မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, September 03, 2009

အလွမ်းစားပုရွက်

ကောင်းကင်မှာ..
စက်တင်ဘာ လ ဟာ ခပ်တိုးတိုးသာနေတယ်
သစ်ရွက်တွေပေါ်မှာ ငွေမျှင်တွေ ချွေချတယ်
မြေပြင်ပေါ်မှာ တိတ်ဆိတ်စွာ လှဲလျောင်းတယ်။

ခြောက်ကပ်တဲ့ လမ်းတွေပေါ်မှာတော့
အိပဲ့ပဲ့သွားနေတဲ့ သတင်းစာဆရာရဲ့ ကားအိုသံက
အာရုံဦးကို ကြိုနေတယ်။

သစ်ရွက်တွေ လျှပ်တိုက်ပြေးသံနောက်
တကောက်ကောက်လိုက်မိတဲ့
အမှိုက်ကောက် အဘိုးအိုက
ခြုံထည်တစ်ထည်ကို တောင့်တနေတယ်။

ကြွေသွားတဲ့အလွမ်းတစ်စကို
ကောက်ယူစားသောက်သွားတဲ့ ပုရွက်တစ်ကောင်နောက်ကိုတော့
ငါ… ဆက်မလိုက်တော့ဘူး။

ကျေနပ်စွာ စားသောက်လို့
ဇီဝဇိုးငှက်လို အန်ဖတ်တွေသွန်ချမှပဲ….
ငါ့ လက်ဖမိုးထဲ အမှတ်တယ သိမ်းလိုက်တော့မယ်။

1 comment:

PIONEER said...

အဲဒီလိုမျိုး ပုရွက်ဆိတ်က မျိုးဆက်သစ်လား
ခေတ်ဟောင်းကလား
လက်ဖမိုးထဲမသိမ်းနဲ့လေ
ရှာမှရှား ငှက်သိုက်ကို ..... နော်

LinkWithin

Related Posts Plugin for WordPress, Blogger...