မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, August 06, 2009

ဝမ်းသာဝမ်းနည်းခံစားချက်တစ်ခု

brochure.jpgလွန်ခဲ့တဲ့ တစ်ပတ်လောက်က ဒီbrochure လေးကို Community Nursing Center တစ်ခုမှာ ကျမ တွေ့လိုက်တယ်။ English Language Services for Adults စာရွက်လေးပါ။ စာရွက်လေးရဲ့ ကျောဖုံးကို ကြည့်လိုက်တော့ အခြားဘာသာစကားတွေနဲ့လည်း ဒီစာရွက်လေးကို ဖြန့်ဝေတယ်လို့ဆိုထားတာကိုလဲတွေ့လိုက်တယ်။ အဲဒီအခြားဘာသာစကားတွေထဲမှာ ကရင် စာပါ တွေ့လိုက်တယ်။ ဒါကိုတွေ့တော့ ကျမ ၀မ်းသာသွားမိတယ်။ ဘာရယ်မဟုတ်ပါဘူး၊ ကိုယ့်တိုင်းပြည်ထဲက လူမျိုးစုတစ်စုရဲ့စာကို မြင်ရတာ ပီတိဖြစ်သွားတာပါ။ ဒါပေမယ့် ဗမာစာကို မတွေ့တော့ ၀မ်းနည်းသွားမိတယ်။


ဒီမြို့ရဲ့ ပြောင်းရွေ့လာသူများကို နေရာချပေးရေး အဖွဲ့အစည်းကြီးတွေထဲက အဖွဲ့အစည်းတစ်ခုကို စထောင်တဲ့လူတွေအထဲမှာ ခိုလှုံလာသူ မဟုတ်တဲ့ ပြောင်းရွှေ့နေထိုင်လာသူ စေတနာရှင်ဗမာအမျိုးသမီးကြီးတစ်ဦးပါခဲ့တယ်။ အဲဒီတုန်းကတော့ ဒီမြို့မှာ မြန်မာ(မြန်မာပြည်တွင်းမှာ ရှိသော လူမျိုးစုအားလုံး)ဆိုတာ မူးလို့ရှုစရာ မရှိသလောက် ရှားပါးခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ မြန်မာတွေ များလာတာတစ်ကြောင်းကြောင့် အဲဒီအဖွဲ့အစည်းရဲ့ငှာနချုပ်နဲ့ ရုံးခွဲတွေမှာ ဗမာ၊ကရင်၊ချင်း စတဲ့ မြန်မာလူမျိုးပေါင်းစုံဟာ အင်္ဂလိပ်စာနဲ့ အခြားသင်တန်းတွေ တက်နေကြရုံမက၊ အဲဒီရုံးတွေမှာ အလုပ်လုပ်နေကြပါပြီ။ ဗမာတွေထဲမှာလည်း ကရင်တွေ၊ ချင်းတွေ လိုပဲ အင်္ဂလိပ်စာ မကျွမ်းကျင်တဲ့ ခိုလှုံလာသူတွေ ရှိနေကြပါတယ်။ ဒီစာရွက်ကို ထုတ်တဲ့ရုံးငှာနတွေဟာ ဘယ်နည်းနဲ့မဆို ခုနက အလုပ်လုပ်နေတဲ့ ဗမာတွေနဲ့ ဆက်ဆံနေကြရမှာပါပဲ။ ဘာသာပြန်ပေးနိုင်တဲ့သူတွေ အများကြီးရှိကြမှာပါပဲ။ ဒါတောင်မှ ဗမာစာနဲ့ စာရွက်ထုတ်ဖို့ ဗမာတွေထဲက မည်သူကမှ မပြောကြတော့ဘူးလားလို့ စဉ်းစားမိတယ်။



၂၀၀၆ ခုနှစ်မှာ ကနေဒီယန်အစိုးရက နယ်စပ်ဒုက္ခသည်စခန်းများမှ ကရင်လူမျိုး၈၀၀ကျော်ကို ကနေဒါမှာ ခိုလှုံခွင့်ပေးလိုက်ပါတယ်။ ၂၀၀၈ နှင့် ၂၀၀၉ မှာတော့ ကရင်လူမျိုးခိုလှုံသူ တစ်ထောင့်သုံးရာကို လက်ခံလိုက်ပါတယ်။ ဒီတော့ ကရင်လူမျိုး ခိုလှုံသူတွေ ရာနဲ့ချီပြီး ဗင်ကူးဗားကို ရောက်ရှိလာကြတယ်။ ကနေဒါလူဝင်မှုကြီးကြပ်ရေးမှာ မြန်မာပြည်မှ ဘယ်လူမျိုးစုက ဘယ်လောက်အရည်အတွက်နဲ့ ကနေဒါမှာ ရောက်ရှိနေလဲ စာရင်းအတိအကျရှိပါလိမ့်မယ်။ ကျမ မျက်မြင်အနေနဲ့ကတော့ ကျမ နေတဲ့မြို့မှာ ခိုလှုံသူမဟုတ်တဲ့ ပြောင်းရွေ့လာသူ ဗမာမိသားစုဦးရေဟာ လက်ချိုးရည်လို့ရပါတယ်။ အဲဒီဗမာတွေကလဲ အင်္ဂလိပ်စာကို အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်စွာ တတ်မြောက်ပြီးသားတွေ ဖြစ်နေတတ်တော့ English Language Services လိုအပ်တော့မယ် မထင်ပါဘူး။ ဒီလိုအကြောင်းကြောင့် ဒီလိုစာရွက်တွေမှာ ဗမာစာ မတွေ့ရသလောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်လို့ ကျမတွေးမိတယ်။


အဲသလိုအတွေးတွေကြားထဲမှာ တစ်ပြိုင်နက်ထဲတွေးမိတာကတော့ ......


ကိုယ့်တိုင်းပြည်ထဲက လူမျိုးစု တစ်ခုရဲ့စာလေးကို အခုလို Language Services တွေမှာ တွေ့လိုက်ရတာဟာ တစ်ကယ်ကော ၀မ်းသာစရာ တစ်ခုလားဆိုတာပါပဲ။


မည်သို့ပင်ဖြစ်စေ... ELSA Net ကို မကြာခင်ရက်ပိုင်းအတွင်း ဆက်သွယ်ပြီး ဗမာလို ဘာသာပြန်ပေးလိုလျှင် ပြန်ပေးမည်လို့ ကျမပြောမိမှာ သေချာပါသည်။


hut1.png




Comments from ainchannmyay.com
1.

တွေးစရာ ရသွားပြီ
ဒီမှာလဲ မြန်မာစာမတွေ့ရဘူး အဲလိုစာရွက်တွေတော့ မြင်ဖူးတယ်
တခုတ်တရပို့စ်ရေးသားဖို့ လုပ်တဲ့မလေးကို လေးစားပါတယ်

Comment by မွန် — August 6, 2009 @ 4:53 pm |Edit This
2.

မရေ.. များသောအားဖြင့် မြန်မာစကားကျွမ်းကျင်ကြတဲ့သူအများစုက english အဲလောက်အခက်ခဲမဖြစ်ပါဘူး လို့ကြားတာပဲ။ အခုက နယ်စပ်က ဒုက္ခသည်တွေ ကရင်စကားဘဲပြောတတ်ပီး ဗမာစကားတောင်ဖြောင့်အောင်မပြောတတ်ကြတာတွေအများကြီးမို့သူတို့အတွက်ရည်ရွယ်တယ်ထင်တာပါဘဲ. Ottawa ဘက်မှာလဲ ကရင်တွေအများကြီးဘဲ…သူတို့ဆို ကရင်စာကလွဲ ဗမာစာတောင်ဖတ်တယ်မယ်မထင်ဘူး..း)

Comment by စန္ဒကူး — August 6, 2009 @ 5:34 pm |Edit This
3.

ရန်ကုန်မှာနေတဲ့ကရင်တွေကတော့အင်္ဂလိပ်စာမညံ့ပါဘူးနော်(အဟီး)
နယ်စပ်က ကရင်တွေအတွက်တော့တကယ်လိုအပ်ပါတယ်… ဝေမျှပေးတာကျေးဇူးပါ…

Comment by rose of sharon — August 7, 2009 @ 1:53 am |Edit This
4.

စိတ်ဝင်စားစရာပဲအိမ့်ရေ… အိမ့်တွေးသလို အမလဲ အတွေးပွားသွားမိတယ်… စကားမစပ်…အိမ့်ကိုတက်ဂ်ထားတယ်နော်… ရေးပေးပါနော်…

Comment by တန်ခူး — August 7, 2009 @ 3:06 am |Edit This
5.

မွန်.. မြန်မာတွေ ဘယ်လောက်ပဲရောက်လာတယ်ပြောပြော လူနည်းစုဖြစ်နေသေးလို့ လူမျိုးစုတွေရဲ့စာတွေကို အခုလိုတွေ့ရရင် ကြည်နူးမိဆဲပါ။
စန္ဒကူး … ဗမာတွေထဲမှာလဲ ဗမာစာတောင် မဖတ်တတ်သူတွေ မလေးတွေ့ဘူးတယ်။ စိတ်မကောင်းဘူး ဒီရောက်လဲ ဆက်လက်ရုန်းကန်နေကြရတာပါပဲ။
rose of sharon… မြို့နေပညာတတ်ကရင်တွေ မပါပါဘူး။ ဒီ brochure လေးကြည့်ပြီး တစ်စုံတစ်ရာကို ခံစားသွားရတာပါ
တန်ခူး… ရေးပေးမယ် မ။ ခဏလေး မုဒ်သွင်းလိုက်ဦးမယ

Comment by မလေး — August 7, 2009 @ 10:26 am |Edit This
6.

ဝမ်းမြောက်မိပါကြောင်း

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — August 7, 2009 @ 1:28 pm |Edit This
7.

အင်း … မမအိမ့် ရေ … ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအပေါ်မှာ ခုလို တန်ဖိုးထားတဲ့ အတွက် မ ကို အရမ်းလေးစားမိတယ် ….။ ပျော်ရွှင်ပါစေနော် ….။

Comment by နှင်းဟေမာ — August 8, 2009 @ 12:40 am |Edit This
8.

အော်.. တကယ် ၀မ်းနည်း ၀မ်းသာ ဖြစ်ရပါတယ်။ နည်းနည်းတော့ မဟုတ်သေးပါဘူးကွာလို့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ညည်းမိတယ်။

Comment by ဂျေဂျူဝိုင် — August 8, 2009 @ 3:09 am |Edit This
9.

အော်တကယ်ဝမ်းနည်းဝမ်းသာဖြစ်ရတယ်..
အခုလိုကိုတိုင်းပြည်စာပေကိုသူတို့တန်ဖိုးထားလာတာကိုတွေ့ရတော့ဝမ်းသာမိတယ်
ဒါပေမယ့်မိခင်မြန်မာစာပေလေးတော့ပါလာရင်တကယ်ကောင်းမယ်ပိုပြီးတော့ဝမ်းသာမိမှာပဲ

Comment by ဒေါင်းမင်း — August 10, 2009 @ 1:25 am |Edit This
10.

ဝမ်းသာဝမ်းနည်းခံစားချက်တစ်ခုကို ဖတ်မိတော့ ၀မ်းနည်းဝမ်းသာဖြစ်မိတယ်

မြန်မာစာမဟုတ်ပေမယ့် မြန်မာတိုင်းရင်းဘာသာစကားတစ်ခုဖြစ်နေမှန်းသိတော့ ၀မ်းသာသွားတယ်.
ကိုယ့်ဘာသာစကား နေရာတစ်ခုရရေးအတွက် ဘယ်သူကမှ အရေးတယူ ဆောင်ရွက်ခြင်းမပြုတာ သိရတော့ ၀မ်းနည်းသွားတယ်.
မလေးက ဘာသာပြန်သူအဖြစ် ပါဝင်ကူညီပေးချင်စိတ်ပေါ်လာတယ်ဆိုတော့လည်း ၀မ်းသာသွားပြန်တယ်.
ကိုယ့်ဖက်က အဲလိုဆက်သွယ်ခဲ့ရင်တောင် နောက်ကနေ လိုလိုလားလားနဲ့ ဖေးမကူညီမယ့်သူ ရှားမယ်ဆိုတာတွေးမိပြီး ၀မ်းနည်းသွားပြန်တယ်.

ဝမ်းလည်းသာတယ်. ၀မ်းလည်းနည်းတယ်.

ကျန်သေးတယ်. မလေး ကျွန်တော့်ဆီ လာလည်လေ့မရှိတော့တာ သိရလို့ ၀မ်းနည်းမိပေမယ့် ကျွန်တော်မလေးဆီမှာ ခုလိုမျိုး ကော်မန့်လေးတွေ လာရေးလို့ရတုန်းပဲဆိုတာသိရလို့ ၀မ်းသာတယ်.

ဝမ်းလည်းနည်းတယ်. ၀မ်းလည်းသာတယ်.

မသိတော့ဘူးဗျာ… လျှာတွေလည်း ခလုတ်တိုက်ကုန်ပြီ.း)

သတိရလို့ လာလည်သွားတယ် မလေးးးးးး

Y.

Comment by Yan — August 10, 2009 @ 5:30 pm |Edit This
11.

မမအိမ့်ရေ.. မတွေ့ တာကြာပြီ.. လာသွားတယ်နော်.. စာလာဖတ်သွားတယ်သိလား . သတိရတယ်

Comment by ရည်မွန် — August 11, 2009 @ 3:02 pm |Edit This
12.

ညီမလေးပြန်လာသွားတယ် မမအိမ့်ရေ….. အရမ်းသတိရတယ်… မမမေးလ် ညီမလေး ဆီမှာ ရှိတော့ဘူး.. အခုက yeemoneai@gmail.com ဖြစ်သွားပြီ မမရေ..

Comment by ရည်မွန် — August 12, 2009 @ 10:43 am |Edit This
13.

Please contact to DCRS c/o Daw HKTO. Ha Ha

Comment by Layeikthar — September 13, 2009 @ 9:23 pm |Edit This
14.

Layeikthar… ဝေးးးးးးး မကြီးလာတယ်။ အခု contact ထပ်လုပ်တယ်လို့ ယူဆလိုက်တော့။ လုပ်ကြဦးလေ။ မဟုတ်ရင် ညီမလေးကိုယ်တိုင် ဆင်းချလာလိုက်မယ် ဟွန်း!

Comment by မလေး — September 15, 2009 @ 12:48 am |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...