မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, August 14, 2009

(အခုတလော…)…

တွေးနေမိတာ….
ဘ၀တိုတိုလေးထဲမှာ အတ္တတွေ၊ မောဟတွေ၊ ဒေါသတွေ၊ မာန်မာနတွေကို လူတွေအလျှံပယ်ဝါးမြိုနေကြတာ ဘာကြောင့်ပါလိမ့်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
နေချင်လှပါချည်ရဲ့ဆိုပြီး ရှိသမျှစည်းစိမ်ပုံအောလို့ပေးကြရင်တောင် ဒီလောကထဲကနေ တစ်နေ့မှာ အားလုံး ထွက်ခွာသွားကြရမှာပါ။

ကျန်းမာရေး
အိပ်ရေးတွေပျက်နေတယ်

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…

books.jpg
အဲဒါတွေ တစ်ပြိုင်နက်ဖတ်နေတာ နှစ်လလောက်ရှိပြီလေ.... တစ်အုပ်မှ အဆုံးမသတ်နိုင်သေးပါ။

ရောက်ဖြစ်နေတာက…
ဒီသစ်ပင်လေးတွေအောက်…


fig.jpg

အပေါ်ကပုံက fig tree.. အီစိမ့်စိမ့်နဲ့၊ အထဲက အစေ့လေးတွေပါစားရတယ်။


plum.jpg


အပေါ်ကပုံကတော့ Plum tree..

အောက်ကပုံကတော့ သစ်တော်သီးပင်ပါ...

plum2.jpg


ရေးဖြစ်နေတာက…
ဒီဂိမ်းလေးပါရှင်.. အစ်မတန်ခူးတက်ဂ်လုပ်လို့ပါ

နားထောင်ဖြစ်နေတာက…

ငယ်ငယ်ထဲက သိပ်ကြိုက်တဲ့ ဒီသီချင်းလေးပါ

ရွတ်နေမိတဲ့ ကဗျာက…
လူကလေးရယ်.. အိပ်ချိန်တန်၊ ဗျိုင်းရှေ့ကပျံ၊ မပျံပါနဲ့ ကိုရွှေဗျိုင်း ညွှတ်တွေက၀ိုင်း
(တစ်ဝက်တစ်ပျက်ပဲ ရွတ်တတ်တယ်.. ဆိုတော့)

ဖြစ်ချင်နေတာက…
တစ်ခါတစ်လေတော့လဲ ဘာအလုပ်မှမလုပ်ပဲ ငုတ်တုပ်ထိုင်လို့ပျင်းရိနေချင်တယ်။

စားဖြစ်နေတတ်တာက…
ကင်ပွန်းချဉ်ရွက် ဟင်းချို၊

သနားနေမိတာက…
ကိုယ်….

လွမ်းနေမိတာက…
မြန်မာပြည်ပေါ့။ ကိုယ့်ပြည်ကိုယ့်ရွာ မလွမ်းသူ ဘယ်သူရှိမလဲ၊ နှစ်တွေဘယ်လောက်ကြာကြာ ကိုယ့်မွေးရပ်မြေကို မတွယ်တာသူ ရှိနိုင်ပေမယ့် နည်းပါလိမ့်မယ်။

မေ့လျော့ပစ်နေမိတာက…
ငွေရေးကြေးရေး... တွေးကိုမတွေးချင်တာပါ

ခါးသက်နေမိတာက…
၁၅နှစ်တစ်ခါလောက် နိုင်ငံပြောင်းချင်တဲ့ ရောဂါ။

တမ်းတနေမိတာက…
မိုးနွေးနွေးလေးတွေအောက် ထီးမပါဘဲ လမ်းလျှောက်ခဲ့ဖူးတဲ့နေ့တွေ….

ကြိတ်ပြီးအထင်သေးနေမိတာက…
Social climbers များ

ကြိတ်ပြီးချီးကျူးနေမိတာက…
Social climbers များပါပဲ

ဆန္ဒမရှိတဲ့နေရာ…
လက်ရှိနေနေတဲ့ မြို့ (ဘယ်မြို့ကိုပြောင်းရမလဲ စဉ်းစားနေဆဲ)... သစ်ပင်တွေထားခဲ့ရမှာတော့ နှမြောတယ်..

ဆန္ဒရှိနေတဲ့ကိစ္စ…
သိပ်စိတ်ဝင်စားစရာကောင်းတဲ့၊ သမာရိုးကျမဟုတ်တဲ့ စာတမ်းတစ်စောင်ကို ရေငတ်သလို ကို ငတ်မွတ်တောင့်တနေခြင်း….

မုန်းတီးနေမိတာက…
တစ်စုံတစ်ရာ (သို့မဟုတ်) တစ်စုံတစ်ယောက်ကို မုန်းလောက်အောင် စိတ်ထဲမှာ ကြာကြာမထားတတ်တာ အမှန်ပါ။

ချစ်နေတာက…
သူတို့….

စိတ်ပျက်နေမိတာက…
မကြာခင်ရောက်လာတော့မယ့် ကနေဒါရဲ့ ဆောင်း………..

စွဲလမ်းနေမိတာက…
စာရေးခြင်း

လိုအပ်နေတာက…
လိုအပ်နေတာ.. လိုအပ်နေတာ… အိုးဟုတ်ပြီ။ အိပ်ရေးဝစွာ အိပ်စက်နိုင်ခြင်း။

တောင်းနေမိတဲ့ဆု…
နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို မရှာဘဲ ရနိုင်မယ်ဆိုရင်…

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက….
Moral bankruptcy!!!

ဝန်ခံချင်တာက…
ဘာကိုမှ စိတ်မပါဘူးကွယ်…

ထပ်ပြီးတက်ဂ်ချင်တဲ့ ဘလောဂါတွေကတော့………
ရေးမှာမဟုတ်တဲ့..
လူတွေမေ့လျော့နေလောက်တဲ့…
သူတို့ကိုယ့်ကိုမေ့လျော့နေကောင်းမေ့လျော့နေပေမယ့် ကိုယ်သတိရနေမိတဲ့….
တက်စ်လာဘာညာ၊ ဂျစ်တူး နဲ့ ဒီဝိုင်း
သူတို့ ဖတ်မှာလဲမဟုတ်ဘူး၊ ရေးမှာလဲမဟုတ်ဘူးဆိုတာ သိပေမယ့်…
တစ်ချိန်ချိန် ဖတ်မိကောင်းပါရဲ့

တက်ဂ်ဂိမ်းမှာ ပါဝင်ခွင့်ရစေတဲ့ အစ်မတန်ခူး ကိုလဲ ကျေးဇူးတင်ပါတယ်။
ဓာတ်ပုံတင်တဲ့ အိုင်ဒီယာကိုတော့ သဘောကျလို့ မမေ ဆီက ခွင့်မတောင်းဘဲ ယူပါတယ်။

hut1.png



1.

ခွင့်မတောင်းပေမဲ့ … ရပါတယ် … )))
မလေးရေ … မမေလဲ ခုတလော ဘာကိုမှစိတ်မပါဘူး .. တကယ်။
မလေးရဲ့ ခုတလော ဖတ်ပြီးတော့ … ကင်ပွန်းချဉ်ရွက်ဟင်းချိုလဲ သောက်ချင်တယ်။
သစ်တော်သီးပင်အောက်ထိုင်ပြီး အတွေးနယ်ချဲ့ချင်တယ် … ။
ပြီးတော့ ဘာကျန်သေးလဲ …
မလေးလိုလဲ အော်လိုက်ချင်သေး။ :)

Comment by မေဓာဝီ — August 14, 2009 @ 2:11 pm |Edit This
2.

အိမ့်ရေ… ဓာတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့  သေသေချာချာရေးပေးတာ ကျေးဇူးပါညီမရယ်… အဲဒီအပင်လေးတွေနဲ့ နေရတဲ့ဘ၀ ဘယ်လောက်များကြည်နူးစရာကောင်းလိုက်မလဲ…နေ၀င်ပြီဆိုရင် ကိုယ်လေငိုချင်တယ်…အမြဲစွဲလန်းနေတဲ့သီချင်းလေးတပုဒ်ပါ…အိပ်မပျော်တာလား မအိပ်ဖြစ်တာလားဟင်…အမဆို တခါတလေအိပ်မပျော်ဖူး…EnervonC သောက်ရင်တော့ အိပ်ကောင်းသား…အိပ်ပျက်များရင် ပင်ပန်းတယ်ညီမရေ…ဂရုစိုက်ပါနော်…လွမ်းတဲ့နေရာလေးကို တို့ တွေ အမြန်ဆုံးအတူပြန်နေရစေသား….

Comment by တန်ခူး — August 14, 2009 @ 6:01 pm |Edit This
3.

သစ်ပင်လေးတွေကြို့က်တယ်။

Comment by kom — August 14, 2009 @ 6:05 pm |Edit This
4.

Fig Tree နဲ့Palm Tree ကို Face book က FarmVille ဆော့ရင်လက်ဆောင်ရရနေတာ ။ခုမှ မြင်ဖူးတော့တယ်…။
မိုးနွေးနွေးလေးတွေတဲ့လား…. မိုးအေးအေးလေးလို့ ထင်တာ…။

Comment by sin dan lar — August 14, 2009 @ 9:42 pm |Edit This
5.

1. yesterday my birthday.14.08.1986
2. love is too hot.but i very much like 528 give anybody.
3. unhappy because working in singapore. $$$…..

ma gyi ….sleep well…..sweet dreams…when you sleep…..?
take relax and be cool….
thanks for some same feeling :-(

Comment by pta1986@gmail.com — August 15, 2009 @ 12:28 am |Edit This
6.

အစ်မဆီလာလည်ဖြစ်ရင်တော့လား..ဟင်းဟင်း..Plum ပင်ကခူးပြီးဖျော်ရည်လုပ်သောက်ပစ်မယ်.. :D။ မြို့လေးကတစ်ကယ်ပြောင်းမလို့လား… မပြောင်းစေချင်ဘူး..။ နောက်တစ်ခါဆောင်းပြန်ရောက်တော့မယ်လား….အချိန်တွေကုန်တာမြန်လိုက်တာ..။

Comment by Evergreen Phyo — August 15, 2009 @ 3:04 am |Edit This
7.

မမရဲ့ ခုတစ်လောလေး လာကြည့်သွားတယ်….
fig tree နဲ့ plum tree ပုံသေချာကြည့်သွားတယ်

Comment by ဝေလေး — August 15, 2009 @ 7:19 am |Edit This
8.

မပြောင်းပါနဲ့..အစ်မရဲ့..နော်နော်..။:)။

Comment by pN — August 15, 2009 @ 8:45 am |Edit This
9.

နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှာရတာ အထူးသဖြင့် ဒီခေတ်ဒီအခါမှာ ရှာရတာ တကယ်မလွယ်ပါဘူး

Comment by rose of sharon — August 15, 2009 @ 9:30 am |Edit This
10.

ဇီးပင်နဲ့ သစ်တော်သီးပင်က စိမ်းနေတာပဲနော်၊ အပင်တွေနဲ့နေရတာ စိတ်ချမ်းမြေ့မှာပဲ။
ငယ်ငယ်ကတည်းကကြိုက်တဲ့သီချင်းကို ကိုယ်လည်းကြိုက်တယ်။

Comment by အပြုံးပန်း — August 15, 2009 @ 6:55 pm |Edit This
11.

ရေးမှာမဟုတ်တဲ့..
လူတွေမေ့လျော့နေလောက်တဲ့…
သူတို့ကိုယ့်ကိုမေ့လျော့နေကောင်းမေ့လျော့နေပေမယ့် ကိုယ်သတိရနေမိတဲ့….
တက်စ်လာ၊ ဘာညာ၊ ဂျစ်တူး နဲ့ ဒီဝိုင်း…

အဲဒါက heart ထိစေတယ်။
ဘလော့ဂါ ဆိုတာဒီလိုပါပဲ.. ပျောက်သောသူ ကြာရင်မေ့ … ကိုယ်လည်းတနေ့..။

Comment by ပန်ဒိုရာ — August 15, 2009 @ 7:31 pm |Edit This
12.

ဘလော့ဂ်ထဲ ရောက်ရင်တော့ တိတ်တိတ်လေး လာဖတ်ဖြစ်ပါတယ်။ စာရေးအရေးကောင်းပါတယ်။
ကျေးဇူးပါ ။

Comment by Republic — August 16, 2009 @ 1:44 am |Edit This
13.

ကျွန်တော်လည်းအသေ စိတ်လေနေတာပါ။ မနက်က ဆရာကန်တော့ပွဲတောင်လွတ်သွားတယ်။ မန်တလေးမှာမိုးအေးအေး နဲ့ ကွေးနေမိတာလေ။ ကျွန်တော့်စိတ်ကို စိုးမိုးနေတဲ့ ကြွေကွဲမှုတွေကနေလွတ်မြောက်ချင်ပါပြီ

Comment by zwe — August 16, 2009 @ 3:16 am |Edit This
14.

မလေးရေ ဒီမှာတော့ အိပ်နေရင်း အိပ်ရေးမ၀ဘူး။
ပျော်ရွှင်ပါစေ

Comment by S-C — August 16, 2009 @ 6:50 am |Edit This
15.

မေဓာဝီ… မမေဘာတွေ အတွေးနယ်ချဲ့ချင်တာလဲ။ မလေးသစ်တော်သီးပင်မှာ ပုရွတ်ဆိတ်ရှိတယ်နော် :P
တန်ခူး … မအိပ်ဖြစ်တာ မ ရေ…။ သစ်ပင်ကြိုက်တဲ့ မ.. မလေးအပင်တွေကိုမြင်ရင်.. သဘောကျမယ်ထင်တယ်
kom .. အသီးစားချင်ရင် လာပို့ပေးရမလားး)
sin dan lar .. ဒီကလိုရေခဲမိုးမဟုတ်တဲ့ စလုံးမှာရွာတဲ့ မိုးတို့၊ ရန်ကုန်မှာနေပူနေရင်းရွာတဲ့ မိုးလို နွေးနွေးလေးတွေလေ
pta… Happy Belated Birthday! ပါကွယ်.. အချစ်ဆိုတာပူလောင်ခြင်း၊ ၅၂၈ မေတ္တာကောင်းတယ်ကို အစ်မက ပထမ မှားဖတ်တာ၊ တစ်ပတ်ဝင်ငွေ ၅၂၈စင်ကာပူဒေါ်လာဆို မဆိုးပါဘူးလို့ထင်နေတာ၊ စိတ်မညစ်ပါနဲ့ကွယ်၊ ဘ၀ဆိုတာဒီလိုပါပဲနော်.. pta
Evergreen Phyo… ၀မ်းသွားနေဦးမယ်
ဝေလေး.. မင်္ဂလာပါဝေလေးရေ..
pN.. ပန်းနွယ်တို့ ကျွန်းပေါ်ပြောင်းလာရင်ကော…
rose of sharon.. မလေးတော့ မရှာချင်တော့ဘူး။
အပြုံးပန်း … တစ်ခါတစ်ခါ အပင်သိပ်များလို့ မလေး မနိုင်ဘူး
ပန်ဒိုရာ … မလုပ်ပါနဲ့ မပန်ရယ်.. နော်.. မပန်ကဗျာတွေ အကြာကြီးဖတ်ချင်သေးတယ်။
Republic … မလေးလဲ Republic ဘလောဂ်ကို မကြာခဏရောက်တယ်။
zwe … အစ်မ ဇွဲတင်ထားတဲ့ ပုံတွေ သွားကြည့်လိုက်တယ်။ ကော့မန့်က ရယ်ဂျစ်စတာလုပ်မှရေးလို့ရတယ်ဆိုလား
S-C … မလေးက အိပ်ချင်ပြီး မအိပ်နိုင်တာ :D

Comment by မလေး — August 16, 2009 @ 12:23 pm |Edit This
16.

အစ်မ သတိရတဲ့သူတွေထဲ ကျနော်လည်းမပါဘူးး(
ရေတစ်တန် ကုန်းတစ်တန်နဲ့ ခက်ခဲလှတဲ့ နက်တောင်ကြီးကို ကျော်ပြီး ကျနော်တော့ အစ်မဆီ မကြာမကြာရောက်ဖြစ်တယ် ။ တဂ်ဂိမ်းတွေကို သတိရတယ် ။

Comment by မောင်မျိုး — August 17, 2009 @ 6:53 am |Edit This
17.

အခုတလော.. နွေးထွေးမှု… (မအိမ့်ရဲ့ မမေ့သေးသော. ခင်မင်မှုများ….။)
အခုနလော.. ပြောချင်တာက… (အားလုံးကို သတိရမိကြောင်း….။)
အခုသုံးလော.. စကားမစပ် ပါးလိုက်ချင်တာ… (ဒေါ်ဂျီးပန်အား တက်စလာ မသေသေးကြောင်း ပြောပေးပါ…..။) :D

Comment by Tesla — August 17, 2009 @ 8:10 am |Edit This
18.

မောင်မျိုး…. အစ်မ သတိရတဲ့အထဲမှာ မောင်မျိုးနဲ့ သိုးလေး ပါ ပါပါတယ်။ အဲဒါရေးပြီး တစ်ညလုံး ဒီနှစ်ယောက်တော့ ကျန်ခဲ့ပြီဆိုပြီး တလူးလူးတလိမ့်၂နဲ့။ ဤမှန်သောသစ္စာကြောင့် သိန်းဆုကြီးများပေါက်ရပါရဲ့ (ထီတော့သွားထိုးဦးမှ) :D တစ်ကယ်ပြောတာပါ။ မမှားသောရှေ့နေ မသေသောဆေးသမားဆိုသလို (ဆိုင်မဆိုင်တော့ မသိဘူး.. အဟွန်း)။ အစ်မ မင်းကိုဘယ်မှာရှာရမှာလဲ၊ ဘလောဂ်လဲမရှိတော့ဘူး။ အီးမေလ်းတွေလဲ မင်းက ဖျက်လိုက်တယ်ဆိုတော့ ဘယ်လိုဆက်သွယ်ရမှာလဲ။ (အမလဲ တပြည်သူ ဂျီမေးလ်ဖျက်လိုက်ပြီ) အစ်မဆီကို မကြာမကြာရောက်မှန်းသိတယ်။ ကျန်ခဲ့တာ ခွင့်လွှတ်ပါ။
Tesla... ဟေးးးး ကိုတက်စ်ကြီး လာဖတ်တယ်.. အခု စလုံးမှာလား မြန်မာမှာလား ။ (မပန်ရေ.. တက်စ်လာ မသေသေးဘူး..) ဆီဗုံးမှာလဲ သွားအော်ပေးမယ် စိတ်ချ :D

Comment by မလေး — August 17, 2009 @ 1:25 pm |Edit This
19.

မလေးရဲ့ ခုတလောကို ခုမှ လာဖတ်ဖြစ်တယ်…
လွမ်းလိုက်တာနော်…..
ဘာညာတို့ ဂျစ်တူးတို့လဲ ဘယ်တွေ ရောက်နေတယ်မသိ….
တက်စလာကြီးလာအော်တာတွေ့တော့ ၀မ်းသာသားးး

Comment by ခင်မင်းဇော် — August 17, 2009 @ 8:56 pm |Edit This
20.

အခုတလောတော့ လူလို ပြန်နေဖြစ်တာပါဘဲ
အိပ်ရာနဲ့ ခေါင်းအုန်းနဲ့စောင်နဲ့ခုတင်နဲ့ အိပ်တတ်နေပြီ၊ ခြင်ထောင်ထောင်ဘူး၊ ခြင်မကိုက်တဲ့ဒေသမို့ ….. :P အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေလို့လည်း မကြာမကြာ ဆန္ဒပြုမိပါရဲ့ ..
Ps.. မိခင်ကျန်းမာမှ ကလေး ချို ၀, မှာတဲ့၊ အိပ်ရေးတွေသိပ်ပျက်အောင် မနေနဲ့၊ ဂရုစိုက်

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — August 18, 2009 @ 4:29 am |Edit This
21.

မမ အိမ့်ရေ… လာဖတ်သွားပါတယ် နော် ….။ပျော်ရွှင်ပါစေ … ခင်မင်လေးစားလျှက်

Comment by နှင်းဟေမာ — August 19, 2009 @ 8:55 am |Edit This
22.

မမရေ.. မမဂျစ်ကို ပိုပြီး သတိရသွားတယ်.. ဘယ်တွေ ရောက်နေလဲ မသိဘူးနော်.. မမကိုလဲ သတိရတယ်…

Comment by ရည်မွန်ထိပ်ထား — August 19, 2009 @ 1:02 pm |Edit This
23.

ခုတလောကို ရေးတဲ့ လူတိုင်းလိုလို moral နဲ့ ပတ်သကို့ စိတ်ပျက်ကြောင်းတွေချည့် ရေးကြတယ် :(

သံလမ်းကို ဖတ်ပြီး အတွေး ပွားသြွးတယ်

Comment by khunmyahlaing — August 21, 2009 @ 9:44 am |Edit This
24.

မင်္ဂလာပါ မလေး..
မဂျစ်တော့ မသိဘူး၊ ဘာညာ့ကို တွေ့ချင်ရင် facebook ကိုသွား ရှိတော့ရှိတယ်။ တစ်ခါခါ ပျောက်နေတတ်သေးတယ်..
သစ်တော်သီး ညလေးကြိုက်တယ်.. မလေးဆီလာရင် အဲ့အပင်တွေ အပိုင်သိမ်းမယ် :P
ပျော်ရွှင်ပါစေ.. မလေးရေ…

Comment by ညလေး — August 22, 2009 @ 5:42 am |Edit This
25.

စားလို့ကောင်းမယ်ထင်တယ်။ စားပြီနော်။ အားမနာတော့ဘူး :P
link ယူသွားပြီနော် မကြီး။ 8/82 အင်းလျားနဲ့ ညိမ့်နေပြီ။
မကြီး..ပျော်ရွှင်ပါစေ….

Comment by စာချစ်သူ — September 1, 2009 @ 10:02 am |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...