ့၊ တိုက်မှာ တိုက်ရိုက်မေးလိုက်တော့ တစ်နေ့ကပဲ 10 အုပ် အဲဒီမှာ သွားတင်ထားတယ်တဲ့။ အလုပ်အပေါ် စိတ်ဝင်စားမှုလည်း ကွာမှာပေါ့လေ)။
မလေးရဲ့ ပထမဆုံးလက်ရာအပြင် နောက်ထပ် နောက်ထပ် ထွက်လာမယ့် စာအုပ်ပေါင်းမြောက်မြားစွာ ဖတ်၊ မှတ်၊ သိမ်းထားချင်ပါတယ်။

Comment by အေးချမ်းသူ — September 18, 2009 @ 3:07 am |Edit This
7.

malayy

connection တအားကျတော့ publish ကို မဖွင့်လိုက်ရတာ၊ မြ၀တီစာပေတိုက် ဆိုတာ ခု သိရပြီ။

Comment by အေးချမ်းသူ — September 18, 2009 @ 3:26 am |Edit This
8.

Congratulation ပါ အစ်မရေ..
ဘလော့ပေါ်မှာ အစ်မရဲ့ စာတွေကို ဖတ်ဖူးခဲ့ပါတယ်.. အခုလို စာအုပ်လေးအဖြစ် ဖတ်ရတော့မယ်ဆိုတော့ ဝမ်းသာ ဂုဏ်ယူမိပါတယ်..
စလုံးက စာအုပ်ဆိုင်တွေမှာ ရှာလို့ ရမယ် ထင်ပါတယ်.. အမြန်ဆုံးကို ရှာပြီး ဖတ်လိုက်မယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

Comment by ကိုရင်နော်ခင်လေးငယ် — September 18, 2009 @ 3:35 am |Edit This
9.

ဝမ်းသားစရာပဲ မလေးရေ..
ကိုယ့်လက်ရာလေးတွေကို တစုတစည်းထဲ သိမ်းထားရပြီပေါ့။ မိုက်တယ်။

Comment by ခင်မင်းဇော် — September 18, 2009 @ 4:54 am |Edit This
10.

မလေးရေ စာအုပ်လေးကို လက်ဝယ်ဖတ်ချင်လိုက်တာ။ မေလေးကြိုက်တဲ့ မလေးရဲ့ စာတွေကို တစုတည်းဖတ်ချင်တာ မမရဲ့။ လုံးချင်းလေးထွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ မလေးအတွက် ကွန်ဂရက်ဒ်ကျူးလေးရှင်းပါနော်။ လှမ်းမှာထားရမယ်။ ကျန်းမာပျော်ရွှင်ပါစေ

Comment by maylay — September 18, 2009 @ 4:55 am |Edit This
11.

Congratulations, sis!!
Happily reading from school lab.
It is nice that you enabled eot :-)

Comment by ShwunMi — September 18, 2009 @ 4:59 am |Edit This
12.

ဆောင်းအိပ်မက်လေးများ ပါမှပါမလားလို့.. :) ။ စာအုပ်ကိုရနိုင်ပေမယ့်.. အော်တိုဂရက်ဖ်လေးရဖို့တော့ခက်သား..။

Comment by Evergreen Phyo — September 18, 2009 @ 6:41 am |Edit This
13.

Way to go Ma lay, :)

Comment by westcoast22 — September 18, 2009 @ 9:37 am |Edit This
14.

ပျော်စရာကြီးပဲ.. ဝမ်းသာတယ်မလေးရေ.။

Comment by winkabar — September 18, 2009 @ 11:35 am |Edit This
15.

Congratulation!!!
မမအိမ့်…. အောင်မြင်မှုများရရှိပါစေရှင်…

Comment by ရည်မွန်ထိပ်ထား — September 18, 2009 @ 12:48 pm |Edit This
16.

မနေ့က လူတစ်ယောက်နဲ့ စကားပြောရင်း စာအုပ်ထုတ်သာနဲ့ ပက်သက်ပြီး စကားရောက်သွားတယ်။ သူက ကိုယ်တိုင်ထုတ်ဝေသူလုပ်ရင် စာပေအသိုင်းအဝိုင်းက ပြောဆိုကြတယ်၊ ဘာညာပေါ့။ ကျွန်တော်လည်း ပြန်ပြီးပြောဖြစ်တယ်။ ကိုယ်လုပ်သာက ဘယ်သူ့ဘယ်ဝါကိုယ်မှ ထိခိုက်သာလည်း မဟုတ်ဘူးဆိုရင်တော့ ပတ်ဝန်းကျင်က ဘယ်လိုတုန့်ပြန်မှုမျိုးလာလာ ကိုယ့်အသိနဲ့ကိုယ် ဝေခွဲပြီးခံစားတတ်ဖို့လိုကြောင်းတွေ၊ ကိုယ်ကစာပေအသိုင်းအဝိုင်းမှာ ကျင်လည်ရှင်သန်နေမှာ မှမဟုတ်သာပဲလို့ပေါ့ စသည်ဖြင့် ကိုယ်ဝါသနာပါရာစိတ်ရယ်၊ တစ်ကယ်ကျင်လည်သင့်ရာလက်တွေ့ဘဝ နှစ်ခုကြားကို ယှဉ်ပြီးပြောဖြစ်သွားတယ်။ (ထိုအမြင်က စာပေလောကသား(ဝါ) စာရေးဆရာတွေရဲ့ စိတ်ရင်းတွေနဲ့ တူချင်မှတူနိုင်ပါ့မယ်)။ ထိုသူကလည်း ထိုသူ့အမြင် ခံစားမှုတစ်ခုကိုပြောဖြစ်သွားတဲ့သဘောပါ။ မှားတယ်၊မှန်တယ် ဆိုတာထက် ခံစားပြီးကြည့်မြင်တဲ့ဖက်မတူတော့ ကွဲပြားသွားတဲ့သဘောပေါ့။

ဒီနေ့တော့တိုက်ဆိုင်သွားတယ်။ မအိမ့်ချမ်းမြေ့ လုပ်နိုင်သာကိုယ် လုပ်သွားသာ တစ်ကယ်သဘောကျတယ်။ ပြီးတော့ ကိုယ်တိုင်ထုတ်ဝေသူ လုပ်မလုပ်ကျွန်တော်မသိပါဘူး။ ဒါပေမယ့် မှတ်တိုင်တစ်ခုစိုက်နိုင်တာ ချီုးကျုးအားကျမိပါတယ်ဗျာ။ သဘောအကျဆုံးကတော့ဗျာ အောက်ပါစိတ်နဲ့ရှင်သန်နေတဲ့ လက်တွေ့ကျတဲ့ သဘောထားလေးပဲ။

(အခုထိတော့ လုံးချင်းဝတ္ထုထုတ်ဖို့ ရည်ရွယ်ချက်နဲ့စိတ်ကူး မရှိသေးပါဘူး။ ၀ါသနာလဲ အခုထိတော့ မပါသေးပါဘူး၊ အဲသလောက် အချိန်လည်းပေးနိုင်မယ်လို့ မထင်မိသေးပါဘူးရှင်။)

Comment မှာ ချိန်ထိုးပြတဲ့စကားတွေပြောမိရင် အန္တရယ်တော့ အများသားနော် :)

ဆက်လက်အားပေးလျက်

Comment by ရှေးစာဆို — September 18, 2009 @ 3:26 pm |Edit This
17.

ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား၊ မွေးရပ်မြေကလူကြုံက ဘာတဲ့လဲဟင် ကိုအွန်လိုင်းကျား။
သိင်္ဂါကျော်၊ နှင်းဟေမာ၊ မွန်၊ ကိုရင်နော်ခင်လေးငယ်၊ အစ်မခင်မင်းဇော်၊ မေလေး၊ ရွှန်းမီ၊ ဖြိုး၊ ၀င်္ကပါ၊၊ westcoast22၊ ရည်မွန်ထိပ်ထား… မလေးကို အမြဲအားပေးသော မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။
K .. ဟုတ်တယ်ကေရေ.. အမေကတောင်မေးနေသေးတယ်၊ အဲဒီအဖုံးက အနောက်တိုင်းဝတ်စုံနဲ့လူကိုကြည့်ပြီး … ဟဲ့ သမီးဟာက ဘာသာပြန်တွေလားတဲ့၊ ဟုတ်ဖူးအမေလို့ သောင်းပြောင်းထွေလာလို့ :P ဆရာမောင်မောင်သိုက်က အနောက်တိုင်းရယ်၊ ရင်ဖုံးလေးရယ်တွဲထားပေးတာ မလေး multiculturalism ကို သဘောကျမှန်းသိလို့ထင်တယ်။ :D
အေးချမ်းသူ… အမယ်လေး..ပျောက်တော်မူ မမလေးရယ်၊ ပေါ်လာတယ်နော်၊ သတိရ၏။ ပန်းချီမောင်မောင်သိုက်လက်ရာနဲ့ စာအုပ်ထုတ်ရတာ အစ်မ ၀မ်းသာဂုဏ်ယူမဆုံး။ အစ်မပြန်တုန်းကလဲ အချို့စာရေးဆရာဟောင်းတွေရဲ့ အမည်တွေနဲ့ စာအုပ်မေးကြည့်တာ၊ အချို့ဆိုင်တွေက မကြားဖူးဘူးတဲ့။
ကိုဖြိုး.. ဖြစ်နိုင်ရင် အစ်မ လက်မှတ်ထိုးပြီး လက်ဆောင်ပေးချင်ပါတယ်..။
ရှေးစာဆို… မလေးက စာပေအသိုင်းဝိုင်းနဲ့ အဝေးကြီးကလူပါ။ ကိုရှေးစာဆိုပြောသလိုပါပဲ ဒီအသိုင်းအ၀ိုင်းမှာ ကျင်လည်မှာလည်း မဟုတ်တော့ (အခုထိပေါ့လေ..) နောက်ပြီး ဟိုးအနောက်ဘက်ကမ္ဘာစွန်းကလူဆိုတော့ ကျင်လည်ချင်ရင်တောင်.. နီးချင်တောင် မလွယ်..။ နောက်ပြီးကိုရှေးစာဆိုပြောသလိုပဲ.. ကျွန်မစာတွေဟာ လက်တွေ့ဘ၀ရဲ့ အငွေ့ရိုက်ခံရမှု ရှိပေမယ့် တစ်ကယ်တော့ ဒီမှတ်တိုင်လေးဟာ လက်တွေ့ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းလေးပါပဲ။ နောက်ပြီး ကျွန်မလို လူတစ်ယောက် စာအုပ်ထုတ်တာ risky ဖြစ်နိုင်တာသိပေမယ့် “အမှတ်တရ” လေးသဘောပါပဲ။ မသေခင်လေး ၀ါသနာပါတာတစ်ခု၊ အိပ်မက်လေးတစ်ခု မက်သွားလိုက်တာပါ။ (အခုထိတော့ လုံးချင်းဝတ္ထုထုတ်ဖို့ ရည်ရွယ်ချက်နဲ့စိတ်ကူး မရှိသေးပါဘူး။ ၀ါသနာလဲ အခုထိတော့ မပါသေးပါဘူး၊ အဲသလောက် အချိန်လည်းပေးနိုင်မယ်လို့ မထင်မိသေးပါဘူးရှင်။)အဲဒါက… စကားကုန်မပြောချင်လို့ဆိုတာထက်.. လုံးချင်းရေးရန်ပျင်းလို့ပါ :P။ အသက်ကြီးလာရင်တော့ မသိဘူး။ မလေးကိုတော့ ဘာမဆို ဝေဖန်နိုင်ပါတယ်။ ကျေးဇူးလဲတင်ပါတယ်..။

Comment by မလေး — September 18, 2009 @ 4:14 pm |Edit This
18.

အားကျပါတယ်မလေးရေ။
မလေးရဲ့အတွေးနဲ့ ရေးဟန်ကို တကယ်နှစ်သက်တယ်။
အများကြီးဆက်ရေးပါအုံးနော်။

Comment by အပြုံးပန်း — September 18, 2009 @ 5:34 pm |Edit This
19.

ဝမ်းသာတယ် မလေးရေ…

အားပေးလျက်
ဧရာသီတာ

Comment by S-C — September 18, 2009 @ 10:10 pm |Edit This
20.

အစ်မရေ mandalay မှာ ၀ယ်ဖတ်လိုက်ပါ့မယ်။ သူငယ်ချင်းတွေကိုလည်း ပေးငှားဖတ်လိုက်မယ်။ congratulation ပါအစ်မရေ။

Comment by zwesoelwin — September 19, 2009 @ 3:19 am |Edit This
21.

မလေးရေ အားကျလိုက်တာ။ ဂုဏ်ယူပါတယ်။ :)

Comment by ပုံရိပ် — September 19, 2009 @ 7:07 am |Edit This
22.

အားကျပါတယ်၊ဂုဏ်ယူပါတယ်၊

Comment by moe moe — September 19, 2009 @ 7:48 am |Edit This
23.

အိမ်ကို မှာလိုက်ဦးမယ် မကြီး ရေ.. အားပေးမယ်နော်
မကြီး ပျော်ရွှင် ချမ်းမြေ့ပါစေ….

Comment by စာချစ်သူ — September 19, 2009 @ 11:34 am |Edit This
24.

CONGRATULATIONS…….. အိမ်ကိုလှမ်းမှာလိုက်အုန်းမယ်…. အားပေးနေမယ်နော်…..

Comment by rose of sharon — September 19, 2009 @ 8:38 pm |Edit This
25.

ရုပ်ရှင်လက်မှတ်လေးနှစ်စောင် ပါပြန်ပေါ့း) ကျနော့် အကြိုက်ဆုံးလေး လေ အစ်မရေ့ မြို့တက်မှ ရှာဝယ်ကြည့်အုံးမယ် ။ အားလုံး ကောင်းမှာပါ ကျနော့် အစ်မပဲ ဂုက်ယူပါတယ် ။

Comment by မောင်မျိုး — September 20, 2009 @ 6:49 am |Edit This
26.

Friend…Wishing you all the best from one of your fans!Cheers (-:

Comment by Angel Eyes — September 20, 2009 @ 10:33 am |Edit This
27.

congratulation မလေးရေ …
အင်တာနက်နဲ့ အဆက်ပြတ်နေလို့ ခုမှဖတ်ရတယ်။
အင်တာနက်စာမျက်နှာကနေ တကယ့်စာမျက်နှာပေါ်ရောက်အောင် စီစဉ်ဖန်တီးနိုင်တာ ဂုဏ်ယူဝမ်းမြောက်ပါတယ်။

Comment by MDW — September 20, 2009 @ 3:35 pm |Edit This
28.

ဘလော့စာမျက်နှာတွေကို စာအုပ်လုပ်တဲ့ စိတ်ကူးလေးကိုရော.. စာအုပ်ဖြစ်အောင် လုပ်တဲ့ ဇွဲကိုရော ချီးကျူးပါ၏…
အများကြီး ပို အောင်မြင်ပါစေ….
ချစ်တဲ့ အစ်မ

Comment by မေငြိမ်း — September 21, 2009 @ 1:51 am |Edit This
29.

ပို့စ်ဖတ်ပြီး ရင်ထဲမှာ လှိုက်ကနဲပဲ ခံစားရတယ်။ အရမ်းကိုဝမ်းသာ ဂုဏ်ယူမိပေမယ့် အံ့တော့မအံ့သြမိပါဘူး မမအိမ့်ရေ…။ ဒီလို အဆင့်တွေ တဆင့်ပြီးတဆင့် ရောက်သွားမယ်ဆိုတာကို ညီမဟိုးအရင်ကတည်းက ယုံကြည်ထားခဲ့လို့ပါး) ဘလော့စာမျက်နှာပေါ်ကနေ စာအုပ်အဖြစ် အသွင်ပြောင်းနိုင်တာ ညီမသိသလောက် မမအိမ့်က ပထမဆုံးပဲ ထင်ပါတယ်။ အဲဒီပထမဆုံးသူက ကိုယ်သိပ်လေးစား အားကျရတဲ့ အစ်မမို့လည်း သိပ်ကိုဂုဏ်ယူမိပါတယ်။ ဒီက ဆိုင်တွေမှာ စာအုပ်မတင်ရင် ရန်ကုန်ကို လှမ်းမှာဖို့ စိတ်ထဲမှာ အသင့်ပြင်ထားပြီ မရေ။ အရမ်းဝမ်းသာတာပဲ…း))

Comment by ရွှေပြည်သူ — September 22, 2009 @ 6:53 am |Edit This
30.

အိုး … တယ်ကောင်း … ဂုဏ်ယူပါတယ်ဗျာ … နောက်နောင်လည်း ဒိထက် ဒိထက် စာအုပ်ပေါင်းများစွာ ထုတ်ဝေနိုင်ပါစေလို့ … :D

Comment by Ko Phyoe — September 24, 2009 @ 6:34 pm |Edit This
31.

ကဲဗျာ…ဘာထပ်ပြောစရာလိုသေးလဲ…

း) မလေးဘယ်လောက်ပျော်နေမလဲ ဆိုတာ ခန့်မှန်းမိပါတယ်…

အောင်မြင်ပါစေ..ဆရာမရေ…

Comment by ဒီဝိုင်း — October 1, 2009 @ 11:39 am |Edit This
32.

ပျော်စရာပဲ မလေး ရေ…
ဟိုရက်က အလုပ်များနေလို့ ပို့စ်တွေ အသေအချာ လာမဖတ်ဖြစ်ဘူး။ အခုမှ အဟောင်းတွေ လိုက်ဖတ်နေရတယ်။
ဒီစာအုပ်ကို ၀ယ်ဖို့ ရန်ကုန်ကို မှာထားလိုက်မယ်။ မလေး လက်မှတ်လေးတော့ လိုချင်သားနော်.။

Comment by ပန်ဒိုရာ — October 8, 2009 @ 8:15 am |Edit This



3 comments:

Yan said...

ဝမ်းလည်းသာတယ်.
ဂုဏ်လည်းယူမိတယ် မလေးရေ...

အရင်တည်းက စိတ်ထဲမှာ ဆန္ဒဖြစ်နေတာ. မလေးရဲ့စာလေးတွေကို ပုံနှိပ်စာလုံးလေးတွေနဲ့ စာအုပ်ပုံစံလေး သိမ်းထားလို့ရရင် သိပ်ကောင်းမှာလို့.

အခုတော့ အဆင်ပြေသွားပြီပေါ့...

ဝယ်ထားလိုက်မယ်. ၅၀၀ ပဲရိုက်တာဆိုတော့ ခဏလေးနဲ့ကုန်သွားမယ်လို့ ထင်တယ်.

အကြိမ်ကြိမ် ရိုက်နိုင်ပါစေဗျာ....

ရှေ့လျှောက်လည်း ဒီ့ထက်မက ပိုပြီး ရသမြောက်တဲ့စာပေလေးတွေ ရေးသားဖန်တီးနိုင်ပါစေ...

Y.

Yan said...

အင်း....

မလေးရေ....

နောက်ဆုံးတော့ မလေးရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့ပြီနော်.

ဝမ်းလည်းသာတယ်. ဂုဏ်လည်းယူတယ်.

အားပေးတဲ့သူတွေ အများကြီးပဲဆိုတော့ အုပ်ရေ ၅၀၀ ဆိုတာ ခဏလေးနဲ့ ကုန်သွားမယ်ထင်တယ်. ဒုတိယအကြိမ် တတိယအကြိမ်တွေ ရိုက်နိုင်ပါစေဗျာ.

ရှေ့လျှောက်လည်း ရသမြောက်တဲ့ စာပေလေးတွေ ဆက်လက်ရေးသားဖန်တီးနိုင်ပါစေဗျာ....

နာမည်ကျော်စာရေးဆရာမကြီး ဖြစ်သွားရင် ကျွန်တော်တို့လို အညတရ ဘလော့ဂါလေးတွေကို မေ့မသွားနဲ့နော့...

ပြောရင်းနဲ့တောင် အားငယ်သွားပြီ...
ဘာကျွေးမှာလဲ... (အားပြန်ရှိသွားအောင်လို့...)

;)

Y.

ADDRESSEE said...

ခုတလော ဗုဒ္ဓဘာသာကို စော်ကားမော်ကား လုပ်တာတွေ များလာသလိုဘဲ ဟိုတလော ဗုဒ္ဓ ရုပ်ထုကို ၀ိုင်းပြီး နမ်းနေတဲ့ပုံတွေထွက်လာပြီး ခု Mac book တို့ Ipop တို့ထုတ်တဲ့ APPLE က သူ့ကြော်ငြာမှာ ထပ်ပြီးစော်ကား ပြန်ပြီ ငြိမ်ခံမလား ပြန်ပြောမလား သူ့ product တွေကိုရိုက်ချိုးမလား အောက်ကလင့်မှာ သွားကြည့်ကြပါ http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote

LinkWithin

Related Posts Plugin for WordPress, Blogger...