မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, August 04, 2009

ဒီလိုပါပဲ

ဒီလိုပဲ...
အစကတည်းက ကဗျာမစပ်တတ်တဲ့ မိန်းမ
မလှပတဲ့ ကဗျာတွေ ထွက်ကျလာဦးမယ်။

နှုတ်ဆက်ချင်တယ် ကလေး
ဒါပေမယ့်လေ..
ဝေးဝေးသွားချင်နေတဲ့သူကို
လှမ်းယူလို့ ဆွဲမထားတော့ဘူး
တစ်ယောက်တည်း ရူးပါစေတော့ကွယ်။

လွမ်းတယ် ကလေး
ခပ်ဖြေးဖြေး ခြေလှမ်းတွေနဲ့
ဆန့်ကျင်ဘက် ဟိုအဝေးမှာ
တိတ်တခိုးငေးရင်း
မင်း ကဗျာတွေကိုပွေ့ဖက်
ရင်ကွဲပက်လက် အိပ်ပါရစေတော့ကွယ်။

ခွင့်လွှတ်ပါ.. ကလေး...
နားလည်ပေးပါ.. ကလေး...
အချစ်သစ်နဲ့ ပျော်နေပါစေ ကလေး..
ကိုယ့်ကို မေ့နိုင်ပါစေ ကလေး
အကောင်းဆုံးဖြစ်ပါစေ ကလေးရယ်....။

10 comments:

တန်ခူး said...

အချစ်ဆိုတာ မင်းမသိ မင်းမရှိ မင်းနဲ့ မနီး လဲ ကိုယ်တယောက်ထဲ တိတ်တိတ်လေး ချစ်နေတာကိုပဲ ဆိုလိုသလားကလေးရယ်….

အိမ်ချမ်း said...

ဘယ်သူမှ လာမဖတ်ဖူးထင်နေတာ :P
မ ကလွဲပြီး ဘယ်သူမှ လာမဖတ်ပါစေနဲ့ :D

Anonymous said...

hey... did u delete the comment i wrote on aug 4th?
WC22

အိမ်ချမ်း said...

No, I didn't delete any comment. မော်ဒရေးရှင်းသာ တင်ထားတာ ဘယ်ကော့မန့်မှကို မဖျက်ဘူး။ ဖျက်ရအောင်လဲ ဘယ်သူကမှ မဟုတ်တာမရေးဘူးလေ။ Span ထဲ ပါသွားရင်တော့ မလေး မသိဘူးနော်။ Where did you leave your comment? Here or at ainchannmyay.com??

Anonymous said...

well.. well..
a poem wrote by unreal poet
wanna say goodbye,
thou couldn't reach your empty heart
leave me in insanity corner
miss you baby,
see you leaving,
bag your sentiments (in full)
let me sleep with dull heart.
wish you the best,
set you(self) the new love,
give me a forgiveness, baby..

:) WC22

(i wrote the translation on aug 4th, here)
excuse me if i ruined your poem

အိမ်ချမ်း said...

တခြားဘာသာစကားတွေနဲ့လဲ ပြန်ပေးဦးလေ..
ကျုပ်ကဗျာလေးတော့ ပျက်ပါပြီတော်း))

ရွှေပြည်သူ said...

“မင်း ကဗျာတွေကိုပွေ့ဖက်
ရင်ကွဲပက်လက် အိပ်ပါရစေတော့ကွယ်။”

အဲဒီနေရာရောက်တော့ ကိုယ်တိုင်ကဗျာတွေ ပွေ့ဖက်ထားမိသလိုပဲ... ပြီးတော့ ရင်ကွဲပက်လက် လှပ်ကနဲ ဖြစ်သွားတယ် မမအိမ့်ရယ်...

အစ်မရေးတာ အားလုံးကြိုက်တယ်...

Phyo Evergreen said...

ပို့အသစ်ပျောက်နေတယ်.. ဟိုမှာမတွေ့လို့ဒီကိုလိုက်လာ
တာ.... ကဗျာလေးကို တင်တင်ချင်းကတည်းကဖတ်ထားပြီးသား..။ ဘယ်ကကလေးမှန်းမသိလို့ ငြိမ်နေတာ..။

အိမ်ချမ်း said...

ရွှေပြည်သူ...
အစ်မက ညီမ ကလောင်လှလှလေးကော၊ စာတွေကိုကောကြိုက်တား)

Phyo Evergreen ...
ကဗျာထဲက ကလေး :D

Anonymous said...

အစကတည်းက ကဗျာမစပ်တတ်တဲ့ မိန်းမ
မလှပတဲ့ ကဗျာတွေ ထွက်ကျလာဦးမယ်။
ဒါဘယ်သူ့ကိုပြောတာတုန်း လူကြီးမင်းမ ရဲ့

LinkWithin

Related Posts Plugin for WordPress, Blogger...